တစ်ခြမ်းပဲ့လနဲ့ သားတို့ဘ၀တွေကို
အလင်းရောင်ပေးခဲ့
ဆည်းလည်းလိုချိုတဲ့သားတွေရဲ့အသံနဲ့
နားရည်ဝခဲ့ရတဲ့မေမေ
ပိုး ဆိုထက်သတ္တ၀ါထက်
သားတို့ရဲ့ ငယ်ဘ၀ကနုခဲ့ရပါတယ် မေမေ ။
အကာအကွယ်တွေမဲ့နေတဲ့ စစ်တလင်းထဲမှာ
မေမေဟာ အောင်နိုင်သူ စစ်သူကြီးလိုပဲ
ငါ့သားတွေ အားနဲ့ အရာရာကို နိုင်အောင်တိုက်မယ်ဟဲ့ ဆိုတဲ့စိတ်နဲ့
မေမေ ၀င်ခဲ့တဲ့ တိုက်ပွဲတိုင်းဟာအောင်နိုင်ခဲ့ပါတယ် မေမေ ။
မေမေစီးဆင်းခဲ့တဲ့ မေတ္တာစမ်းချောင်းလေးဟာ
ဘယ်လောက်တောင် ချိုမြလိုက်သလဲဆိုရင်
သားတို့ရဲ့ငယ်ဘ၀က တစ်ကယ့်ကို လိုတရလက်စွပ်ကလေးလို
အရောင်တွေတလက်လက်ထနေခဲ့ပါတယ် မေမေ ။
ဘယ်လောင်တောင် မေမေ ပေါင်းသင်ပေးလိုက်သလဲဆိုရင်
မေမေ့ရဲ့ မြေပြင်မှာ ဒဏ်ရာတွေဗရပွ ဖြစ်နေပေမယ့်
အပျံတတ်သွားတဲ့ ငှက်ကလေးတွေလိုပဲ
သားတို့ပါးကို ဖွဖွလေးပဲနမ်းရက်ခဲ့တယ်
မေမေ့မေတ္တာမှာ မြင်သာအောင် ရေးထိုးထားခဲ့ပေမယ့်
စကားလုံးတွေ မဲ့နေတယ် မေမေ
ဘယ်လိုစကားလုံး မျိုးနဲ့ မေမေ့မေတ္တာကို
ဖော်ကျူးပြရမလဲ မေမေ ။
နံရံတွေ အထပ်ထပ်ခြားလောက်အောင်
မေမေနဲ့ သားတို့ ဝေးနေပေမယ့်
နွေးထွေးတဲ့ မေမေ့လက်တစ်စုံက
သားဘေးနားမှာ အမြဲကျောသပ်ပေးနေသလို
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရခဲ့တဲ့အချိန်
ပစ်ပေါက်ကြဲလိုက်တဲ့ မေမေ့ရဲ့စကားတစ်ခွန်းက
သားအတွက် အနာကျက်ဆေး
မေမေရဲ့ မေတ္တာလက်နက်က
အရာအားလုံးထက် ထက်မြပါတယ် မေမေ ။
0 Comments:
Post a Comment