Saturday, July 25, 2009

“ဒေ၀ဒတ်ကို ဘုရားထင်” ဆိုသလို ရွှေမန်းကို သူတော်ကောင်းထင်ကာ ပြားပြားဝပ်ကန်တော့ကြတာ။






















နအဖ လူသတ်သမား ရွှေမန်းကို ရိုးရိုးဂါဝရ ပြုရုံတင်မကဖူး မိသားစုတစ်စုလုံးပါ ထိုင်ကန်တော့နေကြတဲ့ တရုတ်ပြည်ရောက် နအဖသံရုံးနဲ့  စစ်သံမှူးရုံး မိသားစုများ အခြေအနေလေး ဖြစ်ပါတယ်။ ထိုနည်းတူဘဲ နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ မောင်အေးတို့  သိန်းစိန်တို့ ကိုလည်း နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ နအဖသံရုံးမိသားစုတွေ ကျိုးကျိုးရွံ့ ရွံ့ လေး ထိုင်ကာ ပြားပြားဝပ်ကန်တော့ကြနေတာတွေ တွေ့ မြင်ခဲ့ရဖူးမှာ ဖြစ်ပါတယ်။





















လက်အုပ်ချီကန်တော့တယ်ဆိုတာ အနန္တောအနန္တဂိုဏ်းဝင်ဖြစ်ကြတဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကိုသာလျှင် ရိုသေလေးစားစွာနဲ့  ကန်တော့ရှိခိုးကြတာ ဖြစ်ပါတယ်။ ဒီနအဖခေါင်းဆောင်တွေဟာ ဘုရားကို ခုတုံးလုပ်၊ ဘာသာတရားကို အယောင်ပြ၊ သံဃာကို စော်ကားခဲ့ကြသူတွေပါ။ ဒီနအဖခေါင်းဆောင်တွေဟာ မိမိတို့ ရဲ့  မိဘရင်း မဟုတ်ကြသလို မိဘနေရာဝေးလို့  အုပ်ချူပ်သူ အထက်လူကြီးဆိုပြီး ဆရာလို့ တောင် လုံးဝ သတ်မှတ်လို့ မရပါဖူး။ ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရားရယူထားတဲ့ အာဏာလုယက်သူတွေသာ ဖြစ်ပါတယ်။ ရဟန်းသံဃာပြည်သူကို သတ်ဖြတ်ခဲ့ကြတဲ့ လူသတ်ကောင် မိစ္ဆာဒိဌိတွေသာ ဖြစ်ပါတယ်။

ဆရာဆိုတာ အတတ်ပညာ အသိပညာကို မှန်ကန်စွာ သွန်သင်ဆုံးမပေးတဲ့ ပူဇော်ထိုက်သူကိုသာ ဆရာလို့  သတ်မှတ်တာပါ။ သီလသမာဓိ သိက္ခာကင်းမဲ့ပြီး ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေကြတဲ့ နအဖလို အဓမ္မ၀ါဒီသမားတွေကို အုပ်ချူပ်သူဆိုပြီး ဆရာတင် ဂါဝရပြု ကန်တော့ကြတယ်ဆိုတာကတော့ မိမိတို့ ရဲ့  ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်တဲ့ အနေအထားမရှိ ညံ့ဖျင်းလှတာကို လူသိရှင်ကြား အရှက်မဲ့စွာ ပြသနေတာ ဖြစ်ပါတယ်။

ဒီလို လူကြီးမိဘတွေကိုယ်တိုင်က လမ်းကြောင်းမှန်ကို မသွန်သင်ပြနိုင်ဘဲ ကိုယ်ကျိုးအတ္တအကျိုးစီးပွားအတွက်သာ ကြည့်ပြီး၊ လက်အုပ်လေးတွေချီပြီး ကန်တော့ခိုင်းနေတော့ ဓါတ်ပုံတဲပါ ကလေးလေးတွေဘ၀ကတော့ ကြီးပြင်းလာရင် အာဏာရှင်တွေရဲ့  လုပ်ရပ်တွေကို အားကျ အာဏာရှင်တွေရဲ့  ကျေးကျွန်ခိုင်းဖတ်လေးတွေဘ၀ ရောက်ကြပြီး ဆွေစဉ်မျိုးဆက် အာဏာရှင် လက်အောက်ခံလေးတွေ ဖြစ်ကုန်မှာကို သံဝေဂ ရမိပါတယ်။

ဒီအပြင် ပိုဆိုးတာကတော့ လူကြီးတွေက မိမိတို့ ရဲ့  အထက်ဖားအောက်ဖိ ကိုယ်ကျိုးအတ္တအတွက်သာဆိုရင် ယုတ်မာရိုင်းစိုင်းနေကြသူ အဓမ္မ၀ါဒီ ပြည်သူသတ် သံဃာသတ်သမားများကို “ဒေ၀ဒတ်ကို ဘုရားထင်” ကာ ကိုးကွယ်ကန်တော့ကြတဲ့ မှားယွင်းနေတဲ့ စိတ်ဓါတ်တွေကို မိမိတို့ ရဲ့  ရင်သွေးတွေကိုပါ ရောက်ရှိစေတာဟာ အတုမြင်ရင် အတတ်သင်ကာ ဘ၀တစ်လျှောက်လုံး လမ်းမှားရောက်တော့မှာကို မိဘဖြစ်သူတွေက အသိဥာဏ်ကင်းမဲ့ခြင်းဘဲ ဖြစ်ပါတယ်။





















နိုင်ငံတကာရောက် နအဖသံရုံးမိသားစုတွေ စစ်သံမှူးရုံးမိသားစုတွေအနေနဲ့  မိမိတို့ ရောက်ရှိရာ နိုင်ငံတွေမှာဆိုရင် အောက်ခြေ၀န်ထမ်းတွေအနေနဲ့  အထက်လူကြီးကို အလုပ်သဘောအရသာ လေးလေးစားစားနဲ့  သာမန်နှုတ်ဆက်ဧည့်ခံတာမျိုးလောက်ဘဲ ရှိကြတယ်ဆိုတာ သိကြမှာပါ။ အသည်းအသန်ကြီး လူမြင်မကောင်း သူမြင်မကောင်း ဖားယားပြီး ကြိုဆိုနှုတ်ဆက်ကြတယ်ဆိုတာမျိုး မရှိကြပါဖူး။ မိမိတို့ လက်တွေ့ ရောက်ရှိနေကြတဲ့ တိုင်းပြည်တွေရဲ့  ကောင်းမွန်တဲ့ တရားမျှတတဲ့ လေးစားလိုက်နာသင့်တဲ့ လူတစ်ဦးအနေနဲ့ ရသင့်ရှိသင့်ကြတဲ့ လူ့ အခွင့်အရေးတွေကို မြင်တွေ့ ကြပါ။

မိမိတို့ ရဲ့  ရင်သွေးတွေကို မသင့်တော်တဲ့ အကျင့်ဆိုးတွေ လမ်းမပြပေးဖို့ က လူကြီးမိဘတွေရဲ့  တာဝန်ဝတ္တရား ဖြစ်ပါတယ်။ မသင့်တော်သောလုပ်ရပ်များ လုပ်ဆောင်ခြင်းကိုလည်း အရှက်ရကြပါ။ လမ်းမှားရောက်နေမှုများကိုလည်း အမြင်မှန် ရကြပါ။ နိုင်ငံတကာရဲ့  သံရုံးဝန်ထမ်းဆိုတာ သံတမန်ဝန်ထမ်းပါ၊ ပြည်သူ့ ဝန်ထမ်းပါ။ သို့ ပေမယ့် နအဖရဲ့  ကျေးကျွန်ဝန်ထမ်းအဖြစ် မိမိတို့ ကိုယ်တိုင်က အစပြုပြီး ခံယူပြီး ယခုလို လိုတာထက် ပိုတဲ့ ပြားပြားဝပ် ရှိခိုးကန်တော့တတ်တဲ့အကျင့်ကို နှစ်ခြိုက်နေကြရင်တော့ မိမိတို့ ရဲ့  ကလေးတွေလည်း အာဏာရှင် ဘယ်သူဖြစ်ဖြစ် ထိုင်ပြီးတော့သာ ကန်တော့တတ်တဲ့သူလေးတွေ ဖြစ်ကုန်ကြမယ်ဆိုတာ ကြိုပြီး မြင်ယောင်ကြည့်ပါတော့လို့ သာ …. ။

http://www.niknayman-niknayman.co.cc/



0 Comments:

blogger templates | Make Money Online