ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ချောက်များ
ဦးပညာဇောတ (ABMA)
အမှန်တကယ်ဖမ်းရမှာက ဖမ်းသင့်တာက လုံခြုံရေးတာဝန်ယူထားသည့် အစောင့်များကိုဖမ်းရမှာဖြစ်ပါတယ်၊ အစောင့်တွေ အထပ်ထပ်ချထားတဲ့ အမျိုးသမီးတွေချည် နေထိုင်သည့်အိမ်ကို နိုင်ငံခြားသားတယောက် ရေကူးဝင်လာတာ မသိဘူးဆိုတာဟာ မသိလို့မဟုတ်ပါဘူး၊ မသိချင်ဟန်ဆောင်ပြီး ထောင်ချောက်ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
အရင်ကလဲ ဒီ John William Yettaw ဒေါ်စုခြံထဲ ရေကူးဝင်ရောက်ခဲ့တယ် ဆိုတဲ့အကြောင်း Dr. တင်မျိုးဝင်း သတင်းပို့ခဲ့ပါတယ်၊ ဒါကို ဘာ့ကြောင့် အရေးယူမဆောင်ရွက်တာလဲ? ဒီတခေါက် William Yettaw မြန်မာပြည် ပြန်ဝင်တာသိရက်နဲ့ ဘာ့ကြောင့် ဗီဇာ ထုတ်ပေးရတာလဲ? ထောင်ချောက်ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
အရင်က William Yettaw ၀င်ရောက်ခဲ့တဲ့အကြောင်း သတင်းပေးပို့တဲ့ Dr. တင်မျိုးဝင်းကို ဖမ်းဆီးထားတာဟာ သတင်းအမှောင်ချဖို့အတွက် ထောင်ချောက်ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတယ်၊ နိုင်ငံခြားက အထောက်အပံ့ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ မ၀င်ရောက်နိုင်အောင် ဦးလဘန်ဂရောင်က ဒေါ်စုကိုတရားစွဲခဲ့ပါတယ်၊ ဒါဟာလဲရွေးကောက်ပွဲမ၀င်နိုင်ရေးအတွက် ထောက်ချောက်ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
အခု ၂၀၁၀ ရွေးကောက်ပွဲနီးကာလမှာ ဒေါ်စုမပါနိုင်အောင် ထောက်ကျဖို့ဖန်တီးတာဟာ ထောင်ချောက်ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
အပြစ်မရှိတဲ့ ဒေါ်စုကို အပြစ်ရှာပြီး နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုကျမှ နိုင်ငံခြားသားတယောက် အိမ်ထဲဝင်နိုင်အောင် ဖန်တီးပေးပြီး ထောက်ချဖို့ပြင်တာဟာ ထောင်ချောက်
ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်က ဒီပဲယင်းမှာ ဒေါ်စုကို အသေသတ်သလိုမျိုး အခုလဲ ထောင်ထဲမှာ တမျိုးမျိုးနဲ့ သေသွားအောင် လုပ်တာဟာ ထောင်ချောက်ဆင်တာ သက်သက်ပဲဖြစ်ပါတယ်။
အပြစ်မရှိတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချောက်ဆင် ဖမ်ဆီးမှုအတွက်
ဘယ်သူတွေမှာ တာဝန်ရှိသလဲ?
ဘာလုပ်ကြမလဲ? ဘယ်သူတွေကို အရေးယူမလဲ?
ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေကြမလား?
ကမ္ဘ့နိုင်ငံအသီးသီးကကော ဘယ်လိုလဲ ?
ကုလသမဂ္ဂကော ဘယ်လိုလဲ?
ဘာလုပ်ကြမလဲ? ဘယ်သူတွေကို အရေးယူမလဲ?
ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေကြမလား?
ကမ္ဘ့နိုင်ငံအသီးသီးကကော ဘယ်လိုလဲ ?
ကုလသမဂ္ဂကော ဘယ်လိုလဲ?
0 Comments:
Post a Comment