Sunday, May 24, 2009

နအဖအလိုကျ သတင်းရေးသားဖေါ်ပြနေကြသော သတင်းဂျာနယ်များအား သပိတ်မှောက်






24/05/2009

မေလ (၂၀) ရက်နေ့ က နအဖကနေ အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးကို ၀င်ခွင့်ပြုခဲ့တဲ့ ပြည်တွင်းသတင်းဂျာနယ်တွေက ယခုဖေါ်ပြထားတဲ့ သတင်းဂျာနယ် (၅) ခုဖြစ်ပါတယ်။

(၁) Weekly Eleven (ထုတ်ဝေသူ - ဒေါက်တာ သန်းထဋ်အောင်) ။

(၂) Myanmar Times (ထုတ်ဝေသူ - ဒေါက်တာတင်ထွန်းဦး) ။

(၃) Popular ပေါ်ပျူလာ (ထုတ်ဝေသူ - ဟိန်းလတ်) ။

(၄) Yangon Times ရန်ကုန်တိုင်းမ် (ထုတ်ဝေသူ - ကိုကို - စက်မှု) ။

(၅) Snap Shot လျှပ်တစ်ပြက် (ထုတ်ဝေသူ - မြတ်ခိုင်) ။

တို့ ဖြစ်ပြီး၊ နအဖဟာ သူနဲ့  ပလဲပနံသင့်တဲ့ သတင်းဂျာနယ်များကိုသာ ရွေးချယ်ခေါ်ယူပြီး တရားရုံးအတွင်းကို ၀င်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဂျာနယ်တွေက သတင်းထောက်တွေကို ဗန်းပြပြီး ထိုနေ့ က လာရောက်ခဲ့ကြတဲ့ နိုင်ငံတကာသံတမန်များကို ပြည်တွင်းသတင်းထောက်တွေ လွတ်လွတ်လပ်လပ် ၀င်ခွင့်ပြုတယ်ဆိုပြီး ပြယုဒ်သက်သက် လှည့်ဖြားတာ ဖြစ်ပါတယ်။

ထို့ အပြင် ဒီသတင်းဂျာနယ်တွေရဲ့  ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေဟာ နအဖတွေနဲ့  အဆင်ပြေအောင် ပေါင်းပြီး အာဏာရူးတွေ အလိုကျ သတင်းများကို အသားပေးပြီး ရေးသားဖေါ်ပြနေကြတာတွေကို တွေ့ ရှိရပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ နအဖမှ မတရားအမှုဆင် တရားစွဲဆိုမှုနဲ့  ပတ်သက်ပြီး၊ သတင်းအမှန်အတိုင်း မရေးသားဘဲ နအဖအလိုကျ ဘက်လိုက်ပြီး သတင်းရေးသားလျှင်(သို့ ) ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိခိုက်နစ်နာစေသည့် ရေးသားမှုများ ရေးသားလျှင် ကျွန်ုပ်တို့  ပြည်သူလူထုအနေနှင့် အောက်ဖေါ်ပြပါ ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သတိပေးအပ်ပါတယ်။

(၁) အဆိုပါ သတင်းဂျာနယ်များအား ပြည်သူများမှ လုံးဝ မ၀ယ်ယူ မဖတ်ရှူဘဲ သပိတ်မှောက်ခြင်း၊

(၂) အဆိုပါ သတင်းဂျာနယ်မှ သက်ဆိုင်ရာ ထုတ်ဝေသူများ၊ အယ်ဒီတာများ၊ သတင်းထောက်များအား ပြည်သူလူထုမှ ဒါဏ်ခတ်ခြင်း၊

(၃) အဆိုပါ သတင်းဂျာနယ်ဌာနများအား ပြည်သူလူထုမှ လိုအပ်သလို အရေးယူ ဆောင်ရွက်ခြင်း - တို့ ကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကြိတင် သတိပေးအပ်ပါတယ်။
http://www.niknayman-niknayman.co.cc/

(နအဖအလိုကျ သတင်းဖေါ်ပြရေးသားနေမှုများကို ကန့် ကွက်သည့် ပြည်သူများ)။

0 Comments:

blogger templates | Make Money Online