Friday, May 22, 2009

ဒေါ်နော်အုန်းလှနှင့် မေးမြန်းချက်

သောကြာနေ့၊ မေလ 22 2009 15:40 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံသူတဦးဖြစ်သူ ဒေါ်နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်းတွင် ရွှေတိဂုံဘုရားတတ် ဝတ်ပြု ဆုတောင်းသည့်အဖွဲ့ကို ဦးဆောင်လေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင် ကြားနာသည့် နေ့စဉ်လိုပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပယ်ထားခြင်းခံရသူ ဒေါ်နော်အုန်းလှသည်လည်း သွားရောက်ကာ ထောက်ခံမှုကို ပြသနေသူ ဖြစ်သည်။

သူက ယခုအမှုနှင့် ပတ်သက်၍ သတင်းစာ လွတ်လပ်ခွင့် မရသည်ကို အဓိကထား၍ မဇ္ဈိမသို့ ပြောကြားသွားသည်။

“ဒီလို တရားစွဲတယ် ဆိုကတည်းက မတရားတဲ့ ကိစ္စပဲလေ။ ပြောရရင်တော့ ပြောစရာတော့ ရှိပါတယ်။ ဒီလို ဖြစ်လာတာက သူတို့ တာဝန် ပျက်ကွက်တဲ့အတွက် ဖြစ်ရတယ်လို့ ထင်တယ်။ သူတို့ ရေးတာက သူတို့ ရေးတာပဲလေ။ ကျမတို့ အမြင်ကတော့ သူတို့ လုပ်တာပဲ မြင်တယ်။ သတင်းစာတို့၊ ဂျာနယ်တို့ ဆိုတာက သူတို့ ပေါ်လစီတွေ၊ သူတို့လုပ်တဲ့ ဟာတွေ ရေးရတယ်ဆိုတော့ အစိုးရအာဘော်ပဲ ရေးတာပဲလေ။ စာပေ လွတ်လပ်မှုမှ မရှိတာရယ်၊ သတင်းပုံစံလည်း မကျဘူး။ သတင်းထောက်တွေက ရေးချင်ရာ ရေးလို့မှ မရဘဲ။ စာပေစိစစ်ရေးကနေ သွားရတဲ့အတွက် စာပေစိစစ်ရေးက မကျေနပ်ရင် ပယ်တယ်လေ။”

“အခုဆိုရင် ဒေါ်စု ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက ယုံကြည်တာက အစိုးရက လုပ်တယ်လို့ ဒီလိုပဲ ယုံကြည်နေကြတယ်။ အခုလို နိုင်ငံခြားသားတွေ ပေးတွေ့တဲ့ဟာက ဘာလဲဆိုတော့ ကမ္ဘာက ဖိအားပေးနေတဲ့ ကိစ္စတွေ လျော့ပါးအောင် လုပ်တာ ဖြစ်တယ်လို့ ပြည်သူတရပ်လုံးက ယုံကြည်တယ်။”

“လာတဲ့ လူတွေ အားလုံး အကုန်လုံး မိုးတွေ စိုရွှဲနေတယ်။ မိုးရွာထဲမှာ အခု လက်ရှိ ရှိနေတာက ၃၀၀ နဲ့ ၄၀၀ ကြားတော့ ရှိတယ်။”
http://www.mizzimaburmese.com/news

0 Comments:

blogger templates | Make Money Online