Friday, July 24, 2009

သရဏဂုံတည်ခြင်း အကျိုး

ဓမ္မဒါနပြုသည် - ဟိန်း

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။
(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။
(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။
(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။
(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။
(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။
(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။
(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။

အပေါ်က ရေးသားထားတဲ့ သရဏဂုံဆောက်တည်ရခြင်းအကြောင်း လေးမျိုးထဲက မိမိတို့ ဘယ်ကိုးကွယ်မှုထဲမှာ ပါတယ်ဆိုတာကို ဆင်ခြင်နိုင်အောင် ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ..မှန်ကန်တဲ့ ကိုးကွယ်ခြင်းနဲ့ သရဏဂုံမြဲတဲ့ သူတော်ကောင်းများဖြစ်ကြပါစေ……


ပါရမီ (၁၀)ပါး
ဓမ္မဒါနပြုသည် - ဟိန်း

၁။ ဒါန = ပေးလှူခြင်း ။
၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း ။
၃။ နေက္ခမ္မ = ကိလေသာတောမှထွက်ခြင်း ။
၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။
၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့လရှိခြင်း ။
၆။ ခန္တီ = သည်းခံခြင်း ။
၇။ သစ္စာ = ဖြောင့်မတ်/မှန်ကန်ခြင်း ။
၈။ အဓိဋ္ဌာန် = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။
၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း ။
၁၀။ ဥပေက္ခာ = လစ်လျူရှုခြင်း/အသင့်အားဖြင့် ။

အတိုမှတ်ရန် …ဒါ ၊ သီ ၊ တော ၊ ပ ၊ အား ၊ ခံ ၊ ဖြောင့် ၊ ဌာန် ၊ ပွား ၊ လစ်လျူ ။
http://soethuhein.iblogger.org/

0 Comments:

blogger templates | Make Money Online