Friday, July 24, 2009

အနန္တတာဝန် တို့အဓိဌာန်

ဓမ္မဒါနပြုသည် - ဟိန်း

၁ ။ ဘုရားကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၂ ။ တရားကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၃ ။ သံဃာကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၎ ။ ဆရာ့ကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၅ ။ မိဘကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၆ ။ တိုင်းပြည်ကျေးဇူး ၊ စိတ်ကြည်နူး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၇ ။ ကျေှးဇူးမကျေ ၊ လူမိုက်တွေ ၊ မသွေဖြစ်မှာ စိုးရသည် ။
၈ ။ ကျေးဇူးဆပ်ကာ ၊ လူလိမ္မာ ၊ မှန်စွာဖြစ်အောင် ကြိုးစားမည် ။
၉ ။ တိုင်းပြည်လူမျိုး ၊ များကောင်းကျိုး ၊ သယ်ပိုးရွက်ဆောင်ပြုပါမည် ။

ဆီမီးကိုရှာ
ဓမ္မဒါနပြုသည် - ဟိန်း


အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေသူများ
ဖြစ်လျက် အဘယ်ကြောင့် ပျော်မြူးရယ်ရွှင်ခြင်း ဖြစ်ဘိ
သနည်း ။ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိ
သနည်း ။

အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီးနေသူများ ဖြစ်ပါလျက်
အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးကို မရှာဘဲ
နေကြကုန်သနည်း ။

(ရှင်တော်ဗုဒ္ဓ)
http://soethuhein.iblogger.org/


0 Comments:

blogger templates | Make Money Online