သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ အစီအစဉ်ကြေငြာချက်
16-5-2009
စစ်အာဏာရှင်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ပြီး ထောင်သွင်းအကျဉ်းချရန် ကြံစည်နေကြသည်။ စစ်အာဏာရှင်များ၏ ယခုလုပ်ရပ်ကို သာမန်စဉ်းစားဉာဏ်ရှိသူတိုင်းပင် မတရားသောလုပ်ရပ်အဖြစ် လက်ခံယူဆကြသည်။ စစ်အာဏာရှင်များ၏ ယုတ်မာကောက်ကျစ်သော အစီအစဉ်များကြောင့် ပြည်သူလူထုတစ်ရပ်လုံး မခံမရပ်နိုင်ဖြစ်ကြရသည်။ မိမိတို့ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များသည်လည်း အမှန်တရားဘက်က ရပ်တည်ပြီး စစ်အာဏာရှင်တို့၏ ယုတ်မာကောက်ကျစ်သောလုပ်ရပ်ကို ရှုတ်ချသောအားဖြင့် ယုတ်မာဆိုးရွားသော တိုင်းပြည်ဖျက်၊ သာသနာဖျက် စစ်အာဏာရှင် ဦးသန်းရွှေ၏ ရုပ်ပုံများကို (17-5-2009)မှ(19-5-2009)ထိ သုံးရက်(၃-ရက်)တိုင်တိုင် မီးရှို့ဖျက်ဆီးကြမည်ဖြစ်သည်။
MSMA
0 Comments:
Post a Comment