Thursday, July 30, 2009

သာသနာကိုထိပါးသူများ သိစေချင်သည်

မေဓာဝီ (A.B.M.A)

မြန်မာနိုင်ငံတဝှမ်းတွင် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ နောက်လိုက်အခိုင်းအစေများသည် ဘာသာတရားရှုထောင့်မှကြည့်လျှင် အင်မတန်ကြီးလေးသော အပြစ်များကို ကျူးလွန်နေကြ

တာကို တွေ့မြင်ကြရပါလိမ့်မယ်။ အကြံပေးသူတွေ-စေခိုင်းတဲ့သူတွေရော လုပ်ဆောင်နေကြ

တဲ့သူတွေပါ ၎င်းတို့ကျူးလွန်နေကြတာကို လုပ်ရိုးလုပ်စဉ် လမ်းစဉ်တခုလို မြင်နေကြ.ဖြစ်နေ

ကြတာကြောင့် ကျူးလွန်နေကြမှန်းကို မသိမြင်နိုင်ကြပဲ ဖြစ်နေကြတယ်။

၎င်းတို့ရဲ့လုပ်ရပ်များကို ပြန်လည် စဉ်းစားတွေးတောမိတဲ့ အခါတိုင်း သနားလဲ သနားမိပါ

တယ်။ ကရုဏာဒေါသလဲ ဖြစ်ရပါတယ်။ သင်းတို့ တတွေရဲ့ လုပ်ရပ်များကို စဉ်းစားမိကြလေ

အောင် အနည်းငယ်မျှ ပြန်လည်တင်ပြရလျှင်………..

အာဏာသိမ်းပြီးကထဲက မန္တလေး ဈေးချိုနှင့် အခြားနေရာများ..ရန်ကုန် စစ်တွေစတဲ့နေရာ တိုင်းလိုလိုမှာ သားမြေးအရွယ် စစ်ဗိုလ်စစ်သား အရပ်သားဝန်ထမ်းများက ဦးကြီး ဦးလေး အ

ရွယ် အဖေအမေ အဖိုးအဖွားအရွယ် လူကြီးများကို နားရိုက်ပါးရိုက် ခြေနဲ့ကန်ကြောက် ဆဲဆိုခဲ့

တာတွေကိုတော့ ဘာသာတရားနဲ့တိုက်ရိုက် မဟုတ်လို့ ၎င်းအပြစ်တွေကို အသာထားခဲ့ပါမယ်၊

သာသနာနှင့်သံဃာများကိုလဲ ထိုကဲ့သို့ ပြုလုပ်ခဲ့တာပါပဲ။


အဲဒီအချိန်တွေကစလို့ ယနေ့အချိန်အထိ ဗုဒ္ဓဘုရားကို ဗိုက်ဖောက်ဌပနာတွေ ခိုးခဲ့တာတွေ ဗုဒ္ဓကို လည်ဖြတ် စိန်ဖူးခိုးခဲ့တာတွေ… ဗုဒ္ဓကိုယ်တော်တိုင်က တပည့်သံဃာတွေကို တပါးချင်း ခရီးလှည့်လည်ပြီး ပြည်သူပြည်သားတွေ သတ္တဝါတွေကို အမှန်တရားများသိရှိနားလည်အောင်

တရားဓမ္မများ ဟောပြောဆုံးမ သွန်သင်ပြသဖို့ မှာတော်မူခဲ့တဲ့ စကားတော်တွေကိုဆန့်ကျင်ပြီး

ဟိုလမ်းမသွားရ ဒီလမ်းမသွားရနဲ့ ပိတ်ပင်တားဆီးနေတာတွေ…

ဘုရားဟော ပိဋကတ်ကျမ်းဂန်များမှာ အထင်အရှားရှိနေတဲ့တရားတော်တွေကိုလဲ ဟိုတရား

မဟောရ. ဒီတရားမဟောရ.ဆိုတဲ့ တရားဓမ္မကို ကွယ်ပျောက်အောင် ပိတ်ပင်တားဆီးတဲ့ ဓမ္မန္တ

ရာယ်လုပ်ရပ်တွေ…သံဃာတော်များဆွမ်းခံကြွတဲ့အခါ ဆွမ်းပင့်ကပ်လှူကြတဲ့ အခါတွေမှာလဲ

သံဃာစာရင်းတွေတောင်းပြီး ဘယ် ဘုန်းကြီးမကြွရ..ဘယ်သူ့အိမ်ကို မကြွရ. .ဘယ်သူတွေရဲ့

ဆွမ်းကို အလှူမခံရ.. စသည်ဖြင့် . အလှူခံပုဂ္ဂိုလ်နှင့် အလှူပေးပုဂ္ဂိုလ်ဆိုတာ ဟိုဘက်ဒီဘက်

နှစ်ဖက်လုံးမှာ အယုတ် အလတ် အမြတ်မရွေး လှူနိုင်ခွင့် အလှူခံခွင့်ရှိတာကို ပိတ်ပင်ပြီး ပိတ်

တကာ(ပြိတ္တာ)ဖြစ်အောင် သံဃာ့လဘ်များကို ပိတ်ဆို့နေကြတာတွေ…..။

မဟန အဖွဲ့အစည်းအဆင့်ဆင့် သံဃာနှင့် ပြင်ပသံဃာများ..ကျောင်းထိုင်သံဃာနှင့် ခန်းနေ

တပည့်သံဃာများ အကြား သံဃာအချင်းချင်း စိတ်ဝမ်းကွဲအောင် သံဃာအသင်းခွဲနေတာတွေ

ဘုရားသွားကျောင်းတက် ကုသိုလ်လုပ်ရာမှာ တားဆီးပိတ်ပင်နေတာတွေ..စသည်စသည် များ

စွာ ကျူးလွန်နေကြတာကို တွေ့မြင် ကြားနေရတယ်။

ပြောကြမှာပေါ့ .ဘုရားတွေ သံဃာတွေကို ရိုက်နှက်ဖျက်ဆီး ကန်ကြောက်နေသေးတာ ဒီအ

ပြစ်လောက် မှုစရာ မလိုဘူး။ ပျင်းသေးတယ် ဆိုတာမျိုးပေါ့။ အားလုံးကတော့ အပြစ်တွေချည်း

ပါပဲ။ ဒါပေမယ့် ယခု ပြဆိုခဲ့တဲ့ အပြစ်တွေဟာ အင်မတန်ကြီးလေးပါတယ်။ ဒီဘဝအတွက်ရော

သံသရာအတွက်ပါ ကြီးလေးသလို ပိတ်ပင်နှောက်ယှက်မှုများအတွက် သံသရာဝဋ်ပါ ပြန်လည်

ပြီး ခံကြရမှာ ဖြစ်နေကြလို့ပါ။ ဒီလို အပြစ်မျိုးတွေကို ဘယ်လို ကုသိုလ်မျိုးနှင့်မှ ဖြေဖျောက်လို့ မရပါဘူး။ ခြိမ်းချောက်တာ မဟုတ်ပါဘူး။ တကယ့်စေတနာမှန်နဲ့ သိစေချင်တာပါ။ ရခဲလှတဲ့ လူ့ဘဝကြီးထဲ ရောက်လာပြီး အသိဉာဏ် စုံစုံလင်လင်နဲ့ လူဖြစ်ရကျိုးနပ်စေချင်လို့ပါ။

လောကီ လောကုတ်ဘွဲ့တွေ များစွာရပြီး အခုလို သာသနာကို စော်ကားဖျက်ဆီးရာမှာအကြံ

ပေးနေသူတွေ.. လက်မှတ်ထိုးပေးနေသူတွေကို သွားမကြည့်ပါနှင့် သူတို့က ပိဋကတ် အိုးကွဲ ကြီးတွေဖြစ်နေကြပြီလေ.. ပိဋကတ်အိုးကို ခွဲပြီးမှတော့ သူတို့အတွက် သံသရာဆိုတာ မရှိကြ

တော့ဘူး တလမ်းသွားသမားတွေ ဖြစ်ကုန်ကြပါပြီ။ အသက်ကြီးတိုင်း လူကြီးမဟုတ်ဘူးဆိုတာ

သူတို့လို လူမျိုးတွေကို ခေါ်တယ်ဆိုတာ ကြုံတုန်း ပြောခဲ့ပါရစေ။

ဒီလို ကျူးလွန်ကြရာမှာ အကြံပေးတဲ့သူ စေခိုင်းတဲ့သူတွေရော..လိုက်နာဆောင်ရွက်ကြတဲ့

သူတွေပါ အပြစ်က မလွတ်ပါဘူး။ တာဝန်အရ မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်…စားဝတ် နေရေး

ကြောင့်ပဲဖြစ်ဖြစ်..အတင်းအကြပ် စေခိုင်းခြင်းကြောင့်ပဲဖြစ်ဖြစ်..ကျူးလွန်တာနဲ့ အပြစ်ဟာ အ ပြစ်ပါပဲ။ လောကမှာ ပြောကြတယ်..“ရဲဘော်သေ သေသော် ငရဲမလား”တဲ့..ဒီလောက် လူတွေ

သတ်ပြီး အကြီးစား လောဘ ဒေါသ မောဟတွေနဲ့ ပိတ်ဖုံး ပြည့်နေတဲ့ သူတွေ သေလို့မှ ငရဲ မလားရင် ဘယ်ကို သွားကြမလဲ။ စဉ်းစားကြပါဦး။ ဘယ်ကမှ လက်ခံမှာ မဟုတ်ဘူး။

အဲဒီလို စိတ်ဓာတ်မျိုးတွေကို ရိုက်သွင်းပေးတဲ့သူက ပိုပြီး အပြစ်ကြီးပါတယ်။ အဲဒါ လူသား တွေရဲ့စိတ်ကို ရိုင်းစိုင်းအောင် လုပ်ဆောင်တဲ့အတွက်ကြောင့်ပဲ။ လူ့ဝန်းကျင်တခုကို အကြမ်း ဖက် ရိုင်းစိုင်းမှုတွေ စစ်တွေ မရှိပဲ ယဉ်ကျေးပြီး ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်နိုင်တဲ့သူမှ

ကြီးမြတ်တဲ့ ပညာရှိခေါင်းဆောင်တွေဖြစ်ကြမယ်။

သံဃာတော်များ၏ လုပ်ငန်းများကို လိုက်လံ ပိတ်ပင် တားဆီး နှောက်ယှက် ဖျက်ဆီးနေ

ခြင်းသည် သာသနာတော်တခုလုံးကို ဖျက်ဆီးရာလဲရောက်ပါတယ်။ တရားဓမ္မဟောပြောမှုများ

ကို တားဆီး ပိတ်ပင်ခြင်းသည်… ဗုဒ္ဓနှင့် ဗုဒ္ဓရဲ့ နှလုံးသား(ဓမ္မရတနာ)ကို ဆွဲထုတ် ဖျက်ဆီးရာ ရောက်ပါသည်။

ဘာကြောင့်လဲဆိုတော့…..ဗုဒ္ဓက ဒီတရားဓမ္မတွေကို သတ္တဝါအားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသား

တွေ သိစေချင် ကြားစေချင် ရစေချင်လို့ သူ့ရဲ့အသွေးအသား အသက်ပေါင်းများစွာ ဘဝပေါင်း

များစွာကို ဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ရင်းနှီးပြီးတော့မှ သိမြင်ရရှိလာတဲ့ တရားဓမ္မတွေ ဖြစ်နေလို့ပါပဲ။

ဒီတရားတွေကို သူရဲ့တပည့်သားသံဃာတွေကို သတ္တဝါတွေထံ ခရီးလှည့်လည်ရင်း ဟောခိုင်း

ခဲ့တာပါ။ ဆွမ်းခံသွားရင်း ချီးမြှောက်ခိုင်းခဲ့တာပါ။

ဒါကြောင့်…….တရားဓမ္မဟောပြောမှု စာပေသင်ကြားမှု ပို့ချမှုတို့၌် ကန့်သတ် ချုပ်ချယ် ပိတ်

ပင် တားဆီးနေခြင်းသည် သာသနာနှင့် ရတနာသုံးပါးလုံးကို စော်ကားနေခြင်း ဆိုတာထက် သာသနာတော် ချိနဲ့ အားနည်းကွယ်ပျောက်အောင် ဖျက်ဆီးနေခြင်းသာဖြစ်ပါတယ်။

ပိုးဆိုးတာက ထိုကဲ့သို့ သာသနာတော်ကိုအားနည်း ချိနဲ့အောင် ဖျက်ဆီးနေတဲ့အထဲမှာသံဃ

မဟာနာယကအဖွဲ့အစည်း အဆင့်ဆင့်တွေကနေ ပါဝင်ထောက်ခံ အားပေးနေကြခြင်းပင်။ ခေါင်းညိတ်လို့ပဲဖြစ်ဖြစ် ဆိတ်ဆိတ်နေလို့ပဲဖြစ်ဖြစ် ဝန်ခံရာရောက်လို့ သာသနာတော်ကို ဖျက်

ဆီးတဲ့အထဲမှာ ပါဝင်နေပါတယ်။

သံဃာဆိုရာမှာလဲ ဘယ်လိုသံဃာမျိုးပဲဖြစ်ဖြစ် သံဃော ဟိ ဒုဿီလောနာမ နတ္ထိ ဆိုတဲ့ အ

တိုင်း သံဃာဆိုတာ သီလမရှိသူမရှိ=သံဃာအားလုံး ပေါင်းလိုက်ရင် သီလစင်ကြယ်နေတယ် လို့ဆိုတဲ့အတွက် သံဃာ့ကံတွေအားလုံး ထိုက်ခံကြရမှာပါ။ မကောင်းတဲ့ အကြံတွေပေးနေတဲ့

ဦးအံ့မောင်တို့လို အကြံပေးတွေကအစ လုပ်တဲ့သူများအဆုံးပေါ့။

ဘုရားလက်ထက်က ဆင်လို တိရစ္ဆာန်တောင် ဒေဝဒတ်က သင်္ကန်းကိုဆွဲရုံလိုက်တဲ့အတွက်

သင်္ကန်းရောင်မြင်လိုက်တာနဲ့ မတိုက်ခိုက်ပဲနောက်ဆုတ်သွားသေးတယ်။ခုခေတ်မှာတော့ အာ

ပိုင်တွေ နောက်လိုက်တွေဟာ သင်္ကန်းရောင်မြင်ရင် သတ်ခြင် ဖြတ်ခြင် ဒုက္ခပေးခြင်ဖြစ်နေတဲ့ အထိကို ဆုတ်ယုတ် ပျက်စီးနေပါပြီ။

အဲဒီလို ဘာသာ သာသနာနှင့် လူကြီး မိဘများကို ဂါရဝ နိဝါတဆိုတဲ့မင်္ဂလာတရားတွေကင်း

မဲ့ပြီး ရိုင်းပြစော်ကား နှိပ်စက်ဖျက်ဆီးနေကြတဲ့အတွက်လဲ မြန်မာပြည်အတွင်းမှာသဘာဝဘေး

အန္တရာယ်ဆိုးကြီးတွေ ရောဂါကပ်မျိုးစုံတွေ မဆုံးနိုင်တဲ့ တိုက်ပွဲတွေ ရိုက်နှက် အကြမ်းဖက်မှု

တွေ စားဝတ်နေရေးကြပ်တည်းမှုဆိုတဲ့ ကပ်ကြီးသုံးပါးလုံး ဆိုက်နေကြရတာဖြစ်ပါတယ်။

ဒီလို ကပ်ဆိုးဆိုက်နေတာတွေက ကျော်လွန်နိုင်ရန် ဘာသာရေးဘက်က အန္တရာယ်ကင်း တရားတွေ ရွတ်ဖတ်နေရုံနဲ့ မရပါဘူး။ တိုင်းပြည်ရဲ့ခေါင်းဆောင်အာဏာပိုင်အဆင့်ဆင့်နဲ့ ပြည် သူတွေကပါ မင်္ဂလာတရားတွေ မကောင်းတာ မမှန်တာ သဘာဝမကျတာတွေ ရိုင်းပြစော်ကား မှုတွေ လုပ်ကိုင် ပြောဆိုရာမှာ မကောင်းမှုကို ထိတ်လန့်ကြောက်တတ်တဲ့ ဟိရိ သြတ္တပ္ဂဆိုတဲ့ လောကပါလတရားတွေ ရှိနေကြရအောင် လိုက်နာဆောင်ရွက်နိုင်မှ ကပ်သုံးပါးကကျော်လွန် နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ခိုင်းတိုင်းလုပ်ဆောင်နေကြရတဲ့ စစ်ဘက် အရပ်ဘက်ဝန်ထမ်းများ ကြံဖွံ့ စွမ်းအား

ရှင်နှင့် အင်ဖော်မာ အကြမ်းဖက်တော်လှန်ရေးအမည်ခံထားသူများ အားလုံးကို သိစေချင်ပါ သည်……ဗိုလ်ချုပ်ခေါင်းဆောင်တချို့နှင့် အရာရှိတချို့တွေကတော့ သူတို့အတွက် အဝီစိငရဲ က လွဲလို့ ဘယ်ကိုမှ သွားစရာ မှန်းစရာ လမ်းမရှိတော့လို့ မထူးဇာတ် ခင်းနေကြပြီး မက်လုံး လေး ငါးစာလောက်ချကာ အတင်းအဓမ္မစေခိုင်းနေကြဦးမှာပဲ။

ဒီတော့ကာ…. သင်တို့ကိုယ်တိုင် အော် ငါတို့လုပ်နေတာဟာ ဘာသာ သာသနာတခုလုံးကို စော်ကားနေကြတာပါလား? သာသနာတော်ကြီးတခုလုံးကို ယိမ်ယိုင် ချိနဲ့ ကွယ်ပျောက်နိုင်တဲ့

အထိ ဖျက်ဆီးရာရောက်နေပါလား? သံဃဘေဒက ကံကြီးတွေထိုက်ပြီး အကြီးမားဆုံး အပြစ်

တွေကို ကျူးလွန်နေကြတာပါကလား? တိုင်းပြည်မှာ ကပ်ဆိုးကြီးတွေ ဆိုက်ရောက်လာအောင် လုပ်ရာရောက်နေပါလား? ဆိုတာတွေ…ဒီလို ကောင်းလဲမကောင်း မှန်လဲမမှန် သဘာဝလဲမကျ

သေရင် အပါယ်ကျရောက်နိုင်မယ့် အလုပ်မျိုးတွေကို ပယ်စွန့်ပြီး.. ဒီတဘဝ စားသောက်နိုင်ရုံ

လေးကို မကြည့်ကြပဲ ကိုယ့်ရဲ့ဒီဘဝရော သံသရာမှာပါ ကောင်းကျိုးတွေဖြစ်အောင် ပြင်ဆင်

လုပ်ကိုင်စရာတွေကို အသိဉာဏ်ရှိရှိ သဘာဝကျကျ တွေးတော နှိုင်းယှဉ်ဆင်ခြင်ပြီး လောက

ကို စောင့်ရှောက်နိုင်မယ့် ဟိရိ ဩတ္တပ္ဂဆိုတဲ့ လောကပါလတရား..အသက်ဂုဏ်ဝါ ကြီးသူများ

နှင့် အနန္တငါးပါးကို ရိုသေလေးစားတတ်တဲ့ ဂါရဝ နိဝါတတရား ရှိသူတွေအဖြစ်နဲ့ မားမား မတ်

မတ် ရပ်တည်ပြီး လောကအကျိုး သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြသူတွေ ဖြစ် နိုင်ကြပါစေဆိုတာ ဆန္ဒပြုလိုက်ပါတယ်။။

(လူသားအားလုံး အသိဉာဏ်မှန်မှန်နဲ့ လမ်းမှန်မြင်ပြီး ဒုက္ခမျိုးစုံမှ လွတ်မြောက်နိုင်ကြပါစေ)

0 Comments:

blogger templates | Make Money Online