Monday, May 25, 2009

ရန်ကုန်မြို့လယ် ရေကြီးခြင်း


ဒီပုံကို ကြည့်လိုက်ကြပါ၊အခုရက်ပိုင်းကရေမြုတ်တာပါ၊ သိပ်မထူးဆန်းပါဘူး၊ ဒါပေမဲ့ ရန်ကုန်လို မြို့ကြီးထဲက ပန်းဆိုး တန်းမှ ၄၅လမ်း၊လသာ၊ လမ်းမတော်၊ကျောက်တံတား၊ တာမွေစတဲ့ အဓိကကျတဲ့ နေရာတိုင်းလိုလိုမှာ မိုးရွာတိုင်း အမြဲတမ်း ရေမြုတ်နေ တာကိုတွေ့ကြမှာပါ။ ရေသွားရေလာ မြောင်းမရှိ၊ မိလ္လာပိုက်တွေ ပေါက်ပြီးလျှံထွက်တာတွေလဲ တွေ့ကြရမှာပါ၊ ဒီလိုဖြစ်နေတာဟာ ဆယ်စုနှစ်တခုလောက်ရှိပါပြီ၊ ဆိုလိုတာက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို နေ့ညမအား လုပ်ဆောင်နေပါတယ်ဆိုတဲ့ နအဖ စစ်အာဏာရှင်တစုနဲ့ နောက်လိုက်ထောက်ခံနေတဲ့ ခွေးအပေါင်းတွေ မြင် ကြရဲ့လားတော့ မသိဘူး။ ဒီလို ရန်ကုန်မြို့ပေါ်က လူတွေ ရေနစ်နေကြတာဟာစစ်အာဏာရှင်စုတ်တွေက တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ပေးထားကြလို့လား?၊ ခွေးစကားတွေကို ခွေးတွေကတော့ နားလည်လို့ နားထောင်ပြီး လိုက်နာကြတာ ဖြစ်မယ်ထင်တာပဲ၊ ယခုမြင်ကြသူများ စဉ်းစားပေးပါဦး။ ။
ရန်ကုန်သား

0 Comments:

blogger templates | Make Money Online