Saturday, July 25, 2009

စင်ကာပူ ၀န်ကြီးချူပ်ဟောင်း Goh Chok Tong လည်း ဘုရားဖူးခဲ့ရပါလား။


ကျန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့ က မြန်မာပြည်ကို အလည်သွားခဲ့တဲ့ စင်ကာပူ ၀န်ကြီးချူပ်ဟောင်း Goh Chok Tong လည်း ဘန်ကီမွန်းတို့  ဂမ်ဘာရီတို့  ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတို့ လို သန်းရွှေမျက်နှာနဲ့  ဘုရားကို လက်ကလေးနှစ်ဘက်ကိုင်ပြီး အရိုအသေ ပေးခဲ့ပါတယ်။ ဇွန်လ (၁၀) ရက်နေ့ မှာ ရွှေတိဂုံဘုရားမှာရှိတဲ့ ဒီဘုရားဆင်းတုတော်ကို သွားရောက် အရိုအသေ ပေးခဲ့တာပါ။

ဗုဒ္ဓမြတ်စွာဘုရားကို ခုတုံးလုပ်ပြီး ဦးညွှတ်ကန်တော့သူတွေကို နာမ်နိမ်ဖို့  စီမံထုလုပ်ထားတဲ့ သန်းရွှေမျက်နှာနဲ့ ဘုရားအကြောင်း မသိကြရင်တော့ ဘာသာရေးကို ကိုင်းရှိုင်း ရိုသေတာ ရိုသေတာဘဲ နအဖခေါင်းဆောင် သန်းရွှေရဲ့  ဘာသာတရားကို ခုတုံးလုပ်စော်ကားတဲ့ ယခုလို လုပ်ရပ်ကိုတော့ ကွဲကွဲပြားပြား သိထားသင့်ပါတယ်။

နအဖကလည်း မြန်မာပြည်ကို ဘယ်သူတွေလာလာ ဒီဘုရားဆင်းတုတော်ဆီ မရောက်ရောက်အောင်ခေါ်သွားပြီး အရိုအသေပေးခိုင်းနေတာကတော့ သိသာထင်ရှားလှပါတယ်။



















နအဖ သန်းရွှေကနေ ဒီလို ဘာသာတရားကို ခုတုံးလုပ်ပြီး ဗုဒ္ဓမြတ်စွာဘုရား ဆင်းတုတော်ကို သူ့ မျက်နှာနဲ့ တူအောင် ထုလုပ်ထားပြီး မြန်မာပြည်သူပြည်သားတွေကိုသာမက မြန်မာပြည်ကို အလည်လာရောက်ကြတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကိုပါ နာမ်နိမ်တဲ့အနေနဲ့  အရိုအသေ ပေးဖြစ်အောင် ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက်တာကို မသိနားမလည်ဘဲ လှည့်ဖြားခံရတဲ့ ကာယကံရှင်တွေ သိအောင် ၀ိုင်းဝန်းပြီးသာ ပြောပြပေးစေလိုပါတယ်။

နအဖဟာ အာဏာကိုင်ဆုပ်ထားဖို့ အတွက်ဆိုရင် ဘုရားတောင် မရှောင်ဖူး စော်ကားတဲ့သူတွေပါ။ အာဏာမြဲမြံဖို့ အတွက်ဆိုရင် နှောင့်ယှက်သူ ဘယ်သူ့ ကိုမဆို ဒုက္ခပေးမှာ ဖြစ်ပါတယ်။ အသုံးချမှာ ဖြစ်ပါတယ်။

နအဖအပေါ် ကောင်းနိုးကောင်းနိုးနဲ့  ယုံစားလိုသူတွေ ဖြစ်ပျက်ခဲ့သမျှ ဖြစ်စဉ်တွေ သေသေချာချာ ပြန်လည်သုံးသပ်ကြည့်ရင် နအဖဟာ လုံးဝ ယုံကြည်မှု ပေးလို့ မရပါဖူး။ ရိုင်းရိုင်းပြောရရင် ဆင့်အ၀ှာ ခွေးမျှော်သလိုဘဲ ခွေးဝမ်းသာအောင် လေလည်ပြသလိုလုပ်ပြီး မြန်မာပြည်သူပြည်သားတွေကိုသာမက နိုင်ငံတကာကိုပါ လှည့်ဖြားပြောဆိုနေတဲ့ နအဖရဲ့  ပြောဆိုလုပ်ဆောင်မှုတွေ တစ်ခုမှ ယုံကြည်မှု မရှိပါဖူး။ ယခုလည်း ကုလသမဂ္ဂကို ပြောတဲ့ အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး မပါရင် နအဖရဲ့  အကြိမ်ပေါင်းများစွာ လိမ်ညာနေတဲ့အထဲက လုပ်ရပ်တစ်ခုသာ ဖြစ်ပါလိမ့် မယ်။

အာဏာရူးတွေဟာ အာဏာကို အသက်သေတည့်တိုင်အောင် ရူးသွပ်စွာနဲ့  ဖက်တွယ်ထားမှာ ဖြစ်လို့  ဒီနအဖအာဏာရူးတွေ လက်ထဲကနေ ပြည်သူ့ အာဏာကို ပြန်ရယူချင်တယ် ဆိုရင်တော့ ပြည်သူတွေအနေနဲ့  တောင်းယူနေရုံနဲ့  မရပါဖူး။ တိုက်ယူမှ ရမှာ ဖြစ်ပါတယ်။

နအဖအာဏာရူးတို့ ရဲ့  လိမ်လည်လှည့်ဖြားခံရခြင်းမှ မြင်တတ်ကြပါစေ၊ ကင်းဝေးကြပါစေ။

http://www.niknayman-niknayman.co.cc/2009/07/blog-post_4940.html

0 Comments:

blogger templates | Make Money Online