
နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။
+/- ဆက်ဖတ်ရန်...
http://sawlinux.blogspot.com/
0 Comments:
Post a Comment