မြ၀တီမြို တွင့်တောင်ကလေးဆရာတော်ဘုရားဦးဆောင်ပြီးမိဘမဲ့ ကလေးများအားကိုယ်ထူကိုယ်
ထ ဦီးစီးကာပညာတတ်မြောက်ရေး ကျောင်းအားမြ၀တီခရိုင်အေးချမ်းသာယာရေးကော်မတီ
အဖွဲ့ ဦးစီမှူးးမှမြ၀တီတောင်ကလေးပညာသင်ကြားရေးကျောင်းအပါအ၀င် ဘုန်းတော်ကြီး
ကျောင်းနယ်နမိတ်အကုန်လုံးကိုခြေလျှင်တပ်အမှတ်၂၇၅ တပ်မြေအတွင်းပါဝင်သည်ဟုအကြောင်းပြကာထိုမိဘမဲ့ ခလေးပညာသင်ကြားရေးကျောင်း
အားဖျက်ခိုင်းပြီးသိမ်းယူလိုက်ကြောင်းသိရှိရသည် ။ ထို့ နောက်မိဘမဲ့ပညာသင်ကြားရေး
ကျောင်းအပါအ၀င်ဆရာတော်ဘုန်းတော်ကြီးများနှင့်ပညာသင်ကြားနေသောမိဘမဲ့ခလေး
များအားထိုကျောင်းကိုအတင်းအဓ္မပိတ်ခိုင်းပြီး ကျောင်းအတွင်းမှထွက်ခွာစေကာ ခရကနှင့်
ပတ်သက်သောတပ်ဦးကျောင်းမှဘုန်းကြီးများကိုအစောင့်ထားလျှက်ရှိကြောင်းသိရှိရသည်။
ဘုန်းကြီးတို့ က ဘယ်သူအကူအညီမှမယူဘဲမြန်မာနိုင်ငံက မိဘမဲ့ခလေးနောက်
ကျောင်းတောင်မအပ်နိုင်တဲ့ခလေးတွေကိုကိုယ်ထူကိုယ်ထ ပညာသင်ကြားပေးနေ
တာပါသူတို့ ဒိလိုမျိုးနှင်ချတော့ဘုန်းကြီးတို့ ထက်ခလေးတွေအနာဂတ်ကရင်လေးဆရာဘဲဟု
ပတ်သက်သူထိုကျောင်ရှိဦးပဇင်းတစ်ပါးမှပြောကြားသည်။
မြ၀တီမြို့ တွင်ကားမှောင်ခို ။ လူမှောင်ခိုမှူများထူပြောလျှက်ရှိသော်လည်းထိုအကြောင်း
အရာများကိုလစ်လျှူရှူပြီး ထိုမိဘမဲ့ခလေးများပညာသင်ကြားရေးကျောင်းကိုဖျက်ခိုင်းသဖြင့်
ပြည်သူအများအဖမ်းခံရမည်ကိုကြောက်ပြီးမပြောသော်လည်း ။လူအများမကျေမနပ်
ဖြစ်နေကြောင်းသိရသည် ။ သူတို့ ကိုနိုင်ငံတော်ကတာဝန်ပေးတာမြ၀တီမြို့ တိုးတက်ရေးပါ
အခုသူတို့ လုပ်နေတာကမြ၀တီမြို့ ပျက်စီးရေးဖြစ်နေတယ်ဟုမြို့ ခံတစ်ဦးကပြောသည်။
ခရက ဥက္ကဌက ကားတစ်စီးလမ်းကြောင်းရှာရင် ၁၀သိန်းလောက်ယူပြီးလွှတ်တယ်
မိဘမဲ့ကိုယ်ထူကိုယ်ထတောင်ကလေးပညာသင်ကြားရေးကျောင်းကိုကျတော့
မောင်းထုတ်တာမကောင်းဘူးဟုဒေသခံများကပြောကြားနေကြသည်
ထို့ နည်းအတူဒေသခံလက်နက်နှင့်ငြိမ်းချမ်းရေးအဖွဲ့ ဝင်များကလည်းမကျေမနပ်ဖြစ်နေ
ကြကြောင်းကြားသိရသည် ။
အခုဟာကကျောင်းပေါ်ရှိဆရာတော်အပါအ၀င်အကုန်လုံးကိုနှင်ချတာဆင်းရင်ဆင်း
မဆင်းရင်ဖမ်းမယ်ဆီးမယ်လုပ်တယ်လေဒါကြောင့်ဘုန်းကြီးတို့ လည်းအခုသူများ
ကျောင်းမှာကပ်ပြီးနေနေရတယ်ဟုဆရာတော်တစ်ပါးမှပြောကြားသည်။
အယ်ဒီတာခင်ဗျားဒီဖြစ်ရပ်ဟာတကယ်ဖြစ်ရပ်မှန်ဖြစ်ကြောင်းနှင့်
အမြန်ဖေါ်ပြပေးပါရန်အထူးတောင်းပန်အပ်ပါသည်

0 Comments:
Post a Comment