Saturday, July 11, 2009

ကမ္ဘာ့အသက်အငယ်ဆုံးကွန်ပျူတာပညာရှင်


အိန္ဒိယရဲ့ ၁၁ယောက်မြောက် သမတ Dr.A.P.J.Abdul Kalam မှ လာဝီနာရှရီးကို ဆုပေးအပ်နေပုံ


အိန္ဒိယရဲ့ ၁၂ယောက်မြောက် သမတ Pratibha Devisingh Patil မှ လာဝီနာရှရီးကို ဆုပေးအပ်နေပုံ




အိန္ဒိယက အသက် (၉)နှစ်သမီး M. Lavinashree ဟာ မိုက်ခရိုဆော့ဖ် ကွန်ပျူတာပညာရှင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ကွန်ပျူတာပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီစံချိန်ကိုမချိုးခင် ပါကစ္စတန်က အသက် (၁၀)နှစ်သမီးလေးကဟာ အသက်အငယ်ဆုံးကွန်ပျူတာအဖြစ်ရှိနေခဲ့ပါတယ်။ အခုတော့ ဒီစံချိန်ကို အသက် (၈)နှစ်ကျော်ကျော်လေးသာရှိသေးတဲ့ အိန္ဒိယနိုင်ငံ ချနိုင်းမြို့နယ်က လေးတန်းကျောင်းသူ လာဝီနာရှရီးက ချိုးဖျက်လိုက်ပါပြီ။ လာဝီနာရှရီဟာ အသက် (၃)နှစ်သမီးအရွယ်ကတည်းက ကဗျာပုဒ်ရေ ၃၃၃၀ဆယ် ရွယ်ဆိုနိုင်ခဲ့လို့ Limca စံချိန်စာအုပ်မှာ မှတ်တမ်းတင်ခံခဲ့ရသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အစပိုင်း စာမေးပွဲကြီးကြပ်သူတွေက သူမကိုအသက်ငယ်လွန်းတဲ့အတွက် ပေးမဖြေခဲ့ပါဘူး၊ ဒါပေမယ့် သူမရဲအရည်အချင်းတွေကို သိရှိပြီးနောက်မှာတော့ ပေးဖြေဆိုခဲ့ပါတယ်။ သူမဟာ အခုဆိုရင် အိန္ဒိယရဲ့ဆုပေါင်းအမြောက်အများကို ရရှိခဲ့ပြီးဖြစ်ပါတယ်။


Read more...
http://ashinmettacara.blogspot.com/

0 Comments:

blogger templates | Make Money Online