Thursday, July 30, 2009

အဖမ်းရခက်လို့ ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းမှု စိစစ်မည်


အများပြည်သူကို ပိတ်ပင်ထားပြီး ထောက်လှမ်းရေးများ အပါအဝင် သီးသန့်အုပ်စုသာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားသော ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့် စိစစ်မှု တိုးမြှင့်သွားဦးမည်...

ကော့သောင်းနယ်စပ် ညအချိန် ကူးဖြတ်မှု ပိတ်ပင် Print E-mail
ဖိုးဇော်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 29 ရက် 2009 ခုနှစ် 18 နာရီ 03 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကော့သောင်းရှိ နယ်စပ် ရွာလေးရွာတွင် ညအချိန် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ကူးသန်းသွားလာမှု့ ပိတ်ပင်လိုက်သည်။

ဖော့တုတ်၊ မာဒမ်း၊ ခမောက်ကြီး၊ အေးချမ်းသာရွာများတွင် ညနေ ၆ နာရီနောက်ပိုင်း ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကူးခွင့်မရှိဟု တင်္နသာရီတိုင်း ကော့သောင်းခရိုင်မှုးက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအရ အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ရနှောင်းသို့ ကူးလိုပါက ကျေးရွာအာဏာပိုင် ထောက်ခံစာ လိုသည်။

ဒေသခံများမှာ နယ်စပ်မြစ် ပါရှန် ကို ဖြတ်၍ တဖက်နိုင်ငံ ထိုင်းနယ်စပ်မြို့ ရနောင်းသို့ ကူးသန်းသွားလာမှု ပြုလေ့ရှိသည်။

ထိုင်းနိုင်ငံဘက် သယ်ဆောင်သွားသည့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ဆိုင်ကယ်တစီးကို ဇူလိုင် ၂၅ ရက်နေ့က ထိုင်းလုံခြုံရေးက သိမ်းယူခဲ့မှု ဖြစ်ပွားပြီးနောက် ညအချိန် ခရီးသွားလာခွင့် ပိတ်ပင်မှု ဖြစ်လာခဲ့သည်။


ကြံ့ဖွံ့ ဦးဌေးဦး ဂျပန်သွားဖွယ်ရှိ Print E-mail
နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 18 နာရီ 50 မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ကြားခံအဖွဲ့တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အထွေထွေ အတွင်းရေးမှုးဖြစ်သူ ဦးဌေးဦးသည် ဂျပန်နိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ်နေကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း သွားရောက်မည့် ၅ ရက်ကြာ ခရီးစဉ်မှာ အိမ်ရှင်နိုင်ငံဘက်မှ အတည်ပြုချက် စောင့်ဆိုင်းနေသေးကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဌေးဦးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကအဖြစ် ဆောင်ရွက်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တွင် ဦးဌေးဦး အဖြစ် ခံယူထားသည်။

“မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံကို မေးကြည့်တော့ အဲဒီခရီးစဉ်ကိစ္စ မဆုံးဖြတ်ရသေးပါဘူးလို့ ပြောပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမကို ဖြေကြားသည်။

အလည်အပတ်ခရီးစဉ်သည် လာမည့်သြဂုတ်လအတွင်း ဂျပန်နိုင်ငံတွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ညွန့်ပေါင်းပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ - Liberal Democratic Party (LDP) ကို အတိုက်အခံပါတီ ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က အနိုင်ရရှိလိမ့်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်လည်းဖြစ်သည်။
http://www.mizzimaburmese.com

0 Comments:

blogger templates | Make Money Online