Friday, July 10, 2009

အီရန် မှာ တိုက်ပွဲတွေ ပြန်စ နေပြီ-


Brave Iranians Continue Their Justified Fight Against Dictators

မိုက်ကယ်ဂျက်ဆင်နာရေးသတင်းက ကမ္ဘာ့မီဒီယာကွန်မြူနတီတခုလုံးကို လွမ်းမိုးသွားတဲ့အတွက် နိင်ငံတကာ အရေးခင်းတွေ အားလုံးမှေးမိန် ခဲ့ရပါတယ်။ မိုက်ကယ်ကိုချစ်တဲ့ပရိသတ်များ က တမ္ဘာလုံးမှာ ရှိခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင် အသုဘ မြေကျအပြီးမှာတော့ ကမ္ဘာ့သတင်းလောကကြီးကို ပြန်လည် အလုပ်များ အောင် လုပ်ပေးလိုက်တာကတော့ ၀ီဂါ လူမျိုးစုလှုပ်ရှားမှုနဲ့ ဒီနေ့ဖြစ်ပေါ်လာတဲ့ အီရန်ဒီမိုကရေစီ လှုပ်ရှားမှုကြီး တို့ပဲဖြစ်ပါတယ်။ အီရန် မှာ လူထုလှုပ်ရှားမှုတွေ ပြန်လည်ဖြစ်ပေါ် နေပါတယ်။

တီဟီရန် တက္ကသိုလ်ကျောင်းသား ၃၀၀ လောက်က ပြန်လည် လှုံ့ ဆော်ပေးခဲ့ကြတာလို့ သိရပါတယ်။ သူတို့က တီဟီရန် မြို့တော် အနှံ့အပြားက လူစည်ကားတဲ့လမ်းမတွေမှာ ပြောက်ကျားသပိတ်တွေနဲ့ ပြန်လည်စတင် နေတယ်။ ဓါတ်ဆီဆိုင်တဆိုင် ကိုလည်း ပွဲဦးထွက်အနေနဲ့ မီးတင်ရှို့လိုက်နိင်ပါတယ်။ အတိုက်အခံခေါင်းဆောင် ဟူစိန် မူဆာဘီကလည်း ဆန္ဒပြပွဲတွေပြန်လည် ဖေါ်ထုတ်ဖို့ လူထုကိုလှုံဆော်ထားပါတယ်။

တီဟီရန် မြို့တော်ဝန် - မိုတာဇတမဒုံး ကတော့ ဆန္ဒပြပွဲတွေကို ပြန်လုပ်မယ်ဆိုရင် ဆုံးမမယ်လို့လည်း ကြိမ်းမောင်းထား ပါတယ်။ နအဖ တွေက ကလေကချေ စွမ်းအားရှင်တို့၊ ကြံ့ဖွတ် တွေကို မွေးထားသလိုပဲ အီရန် မှာလည်း ဘာစီဂျီ ( Basiji) ဆိုတဲ့ ကလေကချေတွေကို အသုံးပြုပါတယ်။ လမ်းဆုံလမ်းခွတွေမှာ ဘာစီဂျီတွေကို ချထားပါတယ်။ တီဟီရန်မြို့တော်က တော်လှန်းရေးလမ်းမကြီး ( Revolution Street ) နဲ့ တီဟီရန်တက္ကသိုလ်ထဲမှာ ကလေကချေ တွေကို လက်နက်တပ်ဆင်ပြီး တပ်စွဲထားကြပါတယ်။ ဆန္ဒပြသမားတွေက အာဏာရှင် သေပါစေ ဆိုတဲ့ကြွေးကြော်သံတွေကို တခဲနက်ကြွေးကြော်တိုက်ပွဲဝင်လျက်ရှိတယ်။ ဒီတခါဆန္ဒပြတိုက်ပွဲမှာလည်း အမျိုးသမီးများက အမျိုးသားများနဲ့ ရင်ဘောင်တန်းတိုက်ပွဲဝင်နေခြင်းပဲဖြစ်ပါတယ်။

အီရန် မှာ တိုက်ပွဲတွေ ပြန်စနေသလိုပဲ ကျနော်တို့ ဆီမှာလည်း လူထု လှုပ်ရှားမှုတွေကို ပြန်လည်ဖေါ်ထုတ် ကြပါစို့။ ဒေါ်အောင်ဆန်းစုကြည် ကို နအဖ က ထောင်မချပဲ ထောင်ချ ထားတာကို ကန့်ကွက်တဲ့အနေနဲ့ အစွမ်းကုန် တိုက်ပွဲတွေပြန်လည်ဖေါ်ထုတ်ကြပါစို့။
http://komoethee.blogspot.com/

0 Comments:

blogger templates | Make Money Online