Wednesday, July 29, 2009

လိုက်နာဆောင်ရွက်သင့်သော မှတ်သားဖွယ်ရာ အဆိုအမိန့် များ။















“ ဒီ တပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုး အတွက် ဒီ လူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ ဆိုတဲ့ အနေ မျိုး ဖြစ်ရမယ် .... ဒီလို မဟုတ်ပဲ ဒီ တပ်မတော်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံး နာစရာ ဖြစ်မယ် ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲ ဖြစ်မယ် .... ”

(ဗိုလ်ချုပ်အောင်ဆန်း) ။

နိုင် မ ခံ ကျည် နဲ့ စူးနစ် … ပစ်ချင် ပစ်လေ ၊
ဓါး နဲ့ မိုးအုပ် … ခုတ်ချင် ခုတ်လေ ၊
လှံ နဲ့ စွပ်ထိုး … ထိုးချင် ထိုးလေ ၊
စိတ်ထား ညီညီ ... သွေးနီနီ ဖြင့် ၊
လဲလည်း ပြန်ထ ... တိုက် ဦးမည် ။

( ရှစ်လေးလုံး အမည်မသိ စာဆိုတစ်ဦး ) ။

သူ့ ကျွန် မခံ တိုင်း တစ်ပါး ကျွန် စစ်တပ် ကျွန် ဘယ် ကျွန် မှ မခံ .. ဒေါင်း အလံ ဟေ့ .. ကျောင်း နံရံ တစ်ဝိုက် ဒေါင်း အလံ ပြန် စိုက်မယ် ။

(ကိုမင်းကိုနိုင် ၈-၈-၂၀၀၇)။

“ လူ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ ပုခုံးပေါ် တင် ပေးလိုက်တဲ့ သမိုင်းရဲ့ တာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်းဆောင် ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ .... ”

(ဗန်းမော် တင်အောင်) ။

“ကျွန်မတို့က ဦးခေါင်းသာ ပျော့ချင် ပျော့မယ် ဒူးခေါင်း တော့ ဘယ်တော့မှ မပျော့ ဘူး .... ”

(ဒေါ်အောင်ဆန်းစုကြည်) ။

“ ကျွန်မ တဲ့တိုးပဲ ပြောပါရစေ .. အချိန်အခါကောင်း မှ နိုင်ငံရေးလုပ်မယ် ဆိုတဲ့ လူတွေကို ကျွန်မ တကယ်ပဲနားမလည် ဘူး .... ”

(ဒေါ်အောင်ဆန်းစုကြည်) ။

“ ဒီ အချိန်မှာ သတ္တိရှိရှိ နဲ့ လုပ်လိုက်လို့ ရှိရင် နောင်ကျရင် ကျွန်မတို့ဟာ မကြောင့်ကြ ရတဲ့ ခေတ်ကို
ရောက်သွား နိုင်ပါတယ် .. ဒီ အချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ ရှိရင် နောင် ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ် .. လူတစ်ယောက် အနေနဲ့လည်း အများကြီး ဂုဏ်သိက္ခာ ကျပါတယ် .. အဲဒီတော့ အားလုံးက မှန်တာလုပ်ရလို့ ရှိရင် ကြောက်နေလည်း လုပ်ရ မှာပါ .. ”

(ဒေါ်အောင်ဆန်းစုကြည် ၁၄ - ၁ - ၁၉၈၉) ။

http://www.niknayman-niknayman.co.cc/

0 Comments:

blogger templates | Make Money Online