Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲတင်သင့်ကြောင်း ဆုံးဖြတ်လိုက်ပြီ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ ၅ ရက်မြောက်နေ့ အဖြစ် နောက်ထပ် တရားလို သက်သေတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့ပြီး တရားစွဲဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားခွင်တခုမှာ ရုံးတင်စစ်ဆေးတာ ၅ ရက်မြောက်တဲ့ နေ့မှာတော့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ် ဆိုတဲ့ သူ့အပေါ် စွပ်စွဲထားတဲ့အတိုင်း ပုဒ်မ (၂၂) နဲ့ တရားစွဲတင် လိုက်တာပါ။

၅ ရက်လုံးလုံး တရားလို သက်သေတွေက ဒီစွပ်စွဲချက်နဲ့ တရားစွဲတင်သင့်မတင်သင့်အတွက် တရားခွင်မှာ သက်သေ ထွက်ဆိုခဲ့ပြီးတဲ့နောက် မွန်းလွဲပိုင်း တရားခွင် ပြန်ကြားနာတဲ့ အချိန်မှာပဲ တရားရုံးက တရားစွဲတင်သင့်တယ် ဆိုပြီး ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း က ပြောပါတယ်။

နောက်လာမယ့် ရုံးချိန်းကိုတော့ တနင်္လာနေ့ကို ပြန်ပြီးချိန်းဆိုလိုက်တယ် လို့လည်း ရှေ့နေတွေက ပြောပါတယ်။ အဲဒီကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဖက်က ရှေ့နေတွေက တရားလို သက်သေတွေထဲက အနည်းဆုံး ၈ ယောက်ကို ပြန်လှန် စစ်မေးမယ်လို့လည်း ဆိုပါတယ်။
http://www.voanews.com/burmese/

0 Comments:

blogger templates | Make Money Online