Tuesday, May 26, 2009

ဒီနေ့သတင်းထူး-၂

http://www.niknayman-niknayman.co.cc
အင်းစိန်ရှေ့ တွင် ပြည်သူများ ထပ်မံရောက်ရှိနေကာ အစုလိုက် စောင့်ဆိုင်းကြည်နေဆဲ ဖြစ်ပါတယ်။ နအဖဘက်မှလည်း အချူပ်ကားများပါ ချထားကြောင်း သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေများလည်း ရောက်ရှိနေကြပါတယ်။ ဘဘဦးတင်ဦးကိုတော့ နေအိမ်ကနေ အင်းစိန်ထောင်အတွင်း တရားရုံးသို့  တိုက်ရိုက်ခေါ်ဆောင်သွားဖို့  ရှိကြောင်း သိရှိရပါတယ်။

ASEAN က မြန်မာပြည်ရဲ့  ပြည်တွင်းရေးကို ၀င်စွက်ဖက်တာ မဟုတ်ပါဖူး။ ဒါပေမယ့် နအဖရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်တာကြောင့် ဖြစ်ပေါ်လာရတဲ့ အခြေအနေဟာ ဒေသဆိုင်ရာ တည်ငြိမ်မှုနဲ့  အာဆီယံရဲ့  တိုးတက်မှုတွေအတွက် အများကြီး ထိခိုက်စေလို့  ပြောရတာဖြစ်ကြောင်း နအဖကို ပြန်လည်ချေပလိုက်ပါတယ်။ လူမိုက်ကြီး နအဖမှန်း တရားဝင် ပြောလိုက်တာပါဘဲ။
ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားပြောဆိုခဲ့တဲ့ ဟောင်ကောင်မှ ဟောင်ကောင် (ဆောရီး) နအဖ ကောင်စစ်ဝန် ပြန်လစ်သွားပါပြီ။ မပြန်ခင် မြန်မာပြည်သူတွေတင်မက နိုင်ငံခြားသားတွေကပါ ဆဲဆိုအားပေးကြတာ အတော့်ကို ခံလိုက်ရကြောင်း ဘန်ကောက်က နအဖသံရုံးကို ပြောသွားပါတယ်။
သံတမန်တွေကို ဒီမနက်ရှင်းလင်းပွဲမှာပြောတာက ဒေါ်စုကိုဖမ်းချုပ်ထားတာ၎နှစ်ခွဲပြီးရှိသေးကြောင်း ဥပဒေအရကို ၆လထပ်ချုပ်ခွင့်ရှိသေးကြောင်း ရဲမှုးချုပ် သိန်းမြင့်ကလိမ်လည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက် (မေလ ၂၅ ရက်၊ ၂၀၀၉ ခုနှစ်)။ http://www.niknayman-niknayman.co.cc/2009/05/blog-post_1894.html

လက်တစ်ဆုပ်စာလူနည်းစုကို တစ်နိုင်ငံလုံးရှိလူတွေက အကြောက်တရားတွေနဲ့ ကြောက်နေရင် နောင်ဆို ထိထက်ဆိုးပေါ့။

ထောင်ဒဏ်(၅)နှစ်၊ ပြစ်ဒဏ်စီရင်ပြီး ဖျာပုံအကျဉ်းထောင်သို့ ပို့ဆောင်ရန် အမိန့်စာ (သို့ ) ထောင်ဒဏ် (၃) နှစ်၊ ပြစ်ဒဏ်စီရင်ပြီး ယင်း ထောင်ဒဏ်အား ဆိုင်းငံ့ကာလ သတ်မှတ်၍ နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိရန် အမိန့် စာတို့ ကို ပြင်ထားပြီ ဆိုပါလား - http://ko-htike.blogspot.com/2009/05/blog-post_26.html

ဘုရင့် နောင် လမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ အင်းစိန် ဓါတ်ဆီဆိုင်အနီး၊ လှိုင်သာယာ တံတားအဆင်း နေရာတွေမှာ နအဖလက်ပါးစေတွေက အုတ်ခဲတွေပါ ပုံထားပြီး နေနေကြတယ်လို့  သိရှိရပါတယ်။ ဒီနေ့ အခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည်တို့ အတွက် အမိန့် ချကာနီးမို့  ပြင်ဆင်နေကြတာများလားလို့  ပြောဆိုသံတွေ ကြားရပါတယ်။

မြန်မာတစ်မျိုးသားလုံးရဲ့  ဂုဏ်သိက္ခာကို မြှင့်တင်ပေးတဲ့ လေးစားဖွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်တုန်းက ရိုးသားတည်ကြည်ဖြောင့်မတ်ခဲ့တဲ့ ခေါင်းဆောင်ကောင်း ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့  အတွက် မြန်မာပြည်သူတွေနဲ့  ပြည်သူ့ တပ်မတော်သားစစ်စစ်အဖြစ် ခံယူသူတွေဟာ ဒီအချိန်မှာ လက်တွေ့ ပြရတော့မယ့် အချိန်ဖြစ်နေပါပြီ။

ဒီနေ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာမက နေအိမ်အကျယ်ချူပ် ချခံထားနေရတဲ့ (တစ်ချိန်က တပ်မတော်ရဲ့  ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးဟောင်း) အန်အယ်ဒီ ဒု-ဥက္ကဌ ဘဘဦးတင်ဦးပါ အင်းစိန်ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေအဖြစ် ကာကွယ်ပြောဆိုရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မကြာခင်ရက်ပိုင်းအတွင်းမှာ ထောင်နှစ်ရှည်ထပ်ချတော့မယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူထုခေါင်းဆောင်တယောက်ကိုပဲ ထောင်ချမှာ မဟုတ်ပါဘူး။ ဒါဟာ မြန်မာတမျိုးသားလုံးကို ထောင်ချလိုက်တာပါ။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နေပါတယ်။

: မြန်မာစံတော်ချိန် (၉) နာရီ ရှိပါပြီ။ နအဖမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး တရားစွဲဆွဲ စွပ်စွဲမှုအား ယနေ့  နံနက်တွင် နအဖမှ မတရား ထပ်မံစတင်ပါတော့မည်။ အခြေအနေများအား ထူးခြားမှု ရှိလျှင် ရှိသလို ဆက်လက်တင်ပြပေးသွားပါမယ်။ ။

0 Comments:

blogger templates | Make Money Online