Tuesday, July 7, 2009

တရုတ်နိုင်ငံ ရှန်ကျန် ပြည်နယ် လူထု လှုပ်ရှားမှု





-WFWW-

တရုတ် နိင်ငံ ရှန်ကျန်ပြည်နယ် အနောက်ပိုင်း မှာတရုတ်အစိုးရကိုဆန်ကျင်တဲ့ လူထု လှုပ်ရှားမှုဖြစ်ပွားခဲ့ တယ်။ တရုတ် အာဏာပိုင်တွေက လူပေါင်း ၁၄၀ သေဆုံးပြီး ရှစ်ရာ (၈၀၀) ကျော် ဒဏ်ရာရတယ်လို့ဆိုပါတယ်။ ရှန်ကျန် ပြည်နယ် အုပ်ချုပ်ရေးမှုး လူယောင်ဝှာ က သေဆုံးမှုက ဆက်လက်မြင့်တက်နေတုံးဖြစ်ပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဆိုထားပါတယ်။ ကားအစီး၂၆၁ စီးနဲ့ အစိုးရရုံးပေါင်း ၂၀၀ ကျော် တိုက်ခိုက်ဖျက်ဆီး ခံရတယ်လို့ဖော်ပြထား ပါတယ်။ စက်ရုံတရုံ မှာ လူမျိုးစုတွေကို ခွဲခြားဆက်မှုပြုလုပ်ရာက က နေ စတင် ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခကနေ ပြည်နယ်တစ်ခုလုံး ကို ကူးစက်သွားခဲ့တယ်။

ရှန်ကျန်ပြည်နယ်မြို့ တော် Urumqi မှာ မူစလင်အများစု နေထိုင်ကြပါတယ်။ ပြည်နယ်လူထု က တရုတ်အစိုးရရဲ့  ယဉ်ကျေးမှုအရ ဖိနှိပ်ထားမှု၊ စီးပွားရေး နဲ့ နိင်ငံရေးအရ ကန့်သတ်ပိတ်ပင်ထားမှုတွေကို မကျေနပ်တဲ့အတွက် လူထု လူပ်ရှားမှု ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ တရုပ်အစိုးရကလူအခွင့် ချိုးဖေါက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေခြင်းဖြစ်ပါတယ်။ လူမျိုးစုတွေကို ခွဲခြားဆက်မှုပြုလုပ်နေတယ် ဆိုတာသိရှိရပါသည်။
http://komoethee.blogspot.com/

0 Comments:

blogger templates | Make Money Online