Friday, July 24, 2009

အဖန္ငါးရာ ၊ ငါးကမ ၻာ

ဓမ္မဒါနပြုသည် - ဟိန်း

ယနေ့ခေတ်မှာ လူအများစု အယူမှားနေတာလေး တစ်ခုကို ရေးသားဖော်ပြချင်ပါတယ်ခင်ဗျာ ။ အဲဒါကတော့ လူတွေအများစုက မိမိကိုယ်ကိုသက်သေရင် အဖန်ငါးရာ ၊ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ မှားနေတဲ့ အမြင်လေးတစ်ခုပါ ။ မိမိကိုယ်ကို သတ်သေခြင်းသည် ဘ၀ငါးရာ (အဖန်ငါးရာ) ငါးကမ္ဘာခံရသည်ဆိုသော စကားကို ကျမ်းဂန်တို့တွင် ဖော်ပြထားခြင်း မရှိပါ ။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသောစကားသည် ဧကကနိပါတ် ၊ မတက သတ္တဇာတ်မှလာသော စကားဖြစ်ပါတယ် ။


တစ်စုံတစ်ယောက်သည် ပါဏာတိပါတကံ လွန်ကျူးခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ငရဲတွင် ဆင်းရဲဒုက္ခ ခံစားရ၏ ။ ငရဲမှလွတ်လာလျှင်လည်း တူသော အကျိုးပေးသည့် အနေဖြင့် တစ်ပါးသူ၏ သတ်ခြင်းကို ဘ၀ပေါင်းငါးရာတိုင်တိုင်ခံရ၏ဟုဖော်ပြထားပါသည် ။ သူတစ်ပါးအသက်ကို သတ်လျှင် ဤကဲ့သို့ အပြစ်များခံရတတ်ကြောင်း ဖော်ပြထားပြီး မိမိကိုယ်ကို သတ်၍ အဖန်ငါးရာ ငါးကမ္ဘာ ခံရကြောင်းကို ဖော်ပြထားခြင်းမရှိပါ ။

မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်ဟု ကျမ်းဂန်တို့၌ဖော်ပြထားပါသည်။
အမှန်မှာ ပါဏာတိပါတကံ ဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်သောကံဖြစ်သည် ။ မိမိကိုယ်ကို သတ်သည့်ကံ မဟုတ်ပါ ။ သူတစ်ပါးအသက်သတ်ခြင်းသာ ပါဏာတိပါတကံ ထိုက်ပြီးမိမိကိုယ်ကို သတ်ခြင်းသည် ပါဏာတိပါတကံ မထိုက်ပါ ။ ပါဏာတိပါတကံသည် အင်္ဂါငါးပါး ပြည့်စုံမှသာ ကမ္မပထမြောက်ပြီး အပါယ်ကျစေနိုင်၏ ။ အင်္ဂါငါးပါး အနက် တစ်ပါးပါးချို့  ယွင်းခဲ့လျှင် ကမ္မပထမမြောက်၍ အပါယ်မကျစေနိုင်ပါ ။ မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်ကြောင်းအင်္ဂါငါးပါးအနက် ပါဏသည်တာ = သတ္တ၀ါဟု အမှတ်ရှိခြင်းဆိုသည့် အင်္ဂါနှင့် မပြည့်စုံသောကြောင့် ပါဏာတိပါတကံ မထိုက်ကြောင်း ၀ိမတိဝိနောဒနီ (ပ- ၂၂၈) ၌ အတိအလင်း ဖော်ပြထားပါသည် ။ ထိုကြောင့်မိမိကိုယ်ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၍ အပါယ်လည်း မကျနိုင် ၊ အဖန်ငါးရာ ငါးကမ္ဘာခံရသည် ဆိုခြင်းသည်လည်း မဟုတ်ပါဘူးခင်ဗျား ။
ဒါပေမယ့် သတိထားရမှာက အဖန်ငါးရာငါးကမ္ဘာခံရသည် ဆိုတာမဟုတ်မှန်ပေမယ့် ဒိဌိနဲ့ တဏှာကတွန်းပို့ လို့မိမိကိုယ်မိမိသေကြောင်းကြံစည် မိရင်တော့ ဧကန်ကိုအပယ်ကျပါလိမ့်မယ်ဆိုတာလေးကိုပါ ဖြည့်စွက်ပြောပါရစေ ။ မဟုတ်ရင်ကိုယ့်ကိုယ်ကိုသတ်သေရင် အပါယ်မကျဘူးဆိုတဲ့ အယူမှားသွားမှာကို စိုးရိမ်လို့ဖြည့်စွက်ပြောကြားခြင်းပါခင်ဗျား ။

ရဟန်းနှင့်သံဃာ ကွဲပြားပုံ
ဓမ္မဒါနပြုသည် - ဟိန်း

ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်းဟုခေါ်၍ လေးပါးနှင့်လေးပါးမှ အထက်ကိုသံဃာဟုခေါ်ပါသည် ။
သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု
မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊
အရှင်မဟာကဿပ မှစ၍ သာသနာတစ်လျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှား ရှိသော
ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည် ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟု
ဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတစ်ပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ ၊ သံဃဿဒေမဟု
ဆို၍လှူရင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည် ။ ထို့သို့သံဃာတော် အားလုံးကို
အာရုံပြု၍ လှူရာ၌ ဒုဿီလ ၊ အလဇ္ဇီဟူ၍မရှိတော့ပါ ။ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား
လှူဒါန်းပူဇော်တက်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည် ။


ချမ်းသာအစစ်
ဓမ္မဒါနပြုသည် - ဟိန်း

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသော ချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာတို့သည် ဒုက္ခသစ္စာနယ် (ဖြစ်ပေါ်ခြင်း ချုပ်ပျောက်ခြင်း တို့က အစဉ်ထာဝရနှိပ်စက်သောနယ်) ထဲတွင်သာ ခံစား နေရပြီး သုံးဆယ့်တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတုဖြစ်သည်။- နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှုအပြည့် ဒုက္ခအားလုံးချုပ်ဆုံးခြင်း သံသရာမှ လွတ်မြောက်ခြင်း ) သည်သာလျှင် မဟာသန္တိ သုခ ချမ်းသာအစစ် ဖြစ်ပေသည်။
http://soethuhein.iblogger.org/

0 Comments:

blogger templates | Make Money Online