Friday, May 22, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ရက်တပတ်ဆက်တိုက်စစ်ဆေးမည်---

မင်းနိုင်သူ /


ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်သည်ဟု ဆိုကာ နအဖစစ်အစိုးရက တရားစွဲဆိုမှုကို ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ခဲ့ရာ မနက်ဖြန်သောကြာနေ့တွင် ထပ်မံရုံးချိန်းလိုက်သဖြင့် ရက်တပတ်ဆက်တိုက် စစ်ဆေးသွားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။

“ဒီနေ့ မနေ့က စစ်ဖို့ကျန်တဲ့ သက်သေတယောက်နဲ့ နောက်ထပ်လေးယောက် ထပ်စစ်မေးတယ်။ ရှာဖွေပုံစံနဲ့ သက်ဆိုင်တဲ့ သက်သေတွေပေါ့။ နောက်ပြီး နှစ်ဘက်ရှေ့နေတွေကို မစ္စတာယက်တောဆီက သိမ်းဆည်းထားတဲ့ ပစ္စည်းပုံတွေကို ဗွီဒီယို ဆလိုက်ရှိုးတွေနဲ့ ပြတယ်။ မစ္စတာယက်တော သူ့ဟာသူရိုက်ထားတဲ့ ဗွီဒီယိုအခွေကိုလည်း ပြတယ်တဲ့” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ယနေ့တရားခွင်တွင်မူ နိုင်ငံတကာသံတမန်များနှင့် သတင်းထောက်များကို တက်ရောက်ခွင့်မပြုတော့ပေ။
http://www.khitpyaing.org/news

0 Comments:

blogger templates | Make Money Online