Sunday, July 19, 2009

နေကြပ်သတင်း


လာမည့် ဇူလိုင်လ ၂၂-ရက် ဗုဒ္ဓဟူးနေ့မှာ နေကြပ်နိုင်သည်ဟု နက္ခတ္တဗေဒ ပညာရှင်များက ကြိုတင်ခန့်မှန်းထားကြပါသည်။ မြန်မာစံတော်ချိန်အားဖြင့် နံနက် ၈-နာရီဝန်းကျင်မှာ ဖြစ်နိုင်ပြီး အဆိုပါနေကြပ်သည်ကို အိန္ဒိယ နီပေါ တရုပ် ဘူတန် နှင့် မြန်မာပြည် မြောက်ပိုင်း ပူတာအိုဒေသမှာ နေထိုင်ကြသူများအနေဖြင့် တွေ့မြင်နိုင်သည်ဟုဆိုပါသည်။ နေကြပ်ချိန် ၆-မိနစ်ခွဲခန့် ကြာမြင့်နိုင်သည်ဟုလည်း သိရပါသည်။
အဆိုပါ နက္ခဗေဒပညာရှင်များ၏အဆိုအရ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ နောက်တစ်ကြိပ် နေကြပ်နိုင်ပြီး အဲဒီအကြိမ်မှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသမှာ နေထိုင်ကြသူများအနေဖြင့် ကောင်းစွာတွေမြင်ရလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားကြပါသည်။

http://www.wanna23.co.cc/

0 Comments:

blogger templates | Make Money Online