Saturday, July 25, 2009

ရုရှားပြန် စစ်တပ်အရာရှိသုံးဦး ပြည်ပကို ထွက်ပြေးတိမ်းရှောင်


ဇူလိုင်လ ၂၀ ရက်နေ့ကစလို့ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာ ရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပြည်ပ ထွက်ခွာမဲ့သူတွေ အခွန်ငွေ ပေးသွင်းရတဲ့ ပုံစံ ၁၉ ရုံးတို့ကို နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေပြီးနောက်အရာရှိ၊ဝန်ထမ်းတချို့နဲ့ပတ်စပို့ပွဲစားတွေ အပါအဝင် လူ ၈၀လောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီရုံးတွေနဲ့ နီးစပ်တဲ့သူတွေက RFA ကို ပြောပါတယ်။


(Photo: AFP)မြန်မာနိုင်ငံမှ နိုင်ငံခြား တိုင်းပြည်များသို့ သွားလာရာတွင် အဓိက အဝင်အထွက် ပြုလုပ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်ပါသည်။

+/- ဆက်ဖတ်ရန်...


ရုရှားနိုင်ငံမှာ ပညာသင်ယူပြီး ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်က ဗိုလ်ကြီးအဆင့် အရာရှိသုံးဦးဟာ ပွဲစားတွေကတဆင့် နိုင်ငံကူးလက်မှတ်တွေရယူပြီး၊ပြည်ပကိုထွက်ပြေးတိမ်းရှောင်သွားတဲ့
အတွက် နေပြည်တော် အထူးရဲတပ်ဖွဲ့က အဲဒီရုံးတွေကို အခုလို အပူတပြင်း စီးနင်း ရှာဖွေစစ်ဆေးခဲ့တာလို့ ပတ်စပို့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ပတ်စပို့ရုံးနှင့် နီးစပ်သူ။

။ “ရုရှားကနေ ပညာသင်ပြီး ပြန်လာတဲ့ ကက်ပတိန် သုံးယောက် တံဆိပ်တုံးအတုတွေ ဘာတွေ လုပ်ပြီးတော့ နိုင်ငံခြား ထွက်သွားတာပေါ့။ ထွက်သွားတော့ ထိုင်း၊ ထိုင်းကတဆင့် ဘယ်သွားဦးမလဲတော့ မသိဘူးပေါ့။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သူတို့ ပွဲစားတွေ လိုက်ဖမ်းတာပေါ့။ ပွဲစားတွေနဲ့ ဝန်ထမ်းတချို့၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဆိုင်တွေကိုပါ ဝင်ဆွဲတာပေါ့။ ဓာတ်ပုံတွေနဲ့ နာမယ်နဲ့ တိုက်ပြီးတော့၊ ပွဲစား အယောက် ၈၀ လောက်လို့ ကြားတာပဲ။ သူတို့ဆီမှာ စာရင်းတွေ ရှိတယ်။ အရင်တုန်းက
ပတ်စပို့ ပွဲစားတွေပေါ့။ ပတ်စပို့ ပွဲစားဆိုတာ အရင်တုန်းက အက်စ်ဘီဟောင်းတွေ များပါတယ်။ အက်စ်ဘီပြုတ်တွေလေ။


”ဒါ့ပြင် မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ ပြည်ပခရီးစဉ် မှတ်တမ်းတွေ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ရုရုား၊ မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေက နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တာဟာ အဲဒီ ထွက်ပြေး တိမ်းရှောင်သွားတဲ့ တပ်မတော် အရာရှိ ၃ ဦးရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် အာဏာပိုင်တွေက အထူးအလေးထား ဖော်ထုတ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုချက် ရယူနိုင်ဖို့ နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့၊ ရန်ကုန် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပုံစံ ၁၉ အခွန်ရုံးတို့ကို RFA ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ကိုင်သူတွေက လက်ခံဖြေဆိုမှု မရှိပါဘူး။

ဒီကနေ့မှာတော့ ပတ်စပို့ရုံးနဲ့ ပုံစံ ၁၉ ရုံးတွေမှာ ခါတိုင်းနဲ့မတူပဲ လူသူ အထူးနည်းပါး ခြောက်ကပ်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ပတ်စပို့ရုံးနဲ့ ပုံစံ ၁၉ ရုံးတွေဟာ ကြိုးနီစနစ် များတာကြောင့် ပွဲစားတွေ အထူးပေါများသလို လာဘ်ပေးလာဘ်ယူ အဆိုးဆုံး ရုံးတွေအဖြစ် လူသိများပါတယ်။

http://www.sawlinux.co.cc/


0 Comments:

blogger templates | Make Money Online