Saturday, July 25, 2009

“မြန်မာနိုင်ငံရဲ့  အနာဂတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မပတ်သက်နိုင်” ဆိုပြီး ဆောင်းပါးရေးသူ Virginia M Moncrieff နဲ့  နအဖသတင်းစာ။


ယနေ့ ထုတ် နအဖရဲ့  ၀ါဒဖြန့် သတင်းစာတွေထဲမှာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Virginia M Moncrieff ဆိုသူကနေ အမေရိကန်မှာထုတ်ဝေတဲ့ The Huffington Post သတင်းစာထဲကရေးသားချက် ဖြစ်တဲ့ “မြန်မာနိုင်ငံရဲ့  အနာဂတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မပတ်သက်နိုင်” ဆိုတဲ့ ဆောင်းပါးကို မြန်မာဘာသာပြန်ပြီး ပြန်ဖေါ်ပြထားတာ တွေ့ ရပါတယ်။

ဆောင်းပါးကို အကျယ်ချဲ့ ဖတ်ဖို့ အတွက် ပုံပေါ်ကို mouse နဲ့  နှိပ်လိုက်ပြီး ကြည့်နိုင်ပါတယ်။






















နအဖရဲ့  လေသံတွေနဲ့  ကိုက်ညီနေတဲ့ ဒီအမျိုးသမီးရဲ့  ရေးသားချက်ဟာ မြန်မာပြည်နိုင်ငံရေးကို နားမလည် ပါးမလည်ဖြစ်တဲ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဝေဖန်ပုတ်ခတ်ထားတာဟာ နအဖကနေ နိုင်ငံခြားသားတွေကို စည်းရုံးပြီး ငွေပေးခိုင်းပြီး လုပ်ခိုင်းထားတဲ့သူတွေထဲက တစ်ဦး ဖြစ်တာ သိသာပါတယ်။ နအဖဟာ ဒီလိုလုပ်ကွက်တွေနဲ့  နိုင်ငံခြားသားတွေကို ငွေပေးစည်းရုံးပြီး နအဖအလိုကျပြောခိုင်းတာတွေ ရေးခိုင်းတာတွေကို ယခင်ကတည်းက လုပ်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး တရားစွဲထားပြီး မကြာခင်မှာ နအဖကနေ မတရားအမိန့် ထုတ်ခါနီးအချိန်မှာ ဒီအမျိုးသမီးကနေ ဆောင်းပါးရေးပြီး နအဖသတင်းစာကနေ ပြန်လည်ဖေါ်ပြတာဟာ အချိန်ကိုက် လုပ်ဆောင်တဲ့ နအဖရဲ့  မီဒီယာကို အသုံးချပြီး တိုက်ခိုက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

ဒီအမျိုးသမီးရဲ့  ဘလော့ကတော့ http://virginiammoncrieff.blogspot.com/ ဖြစ်ပါတယ်။ သူ့ ဆီတိုက်ရိုက် ဆက်သွယ်ပြောလိုရင်တော့ http://twitter.com/VMMoncrieff ကနေ ပြောနိုင်ပါတယ်။













ဒီဆောင်းပါးနဲ့  ပတ်သက်ပြီး ပြန်လည်တုန့် ပြန်ရေးသားလိုရင်တော့ ဒီမှာ http://www.huffingtonpost.com/virginia-moncrieff/the-future-of-burma-canno_b_234757.html ရဲ့  Comments မှာ ရေးနိုင်ပါတယ်။

http://www.niknayman-niknayman.co.cc/

0 Comments:

blogger templates | Make Money Online