Friday, July 31, 2009

အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း


အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ အတွက် ပထမအဆင့် ခြေလှမ်း

မြန်မာ နိုင်ငံကြီးသည် စစ်ကျွန်အဖြစ် လုံးလုံး ရောက်ရှိရန် လက်တစ်ကမ်းသာ လိုပါတော့သည်၊ စစ်မိစ္ဆာ အာဏာရှင်တို့၏ ယုတ်မာပက်စက် ကောက်ကျဉ်းစဉ်းလဲ နည်းအမျိုးမျိုးနှင့် ညစ်ပတ် လုပ်ကြံမှုများကြောင့် မြန်မာ နိုင်ငံကြီးသည် ဖွတ်ဖွတ်ကြေ ပြာပုံထဲက ခွေးဝဲစား ဘ၀သို့ ရောက်ရှိ ခဲ့သည်ကို လွန်ခဲ့သည့် နှစ်(၂၀) က သက်သေ ပြခဲ့ပြီဖြစ်သည်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ ကျောင်းသား ခေါင်းဆောင်များ ကိုလည်း ထောင်သွင်း အကျဉ်းချ ညှင်းပမ်းနှိပ်စက် အသံတိတ် သတ်ဖြတ်လျှက် ရှိနေပေပြီ၊ ပြည်သူလူထု စစ်တပ် တိုင်းရင်းသား ပေါင်းစုံ တို့ကိုလည်း အငတ် ထားကာ မျိုးသုဉ်း စစ်ဆင်ရေး များကို ဆင်နွဲလျှက် ရှိပေပြီ။

ရဟန်းရှင် လူ ပြည်သူလူထုကြီး အနေဖြင့် အာဏာရှင်ကို တိုက်ရင်း သေမလား ဒါမှမဟုတ် အာဏာရှင်က သတ်ဖြတ်တာကို ငြိမ်ပြီး အသေခံမလား ဆိုသည့် မေးခွန်းကို မိမိ ကိုယ်တိုင် မေးပြီး အဖြေရှာရတော့မည် ဖြစ်သည်၊ အာဏာရှင်ကို အမြစ်ပါ မကျန်အောင် တိုက်ထုတ် နိုင်မည့် အရာမှာ အပြင်းထန်ဆုံးသော လူထုတိုက်မှ လွဲ၍ အခြား မည်သည့် အရာမှ မရှိပေ၊ အာဏာရှင်ကို ဘယ်လို တိုက်တိုက် ပြည်သူဘက်က တရားသည် မှန်ကန်သည်ဆိုသည့် အချက်သည် ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး၏ ကိုင်စွဲ ထားသော လက်နက်ဖြစ်ပေသည်။

သို့ပါ၍ ယခုအခါသည် အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို ဆင်နွဲရန် အချိန်ကျရောက်ပြီ ဖြစ်သည့် အတွက် နအဖ၏ မတရား ရုံးများ၊ ကြံ့ဖွတ်ရုံးများ၊ ဌာနဆိုင်ရာကားများကို မီးရှို့ဖျက်ဆီးခြင်း၊လမ်းပန်း ဆက်သွယ်ရေးများ ဖြတ်တောက်ခြင်း၊ မိမိရပ်ကွက်ကို မိမိတို့ ကိုယ်တိုင် အုပ်ချုပ်ခြင်း နအဖအာဏာ သက်ရောက်မှု မရှိစေရန် အတွက် စုပေါင်း ညီညွတ်စွာ တော်လှန်တိုက်ပွဲဝင်ကြပြီး စစ်မိစ္ဆာ အာဏာရှင်ကို အမိ မြန်မာပြည်မှ အပြီးပိုင် တိုက်ထုတ် ပစ်ကြပါရန် တိုင်းပြည် အကျိုးကို မျှော်၍ တိုက်တွန်း နိုးဆော်အပ်ပါသည်။

ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ(ပြည်တွင်း)

အပြည့်အစုံသတင်းဖတ်ရန်....

http://arzarni.blogspot.com/

0 Comments:

blogger templates | Make Money Online