Saturday, August 1, 2009

ဘယ်လမ်းရွေးမလဲ နအဖ။


ဇူလိုင်လ (၃၁) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစီရင်ချက်မချရဲတဲ့ နအဖ၊ သြဂုတ်လ (၁၁) ရက်ကို တောင်လိုလို မြောက်လိုလိုနဲ့ ရွှေ့ပြောင်းခဲ့ပြန်တယ်၊ ဒါဟာ မတရားသဖြင့် ပြုမူလုပ်ဆောင်နေတာကို ဖင်ပိတ်ငြင်းနေလဲ
အပိုဖြစ်နေပြီဆိုတာ ပြည်သူတွေက သဘောပေါက်နေကြပေပြီ။

ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးဟာ ဘယ်ခေတ်တုန်းကမှ မဟုတ်တာ မတရားတာကို ခေါင်းငုံ့ခံခဲ့ရိုး ထုံးစံမရှိခဲ့ဘူးဆိုတာ နအဖအနေနဲ့ အထူးပေါက်စေချင်ပေသည်၊ ယခုအချိန်အခါသည် နအဖ စစ်မိစ္ဆာကောင်များအနေဖြင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချခဲ့ပါက တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တော့မည်ဆိုတာ တကမ္ဘာလုံးက မျက်ဝါးဝါးထင်တွေ့မြင်ကြရပေမည်။

ပြည်သူဆီက အာဏာကို မတရားလုယူပြီး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးသာမက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားချင်တိုင်း စော်ကား မော်ကားလုပ်နေတာကို ဘယ်ပြည်သူကမှ သည်းခံနိုင်စွမ်းမရှိဘူး ဆိုတာကို နအဖ အနေဖြင့် လက်တွေ့ကျကျ တွေ့မြင်ရမည်ဖြစ်သည်။

အာဏာပါဝါရှိတိုင်း ထင်ရာစိုင်းလုပ်ချင်တဲ့ နအဖ ခေါင်းဆောင်များအနေနဲ့ နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာ သေသေချာချာ စဉ်းစားထားကြဖို့ အထူးလိုအပ်နေပေပြီ၊ ပြည်သူ့ညီညွတ်မှုစွမ်းအားကို ဘယ်အာဏာ ဘယ်ပါဝါကမှ တားဆီးနိုင်စွမ်းမရှိဘူးဆိုတာကို မကြာခင်တွေ့မြင်ရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ့ခေါင်းဆောင်အစစ်ဖြစ်ပြီး နအဖ ဟာ ဘယ်တော့ခါမှ ပြည်သူ့ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး၊ နအဖကို ဘယ်ပြည်သူ ဘယ်ကမ္ဘာကမှ အယုံအကြည်မရှိဘူးဆိုတာကို စစ်မှန်တဲ့လွတ်လပ်ရေးကို ဆာလောင် တောင့်တနေတဲ့ သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရဲ့ရင်ထဲက စစ်မှန်တဲ့ဆန္ဒနဲ့ တောင်းဆို တိုက်ပွဲဝင်မှုတွေ မကြာခင် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

နအဖ ဖွတ်ခေါင်းအဖွဲ့များအနေဖြင့် နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုလိုက်မလဲဆိုတာ မိမိကိုယ်တိုင်ရွေးချယ်မလား၊ ဒါမှမဟုတ် သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရွေးချယ်တဲ့လမ်းကို လိုက်မလားဆိုတာ မကြာခင် အဖြေတစ်ခု ထွက်ပေါ်လာ
တော့မည်ဖြစ်သည်။

ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)။

http://www.niknayman-niknayman.co.cc/

0 Comments:

blogger templates | Make Money Online