ဘာတွေများ ဖြစ်လာဦီးမည်နည်း။ ဒီမေးခွန်းကို ကျနော်အကြိမ်ကြိမ် မေးပေမဲ့အဖြေကထွက်မလာ။ လမ်းမဆုံးသေးသော်လည်း ရွာကိုလည်း မတွေ.သေး။ နေ့ခင်းကြောင်တောင် လမ်းပျောက်နေသူ တယောက် အဖြစ်။ ကြာတော့လဲ ကြာခဲ့ပြီ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ။ ကျနော် ခဏခဏ တွေးမိသည်။ အဖြေက ကျနော့်ဘ၀င်ကို မကျနိုင်။ ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်။ တလောက ဦီးနီတိုး ပြောသည်။ သူတို့ကလဲ သူတို့ အလုပ်ကို လုပ်နေသည်။ အလုပ်က ဘာလဲဆိုတော့ ကုလသမဂ္ဂ နှင့်သက်ဆိုင်သော ကိစ္စ။
သူတို့ကလဲ ဒီထက်ပို ဘာမှ မလုပ်နိုင်။ ကုလသမဂ္ဂဆိုကတည်းက ကိုယ်က အရှူံးနှင့်လည်း ရင်ဆိုင်ရနိုင်သည်။ ရင်ဆိုင်ရဖို့ကလဲ များသည်။ ရင်လဲ ရင်ဆိုင်နေရသည်။ န.အ.ဖ မှာ တရုတ်၊ ရုရှား ရှိသည်။ လုံခြုံရေး ကောင်စီ ကို သူတို့ မကြောက်။ အထွေထွေညီလာခံဆိုတာကလည်း မရေမရာ၊ မသေ မချာ အခြေအနေ။ ဒါကိုချည်းဘဲ ကြိုးစားလာခဲ့ကြတာ နှစ်ပေါင်း ဆယ်စုနှစ်ချီ ရှိပြီ။ န.အ.ဖ ပန်းပန်မြဲ။
ခက်တာက ကိုယ့်ဘက်က ဒီလမ်းကြောင်းဆို ဒီလမ်းကြောင်းပဲသွားသည်၊၊ တခြားလမ်းမရှာ။ မတွေ့။ တွေ့အောင်လည်း မကြိုးစား။ ထူးထူးခြားခြား ဘာမှမရှိ။ ပြောရရင် အာဏာရဖို့၊ အာဏာရအောင်လုပ်ဖို့ ကျနော်တို့ ဘက်ကမကြိုးစား။ နိုင်ငံတော် အာဏာ မယူဘဲဘာကို ပြောင်းလဲအောင် စွမ်းဆောင်ကြမည်နည်း။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါ။
ကောင်းပြီ။ အာဏာကို ပေါင်းယူ၍မရ။ တိုက်ယူမှ ရမည် ဆိုသည်ကို ကျနော်တို့လက်ခံသည်။ န.အ.ဖ တသက်လုံး အာဏာကို လွှဲပြောင်း ပေးမည်မဟုတ်။ ဒါကို ကျနော်တို့ သိသည်။ လက်လဲ လက်ခံသည်။ န.အ.ဖ သွားနေသည့်လမ်းကြောင်းက ရှင်းသည်။ သူ့လမ်းသူသွားနေ သည့်အခြေအနေ။ သူကဘယ်သူ့ကိုမှ ဂရုမစိုက်။ နောက်ဆုံး အခြေအနေထိ ပြင်ထားသည်။ အားလုံးကို စိန်ခေါ်ထားသည်။ ကျနော်တို့ အင်အားတွေကို ရက်ရက်စက်စက် ဖိနှိပ်ချေမှုန်းနေသည်။ ကျနော်တို့ ခေါင်းငုံ့ ခံနေကြမှာလား။
ကျနော်တို့က ဘာလုပ်မှာလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ဒီလိုနဲ့ဘဲ မိုးကြီးချုပ်မည့် အခြေအနေကိုတော့ ကျနော်တို့ လက်မခံ။ သွားကြသည့် လမ်းကြောင်းတွေက စုံသည်။ မီဒီယာကနေတဆင့် လူထုကို သတင်းပေးသူ။ ကိုယ့်သဘောထား အမြင်တွေကို တင်ပြသူ။ လူထုကို ဘာလုပ်ရင် ကောင်းမည်ဆိုသည်ကို စည်းရုံးလှုံ့ဆော်သူ။ လူထု မကြောက်အောင် အားပေးသူ။ န.အ.ဖ နောက်ဆုံးသတင်း လူထု။ ကမ္ဘာ့အသိုင်းအ၀ိုင်းသိအောင်၊ မိမိနိုင်ငံရေး အသိုင်းအ၀ိုင်းသိအောင် အသိပေးနေသူ။ ပြည်တွင်း ကွန်ယက် ထူထောင်သူ။ လူထု လှုပ်ရှားမှု ဖြစ်အောင် စည်းရုံးလှုံ့ဆော်သူ။ န.အ.ဖ အတွင်း၊ အပြင်၊ ပုဂ္ဂိုလ်ရေး သတင်းတွေကို စုဆောင်းနေသူ၊ ပစ်မှတ်တွေကို ရွေးနေသူ။ အတွင်း၊ အပြင် ဟန်ချက်ညီဘို့ ကြိုးစားနေသူ။ ရွှေဝါရောင်လို နောက်တခုပေါ်လာအောင် မျှော်လင့်ခြင်းကြီးစွာ ကြိုးစားနေသူ။ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်း တည်ဆောက်နေသူ။ န.အ.ဖ မတော်တဆများ ပြုတ်ကျသွားရင် သမိုင်းအစဉ်အလာ ကြီးသော ပါတီ၊ အဖွဲ့အစည်းဆိုပြီး နေရာအဆင်သင့် ၀င်ယူဘို့ ကြိုးစားသူများ။ ပါတီ၊ အဖွဲ့အစည်း တည်ဆောက်ရေးက လွဲပြီး ကျန်တာ ဘာမှမလုပ်သော ပါတီ၊ အဖွဲ့အစည်းများ။ သင်တန်းတွေ၊ ဖိုရမ်တွေ၊ ၀ပ်ရှော့တွေ၊ ဆီမီနာတွေ အများဆုံးပေးနေပြီး ငွေနှင့် အချိန် ဖြုန်းနေသူများ။ ငွေအရှာကောင်းသူများ။ ပြည်တွင်းလုပ်ငန်းဆိုပြီး ဘာစါရင်းစစ်မှ မစစ်နိုင်သော အလုပ်နှင့် ၀င်ငွေ လမ်း ဖြောင့်နေကြသူများ။ န.အ.ဖကို ဆရာတင်ပြီး၊ တခါလာ ကိုယ့်အုပ်စုပဲ နေရာရအောင် ယူတတ်သည့် ဒီမိုကရေစီကို လက်တလုံးခြားမက၊ သုံးလေးလုံးခြား လုပ်တတ်သည့် အာဏာရှင်အသေး၊ အလတ်ကလေးများ။ တပ်ပေါင်းစုဆိုပြီး၊ ခဏ၊ ခဏအစည်းအဝေးလုပ်၊ မီဒီယာများနှင့် ထိတွေ့ကာ နေရာယူ၊ အချိန်ဖြုန်းနေကြသူများ။ ပေါ်လစီမိတ်ကာ ဆိုပြီးအဆင့်အတန်းခွဲကာ သူပုန်ခေါင်းဆောင် မဟုတ်သော ခေါင်းရှောင်သူများ။ အစိုးရဆိုပြီး တသက်လုံး အစိုးရ လုပ်တော့မည့် သူများ။ ပြည်သူလူထု ရွေးကောက်လိုက်သော ရာသက်ပန် အမတ်များ။ အာဏာမရှိသော ရာသက်ပန် ၀န်ကြီးချုပ်။ အစိုးရမမည်သော အစိုးရ။ လျော့ရဲရဲနိုင်သော စုပေါင်း၊ စပ်ပေါင်း တပ်ပေါင်းစု။ တိုက်ပွဲတပွဲမှ မတိုက်နိုင်သော လက်နက်ကိုင် အဖွဲ့။ အဖန်တရာ အနေပြီ ဖြစ်သော နိုင်ငံတကာ စါးပေါက်ထွင် လမ်းကြောင်း။ အင်ဂျီအိုနှင့် ပုလင်းတူဘူးဆို့ စားဖားရင့်နေကြသော အဖွဲ့များ။ ပရိုပိုဆယ် အရေးကောင်းသူ။ ညွှန်ကြားရေးမှူး၊ ဒါရိုက်တာ၊ ဥက္ကဌဆိုတာတွေပေါ် သာယာနေသူ။ သူများကို ကလော်ဆဲစာ အရေးကောင်းသူ။ နိုင်ငံရေး၊ တော်လှန်ရေး သမား တဖြစ်လဲ ဝင်ငွေ ထောနေသော မီဒီယာ သမားများ။ သမိုင်းမှန် ဖေါ်ထုတ်လိုသူ။ ဘာမှန်း မသိဘဲ ထောင်ကျခံလိုက်ရသူ။ သိသိကြီးနဲ့ ကျခံလိုက်ရသူ။ ထောင်ထဲမှာဘဲ နေ၊ သေတော့ မည်ဆိုတဲ့ ထောင်ပျော်သူတွေ။ ထောင်ကျရင်း ကိုယ့်ကိုယ်ကို အာဇာနည် ထင်လာသူတွေ။ ပြည်တွင်း၊ ပြည်ပကနေ န.အ.ဖ ကို ပန်းနဲ့ ပေါက်ချင်သူ။ န.အ.ဖ ကို ကိုယ့်အမျိုးထင်ပြီး ပြုံးပြနေ သူ။ ခေါင်းမရှိသော န.အ.ဖ ကို မေတ္တာရှေ့ထားပြီး၊ မေတ္တာတရား ဟောလိုသူများ။ ပြည်တွင်း ပြည်ပကနေ၊ န.အ.ဖ ဖင် ယက်ချင်သော သူများ။ ၂၀၁၀ ကို မှန်းနေသူများ။ ဒေါ်စုနှင့် အင်အယ်လ်ဒီကို ဆဲပြီး၊ ကိုယ့်ကိုယ့်ကို သိဓ္ဒိတင်ချင်သူများ။ နိုင်ငံခြားတက္ကသိုလ်တခု၊ နှစ်ခုက၊ ဘွဲ.တွေ တခုပြီး တခုယူပြီး၊ ပညာရှင်လုပ်တော့မည်ဆိုသည့်၊ ပညာ တတ်ယောင်ကားများ။ န.အ.ဖ ကို တတ်သည့်ပညာနှင့် ဖားမည် ဆိုပြီး ပြည်တွင်း ပြန်သွား၊ အဆက်အသွယ်လုပ်သူများ။ အရှက်မရှိ၊ မျက်နှာပြောင်တိုက် ပြန်လာတတ်သူများ။ ဘာကင်ပိန်း၊ ညာကင်ပိန်း၊ အင်မတန် ကင်ပိန်း အလုပ်ကောင်းသူများ။ န.အ.ဖ ကို တွေ.သည့်နေရာ ဗုံးခွဲမည်၊ လူသတ်မည်ဆိုသော ဘင်လာဒင် အမျိုးများ။ လက်နက်ကိုင် သူပုန်လုပ်ဖို့ မှန်းနေသူများ။ သူပုန်လုပ်ရင်း၊ လုပ်ရင်း န.အ.ဖ ကို ချစ်လာပြီး တပည့်ခံသွားသူများ။ ဘာမှ မလုပ်ဘဲ ထိုင်နေသူများ။ စာရေးရင်း ရေးရင်းနှင့် ကိုယ့်ကိုယ့်ကို သမိုင်းခေါင်းဆောင် ထင်လာသူများ။ ပြဿနာဖြစ်၊ သူများနှင့် ရန်ဖြစ်ရမှ နေပျော်သူများ။
ဘလော့ဂ်ထဲမှာ ကဗျာတွေ၊ စာတွေနဲ. သာယာနေသူများ။ ပို့သောစာမှန်သမျှ အကုန်ဖေါ်ပြသော ဝက်မာစတာ၊ အီးမေးလ် အုပ်စု မော်ဒရေတာများ။ အတင်း၊ အဖျင်း စုံလင်အောင် လက်စွမ်းပြလှသော အီးမေးလ် ရေးသူများ။ ကိုယ့်အချင်းချင်း ချရာမှာ အင်မတန် ကျွမ်းကျင်လှသော ကျနော်တို့ချစ်ရဲဘော်၊ ရဲမေများ။ ဘာမှ မသိသော ပြည်သူများ။ သို့မဟုတ် ဆယ်ခါသေဘူး၊ ပျဉ်းဘိုးနားလည်နေသော အင်မတန်မှ ဝါရင့်နေသော ပြည်သူများ။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားများထက်ကို ပိုတော်နေသော ပြည်သူများ။ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေပြီး နိုင်ငံတကာ၊ သူတောင်းစား ဘဝရောက်နေသော ပြည်သူများ။ သူများနိုင်ငံမှာ သူများမျက်နှာကြည့်ပြီး ထမင်းလုစားနေရသော ပြည်သူများ၊ ဒုက္ခသည် စခန်းထဲမှာ တတိယ နိုင်ငံမျှော်နေသော ပြည်သူများ၊ တောထဲမှာ အသက်ဘေးလု ပုန်းနေရသော ပြည်သူများ။ ပေါက်ဖေါ်ကြီး န.အ.ဖ ဆရာလုပ်နေသောကြောင့် အနေရ ခက်နေသော တချိန်က ပေါက်ဖေါ်ကြီး တပည့်များ။ မြန်မာပြည် အရေး ပစ်ထားသော အမေရိကန်များ။ မသေမရှင် ပေးနေသော အရောပနိုင်ငံများ။ ခရီးစရိတ်။ န.အ.ဖ လက်ဆောင် လာယူတတ်သည့် ဝါရင့် နိုင်ငံတကာ စားဖားသံတမန် ကြီးများ။ န.အ.ဖ အကြိုက် မေးခွန်းမေး၊ ဖွပြီး ပွဲစည်အောင် လုပ်တတ်သည့် မီဒီယာ ဆရာကြီးများ။ ပြည်သူလူထု မျက်စိလည်အောင်၊ အဖြေ ဘာမှန်းမသိအောင် ဖြေဆိုတတ်သည့်၊ နိုင်ငံရေး သုခမိန်ဆိုသော တခါလာ ဒီလူများ။ မြန်မာပြည် အကြောင်း တကယ်မသိသော ကျွမ်းကျင်သူများ စသည်ဖြင့်၊ စသည်ဖြင့် အရည်အချင်း စုံလင်လှသော ကျနော်တို့ ဒီမိုကရက်တစ် အုပ်စုကြီးကို န.အ.ဖ မျက်စိလည်နေပါ၏။ န.အ.ဖ ဘာမှ မလုပ်တတ်တော့ပါ။ များလှသော ပြည်တွင်း၊ ပြည်ပ ကွန်ပြူတာများ၊ ဆဲလ်ဖုန်းများကလည်း သောက်သောက်လဲ၊ ပေါလိုက်သည့် ငွေများကလည်း၊ လှူငွေ၊ ဖန်တီးငွေ၊ ရသမျှနည်းဖြင့် ရှာငွေ၊ စသည်ဖြင့် တောင့်တင်းကြပါ၏။ တတ်လိုက်သည့် အတတ်ပညာကလည်း၊ တဘက်ကမ်းခတ်၊ တယောက်တမျိုး၊ စုံအောင် နည်းအမျိုးမျိုး လက်စွမ်း ပြနေကြရာ၊ န.အ.ဖ စိတ်ညစ်မည် ဆို ညစ်လောက်သည်။
ကိုရွှေ န.အ.ဖ ကလည်း ဦီးသန်းရွှေမှ ဦီးသန်းရွှေ၊ ဦီးသန်းရွှေကလွဲရင် ဖွဲနဲ့ ဆန်ကွဲ။ တိုင်းပြည် တပြည်လုံးလည်း ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ပြုသမျှ နုနေရရာ၊ ပြည်သူတို့ ထွက်ရပ်လမ်း ဆိုသည်မှာ မမျှော်ပါနှင့်တော့။ ဒီမိုကရေစီဆိုသည်မှာလည်း အလာနီးပေမယ့် ခရီးက အဝေးကြီးပါလို့ ပြောရမလို ဖြစ်နေပါကြောင်း။ ။
သာဝက
Saturday, December 27, 2008
“ ဘာတွေ၊ ဘယ်လို ဖြစ်ကုန်ပြီလဲ ”
Posted by Sanghaalliance at 11:06 PM 0 comments
Labels: အကြုံပြုစာ
လုပ်ဖေါ်ကိုင်ဘက် ရဲဘော်များ၊ ခေါင်းဆောင်များခင်ဗျား
ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်လေးထဲမှာ စစချင်း စာကြောင်းတစ်ကြောင်းက ‘‘တိုင်းပြည်အတွက် အနှစ်နှစ်ဆယ်လုပ်ခဲ့ပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တဲ့အခါ ကြိုးတိုက်ထဲမှာ ရောက်နေတယ် ဆိုတာဖြစ်ပါတယ်။
အကျအဆုံးများစွာနဲ့ ယနေ့တိုင် ပန်းတိုင်ကို မရောက်နိုင်သေးဘဲ ဖြတ်သန်းနေရဆဲဖြစ်တဲ့ အနှစ်နှစ်ဆယ်ကာလဟာ ကျနော်တို့အားလုံး ကိုယ့်လက်ရှိအခြေအနေကို အစကနေ အဆုံးတိုင် ပြန်လည်သုံးသပ်ကြဖို့ အင်မတန်လုံလောက်တဲ့ ကာလမှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကို ငှက်ကုလားအုပ်လို သဲပုံထဲ မိမိဦးခေါင်းကို နှစ်မြှုပ်ပြီး ငြင်းချင်သူတွေရှိလျင် အာဂလူသားပေဘဲ။
အနှစ်နှစ်ဆယ်ဆင်နွှဲပြီးလို့ မအောင်မြင်သေးတဲ့ အလုပ်ကို ပြန်လည် မသုံးသပ်ဘူး၊ ချို့ယွင်းအားနဲချက်ကို မရှာဘူး၊ လုပ်နည်းလုပ်ဟန် မပြင်ဘူး၊ မူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလား၊ လူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလားဆိုတာကို မသုံးသပ် မပြင်ဆင်ဘဲ အရင်အနှစ်နှစ်ဆယ်ကလို ပိုနေမြဲ ကျားနေမြဲနေကြ လုပ်ကြဖို့သာ အာရုံရှိနေကြမယ်ဆိုရင် ယိုသူမရှက် မြင်သူရှက်စရာပါ။
ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ခေါင်းဆောင်မှု မြင့်လေလေ တာဝန်ပိုခံရလေလေ တာဝန်ပိုကြီးလေလေဖြစ်ပါတယ်။ ပြည်တွင်းက အချုပ်အနှောင်ခံနေရဆဲဖြစ်တဲ့ ခေါင်းဆောင်ကြီးငယ်တွေကလွဲရင် ပြည်တွင်းလဲ ပြည်တွင်းအလျောက် ပြည်ပလဲ ပြည်ပအလျောက် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေမှာ ပိုတာဝန်ရှိပါတယ်။
ဗိုလ်ချုပ်သိန်းစိန်က ကမ္ဘာ့စီးပွါးပျက်ကပ်ကို တရုပ်၊ အိန္ဒိယအားကိုးနဲ့ လျော့တွက်နေတယ်။ တရုပ်နဲ့ အိန္ဒိယတို့မှာ နေ့စဉ်နဲ့အမျှ ပြသနာတွေက ဒီရေလိုတက်လာနေလေတော့ အဲဒီက ရိုက်ခတ်မှုကြောင့် နဂိုကမ၀ရေစာစားနေရတဲ့ ကျုပ်တို့ပြည်သူတွေသာ အငတ်ဘေးဆိုက်ကြမှာ ဗိုလ်ချုပ်မင်းတွေကတော့ တယောထိုးပျက်မဲ့ ပုံမပေါ်ပါဘူး။ နာ၈စ်တုန်းက မြစ်ဝကျွန်းပေါ်က ရေမြောနေတဲ့ အလောင်းကောင်တွေပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသဲမာမာနဲ့ အတည်ပြုခဲ့တဲ့ သာသနာပြုမင်းများက ကမ္ဘာ့စီးပွါးပျက်ကပ်ကြောင့် တစ်နိုင်ငံလုံး အငတ်ဘေးဆိုက်နေရင်လဲ မျက်နှာပြောင်ပြောင်နဲ့ ထီးဖြူအုပ် မင်းလုပ်ဖို့ ဘိသိက်ခံကြအုံးမှာပါ။
နေမြင့်လေ အရူးရင့်လေဖြစ်နေတာမို့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးများကို တင်ပြလိုတာက အဖွဲ့အစည်းစွဲ နေရာစွဲ အယူဝါဒစွဲ ပုဂ္ဂိုလ်စွဲတွေ ဘေးချိတ်ပြီး ညီညွတ်ဖို့ လိုပြီ။ ပြင်စရာရှိလျင် ပြင်ရဲဖို့ လိုပြီ။ လုပ်နည်းလုပ်ဟန်သစ်တွေ ရှာကြဖို့ လိုပြီ။ လိုအပ်လျင် ခေါင်းဆောင်ပိုင်းမှာ သွေးသစ်လောင်းဖို့ လိုပြီ။
လေးစားစွာဖြင့်
အောင်တင်
Posted by Sanghaalliance at 10:58 PM 0 comments
Labels: အကြံပြုစာ
Wednesday, December 24, 2008
သိုးရေခြုံ ဝံပလွေများ အကြောင်း
နေ့စဉ် အလုပ်အားသည့် အခါတိုင်း ဖတ်လေ့ရှိသည့် သတင်းဌာနများ ဘလော့များ အပြင် တခါတရံတွင် တွေ့မိတွေ့ရာ လင့်များ နောက်လိုက်၍ မဖတ်ဘူးသေးသည် များကိုလည်း လိုက်ဖတ် မိလေ့ ရှိသည်။ မိမိတို့ ဘက်မှ ဘလော့များ ကိုသာမက စစ်အာဏာရှင် ဘက်သားများ ရေးကြသော ဘလော့များကိုလည်း ရောက် သွားသည့် အခါ ဖတ်ကြည့်မိ လေ့ရှိသည်။ ကိုယ်ယုံကြည်သည့် အလုပ်ကိုယ် လုပ်ကြခြင်း သာဖြစ်ပြီး သူတို့ ရပ်တည် ချက်နှင့် သူတို့ဖြစ်၍ ဘာမျှပြောစရာ မရှိပါ။
ထိုအထဲတွင် ထူးခြားသော ဘလော့ တခုကိုတွေ့မိ လိုက်သည်။ ပုံမှန်အားဖြင့် ဘလော့များသည် ဘယ်ဘက်က ရပ်တည်လေ့ ရှိသလဲ ဆိုသည်ကို သူတို့၏ အဖွင့်စာမျက်နှာတွင်ပင် တွေ့ရ နိုင်သည် ဥပမာ နိုင်ငံရေး ဘလော့လား ပါစင်နယ် ဘလော့လား စသည်ဖြင့် ရှင်းလင်းစွာ ဖေါ်ပြလေ့ ရှိပါသည်။ထိုဘလော့သည် ဘာရည်ညွန်းချက် ကိုမျှ မပေးထားပါ သို့သော် ဘယ်ဘက်ခြမ်း တွင်မှု သတင်းမှန်ဌာနများ ဟူသော ခေါင်းစဉ်အောက်တွင် RFA , DVB , အစရှိသည် ဖြင့် ဖေါ်ပြထားသည် ။
ရေးထားသည့် သတင်းများကို ကြည့်သည့်အခါ ပြည်တွင်းမှ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်များ ဝါရင့်နိုင်ငံရေး သမားများ ပြည်ပရှိ နိုင်ငံရေး လှုပ်ရှားသူများကို ပုတ်ခတ်ရေးသားချက်များ Photo Shop ဖြင့်ပြုလုပ်သော ဖြတ်ညှပ်ကပ် ဓါတ်ပုံများ ထင်ယောင် ထင်မှားဖြစ်၍ ပြည်သူလူထုများ ဒီမိုကရေစီ ဘက်တော်သားများ စိတ်ဓါတ်ကျ ဆင်းစေမည့် သတင်းများ ကိုဖေါ်ပြသည်။ ဥပမာ NLD မှဦးဝင်းတင် ဆေးရုံတက်နေရ ချိန်တွင် ဦးဝင်းတင်၏ အခြေအနေ မျှော်လင့်ရန် မရှိတော့ဟု သဘောဆောင်သည့် သတင်းမျိုး၊ပြည်ပမှ ဒေါက်တာစင်သီယာမောင် ဓါတ်ပုံနှင့် ပြည်တွင်းမှ ဆရာဝန် တဦး၏ ပုံကို Photo shop ဖြင့်ဆက်၍ ထင်ယောင်ထင်မှား ဖြစ်စေရန် ဖေါ်ပြသည်။ စိတ်ထဲတွင် မရှင်းသဖြင့် သူတို့ လင့်ပေးထားသော သတင်းမှန်ဌာနများကို ခေါ်ကြည့်သည်။ တကယ်တန်း လင့်ချိတ် ပေးမထားပါ။
သို့မှသာ သူတို့သဘောထားကို ရှင်းလင်း နားလည်သည်။ သူတို့သည် ဘလော့ ဖတ်သူ များအား လှည့်စား ထားခြင်းဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားများ၏ ဘလော့ဟု သူတို့ ဘလော့ကို ထင်စေချင်သည်။ နောက် အောက်တန်းစား သတင်း လုပ်ကြံ သတင်းများဖြင့် လူတွေကို လှည့်စားချင်သည်။သိုးရေခြုံသော ဝံပလွေဟု ဆိုရပေမည်။
စုံစမ်း သိရှိရသော အထောက်အထားများအရ ထိုဘလော့ကို ကြိုးကိုင် ကြီးကြပ် ပေးသူများမှာ ပြည်တွင်းမှ နာမည်ကြီး သတင်းဂျာနယ် တစောင်၏ အယ်ဒီတာချုပ် တဦးနှင့် နာမည်ကြီး မဂ္ဂဇင်း အယ်ဒီတာတဦး တို့ ဖြစ်ကြသည်။မဂ္ဂဇင်း အယ်ဒီတာ ဟောင်းကြီး တဦး၏ ပြောပြချက် အရ အဆိုပါ သတင်းဂျာနယ် အယ်ဒီတာချုပ် ဆိုသူသည် လွန်စွာ တွင်ကျယ် ဝင်ဆန့်သူ တဦးဖြစ်ပြီး ပြည်တွင်းတွင် လုပ်သမျှ ကုန်ပစ္စည်းကြော်ငြာပွဲများ ဖက်ရှင်ပွဲ၊ မော်ဒယ် ပြိုင်ပွဲ များမှ စ၍ သူ့ကိုတိုင်ပင် အကြံဥာဏ် တောင်းရသည် ။လေးစားစွာ ဖိတ်ကြား ရသည်။ လက်ဆောင် ပစ္စည်းများ ပေးရသည်။ ထိုသို့ မပသလျှင် ပွဲဖျက်တတ်သူအဖြစ် နာမည် ကြီးသည်။
ထိုဘလော့၏ အမည်ကို ကြေညာပေးသလို ဖြစ်မည်စိုး၍ မဖေါ်ပြတော့ပါ။ထို့အတူ ထိုပုဂ္ဂိုလ် ကြီးများ၏ အမည် ကိုလဲ မဖေါ်ထုတ်လို သေးပါ။တို့လုပ်နေတာ ဘယ်သူမှ မသိကြဘူး ဆိုကာ သွေးနားထင် ရောက်နေမည် စိုး သဖြင့် ဆင်ခြင်နိုင်ရန် အမြွှက်မျှ ဖေါ်ပြပေးခြင်း ဖြစ်သည်။ ရန်ကုန်က စာပေသမား အတော်များများ သိကြ ပါသည်။
စက်တင်ဘာ တော်လှန်ရေး နောက်ပိုင်းက ဖြစ်ပါသည်။ တချို့ လှုပ်ရှား တက်ကြွသူများ သည် ဖမ်းဆီး ခံရ မည်ကို ကြောက်ရွံ့၍ ချက်ခြင်း ထွက်ပြေးလာကြသလို အချို့လည်း တနေရာတွင် ပုန်းခို၍ နောက်ပိုင်းမှ ထွက် လာကြသူများလဲ ရှိပါသည်။အမှန်တကယ် လှုပ်ရှားခဲ့သူများ ပါသလို ရောပါလာသူများလဲ ရှိပါသည်။ ထိုအထဲ တွင် ရောယောင်ပါလာသည့် တဖက်လူ များလည်း ရှိပါသည်။ ထိုဖြစ်ရပ်မျိုးသည် ၁၉၈၈ နောက်ပိုင်းကလဲ ရှိ ခဲ့ဘူးသည်။
သူတို့၏တာဝန်မှာ သတင်းစုံစမ်း ပေးပို့ရန် အခြေအနေပေးပါက ရှုပ်ထွေးအောင် လုပ်ရန် အခြင်းခြင်း သွေး ကွဲအောင် လုပ်ရန် အပြင် အမျိုးမျိုး ထွေပြားသော တာဝန်များလည်း ပါကြပါမည်။ ယခု ရက်ပိုင်း အတွင်းမှ ထပ်ရောက် လာကြသူများလဲရှိပါသည်။
မည်သို့ပင်ဖြစ်ပါစေ ယခုအချိန်တွင် ထိုသူများကို ဒုက္ခပေး ရန် မည်သူမှ မစဉ်းစားကြပါ ။ ယခု သွားနေ ကြ သော လမ်းသည်ပင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ပင် ဖြစ်သည်။သို့ရာတွင် ဘယ်သူဘာတွေ လုပ် နေ တယ်။ ဘယ်သူက တဖက်ကမ်း ဘယ်နှစ်ခါကူးတယ်။ စီးပွါးယောင်ယောင် ဘာယောင်ယောင်ဖြင့် ဘယ်သူ တွေနဲ့ ဆက်ဆံနေကြတယ် စသည်ဖြင့် သိကြပါသည်။
KNU ကဲ့သို့ တော်လှန်ရေး အဖွဲ့အစည်းကြီးများ၏ သက်တမ်းသည် နှစ်ပေါင်း ကြာလှပါပြီ။ ၁၉၈၈မှ စတင် ပေါက်ပေါက်ခဲ့သော ကျောင်းသား တပ်မတော်လို အဖွဲ့ အစည်းများ သည် ပင်လျှင် သက်တမ်း နှစ်နှစ်ဆယ် ကျော်ရှိခဲ့ပါပြီ။ တော်လှန်ရေးကပေးသော အသိ လေ့လာ ဆည်းပူးမှုမှ ရသော ပညာတို့ဖြင့် ပြည့်ဝနေကြပါပြီ။
မယောင်ရာ ဆီမလူးချင် သဖြင့်သာ မသိချင်ယောင် ဆောင်နေကြခြင်း သာဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် တော် လှ ပြီထင်ပြီး တိုးကဲလာ နေကြသောကြောင့် အမြွက်မျှ ပြောလိုက်ရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့သည် သတ္တိပြောင်စွာ တိုက်ခိုက်သော ရန်သူကို လေးစား နိုင်ပါသည်။ တိုက်ပွဲ များတွင် လက် နက် ချသူကို ကုလသမဂ္ဂ၏ အခြေခံမူများနှင့်အညီ စောင့်ရှောက် ကူညီမှု ပေးရ ပါသည်။ ပဉ္စမံ တပ်သား သည် မလိုလားအပ်သူဖြစ်သည်။ မည်သည့် နိုင်ငံတွင်မှ လက်နက်ချ လျှင်ပင် ဥပဒေအရ အရေးယူခြင်းမှ ကင်း လွတ် ခွင့်မရပါ။ ထိုထက်ပို၍ မိတ်ဆွေ ယောင် ဆောင်ကာ အတွင်းလှိုက်စားသော ရန်သူက ပို၍ခါးသည်း မုန်း တီး စရာ ဖြစ်ပါသည်။
ငယ်စဉ်က သင်ခဲ့ရဘူးသော သိုးရေခြုံ ဝံပလွေ အကြောင်းကို အမှတ်ရ၍ အထက်ပါ ခေါင်းစဉ်လေး ပေးလိုက် မိခြင်း ဖြစ်သည်။ အိမ်တွင် လေးတန်း ကလေးရှိလျှင် မေးကြည့်လို့ ရပါသည်။ ထိုထဲက သိုးရေခြုံကာ အတွင်း လှိုက်စားသော ဝံပလွေ ကတော့ သိုးကျောင်းသား များ၏ သတ်ဖြတ်မှုကို ခံလိုက်ရပါသည်။ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲ ဝင်နေကြသော ယခုလို အချိန်မျိုးတွင် မည်သူ ကမျှ ထိုသို့ မဆောင် ရွက်ချင်ကြပါ။ မိမိအတွက် အသက်မွေးမှုပင် ဖြစ်လင့်ကစား သူတပါးကို မိတ်ဆွေဟန်ဆောင်ကာ နောက် ကျောက ဓါးဖြင့် ထိုးရသော အလုပ်မျိုးကို ကျွန်တော်တော့ ရွံ့မုန်းလှပါသည်။ ထမင်းကြမ်းခဲသာ ယပ်ခပ် စားချင် ပါသည်။
ဒီမိုကရေစီ လူ့အခွင့်အရေး တို့ဖြင့် ထုံလွှမ်းသော မြန်မာနိုင်ငံတော် ဖြစ်ပေါ် လာစေရေး အတွက်၊ နှစ်ပေါင်း များစွာ အောက်ကျနောက်ကျ ဆင်းရဲဒုက္ခရောက် နေကြရသော ကျွန်တော်တို့ နိုင်ငံသားများ အတွက်၊ဆင်းရဲ ငတ်မွတ်လွန်းလှသဖြင့် တိုင်းတပါးတွင် လာရောက် အနှိမ်ခံ အဖိနှိပ် ခံနေကြရသော မြန်မာနိုင်ငံ သားများ အတွက်၊ မိမိတို့ တိုင်းပြည်ရှိပါလျှက် အသက်ဘေး ဖိနှိပ်ညှင်းပန်းမှုဘေး အငတ်ဘေး စသည် များ ကြောင့် သူတပါးနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြရသော သန်းချီသည့် ပြည်သူများအတွက်၊ ကျွန်တော် တို့၏ နောက်မျိုးဆက်များ ယခုလို အခြေအနေမျိုး ဆက်မကြုံရစေရေး၊ သူတို့ရဲ့ အနာဂါတ် ဘဝတွင် သူတပါး နိုင်ငံသားများ ကဲ့သို့ တောက်ပခိုင်မာသော အနာဂါတ် ရရှိစေရေး တို့ အတွက်သာ ကျွန်တော်တို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တောင်းဆို နေကြခြင်းဖြစ်သည်။
အားကြီးသူနိုင်စတမ်း ဟူသော တောရိုင်း ဥပဒေကဲ့သို့ပင် ခက်ထန်တင်းမာ လှသော စစ်အာဏာရှင် စနစ်ကို သာ တော်လှန်တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။ မည်သူတဦးတယောက် အာဏာရရှိရေး ကိုမျှဆောင်ရွက် နေကြ ခြင်း မဟုတ်ပါ။ မည်သည့်ဘက်မှ ရပ်တည်သူပင်ဖြစ်စေ မြန်မာပြည်ဖွား တိုင်းရင်းသားဖြစ်လျှင် ကိုယ့်တိုင်း ပြည်၏ ပကတိ အခြေအနေကို ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။အားလုံး နားလည်ကြချိန် တန်ပါပြီဟု တင်ပြ လိုက်ရပါသည်။
၈၈ကျောင်းသားတဦး
Posted by Sanghaalliance at 9:22 PM 0 comments
Labels: ဆောင်းပါး
ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် မေတ္တာစာ
http://www.irrawaddy.org
အေးချမ်းမြေ့
အံ့သြစရာ ကောင်းလောက်အောင် မိသားစုကို လူထုရှေ့ မကြာခဏ ချပြရှေ့တန်း အတင်ဆုံးသော မြန်မာ့ စစ်ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မှတ်တမ်း တင်ရမည် ဖြစ်သည်။
မကြာသေးမီက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် ပြုလုပ်သွားသော (၅၁) ကြိမ်မြောက် ဗိုလ်လောင်း သင်တန်းဆင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇနီး ဒေါ်ကြိုင်ကြိုင်၊ သမီး ၂ ယောက်၊ ၎င်း၏ အချစ်ဆုံးမြေး နေရွှေသွေးအောင်နှင့် မြေး မိန်းကလေး တဦးတို့ကို ရှေ့တန်း၌ ဆွဲထုတ် ပြသထားကြောင်း တွေ့ရသည်။
[၅၁ ကြိမ်မြောက် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုကို ဤသို့တွေ့ရ (ဓာတ်ပုံ - MNA)]
၅၁ ကြိမ်မြောက် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုကို ဤသို့တွေ့ရ (ဓာတ်ပုံ - MNA)
မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ ပါ ပုံများအရ ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက ရှေ့ဆုံးတန်းတွင် တခြားသော ဗိုလ်ချုပ်ကြီးများ၏ ထိုင်ခုံများနှင့် ကွဲပြားသော ထိုင်ခုံကြီးများပေါ် အခန့်သား ထိုင်နေသည်ကို တွေ့ရမည် ဖြစ်သည်။
၎င်းမိသားစု ထိုင်နေသောပုံမှာ ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်း တပ်ရင်းကို စစ်ဆေးနေစဉ် (သို့မဟုတ်) မိန့်ခွန်း ပြောကြားနေစဉ် ရိုက်ထားသော ပုံဖြစ်ပြီး အလယ်ခုံရှည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ၏ တဘက် တချက်၌ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မြေးဖြစ်သူ နေရွှေသွေးအောင်တို့ အသီးသီး ထိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတပ်ရင်း၏ အလေးပြုမှု ခံယူနေပုံပြီးလျှင် ၎င်း မိသားစု ဓာတ်ပုံက အပေါ်ဆုံးတွင်ဖြစ်သည်။ အောက်တွင်မှ စစ်အစိုးရ၏ တတိယခေါင်းဆောင် နေရာတွင် ရှိသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦးတို့၏ ပုံများကို တွေ့ရသည်။
ဒုတိယခေါင်းဆောင် တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီ မောင်အေးကမူ ၎င်းအခမ်းအနားသို့ တက်ရောက် ခြင်းမရှိကြောင်း သတင်းစာက ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် ၎င်း၏ မိသားစုကို လူထုရှေ့သို့ ထုတ်ပြခြင်းမှာ ယခုတကြိမ်က ပထမဆုံး မဟုတ်ဘဲ ယခင်နှစ်များကလည်း ဗိုလ်သင်တန်းဆင်းပွဲတိုင်းတွင် ၎င်း၏မိသားစုတို့ အုပ်စုလိုက် တက်ရောက် လေ့ရှိပြီး မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကို ငယ်စဉ်ကတည်းက သွားလေရာ ခေါ်သွားလေ့ရှိ ကြောင်းတွေ့ရသည်။
စစ်အစိုးရ၏ ပွဲလမ်းသဘင်များတွင် ၎င်း၏ မိသားစုဝင်များကို မြင်တွေ့ရသည်မှာ မဆန်းလှသော်လည်း စစ်တပ်၏ အရေးကြီးလှသော ယခုကဲ့သို့ အခမ်းအနား၌ ဇနီး၊ သမီးများနှင့် မြေးကို စစ်ဗိုလ်ချုပ်များ၏ ရှေ့တွင် နေရာချထားသည်မှာ ပဒေသရာဇ်ခေတ် ဘုရင်များ မင်းခမ်းမင်းနား အပြည့်အစုံနှင့် ပွဲတက်သည်ကို မြင်ရသည်နှင့် တူနေသည်။ ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော ဗိုလ်ချုပ်ကြီးများကို ယခုကဲ့သို့ မမြင်ရဘူးပေ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပဒေသရာဇ်စနစ်ကို အားကျသူ၊ ဘုရင်းမင်းတြားကြီးကဲ့သို့ ၎င်း၏ လက်အောက် ငယ်သားများက ဆက်ဆံသည်ကို နှစ်သက်သူအဖြစ် သတင်းကြီးသည်။
မြန်မာစစ်တပ်အရေး လေ့လာသူတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဆက်ခံလိမ့်မည်ဟု ဆိုကြသော်လည်း ယခု စစ်အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်ကို ကြည့်ကာ “ဟုတ်ပါ့မလား” ဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။
မြန်မာနိုင်ငံတွင် အုပ်စိုးဗိုလ်ကျခဲ့သော စစ်အာဏာရှင် အဆက်ဆက်ကို ကြည့်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကဲ့သို့ မိသားစုကို ရှေ့တန်းတင်၍ ထုတ်ဖော် ပြသခဲ့သူတို့ မရှိခဲ့ပေ။ သက်ဆိုးအရှည်ဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းပင်လျှင် ၎င်း၏မိသားစုကို သတင်းစာမျက်နှာထက် ယခုလောက် ဖော်ပြခြင်း မရှိခဲ့။
“ဗိုလ်ချုပ်မှူးကြီးက သန်းရွှေမင်းဆက်ကို ထူထောင်ဖို့ စဉ်းစားနေတာ” ဟု ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း ပြောသည်။ သခင်ချန်ထွန်းပြောသည့်အတိုင်းကလည်း ဖြစ်နိုင်စရာ ရှိသည်။
သတင်းဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို သူ၏ မြေးဖြစ်သူကပင် ဆက်ခံမည်လားဟု ထင်စရာရှိနေ၏။
စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမရှိတော့လျှင် စစ်တပ်အတွင်း၌ လှိုက်စား နေသော အတွင်းကြိတ်ပြဿနာများ ပေါ်ထွက်လာကာ ဗိုလ်ချုပ်ကြီးများ အချင်းချင်း အပြိုင်အဆိုင် နေရာလုကြရင်း အကွဲအပြဲများ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများထဲတွင်တော့ မင်းတြားကြီးက ပုဂံရွှေမြို့တော်ကြီးကိုလှည့်လည်ကာ ဘုရားများဖူးရင်း အလှူပြုနေသည်ကို ဓာတ်ပုံများ ဝေဝေဆာဆာဖြင့်မြင်တွေ့ရသည်။ ယမန်နှစ်ကလည်း ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီး ယခုခရီးစဉ်အတိုင်းပင် တိုင်းခန်းလှည့်လှည်ခဲ့၏။
မကြာသေးမီကလည်း သတင်းစာများတွင် ဗိုလ်ချုပ်ကြီးမောင်အေး ဂေါက်သီးရိုက်နေပုံကို မျက်နှာဖုံး၌ ပုံကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးက တိုင်းရေးပြည်ရာ ကိစ္စများ၊ ဘာသာရေး အလှူအတန်းကိစ္စများဖြင့် အလုပ်များနေစဉ် ဒုတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးမောင်အေးက အပျော်အပါးကိစ္စများဖြင့် ရှုပ်နေသည်ကို ဖော်ပြချင်သည်လားမသိ။
ထို့ကြောင့် မင်းတြားကြီးအနေနှင့် ၎င်းနတ်ရွာမစံမီ အရိုက်အရာလွှဲပေးရမည့်သူကို မတွေ့သေးခြင်း ဖြစ်နိုင်သည်။ ရာဇဝင်ထဲမှ ဘုရင် မင်းမြတ်များလို သားတော်၊ မြေးတော်များကို လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိသည်လားတော့ မဆိုနိုင်ပေ။ ၎င်းနှင့် အနီးစပ်ဆုံးသူများပင် ၎င်း၏ စိတ်တွင်း မည်သို့ ကြံစည်နေ သည်ကို မသိရှိရဟု ကြားဖူး၏။
မည်သို့ပင် ကြံစည်နေသည်ဖြစ်စေ မြန်မာပြည်၌ ခေတ်အဆက်ဆက် ကြုံကြရဖူးသော အတွေ့အကြုံ၊ အဖြစ် အပျက်များကို ထောက်ရှုစဉ်းစားပါက တဗိုလ်ကျလျှင် ၎င်းတဗိုလ်၏ မိသားစုဝင် အသိုင်းအဝန်းအားလုံး အနိစ္စသဘောဖြင့် ကိစ္စချောမြဲ ဖြစ်သည်။
ရာဇပလ္လင်ပေါ်သို့ ပုခုံးထမ်းတင်၍ ရရိုးထုံးစံမရှိပါချေ။
Posted by Sanghaalliance at 9:20 PM 0 comments
Labels: ဆောင်းပါး
ငတက်ပြား သက်ကျားအိုဝန်ကြီး
စက်မှု (၁) ဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ဝန်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ မကြာခင်က စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန် ငွေ ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် မပေးနိုင်ဖြစ်နေ၏။သို့သော် စိုင်းစံထွန်းပိုင်ဆိုင်သည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းပိုင်နေ သည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် ပြန်မဆပ်လျှင် စက်မှု (၁) ဝန်ကြီးဦးအောင်သောင်း မည်သို့ အရေးယူမည်ကို ရန်ကုန် စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြ၏။
စင်စစ် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် အသက် (၇၂) နှစ် ရှိသည့်တိုင် လောဘရမက်အကြီးဆုံး ဝန်ကြီးအဖြစ် ထင်ရှား၏။ အဂတိလိုက်စားမှုတွင် ဝန်ကြီးတကာဝန်ကြီး အားလုံးထက်ပင် သရဖူဆောင်းသည်ဟု နာမည်ကြီး၏။
အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူမှာလည်း ဝန်ကြီး ဦးအောင်သောင်းဖြစ်၏။ တချိန်က ပုဂံလူထု ချီတက်ပွဲများလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှုတ်ချပွဲပုံစံ ဖန်တီးရန်အတွက် မန္တလေး နန်းတွင်းရတနာပုံဧည့်ဆောင်ကနေ ဦးအောင်သောင်း ကြိုးကိုင်ခဲ့၏။ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဦးအောင်သောင်းသည် စစ်သင်တန်း တပတ်တည်းဆင်းဖြစ်သည့်အတွက် အလွန်ရင်းနှီး၏။
ထို့ကြောင့် လူထုဆန္ဒပြပွဲများကို စည်းရုံးရန် ဦးအောင်သောင်း မန္တလေးရောက်တိုင်း နန်းတွင်းရတနာပုံဧည့်ခန်းဆောင်ကို အသုံးပြုဖို့ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ခွင့်ပြုခဲ့၏။ သို့သော် နောက်ရောက်လာသည့် မန္တလေးတိုင်းမှူးများက ဦးအောင်သောင်းအား သဘော မကျသည့်အတွက် နန်းတွင်းရတနာပုံဧည့်ခန်းဆောင်ကို အသုံးပြုခွင့် မပေးသဖြင့် မန္တလေး ဘီယာစက်ရုံ၊ အရက်စက်ရုံများရှိ ရိပ်သာများ၌သာ တည်းခိုပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ရ၏။
အစိုးရထောက်ခံပွဲများ၊ ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲများ ဖန်တီးသည့်နည်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မျက်နှာသာပေးမှုကို ဦးအောင်သောင်း ရယူနိုင်ခဲ့သည်။ ထိုသို့ လူထုထောက်ခံပွဲများ လုပ်ရာတွင် စက်မှု (၁) လက်အောက်ခံ စက်ရုံများမှ ဝန်ထမ်းများကို အဓမ္မနည်းဖြင့် ချွေးတပ်ဆွဲပြီး အသုံးချခဲ့သည်ဟု သက်သေအထောက်အထားများနှင့်တကွ ဦးအောင်သောင်း၏ လက်ထောက်များက ပြော၏။
စက်မှု (၁) ဝန်ကြီးဌာနလက်အောက်တွင် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်းဆိုပြီး ဌာနကြီး (၆) ခုရှိ၏။ ထိုလုပ်ငန်းဌာနကြီး (၆) ခုလုံးပေါ်မှ လုပ်ငန်းများကို မိမိကိုယ်ကျိုးအတွက် ဦးအောင်သောင်း အသုံးချသည်ဆိုပြီး လက်အောက်အရာရှိများက ထုတ်ဖော်ပြော၏။
စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနှင့် တည်ဆောက်ရာတွင် တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ရန်ကုန် အနောက်တိုင်းသံတမန်များက ပြော၏။
ပုဂ္ဂလိက ဘိလပ်မြေစက်ရုံတရုံတည်လျှင် အရင်း အမေရိကန်ဒေါ်လာ (၈) သန်းကုန်ကျ၏။ ထိုအထဲမှ ဝန်ကြီးဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်များက ပြော၏။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံ တည်ထားသည့်အတွက် ဦးအောင်သောင်းမှာ ဘိလပ်မြေစက်ရုံတလုံးဖိုးနှင့်ညီမျှသည့် ဒေါ်လာ (၈) သန်း ကော်မရှင်ရပြီး ဆိုသည့်သဘောဖြစ်၏။
လောလောဆယ် သာစည်အရှေ့ဘက် ပြင်ညောင်မှာ ရတနာသိင်္ဂီ ကုမ္ပဏီမှ ဆောက်လုပ်ပေးနေသည့် ဘိလပ်မြေစက်ရုံမှာ ဝန်ကြီးဦးအောင် သောင်းအတွက် ဖြစ်သည်ဟု စက်မှု (၁) ဝန်ကြီးဌာနတခုလုံး လူသိများ၏။
အထူးသဖြင့် စက်မှု (၁) ဝန်ကြီးဌာန လုပ်ငန်းအတော်များများကို ဦးအောင်သောင်းနှင့် ရင်းနှီးသည့် ပုဂ္ဂလိက ကုမ္ပဏီများသာ လက်ဝါးကြီးအုပ် လုပ်ခွင့်ပေးထား၏။ ဥပမာ-ရွှေသံလွင်၊ ရတနာသိင်္ဂီ၊ ကျော်သာ၊ Mother Trading စသည့် ကုမ္ပဏီများမှာ ထင်ရှား၏။ စက်မှု (၁) ဝန်ကြီးဌာန လက် အောက်ခံ စီမံကိန်းများမှ Steel Structure လုပ်ငန်းမှန်သမျှကို ဦးဝင်းလွင်ပိုင် ကျော်သာကုမ္ပဏီတဦးတည်းကိုသာ ဦးအောင်သောင်းက ကန်ထရိုက် လုပ်ခွင့်ပေးထား၏။
ထိုငတက်ပြားဝန်ကြီး ဦးအောင်သောင်းသည် မကြာခင် မန္တလေးတိုင်း ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နောင် ပေါ်ပေါက်မည့် ရုပ်သေးအရပ်သားအစိုးရလက်ထက်တွင် မန္တလေးတိုင်း ဒေသကြီးအဆင့် ဝန်ကြီးချုပ်အဖြစ် အရွေးခံဦးမည်။ ထိုသက်ကျားအို ဝန်ကြီးဦးအောင်သောင်းကို ခေတ်ပြိုင်က အထူးရှုတ်ချသည်။
Posted by Sanghaalliance at 9:17 PM 0 comments
Labels: ဆောင်းပါး
ဒါတွေလွတ်လပ်ရေးတိုက်ပွဲလား-ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခု၊ ဧပြီလ ၂ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည် မြေပုံမြို့ သို့  ရောက်ရှိသွားသည်။
ည ၈ နာရီခန့် တွင် အလံနီ ကွန်မြူနစ် ဆရာတော် ဦးစိန္တာ ကြီးမှူး ကျင်းပသော လူထု အစည်းအဝေးသို့ 
ဗိုလ်ချုပ် အောင်ဆန်း တက်ရောက် စကားပြောကြားလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်
အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ယခု ကျွန်တော် လာရတာဟာ ဦးစိန္တာက ဖိတ်လို့  လာတာဖြစ်တယ်။ ဒီညီလာခံမှာ ကွဲနေကြတာကို စေ့စပ်
ညီညွတ်အောင် လုပ်ဖို့  ဆိုပြီး ဖိတ်တဲ့အတွက် တခြား အရေးကြီးတာတွေကို ရွှေ့ ဆိုင်းပြီး လာခဲ့ရတယ်။
ဒီကျတော့မှ တရားဟောရုံလောက် ရှိတယ်ဆိုတာ သိရတယ်၊ လွတ်လပ်ရေးအတွက်တော့ အရင်ကလဲ တိုက်ခဲ့တယ်၊
နောက်လဲ တိုက်မှာဘဲ၊ ဒီလာတာဟာ ညီညွတ်အောင်လုပ်ဖို့ လာတာ၊ မညီညွတ်ယင် အလကားဘဲ၊ မညီယင်
လွတ်လပ်ရေး မရနိုင်ဘူး။ လွတ်လပ်ရေးအဓိပ္ပါယ်ကိုလဲ နားလယ်ဖို့ လိုတယ်။ လွတ်လပ်ရေးကို တောင်းယူလို့ မရ၊
တိုက်ယူမှ ရမယ်ဆိုတာ သဘောတူတယ်၊ ဒါပေမဲ့ လွတ်လပ်အောင် လုပ်နည်း လိုတယ်။ လွတ်လပ်ရေးဆိုတာ
ညီညီ ညွတ်ညွတ်နဲ့  အင်အားရှိမှ ရနိုင်တယ်။
သူပုန် သူပုန် ထထ အော်နေရုံနဲ့  လွတ်လပ်ရေး မရနိုင်ဘူး။ အလုပ်လုပ်တဲ့ နေရာမှာ နားလယ်ဖို့  လိုတယ်၊
တကယ်နားလယ်ပြီး လုပ်ယင် လုပ်တတ်ယင်၊ တနှစ်အတွင်း လွတ်လပ်ရေး ရနိုင်တယ်။ ယခုတော့ နယ်ချဲ့  သမားကို
ညီညွတ်စွာ ပေါင်းပြီးတိုက်ရမဲ့ အစား ဗမာအချင်းချင်း တိုက်နေကြတာက ခက်တယ်။ အချို့ လူတွေက ပြည်သူ့ ရဲဘော်
တပ်ဖွဲ့  ခေါင်းဆောင်ကိုသတ်၊ ဖ၊ဆ၊ပ၊လ အဖွဲ့  ခေါင်းဆောင်ကို သတ်၊ မီးရထားကို မှောက်အောင်လုပ်၊ ဒီလို
လုပ်နေတာဟာ လွတ်လပ်ရေး တိုက်ပွဲထင်နေတယ်။ လုပ်ပုံ မဟုတ်သေးဘူး။ သေတော့ ဘယ်သူတွေ သေသလဲ။
ဗမာတွေ သေတာဘဲ မဟုတ်လား၊ နယ်ချဲ့ သမားကတော့ လက်ပိုက်ပြီး ကြည့်ရယ်နေတာဘဲ။ ဒီလိုဆိုရင် ဘယ်တော့မှ
လွတ်လပ်ရေးရမှာ မဟုတ်ဘူး။
Posted by Sanghaalliance at 9:15 PM 0 comments
Labels: ဆောင်းပါး
ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ ဗမာပြည်ကသယံဇာတများ
ရဲဘော်ဖိုးသံချောင်း
အမေရိကန်နိုင်ငံလိုဟာကြီးတောင် ဖျတ်ဖျတ်လူးခံရတဲ့ ကမ္ဘာ့စီးပွားရေးကပ်ကြီးက တကမ္ဘာလုံးကို ဒုက္ခပေးခြိမ်းခြောက်နေချိန်၊ အိမ်နီးနားချင်းတွေအားလုံး ကြပ်ပူထိုး၊ ပရုတ်ဆီ ပွတ်နေကြချိန်မှာ ဗမာပြည်က နအဖစစ်ဗိုလ်တွေကတော့ အဖျားခတ်တယ်ဆိုတဲ့ လေသံမျိုး တောင်မဟဘဲ နေသာသပလေညာက လုပ်နေပါတယ်။ သူတို့ထုံးစံအတိုင်း ပြည်ပကို ရောင်းလို့ ရသမျှအကုန်ရောင်း၊ ပြည်တွင်းမှာ အမြတ်တင်လို့ရသလောက် အမြတ်တင်၊ ဘဏ္ဍာရေးမှာလည်း မီးစင်ကြည့်ကဖို့သာ စဉ်းစားထားပြီး ဒူးဗုံထောင်ခေါက်လို့ နှပ်နေပါတယ်။
တကယ်က အခုအခါမှာ ဒီဒဏ်ကို ဗမာပြည်စီးပွားနယ်ပယ်ပေါင်းစုံမှာ စပြီးခံစားနေကြရပါပြီ။ အဲဒီအထဲမှာ အလုပ်သမား ဈေးကွက်၊ ကောက်ပဲသီးဈေးကွက်နဲ့ နယ်စပ်ကုန်သွယ်ရေး လောကစတဲ့နယ်ပယ်တို့မှာ အသိသာ အထင်ရှားဆုံးမြင်တွေ့နေကြရပါတယ်။ နအဖကသာ အသိအမှတ်မပြု၊ ဝန်မခံတာ၊ အခုဗမာပြည်မှာ ရိုက်ခတ်နေတဲ့စီးပွားရေးထိုင်းမှိုင်းမှုကပ်ရဲ့ ဒဏ်ချက်တွေမှာ အင်မတန်စံကျတဲ့ စီးပွားရေးကပ်လက္ခဏာတွေ အပြည့်အဝပါရှိနေပါတယ်။
အလွယ်ဆုံးပြောရရင် ပြည်ပကလာဖွင့်ထားတဲ့ စက်ရုံအလုပ်ရုံတွေပိတ်လို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာတွေ စပြီး တွေ့နေရပါပြီ။ ဗမာပြည်မှာက အနောက်နိုင်ငံတွေလို အလုပ်လက်မဲ့ထောက်ပံ့တဲ့ လူမှုဖူလုံရေးကြေးတွေဘာတွေ ရှိတာမဟုတ်ပါဘူး။ အလုပ်သမားတွေအဖို့ တကယ့်ကိုသူတောင်းစား ခွက်ပျောက်တာဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေဟာ စီးပွားရေးမကောင်းတာနဲ့အမျှ အမြတ်အတွက် အလုပ်သမားတွေအပေါ် တိုးချဲ့သွေးစုပ်တာ၊ ဒိအတွက် အလုပ်သမားအခွင့်အရေးတွေ လျှော့ချတာတွေ အမျိုးမျိုးလုပ်နေကြပါတယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့အစိုးရမရှိ၊ အလုပ်သမားသမဂ္ဂတွေ မရှိတဲ့ အခြေအနေမှာ ဗမာပြည်သားတွေဟာ ကိုယ့်နိုင်ငံထဲမှာတင် သူတပါးနိုင်ငံသားက အနိုင်ကျင့်ညစ်တာတွေ ခံနေကြရပါတယ်။ ပြည်ပကိုသွားပြီး အလုပ်လုပ်ကြတဲ့ ဗမာပြည်သားတွေရဲ့ အခြေအနေကတော့ ပိုလို့တောင်ဆိုးပါတယ်။ နအဖသံရုံးတွေရဲ့ နကမ္ပတိ၊ တာဝန်မဲ့ လုပ်မှုကြောင့် သူတို့ရဲ့ဘဝတွေဟာ အဲဒီအလုပ်ရှင် တွေနဲ့ စီးပွားရေးကျဆင်းမှုကပ်ကြီးရဲ့ ပြသမျှနုနေရတဲ့ အဖြစ်ကို ရောက်နေကြရပါတယ်။
အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဗမာပြည်ရဲ့ကုန်သွယ်ဖက်နိုင်ငံတွေမှာ စီးပွားရေးကျဆင်းကြတော့ ဗမာပြည်က သူတို့ဝယ်နေကျ လယ်ယာထွက်ကုန်တွေကို မဝယ်တော့တဲ့အတွက် လယ်ယာထွက်ကုန်တွေပုံနေတာ၊ ဈေးကျတာ၊ ပုပ်သိုးပျက်စီးတာတွေ ဖြစ်ကုန်ပါတယ်။ တဆက်တည်းမှာ ကုန်သည်ပွဲစားလေးတွေလည်း အရောင်းအဝယ်ပျက်၊ လက်မဲ့ဖြစ်ကုန်ကြပါ တယ်။ ချုပ်လိုက်ရင် လူ့အဖွဲ့ အစည်းထဲက အောက်ဆုံးအလွှာနဲ့ အလယ်အလတ် အလွှာတွေဟာ ဒီဒဏ်ရဲ့ ဦးဆုံးထိုးနှက်တိုက်ခိုက်တာ ခံကြရသူတွေဖြစ်နေတာပါပဲ။ နယ်စပ်ကုန်သွယ်ရေးတွေမှာ အင်မတန်အရောင်းသွက်လှတဲ့ ဗမာ့သစ်တောင်မှ ထိုင်းမှိုင်းသွားတာကိုကြည့်ရင် စီးပွားကုန်သွယ်ဖက်မှာ တွေ့နေရတဲ့ ဗမာနိုင်ငံရဲ့ ပြဿနာဟာလည်း မသေးဘူးလို့ ဆိုနိုင်ပါတယ်။
တဖက်မှာတော့ ဒီလိုတောင်သူလယ်သမားတွေနဲ့ ကုန်သည်ပွဲစားလေးတွေက ရောင်းမရလို့ကုန်တွေပုံပြီး လက်မှိုင်ချနေရချိန်မှာ စစ်အုပ်စု အသိုင်းအဝန်းက ပြည်ပတင်ပို့ရေး လုပ်ကိုင်နေကြသူတွေဟာ ဈေးတွေနှိမ်၊ အတင်းရောင်းပေးခိုင်းပြီး ပြည်ပကို ပိုကြီးတဲ့ အမြတ်နဲ့ ရောင်းနေ၊ ရတနာပုံဆိုက်နေကြပါတယ်။ မျက်ဖြူဆိုက်လေဆရာကြိုက်လေ ဆိုတဲ့အတိုင်းပါပဲ။ ဗိုလ်ချုပ်တွေနဲ့ သူတို့အသိုင်းအဝိုင်းတွေအဖို့ ရေနှောက်ငါးဖမ်းဖို့ တောင်မလိုဘဲ လေဒဏ်၊ လှိုင်းဒဏ်ကြောင့် ပက်လက်ပေါ်လာတဲ့ ငါးတွေကို လိုက်ကောက်ရသလို အလွယ်တကူနဲ့ အမြတ်တွေရနေကြပါတယ်။
တကယ်က ဒီစီးပွားပျက်ကပ်ရဲ့ဒဏ်ဟာ ဒါလောက်နဲ့ပြီးအုန်းမှာမဟုတ်သေးပါဘူး။ အခုမှ စလုံးရေးစလို့ ပညာရှင်တွေက ပြောနေကြပါတယ်။
တလောက ပီရူးနိုင်ငံမှာကျင်းပခဲ့တဲ့ အေပက်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒီစီးပွားရေးကပ်ကို ကျော်လွှားဖို့ (၁၈) လလောက်လုပ်ရအုန်းမယ်လို့ ပြောတာ ကြားလိုက်ရပါ တယ်။ ဒီလိုအနေအထားမှာ စစ်အစိုးရဟာ ကိုယ့်နိုင်ငံအတွင်းက တောင်သူလယ်သမားတွေ၊ လုပ်ငန်းရှင်လေးတွေ၊ ကုန်သည်ပွဲစားတွေကို ဘယ်လိုအကာအကွယ်ပေးမယ်လို့ မစဉ်းစား ဘူး။ ကြိုတင် ပြင်ဆင်တာလည်းမလုပ်ဘူး။ မျက်စိကန်းတစ္ဆေ မကြောက်စကားတွေပြောပြီး ကိုယ့်ဖို့ပဲ အမြတ်ထုတ်နေကြပါတယ်။ နာဂစ်လေဘေးထဲကနေ အမြတ်ထုတ်သလို စီးပွားရေး ကပ်ထဲကနေ အမြတ်ထုတ်ဖို့ပဲ အားစိုက်လုပ်ကိုင်နေပါတယ်။ သူတို့ကတော့ နေသာသပ လေညာကပဲပေါ့။
ဗမာပြည်ရဲ့ ထူးခြားချက်အနေအထားအရ စီးပွားရေးကပ်ဖြစ်ပေါ်လာတယ်ဆိုရင် စိုးရိမ်ရမယ့်ကိစ္စ တခုရှိပါသေးတယ်။ အဲဒါက သဘာဝသယံဇာတတွေပဲဖြစ်ပါတယ်။ စီးပွားပျက်ကပ်တခု ဖြစ်လာတယ်ဆိုရင် လူတွေဟာ ရသမျှ၊ ရှိသမျှနည်းနာတွေနဲ့ ဖြေရှင်း ကျော်လွှားရတာပါပဲ။ တကယ်ကိုဆိုးလာပြီဆိုရင် သားကောင်ချနင်းရတာတွေဖြစ်လာပါတယ်။ ဒီလိုလုပ်တဲ့အထဲမှာ ကိုယ့်စီးပွားရေးကို ထိန်းနိုင်ဖို့အတွက် နိုင်ငံခြားငွေအဝင်အထွက်ကို ထိန်းသိမ်းတာလုပ်တာလည်း ပါဝင်ပါတယ်။ အလွယ်ဆုံးပြောရရင် သွင်းကုန်လျှော့၊ ပို့ကုန်မြှင့်တာပါပဲ။ ဒီလိုလုပ်ကြရာမှာ နိုင်ငံတွေဟာ ကိုယ့်သဘာဝသယံဇာကို တိုးထုတ်တာ တွေ လုပ်လာရတတ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်သစ်ဘောဂဗေဒမှာ စီးပွားရေး ကျဆင်းမှုဒဏ်ကို တွက်ချက်ကြရင် သဘာဝအရင်းအမြစ်တွေ ပျက်စီးရမှုကိုလည်း ထည့်တွက်ရမယ်၊ ဒါကိုဘယ်လိုတွက်ကြမလဲဆိုပြီး အမြဲတင်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ ဗမာပြည်လို ကုန်ကြမ်းတင်ပို့ပြီး ကုန်ချောတင်သွင်းယူတဲ့နိုင်ငံတွေမှာ ဒီပြဿနာကို ပိုပြီးအလေးထားရပါမယ်။
ဒီတခါစီးပွားရေးကျဆင်းမှုကပ်ကြီးမှာ ရေနံဈေးတွေ ဒလဟောထိုးကျလာတာဟာ ထင်ရှားတဲ့ အချက်တခုပါ။ ဒီလိုလောင်စာဆီတွေဈေးကျချိန်မှာ ဗမာပြည်လိုနိုင်ငံဟာ ကိုယ့်နိုင်ငံအတွက် အသုံးပြတာမဟုတ်တဲ့ သဘာဝဓာတ်ငွေ့၊ ကမ်းလွန်ရေနံစတဲ့ သယံဇာတတွေ တူးဖော်တာ၊ ရောင်းချတာကို ချိုထားလိုက်ဖို့ ကောင်းပါတယ်။ အမှန်မှာ ဒီသယံဇာတတွေထဲက အများစုကြီးကို ပြည်တွင်းမှာသုံးစွဲနေကြတာမှမဟုတ်ပဲ။ တချိန်ချိန်ဈေးပြန်ကောင်းမှ စောင့်ရောင်းတာမျိုးဖြစ်ရမှာပါ။ ဒါပေမယ့် အခုအခါမှာ နအဖဟာ ဘနဖူးသိုက်တူးသလို အကန့်အသတ်ရှိတဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို တူးနိုင်သမျှအကုန်တူး၊ ခုတ်နိုင်သမျှ အကုန်ခုတ်ပြီး ရောင်းနိုင်သမျှ အကုန်ရောင်းလုပ်နေပါတယ်။
စီးပွားရေး ကျဆင်းတဲ့အခါမှာ ဘယ်နိုင်ငံမဆို ကိုယ့်တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်ပြီး ကိုယ့်နိုင်ငံထဲမှာလည်း အလုံအလောက်မရှိတဲ့ ကုန်ကြမ်းတွေကို အပူတပြင်း ရှာကြရတာတွေရှိပါတယ်။ ဒါကြောင့် ဘယ်သူမဆို သယ်ယူရေးအတွက် လမ်းခရီး အတိုဆုံးနဲ့ ဈေးအသက်သာဆုံးကို တွေးတောကြပါတယ်။ ဒီတော့ အတိုဆုံးသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းဆိုတာ ကိုယ့်ပြည်တွင်းကမဟုတ်ရင် အိမ်နီးနားချင်းနိုင်ငံတွေ ဆီကပဲ ရှိပါတယ်။
ဗမာနိုင်ငံရဲ့ ဘေးနှစ်ဖက်မှာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခု ရှိပါတယ်။ နောက်ပြီး ဒီနိုင်ငံတွေက ဗမာနိုင်ငံလိုမဟုတ်ဘဲ စီးပွားရေးထိုးတက်နေကြတာပါ။ ဒါကြောင့်သူတို့အဖို့ သဘာဝသယံဇာတ ဆိုတာလောက်တယ်ရယ်လို့ကို မရှိပါဘူး။ အခုတော့ အကျင့်ပျက်ခြစား နေတဲ့ နအဖအဆင့်အသီးသီးက စစ်ဗိုလ်တွေ၊ သူတို့လက်ဝေခံတွေနဲ့ ပြည်ပစီးပွားရေး သမားတွေ လက်ဝါးချင်းရိုက်ပြီး ဗမာပြည်ရဲ့သယံဇာတတွေကို သုံးဖြုန်းနေကြတာ၊ တချို့နေရာတွေမှာ ပြောင်တလင်းခါလို့တောင် နေပါပြီ။ အဆင့်ဆင့်စစ်အာဏာပိုင်တွေဟာ သူတို့အတွက် ရှယ်ယာရတယ်ဆိုရင် ကြံ့ဖွံ့တို့၊ သကဆဖ တို့လိုဟာတွေကိုတောင် သယံဇာတတွေ ထုတ်လုပ်ရောင်းချခွင့်ပေးထားတာပါ။ အဲဒီလိုပါမစ်ရသူတွေဟာ ကိုယ်တိုင်မလုပ်ဘဲ တဖက်နိုင်ငံက စီးပွားရေးသမားတွေရဲ့ လက်ထဲထိုးအပ်ပြီး ကိုယ့်အတွက် အမြတ်ကို အလွယ်တကူရယူနေကြပါတယ်။ စစ်တပ်တွေ၊ စစ်ကြောင်းတွေကလည်း အဲဒီလို လုပ်ငန်းတွေပေါ်မှာ မှီခိုငွေကောက်ပြီး စီးပွားရေးလုပ်နေကြတာဆိုတော့ ဒီလိုနိုင်ငံမှမမွဲ၊ ဘယ်နိုင်ငံ မွဲတော့မလဲလို့ ပြောရမလိုဖြစ်နေပါပြီ။
သဘာဝသယံဇာတတွေနဲ့ပတ်သက်လို့ တင်စားပြောဆိုကြတဲ့ စကားတရပ်ရှိပါတယ်။ အဲဒါက “သယံဇာတတွေဟာ ရှေးဘိုးဘွားဘီဘင်တွေဆီက အမွေရထားတာမဟုတ်ဘူး၊ နောင်လာနောက်သားတွေဆီက ချေးငှားအသုံးပြုနေရတာဖြစ်တယ်” ဆိုတာပါပဲ။ ဒါပေမယ့် ဒီစကားဟာ အတိတ်ကိုလည်း သံယောဇဉ်မရှိ၊ အနာဂတ်ကိုလည်း တန်ဖိုးမထားတဲ့ နအဖဗိုလ်ချုပ်တွေအဖို့တော့ ဘာမှအဓိပ္ပာယ်မရှိသလို ဖြစ်နေပါတယ်။ သေချာတာကတော့ ဗမာပြည်သားတွေအနေနဲ့ နအဖစစ်ဗိုလ်တွေနဲ့စာရင်းရှင်းကြတဲ့တနေ့မှာ ဒီသူတို့သုံးစွဲဖြုန်းတီးခဲ့တဲ့ သဘာဝသယံဇာတတွေအတွက်လည်း မုချစာရင်းရှင်းရပါမယ်။ ဒီအထဲမှာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသူတွေက ပင်လယ်လမုတောတွေကို ခုတ်ပစ်စေခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ စာရင်းရှင်းတာမျိုးတွေလည်း ပါပါလိမ့်မယ်။
http://www.khitpyaingnews.org
Posted by Sanghaalliance at 12:23 AM 0 comments
Labels: ဆောင်းပါး
“ နှစ် နှစ်ဆယ်ခရီး၏ ရိုက်ခတ်သံများ ”
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်၊ စနေနေ့ နေ့စွဲဖြင့်ရေးသော ဒေါက်တာသောင်းထွန်း၏ “ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု ” ဆောင်းပါးကို ဂါမဏိက ဘာသာပြန်ဆို မဇ္စျိမဝက်ဆိုဒ်တွင် ဖော်ပြသဖြင့် ဖတ်ခဲ့ရပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးဖြစ်ပါသည်း။
ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာတွင် နိုင်ဝင်ဘာလ (၁၁) ရက်နေ့ပါ ကေသီစကော့ကလပ်နှင့် အဒြီယန်လဗီတို့ ရေးတဲ့ “ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ ” ဆောင်းပါးတွင် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ထိုအထဲမှ အထင်ရှားဆုံးအမှားများကို ထောက်ပြပါမည်ဟု အစချီကာ ဒေါက်တာသောင်းထွန်းက ချေပဆောင်းပါး ရေးပါသည်။ သူ၏ အဓိက ချေပချက်များမှာ…………..( မြန်မာ ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် မိမိတို့ လှုပ်ရှားမှုကို မိမိတို့ ဖာသာပြန်လည် ဝေဖန် ပြစ်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဝေဖန်ပြစ်တင်ရန် စိတ်သန်နေကြခြင်းသည် လှုပ်ရှားမှု၏ ယိုယွင်းကျဆင်းမှုကို သက်သေပြနေသည်) ဤအချက်ကို ဒေါက်တာသောင်းထွန်းက ဂါးဒီးယန်းဆောင်းပါးရှင် နှစ်ဦး၏ မှားယွင်းသော အယူအဆဖြစ်သည်ဟု ပထမဆုံးရေးသားချေပထားတာ တွေ့ရပါသည်။
အဖွဲ့အစည်းအသင်းအပင်းများတွင် မိမိကိုယ်ကို ဝေဖန်ရေးနှင့် ခေါင်းဆောင်ကို ဝေဖန်ရေး လုပ်ရန်လိုအပ်လာပြီဟု စိတ်ဆန္ဒ ထက်သန်လာပြီဆိုလျှင် ထိုအဖွဲ့အစည်းနှင့် ခေါင်းဆောင်တို့တွင် ယိုယွင်းကျဆင်းမှုတွေ ရှိလာခြင်း၊ တခုခု မှားယွင်းလာပြီဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်မှာ အမှန်ပင် မဟုတ်ပါလား။ “ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစုံလည်းပဲဖြစ်ဖြစ် အမှားအယွင်းနှင့် မကင်းနိုင်ကြပါ။ အပြုသဘောဝေဖန်ချက်တို့ကို လက်ခံပြီး ဟုတ်မှန်လျှင် လက်ခံဖို့ ပြုပြင်ဖို့သာရှိပါသည်။ ဝေဖန်ချက်၊ စွပ်စွဲချက် ဟူသည်မှာ ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ အဓိက မကျပါ။ မှားခြင်း၊ မှန်ခြင်းသာ အဓိက ဖြစ်ပါသည်။ ဒေါက်တာသောင်းထွန်းအနေဖြင့် ဂါးဒီးယန်း ဆောင်းပါးရှင်တို့၏ ဝေဖန်ရေးသားမှုအပေါ် မည်ကဲ့သို့ မှားယွင်းနေသည်ကို ဖော်ပြပြီး ရေးသားရန်လိုအပ်ပါသည်။
ဂါးဒီးယန်းသတင်းစာပါ ဆောင်းပါး၌ ဆောင်းပါးရှင်၏ ကိုးကားချက်တွေ ပါလာပါသည်။ ဤသည်မှာ…. ရန်ကုန်မြို့မှ လူကြီးပိုင်းအမတ်တဦးက “ ကျွန်တော်တို့ စွန့်လွှတ်အနစ်နာခံတာတွေ သက်သက်နဲ့ပဲ အောင်ပွဲတကယ် ရနိုင်၊ မရနိုင်ကို အလေးအနက်စဉ်းစားဖို့လိုပြီ ” ဟု ပြောကြောင်း၊ နောက်တယောက်ကလည်း “ လူကြိုက်များခဲ့တဲ့ အန်အယ်ဒီပါတီ လမ်းပျောက်သွားပြီ ” ဟု ပြောကြောင်း ရေးသားထားပါသည်။
ဤကဲ့သို့ ကိုးကားရေးသားချက်အပေါ် ဒေါက်တာသောင်းထွန်းက…. ဤအသံများမှာ အတိုက်အခံလှုပ်ရှားမှုကြီး၏ ပြိုကွဲခြင်း လက္ခဏာကိုပြရာမရောက်ဘဲ လွတ်လပ်စွာငြင်းခုံ ဆွေးနွေးနိုင်စွမ်းဟူသည့် အတိုက်အခံလှုပ်ရှားမှုကြီး၏ ခွန်အားကိုသာ သက်သေပြ ခြင်းဖြစ်ပေသည်ဟု ချေပထားပါသည်။ မည်သို့ဆိုစေ ဆောင်းပါးပါ ကိုးကားချက်သည် လူတိုင်းပင်လွယ်လွယ်နှင့် သဘောပေါက်ပါနိုင်ပါသည်။
“ ကျွန်တော်တို့ စွန့်လွတ်အနစ်နာခံတာတွေ သက်သက်နဲ့ပဲ အောင်ပွဲတကယ်ရနိုင်၊ မရနိုင်ကို အလေးအနက်စဉ်းစားဖို့လိုပြီ ” ဆိုသည့် ပြောဆိုချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ဆုတ်ကိုင်ထားသော လမ်းစဉ်ကို တိုက်ရိုက်ဝေဖန်ထောက်ပြလိုက်ခြင်း ဖြစ်ပါသည်။ ဤဝေဖန်ထောက်ပြသတိပေးချက်သည် လက်တွေ့အခြေအနေအရ ဘယ်နေရာမှာ မှားနေလို့လဲ။ သဘောတရားရော အချက်အလက်အရပါ မှားနေသည်ဟု ယူဆလျှင် ဒေါက်တာသောင်းထွန်း ထောက်ပြသင့်ပါသည်။ နောက်တခုက “ လူကြိုက်များတဲ့ အန်အယ်ဒီပါတီသည် ဘယ်လမ်းပေါ်မှာ ဘယ်လိုဆက်လျှောက်နေသည်၊ ရှေ့ကိုဘာတွေ ဆက်လုပ်မည်ဆိုတာတွေကို ဒေါက်တာသောင်းထွန်းတို့ သိပါသလား၊ သိလျှင်ချေပပြောဆိုရှင်းပြသင့်ပါသည်။
တွေ့ဆုံဆွေးနွေးရေးကို မရမချင်းကြေငြာချက်ထုတ်ပြီး တောင်းဆိုနေသည့် မူသည် အန်အယ်ဒီ လမ်းမပျေက်သေးပါဘူးဟု ယူဆလျှင်လည်း ယူဆနိုင်ပါသည်။ သို့သော် “ အန်အယ်ဒီ၏ အနာဂတ်သည် မှုန်ဝါးနေပါပြီ ” ဟု အမှန်ကိုအမှန်အတိုင်း ဦးဝင်းတင် ကိုယ်တိုင် ထုတ်ဖော်ပြောနေသည်ကို ဒေါက်တာသောင်းထွန်းတို့ နားလည်သဘောပေါက်သင့်နေပါပြီ။ နောက်နှစ်ပေါင်း (၂၀) လောက်အထိ စစ်အစိုးရက လိုက်လျှောမည်ပုံ မပေါ်ပါ။ ဒါကြောင့် ထွက်ပေါက်ရှာဖို့ဆိုတာထက် ဖောက်ထွက်ဖို့ကြိုးစားကြပါလို့ ဦးဝင်းတင်က လူငယ်များကို သတိပေးလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ “ သူမသည် ပျော့ပြောင်းလိုက်လျှောမှုထက် ခေါင်းမာမှုကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည်၊ ” “ အဖမ်းခံရပြီးနောက် ငြိမ်သွားသည် ” သူမ၏ တိုက်ပွဲမှာ တရားထိုင်ကမ္မဋ္ဌါန်း တိုက်ပွဲအဖြစ်သို့ လွှဲပြောင်း သွားပုံရသည်။ သူမ၌ နိုင်ငံရေး နလဗိန်းတုံးဖြစ်ခြင်းနှင့် မာနကြီးဘဝင်မြင့်သည့် အကျင့်စရိုက်ရှိခြင်း ဟူသော ချို့ယွင်းချက်ရှိသည်ဟု ဆောင်းပါးရှင်များကဆိုသည်။
ဤအချက်နှင့် ပါတ်သက်၍ ကျွန်တော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိပြီး ထင်ရှားကျော်ကြားခြင်းဖြစ်သည်။ ပျော့ပြောင်းမှု၊ ခေါင်းမာမှုနှင့် မဆိုင်ပါ။ ပျော့ပြောင်းခြင်း၊ ခေါင်းမာခြင်း တခုခုကို နေရာတိုင်း တရားသေဆုတ်ကိုင်ထားခြင်းအတွက် နိုင်ငံရေးမှာ အောင်မြင်ခြင်း၊ ကျဆုံးခြင်းများ ရှိနိုင်ပါသည်။ ဒါကိုလည်း နိုင်ငံရေး၏တိုးတက်မှု၊ ကျဆုံးမှုနှင့်သာ တိုင်းတာနိုင်ပါသည်။ ယခုထိတော့ မြန်မာအတိုက်အခံတို့၏ နိုင်ငံရေးမှာ အကြီးအကျယ်ကျဆုံးခန်းပဲ ဖြစ်နေပါတော့သည်။
“ သူမ၌ နိုင်ငံရေး နလဗိန်းတုံးဖြစ်ခြင်းနှင့် မာနကြီးခြင်း၊ ဘဝင်မြင့်သည့်အကျင့်စရိုက်ရှိခြင်း ” ဟူသော ချို့ယွင်းချက်ရှိသည်ဟူသော အချက်သည် ဆောင်းပါးရှင်များ၏ ယေဘူယျဆန်သော စွပ်စွဲချက်ဖြစ်ပါလိမ့်မည်။ ဒေါ်စု၏ တိုက်ပွဲပုံစံသည် မဟတ္တမဂန္ဓီ၏ အကြမ်းမဖက် သည့်နည်းနှင့် အလွန်တူလွန်းပါသည်။ သို့သော် ဒေါ်စုသည် ဂန္ဓီမဟုတ်သလို စစ်အစိုးရသည်လည်း အင်္ဂလိပ်အစိုးရမဟုတ်ပါ။ အချိန်ကာလ သည်လည်း ဖက်ဆစ်၊ နာဇီနှင့် မဟာမိတ်တို့ရဲ့ တိုက်ပွဲကြီးကာလမျိုး(ဒုတိယ ကမ္ဘာစစ်ကာလမျိုး) လည်း မဟုတ်တော့ပါ။ ယနေ့ကာလသည် စစ်အေးခေတ်ပြီးဆုံးပြီး အကြမ်းဖက်အစွန်းရောက်၊ ကွန်မြူနစ်လက်ကျန် အရှေ့မျှော်ဝါဒကို လက်ခံလာကြသူများနှင့် ဒီမိုကရေစီ အနောက်အုပ်စုတို့၏ ရင်ဆိုင်ယှဉ်ပြိုင်ရေးကာလပင် ဖြစ်ပါသည်။ ဤအခြေခံကွာဟ ချက်များအပေါ် ဒေါ်စု ကောင်းကောင်း နားလည်ခြင်း ရှိမရှိ ဆိုတာကတော့ အချိန်က သက်သေပြနေပါသည်။ “ မာနကြီးသည်၊ ဘဝင်မြင့်သည် ” ဟူသောအချက်သည် ဝေဖန်သူကိုယ်တိုင်က ထိတွေ့ဆက်ဆံဖူးပြီး၊ အချစ်အမုန်းကင်းသော စိတ်ဖြင့် ဝေဖန်မှာသာမှန်ပါလိမ့်မည်။
ဒေါက်တာသောင်းထွန်း၏ ချေပဆောင်းပါးတွင် “ စစ်အစိုးရ၏ သံမဏိအုပ်ချုပ်ရေးအောက်တွင် ပြည်သူလူထုနှင့်လည်းကောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီနည်းကျ ကိုယ်စားပြုထားသူတို့နှင့်လည်းကောင်း ထိတွေ့ဆက်ဆံနိုင်ရန် လုံးဝမဖြစ်နိုင်ပါ ” ဆိုသည့် အချက် သည် အလွန်မှန်ကန်ပါသည်။ “ ယင်းသို့သော အနေအထားတွင် ခိုင်မာတာရှည်ခံသော ပေါ်လစီကို သေသေချာချာဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပြေးရင်းလွှားရင်း ဖော်ထုတ်ရသည့် ပေါ်လစီသာ ဖြစ်နိုင်ပါမည်။ မဲဆန္ဒရှင်များ(သို့မဟုတ်) အောက်ခြေထုများနှင့် ထိုက်သင့်သော ညှိနှိုင်းတိုင်ပင်မှုပင် မပြုနိုင်ဘဲ ဖော်ထုတ်ရသည့် ပေါ်လစီ၊ အဓိပ္ပါယ် အတိအကျပြောရလျှင် ဒီမိုကရေစီမကျသည့် ပေါ်လစီသာ ဖြစ်ပါ လိမ့်မည် ” ဟူသော ဒေါက်တာသောင်းထွန်း၏ ဖော်ပြချက်ကတော့ နိုင်ငံရေးမှာ သဘာဝမကျစွာ ကာကွယ်မှုဟု ယူဆပါသည်။ ဒေါ်စုကို အချုပ်ခံနေရချိန်မှာ ဒေါ်စုအနေဖြင့် မည်သည့်ပေါ်လစီမျိုးကိုမှ ချမှတ်မပေးနိုင်ပါ။ အဖွဲ့ဝင်လူကြီးများနှင့် တိုင်ပင်ခွင့်မရှိ၍ ဖြစ်ပါသည်။ သို့သော် အန်အယ်ဒီမှာ အခြေခံမူမှာ ရှိရပါလိမ့်မည်။ ဒေါ်စုအချုပ်ခံနေရလျှင် ဘာလုပ်မည်နည်း။ ဒေါ်စု မရှိလျှင် ဘာဆက်လုပ်ကြမည်နည်း။ ဒီမေးခွန်းသည် အန်အယ်ဒီ၏ အခြေခံမူကိုမေးနေပါသည်။ ဒေါ်စုကတော့ သူအဖမ်းခံရလျှင် ကျန်လူတွေ ဘာဆက်ပြီးလုပ်ရမည်လို့ အခြေခံမူတွေရှိနေတယ်လို့ မပြောခဲ့ဘူးလား။ ခိုင်မာတဲ့ အန်အယ်ဒီ အခြေခံလမ်းစဉ်ဆိုတာ ဘာလဲ။ ဒေါက်တာသောင်းထွန်းကော ဖြေနိုင်ပါ့မလား။ ဖြေနိုင်လျှင် အန်အယ်ဒီ၏ ရှေ့ဆက်လုပ်ရမည့် ပေါ်လစီ ဖြစ်လာပါလိမ့်မည်။
ဂါးဒီးယန်းဆောင်းပါးရှင်များအနေနှင့် ဒေါက်တာသောင်းထွန်းပြောသလို “ အမျိုးသားသူရဲကောင်းမတဦးကို သိက္ခာချရေး ရည်မှန်းချက်ဖြင့် အသိအမြင် ဗဟုသုတချို့တဲ့စွာ ဝါးလုံးချီးသုတ်ရမ်းသည် ” ဟုဆိုလျှင် ထိုဆောင်းပါးရှင်များ အနေနှင့် လုံးဝမကောင်းပါ။ မလုပ်သင့်ပါ။ ဒီလိုမဟုတ်ဘဲ သူတို့ရေးသားမှုတွေက သဘာဝကျပြီး မြန်မာနိုင်ငံရေးရဲ့ ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ထောက်ပြခြင်း ဖြစ်ပါက လက်ခံပြီး ပေါ်လစီကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ရန်ပင်ဖြစ်ပါသည်။
နောက်ဆုံးအနေနှင့် ဒေါက်တာသောင်းထွန်းက (၁၁) ရက်နေ့ထုတ် ဂါးဒီးယန်းသတင်းစာဆောင်းပါးက မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့အနေဖြင့် ကိုယ့်လမ်းကိုယ်ဆက်လျှောက်မည်သာဖြစ်ပါသည် ဟု ဆိုပါသည်။ ဒီနေရာမှာ အန်အယ်ဒီကတော့ အနာဂတ်မှုန်ဝါးနေပါသည်ဟု ပြောနေချိန်တွင် ဒေါက်တာသောင်းထွန်းတို့ NCGUB က ကိုယ့်လမ်းကိုယ် ဆက်လျှောက်မည် ဆိုသည်မှာ ဘယ်လမ်းကို ဆိုလိုပါသနည်း။ NCGUB သည် ၁၈ နှစ်တာ လမ်းလျှောက်နေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ သို့သော် ဘယ်ကို လျှောက်နေသည်။ ဘယ်ကိုဦးတည်နေသည်ဆိုတာ ကတော့မရှင်းပါ။ ဥပမာအားဖြင့် ဝါရှင်တန်လား? ပီကင်းလား? ။ ။
ဦးဖိုးသာအောင် (နော်ဝေ)
Posted by Sanghaalliance at 12:11 AM 0 comments
Labels: ဆောင်းပါး
ဗိုလ်ချုပ်ရူးကြီး သန်းရွှေ၏ စိတ်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း
အောင်ဇော်
http://www.irrawaddy.org
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းကြောင့် လူအများက ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ကြသည်။ သို့သော်လည်း ဤဖြစ်ရပ်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ် လာမည့် အကြီးအကျယ် နှိပ်ကွပ်နှိမ်နင်းမှုများ၏ အစပျိုးလည်း ဖြစ်နိုင်သည်။ ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီတွင် သူ့ကိုပြစ်တင်ဝေဖန်နေသူအားလုံးကို နှုတ်ပိတ်၍ ထောင်ထားထည့်ထားရန် ရည်ရွယ်နေသည်။
သူ၏ အားနည်းချက်ဟု ဆိုရလေမလား၊ အားကောင်းချက်ဟု ဆိုရလေမလားမသိ။ ယခုဖိနှိပ်နေမှုများသည် ဗိုလ်ချုပ်သန်း ရွှေက လာမည့် ရွေးကောက်ပွဲတွင် သူကို အတိုက်အခံပြုလာမည့် ရန်ဟူသမျှကို အမြစ်ဖြုတ်ချေမှုန်းပစ်မည်ဟု သံန္နိဌာန်ချ ထားကြောင်း သူ့ကိုဆန့်ကျင်ဝေဖန်နေသူများကို သိသာစေခဲ့သည်။
သူ၏ ခေါင်းဆောင်မှုကို ဝေဖန်မေးခွန်းထုတ်လာသူများကို မတန်တရာ ထောင်ဒဏ်များ ချပစ်သည့် ရည်ရွယ်ချက်ကို တစုံ တဦးက အဓိပ္ပါယ်ဖော်၍ ရနိုင်သော်လည်း၊ ဗိုလ်ချုပ်သန်းရွှေက မည်သို့ စိတ်ကူးကြံစည်နေသည်ကို ဖတ်နိုင်ရန်မှာ ခက်ခဲ လှသောအလုပ်ဖြစ်သည်။ သူနှင့် အနီးကပ်နေရသည့် အရာရှိများကပင် အလားတူ ၀န်ခံပြောဆိုခဲ့ကြဖူးသည်။
သူက ကြိုတင်စီစဉ်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်လာရသည့် ဗိုလ်ချုပ်ကြီး၏ ဒေါသကို အတိုက်အခံခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဂျင်မီတို့ ခံစားခဲ့ကြရ သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ လွန်ခဲ့သည့်နှစ်အတွင်းက ဗိုလ်ချုပ်သန်းရွှေက အရာရှိအချို့ကို တာဝန်ပေး၍ ထိန်းသိမ်းထားသည့် လှုပ်ရှားသူ ခေါင်းဆောင်များကို ၂၀၁၀ ရွေးကောက်ပွဲနှင့် မေလတွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ တီးခေါက်စုံစမ်းစေခဲ့သည်ဟု ဆိုသည်။ အများစုက စစ်အစိုးရ အဆိုပြုထားသည့် ကိစ္စ ၂ ခုစလုံးကို ပယ်ချခဲ့ ကြသည်။
စစ်အစိုးရကို ဆန့်ကျင်နေကြသူများက ယခုလို နှိပ်ကွပ်နှိမ်နင်းနေမှုများ ဆက်လက်မြင့်မားလာဖွယ် ရှိသည်ဟု မြင်နေ ကြသည်။ သူတို့က စစ်အစိုးရတွင် ဖမ်းဆီးထိန်းသိမ်းရမည့်သူများကို စာရင်းပြုစုထားရှိပြီး ဖြစ်သည်ဟု ဆိုကြသည်။ ဤသို့ ဖမ်းဆီးခံရမည့်သူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များလည်း အပါအ၀င် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေ က အတိုက်အခံဟူသမျှကို ၂၀၁၀ ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် အိမ်အကျယ်ချုပ်သော်လည်းကောင်း၊ ထောင် တွင်းသော်လည်းကောင်း ထား၍ အကျဉ်းချထားလိုသည်။
အတိုက်အခံများကို ထောင်သွင်းထားရုံမျှဖြင့် မကျေနပ်နိုင်ပါ။ ဗိုလ်ချုပ်သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးနည်းဖြင့် စိတ်ဓါတ် ကျိုးကြေပျက်သုဉ်းအောင် ဆောင်ရွက်လိုပုံလည်း ရသည်။ ဖမ်းဆီးထားသည့် အတိုက်အခံအများစုကို အင်းစိန်ထောင် အတွင်း ခုံရုံးတင်စီစဉ်ခဲ့သော်လည်း သူတို့ကို ထောင်ချပြီးသည်နှင့် ဝေးလံခေါင်သီသည့် ထောင်များသို့ ခွဲ၍ ပို့ခဲ့သည်။ သူတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ဝေးရာသို့ နှင်စေခဲ့သည်။
ဤသို့ အတိုက်အခံခေါင်းဆောင်များကို ထောင်ချပြီး အထီးကျန်ဖြစ်စေရန် ဝေးလံသည့် ဒေသများသို့ ပို့ခဲ့သည့် ရက်စက် လွန်းလှသော အမိန့်မှာ ယခင်က တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေနှင့် သူ နှင့်နီးစပ်သော ခေါင်းမာဂိုဏ်းသား ၀န်ကြီးများထံမှ လာသည်ဟု ဆိုကြခြင်းမှာ ဖြစ်တန်ရာ ရှိပါသည်။ စစ်အစိုးရ၏ သတင်း ရင်းမြစ်များက ပြောကြရာတွင် နောက်ထပ်ဖမ်းခံရရန် ရှိသည့် နိုင်ငံရေးအတိုက်အခံများစရင်းနှင့်အတူ သူတို့ကို မည်သည့် ထောင်သို့ ပို့လွှတ်ချုပ်နှောင်ရမည်ကိုပါ ဖော်ပြထားသည်ဟု ဆိုကြပါသည်။
သို့သော် ကန့်လန့်နိုင်လှသည့် အဖြစ်မှာ အတိုက်အခံများကို ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခြင်းအားဖြင့် ဗိုလ်ချုပ်သန်း ရွှေက မြန်မာပြည်သတင်း ကမ္ဘာက အရေးစိုက်လာအောင် ပြုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အဖြစ်အပျက်များက သတင်း ဌာနများက အာရုံစိုက်မခံရသည်မှာ၊ တိတ်ဆိတ်နေခဲ့သည်မှာ အတန်ကြာမြင့်နေခဲ့ပြီးမှ ယခုသတင်းများ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။ ယခုတကြိမ်တွင်လည်း အနောက်နိုင်ငံများက မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်သံများနှင့် ကြွက်ကြွက်ညံ နေခဲ့ပြန်သည်။
သို့သော်လည်း ဤသို့ အာရုံစိုက်ခံရမှုက နေပြည်တော်အပေါ်တွင် ကြာကြာဝဲမနေနိုင်ကြောင်း ဗိုလ်ချုပ်သန်းရွှေက ကောင်း ကောင်း သိထားပါသည်။ နိုင်ငံတကာရှိ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ရှေ့မတိုးနောက်မဆုတ်သာ နိုင်ငံရေးအခြေ အနေအပေါ် စိတ်ကုန်လက်ကုန်ဖြစ်နေကြကြောင်း သူက သိထားပါသည်။
အချို့သော ပညာအိုးကွဲများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ မရှိသည်ထက်စာလျှင် တခုခုရှိသည်က ကောင်း သည်ဟု ပြောဆိုထောက်ခံမည့်သူများ ရှိနေကြောင်းလည်း သူက ကောင်းကောင်းသိထားပါသည်။
၂၀၁၀ ရွေးကောက်ပွဲက မုချကျင်းပဖြစ်လိမ့်မည် ဖြစ်သည်ဟု အနောက်တိုင်သံတမာန်တဦးက မိမိကို မကြာသေးမီက ပြောပါသည်။ မေလက ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကဲ့သို့ပင် ဗိုလ်ချုပ်သန်းရွှေ အလိုကျ ၎င်း၏ အလိုတော်ရိ များနှင့် နီးစပ်သူများ အနိုင်ရလေအောင် မဲလိမ်မဲညစ်ကြဦးမည် ဖြစ်သည်။
အတိုက်အခံများနှင့် အနောက်နိုင်ငံများက လာမည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြမည် မဟုတ်သည်ကို ဗိုလ်ချုပ်သန်းရွှေက တွက်ဆထားမိပါသည်။ သို့သော်လည်း စစ်အစိုးရကို ထောက်ခံပြောဆိုမည့်သူများ၊ အခွင့်ကောင်း စောင့်နေသူများ၊ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အချို့သော မသဲကွဲေ၀၀ါးနေ သည့် အစိုးရမူဝါဒချမှတ်သူများ ၀ါရှင်တန်၊ ဘရပ်ဆယ်နှင့် ဘန်ကောက်တွင် တွေ့ဆုံညှိနှိုင်းနေကြကြောင်းလည်း သူက သတိပြုမိနေပါသည်။ ဤဆွေးနွေးပွဲများတွင် ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းအရာကို အလေးထားစဉ်းစားနေကြပါ သည်။
အချို့သော ပညာအိုးကွဲဆိုသူများက စစ်အစိုးရနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ ဖိနှိပ်သူနှင့် ဖိနှိပ်ခံရသူကို ခွဲခြားမမြင်မိ ကြတော့ကြောင်းကိုလည်း ဗိုလ်ချုပ်သန်းရွှေက ကောင်းစွာ သတိပြုမိလိမ့်မည် ဖြစ်သည်။
ထို့အပြင် ပြည်ပရှိ အတိုက်အခံလှုပ်ရှားမှုက မညီညွတ်နိုင် အကွဲကွဲအပြားပြား ဖြစ်နေကြသည်ကိုလည်း ဗိုလ်ချုပ်သန်းရွှေ က သိထားနိုင်သည်။ နိုင်ငံရပ်ခြား ရန်ပုံငွေများအပေါ် မှီခိုနေကြရပြီး တခါတရံ ပိုက်ဆံပြတ်၍ နေကြသည်ကိုလည်း သိ ထားနိုင်သည်။ ထိုမျှမက တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အဖွဲ့များနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်များလည်း ချိနဲ့အားနည်းနေပြီး မဟာဗျူဟာ မရှိကြကြောင်း သူသိထားနိုင်သေးသည်။
ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏စစ်အစိုးရက အခြားတဖက်တွင်လည်း သဘာဝဓါတ်ငွေ့ရောင်းချရငွေများဖြင့် ထပ်မံကြွယ်ဝဖို့ ရှိ နေသေးသည်။ ရရှိလာသည့်ဝင်ငွေများနှင့် တရုတ်နှင့် ရုရှားနိုင်ငံများထံမှ လက်နက်များ ထပ်မံတိုးတက်၍ ၀ယ်ယူဖြည့် တင်းနိုင်သေးသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက မဝေဖန် မစောကြောဘဲ ထောက်ခံပံ့ပိုးပေးနေသမျှ ဗိုလ်ချုပ်သန်းရွှေ အနေနှင့် သူ၏အာဏာကို ပြိုင်မည့်သူမရှိဟုလည်း ဘ၀င်ရောက်နေနိုင်သေးသည်။
ဤအခြေအနေတွင် ကုလသမဂ္ဂက မည်သို့ရပ်တည်နေပါသနည်း။ ဗိုလ်ချုပ်သန်းရွှေက ယခုအချိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာရောက် လည်ပတ်ရန်အတွက် အခြေခံကိစ္စများ ပြင်ဆင်ရမည့်အချိန်ဟု လည်း သိထားပါသည်။ သို့သော်လည်း သူက ယခုအချိန်တိုင် ကုလသမဂ္ဂအကြီးအကဲ လာရောက်မည့်ကိစ္စကို နည်းနည်း မျှ စိတ်ဝင်စားဟန် မပြသေးပါ။
ဘန်ကီမွန်းအနေနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါက မျှော်လင့်ထားနိုင်သည်မှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးရှည် လျားလှသည့် သမိုင်းကြောင်း ပို့ချချက်ကို ကြားရနိုင်သည်။ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကိစ္စ၊ တိုင်းရင်းသားအရေး ကိစ္စနှင့် မညီညွတ်ဖြစ်နေရမှုများကို ကြားရနိုင်ပါသည်။ စစ်တပ်က ဤသို့အနေအထားကြောင့် မဖြစ်မနေ ဗဟိုမဏ္ဍိုင်နေရာ ကို ယူထားရကြောင်း ရှင်းပြချက်များလည်း သေချာကြားရလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ ဘန်ကီမွန်းက ရှည်လျားလှ သည့် တကိုယ်တော်မိန့်ခွန်းကို နားထောင်ရန် ပြင်ဆင်ထားပါက၊ သူတို့အလိုကျ လိုက်မည်ဆိုပါက ဗိုလ်ချုပ်သန်းရွှေ၏ အထူးဧည့်သည်တော်အနေနှင့် နေပြည်တော်သို့ ဖိတ်ကြားမည်မှာ မုချဖြစ်သည်။
မကြာသေးမီက ထူးထူးဆန်းဆန်း ဗိုလ်ချုပ်သန်းရွှေက ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီကို မြန်မာပြည်သို့ ဖိတ်ခေါ်ခဲ့ပြန်သည်။ သို့သော်လည်း သံတမာန်ရပ်ကွက်များ အဆိုအရ မစ္စတာဂမ်ဘာရီက သူ၏ ရာထူး တာဝန်မှ အနားယူရန် တိတ်တဆိတ်စဉ်းစားနေသည်ဟု ဆိုသည်။ ဤသတင်းနှင့်ပတ်သက်၍ သေချာတိကျသည့်အတည် ပြုချက်များ မရရှိသေးပါ။
ကုလသမဂ္ဂက မစ္စတာဂမ်ဘာရီနေရာကို အစားထိုးနိုင်မည့် အခြားသံတမာန်တဦးကို အရှေ့တောင်အာရှ နိုင်ငံများဆီမှ ရှာဖွေကောင်း ရှာဖွေနေနိုင်ပါသည်။ ဗိုလ်ချုပ်သန်းရွှေက တွက်ထားသည်မှာ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံသို့ လာလည် သည့် အကြိမ်ရေများလေလေ၊ အထူးသံ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးပိုကြီးကြီး ပေးရလေ ဖြစ်ပါသည်။
သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း သိထားသည်နှင့်အညီ အသက်အရွယ် အိုမင်းမစွမ်းရှိနေပြီဖြစ်သည့် ဗိုလ်ချုပ် သန်းရွှေက ထက်မြက်ဆဲဖြစ်နေနိုင်သော်လည်း ပို၍ စိတ်သောကရောက်နေနိုင်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များလည်း လွန် လွန်ကဲကဲ ရှိနေနိုင်သည်။ သူက နိုင်ငံတော်ကို အုပ်ချုပ်နေသည့်ပုံကို သဘောမတွေ့ကျသည့် ဂဏှာမငြိမ်ဖြစ်နေကြသော အချို့ စစ်ဗိုလ်များ ရှိနေကြောင်းလည်း သူက သိထားပါသည်။ အတိတ်က သူဖြုတ်ထုတ်ရှင်း လုပ်ထားသည့်ကိစ္စများက ယခုတိုင် သူ့ကိုခြောက်လှန့်နေဆဲ ရှိနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အိပ်မပျော်သောညများပင် ရှည်ရှည်လျားလျား ရှိနေနိုင်ပါ သေးသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ဗိုလ်ချုပ်သန်းရွှေကို ဆေးစစ်ခွင့် ရခဲ့သည့် စင်္ကာပူဆရာဝန်များ၏ ရောဂါဖော်ချက်ကို သိရ မည်ဆိုပါက အမှန်တကယ် စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ အတည်မပြုနိုင်သောသတင်းများအရ တုနှိုင်းမရှိ ခေါင်းဆောင် ကြီးတွင် ကင်ဆာနှင့် သွေးတိုးရောဂါ ခံစားနေရသည်ဟု ဆိုကြပါသည်။ သို့သော် လောင်းကြေးစားကြေး ပြောလိုက်ချင် သော ကိစ္စရှိပါသေးသည်။ စင်္ကာပူဆရာဝန်များ ထုတ်ဖော်ပြောရန် မ၀ံ့ဖြစ်နေရသည့် ကိစ္စမှာ ဗိုလ်ချုပ်သန်းရွှေအနေနှင့် ရူးသွပ်နေသည်ဟူသည့် အချက်ပင် ဖြစ်ပါတော့သည်။
အောင်ဇော်ရေးသားသည့် Reading Than Shwe's Disturbed Mind ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Posted by Sanghaalliance at 12:08 AM 0 comments
Labels: ဆောင်းပါး
မြန်မာ့နိုင်ငံရေးနှင့်မုသဝါဒ( အပိုင်း-၂)
မြန်မာ့နိုင်ငံရေးအတွက်အဓိကလုပ်ရှားနိုင်သည့်နေရာမှာထိုင်းမြန်မာနယ်စပ်နှင့်ဘင်္ဂံလာဒေ့ရ်မြန်မာနယ်စပ်များသာဖြစ်သည်။ရန်သူကြောက်ရွှံ့ သော တော်လှန်ရေးနယ်များဖြစ်သကဲ့သို့ ရန်သူ၏ပစ်မှတ်ထားအာရုံစူးစိုက်မူ့ ကိုခံနေရသည့်တော်လှန်ရေးနယ်ပယ်လည်းဖြစ်ပါသည်။တတိယနိုင်ငံရောက်နေကြသောလူ
အများစုတို့ သည်လည်းဒီနေရာများကိုအခြေခံခိုလုံပြီးမှရောက်ရှိသွားခြင်းသာဖြစ်သည်။တကယ်တော့တော်လှန်းသည်ခက်ထန်မာကြောသောလုပ်ငန်းတစ်ခုဖြစ်ပြီး
အချိန်ကာလတခုကိုပိုင်းခြားသတ်မှတ်နိုင်သည့်လုပ်ငန်းတခုလည်းမဟုတ်ပေ။
နောက်တခုမှာတော်လှန်ရေးနယ်မြေသည်ကားနူးညံ့သောပန်းခင်းလမ်းတွင်လျှောက်လှမ်းရသည်မဟုတ်ဘဲဆင်းရဲပင်ပန်းသောခရီးလမ်းသာဖြစ်
သည်။ဗိုလ်ချုပ်အောင်ဆန်းက " ရဲဘော်တို့ ယခုစစ်မြေပြင်ကိုထွက်ရမယ်၊ဆင်းရဲမယ်၊ကြပ်တည်းမယ်၊အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်"ဟုမိန် မှာခဲ့ပါသည်။
ယနေ့ တော်လှန်ရေးသမားများအတွက်ပါအသုံးဝင်နေသောစကားပင်ဖြစ်ပါသည်။အထူးသဖြင့်မြန်မာ့တော်လှန်ရေးသမားများမှာလွတ်လပ်စွာလုပ်ကိုင်လုပ်ရှားခွင့်
ကိုမရရှိဘဲတိုင်းတပါးတွင်ပုန်းကွယ်လျှိ့ ဝှက်စွာလုပ်ကိုင်နေရသူများဖြစ်ပါသည်။နိုင်ငံရေးခိုလူံ့ ခွင့်ရပြီးသူများကိုမဆိုလိုပါ။ထိုင်း၊ဘင်္ဂံလာဒေ့ရ်ဆိုသည်မှာဒီမိုကရေစီစစ်
စစ်ကိုကျင့်သုံးသောနိုင်ငံများလည်းမဟုတ်ပါ။ကိုယ့်မြေကိုယ့်ရေကိုယ့်နိုင်ငံတွင်လွပ်လပ်စွာနေထိုင်လုပ်ကိုင်သူများတွင်သော်မှအားနည်းချက်ကိုယ်စီရှိနေကြပါလျှင်ပုန်း
လျှိုးကွယ်ရာလုပ်ကိုင်သွားလာနေထိုင်ရသူများမှာဆိုဖွယ်ရာရှိပါတော့မလား။
ချဉ်ပေါင်ဟင်းနှင့်ခရမ်းသီးနပ်မှန်မစားရပါဘဲလုပ်ကိုင်နေသူများရှိသလိုဟိုတယ်ပေါ်တွင်စားသောက်နိုင်သူရှိသည်မှာလည်းမဆန်းပြားနိုင်သော
အမှန်တရားတစ်ခုသည်သာဖြစ်ပါလိမ့်မည်။နိုင်ငံရေးဆိုသည်မှာပုဂ္ဂိုလ်ရေးကိုကြည့်ပြီးပြောမရပါ။ထိုသူ၏လုပ်ဆောင်နိုင်မူ့ ကိုသာကြည့်သင့်ပါသည်။လောကတွင်
ယှဉ်ပြိုင်မူ့ ဆိုသည်မှာလူ့ ဘဝ၏ဓမ္မာတာတခုသာဖြစ်ပါသည်။သို့ သော်မှန်ကန်သောယှဉ်ပြိုင်မူ့ ကိုရယူနိုင်မူ့ ကိုကျင့်သုံးသူသည်သာအထွက်အထိပ်သို့ ရောက်ရှိ
နိုင်ပါသည်။မိမိ၏လိုချင်မူ့ တခုကြောင့်တလောကလုံးကိုပြစ်တင်ပုတ်ခတ်စော်ကားမူ့ မျိုးကိုကားရှောင်ရှားသင့်ပါသည်။ကြီးလေးသောမုသဝါဒဖြစ်သောကြောင့်
ဖြစ်ပါသည်။
စကားဝိုင်းတစ်ခုတွင်စာရေးဆရာတစ်ယောက်ကပြောဖူးပါသည်။အရက်ဆိုင်ကိုသွားကြည့်လျှင်မူးရူးနေသူများကိုတွေ့ ရမှာဖြစ်ပြီးသူတော်ကောင်း
ကိုတွေ့ လိုလျှင်ကျောင်းကန်ဘုရား၌သွားကြည့်ရာ၏။ဟုဆိုပါသည်။တကယ့်ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်သူကိုတွေ့ လိုပါလျှင်ကိုယ်ကိုယ်တိုင်စွန့် လွတ်အနစ်နာခံ
လုပ်ဆောင်သင့်သည်သာဖြစ်သည်။အပြင်မှပုန်းကြည့်ဝေဖန်ရုံနဲ့ ပြီးမည်မထင်ပါ။ကျွန်ုပ်တို့ သည်ငြိမ်းချမ်းရေးကိုလိုလားလျှင်မကောင်းပြောဆိုတက်သောမုသကို
ရှောင်ကျဉ်ပြီးအချင်းချင်းနှီးနှောဖလှယ်သည့်စနစ်မှသည်ပူးပေါင်းညီညွတ်ရေးတည်းဟူသောအဖြေကိုရှာဖွေကြရမည်သာဖြစ်ပါသည်။
အပြင်ဝေဖန်ရေးသည်အလုပ်တစ်ခုကိုနှောင့်ယှက်နိုင်ရုံသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်ခြင်းသည်သာကူညီရာရောက်ရှိနိုင်ပါသည်။သူတစ်ပါး၏လုပ်
ဆောင်မူ့ ကိုပြစ်တင်ဝေဖန်မည့်အစားမိမိပါဝင်လုပ်ဆောင်ကြည့်ခြင်းဖြင့်အဖြေတစ်ခုကိုရရှိနိုင်ပါလိမ့်မည်။မြန်မာပြည်လွတ်မြောက်ရေးသည်မြန်မာနိုင်ငံသားအား
လုံးတို့ ၏တာဝန်သာဖြစ်ပါသည်။မျက်မှောက်နိုင်ငံရေးကိုကြည့်လျှင်ပိုပြီးထင်ရှားပါလိမ့်မည်။ဓမ္မဝါဒကိုလိုလားသည့်သံဃာတော်များကိုယ်တိုင်ပူးပေါင်းပါဝင်လာသည်ကို
တွေ့ ကြရပါမည်။ပြည်တွင်း၏လုပ်ရှားမူ့ များကြောင့်ထွက်ပြေးလာရသူမည်သူ့ ကိုမဆိုကျနော်တို့ ကလက်ခံကြိုဆိုရမည်ဖြစ်ပြီး၊အကျဉ်းကျခံနေကြရသူများကိုလေးစား
ကြရမည်။သေဆုံးသွားသူများ၏ကျေးဇူးကိုကားမမေ့သင့်ပါ။ဒါပင်လျှင်မုသားကင်းသည့်မှန်ကန်သောစကားကိုပြောဆိုခြင်းဖြစ်ပါလိမ့်မည်။
နိုင်ငံရေးတွင်ဘဲဖြစ်ဖြစ်ဘာသာရေးတွင်ဘဲဖြစ်ဖြစ်အားနည်းချက်အားသာချက်ဆိုသည်မှာရှိကြမည်သာဖြစ်ပါသည်။သိုသော်မှန်ကန်သောအားနည်း
ချက်နှင့်မှန်ကန်သောအားသာချက်ကိုအပြစ်မပြောစေလိုပါ။မိမိသည်ဘယ်မျှပါဝင်လုပ်ဆောင်ဖူးသည်ဘယ်မျှပါဝင်ဆောင်ရွက်နိုင်သည်ဆိုသည်ကိုအရင်ဦးစွာသုံးသပ်
ဖို့ လိုပါသည်။ပြီးမှသူတစ်ပါးကိုနိုင်းယှဉ်မည်ဆိုပါကအဖြေတစ်ခုအတွက်မိမိမှာမုသားပြောနေစရာလိုမည်မထင်ပါ။တစ်ပိဿအလေးတစ်တခု၏အချိန်ကိုသိလိုလျှင်ကိုယ်
ကိုယ်တိုင်မကြည့်ပါကသိနိုင်ဘိသကဲ့နိုင်ငံရေးအလုပ်၏အတိမ်အနက်ကိုသိလိုပါလျှင်ကိုယ်ကိုယ်တိုင်လုပ်ဆောင်ကြည့်ပါကသိမည်သာဖြစ်သည်။
ကိုယ်ကိုယ်တိုင်အစမပါအဆုံးမရှိပါဘဲဝေဖန်ရေးသားပြောဆိုနေကြမည့်အစားအကောင်းဆုံးသောအဖြေဖြစ်ပါလိမ့်မည်။မိမိနာမည်ကြီးလိုလျှင်မိမိကြိုးစား
ရပါမည်။သူတစ်ပါးကိုမကောင်းပြောအပြစ်ရှာပြီးမှမိမိတိုးတက်မည့်လမ်းစဉ်ကိုကားရှောင်ရှားသင့်ပါသည်။အထူးသဖြင့်ပြည်ပရောက်နေသူအများစုနိုင်ငံခိုလုံခွင့်ရရှိနေ
ကြသည်မှာမြန်မာ့နိုင်ငံရေးဆောင်ရွက်သူများကြောင့်သာဖြစ်လိမ့်မည်ဟုကျနော်ထင်ပါသည်။တစ်ကယ်တွေးလျှင်တစ်ကယ်သိပါလိမ့်မည်။
တကယ်တော့မြန်မာ့အရေးဆောင်ရွက်နေသူများအားကျနော်တို့ ကကျနော်တို့ မလုပ်နိုင်သည်များကိုလုပ်ကိုင်နေကြသူများ အဖြစ်ဂုဏ်ပြုလေးစား
ထိုက်ပါသည်။ယနေ့ အချိန်သည်ကမ္ဘာ့စီးပွားရေးအကြပ်အတည်းနှင့်ရင်ဆိုင်နေရသောကာလဖြစ်သလိုမြန်မာနိုင်ငံရေးသည်လည်းလည်းရုန်းမထွက်သာသောအကြပ်အတည်း
နဲ့ ရင်ဆိုင်နေရချိန်လည်းဖြစ်ပါသည်။ဒီလိုအချိန်မျိုးမှာမြန်မာ့အရေးဆောင်ရွက်သူအချင်းချင်းသွေးစည်းပူးပေါင်းရမည်သာဖြစ်ပါသည်။အဖွဲ့ အစည်းအားလုံးညီညွတ်ရေးကို
ဦးတည်ကာမုသားဝါဒကိုရှောင်ရှားသင့်ပါသည်။မကြာသောကာလသည် ၂၀၁၀ တည်းဟူသောခုနှစ်ကိုဦးတည်နေပြီလည်းဖြစ်သဖြင့်အားလုံးသွေးစည်းညီညွတ်ရေးတည်းဟူ
သောလမ်းစဉ်အောက်တွင်ဥမကွဲသိုက်မပျက်အတူတကွရှိနေသင့်ပြီသာဖြစ်သည်။မိမိတကယ်စေတနာထားသည်ဆိုလျှင်ထိုစေတနာ၏တန်းဖိုးကိုနားလည်ဖို့ လိုပါသည်။
မိမိတို့ မလုပ်နိုင်သည်ကိုဘေးဖယ်ပြီးလုပ်နိုင်သည့်ခွန်အားကိုသုံးကာအားသွန်ခွန်စိုက်လုပ်ဆောင်ရေးကိုဦးတည်ကြရမည်သာဖြစ်ပါသည်။မဟုတ်မမှန်သော
မုသားကိုပြောဆိုနေကြမည့်အစား"အောင်မြင်းရေးတည်းဟူသောအဖြေကိုရှာဖွေကြပါစို့ " ဟုတိုက်တွန်းလိုက်ရပါသည်။
ပညာကျော်
( အောင်မြင်လိုက၊မုသားပယ်ကြ )
Posted by Sanghaalliance at 12:06 AM 0 comments
Labels: ဆောင်းပါး
မြန်မာ့နိုင်ငံရေးနှင့်မုသာဝါဒ (အပိုင်း-၁)
ပညာကျော်
မြတ်စွာဘုရားက မဟာပဓါန သုတ်တော်တွင် ဟောခဲ့တာ တစ်ခုရှိပါတယ်။ "ဧကံဓမ္မံ အတီတသ ၊ မုသာဝါဒိတ ဇန္တုနော ၊ ဧတေ သုပရ လောကေသု၊ နတ္ထိပါပံ အကာရိယံ" တဲ့ ဆိုလိုတာကတော့ လောကမှာ မုသဝါဒဟာ ကြောက်စရာ အကောင်းဆုံး ရန်သူမည်တယ်လို့  ပြောတာပါ၊။ မုသား စကား တစ်ခွန်းကို ပြောဆိုမိတာနဲ့ ပစ္စုပန် သံသရာ ကောင်းကျိုး ချမ်းသာတွေ အကုန်လုံး လွဲချော်သွားနိုင်တယ်။ဒါကြောင့်လည်း မြတ်စွာဘုရားဟာ မုသဝါဒကို လောကလူသားများ အနေနဲ့ အထူး ရှောင်ကြဉ်ရမည့် တရား တစ်ခုဖြစ်ကြောင်း သတ်မှတ်ခဲ့တာဘဲ ဖြစ်ပါတယ်။ လောကတွင် မကောင်းသော အရာကို ကောင်းတယ်ဟု ပြောဆို ရေးသားပြီး နေကြမည်ဆိုလျှင် လူသား အားလုံးက မကောင်းမူ့ ကို ကောင်းမူ့ ထင်ပြီး ပြုလုပ်ကြမည် ဆိုပါက ဘယ်မှာ လူသားတွေ အတွက် ကောင်းကျိုးကို ရနိုင်ပါမည်နည်း။
လွန်ခဲ့သော ၂၀၀၇ ခုနှစ် စက်တင်ဘာက သံဃာတော်များကို အတုပါဟု ပြောဆိုပြီး ရိုက်နှက်ဖမ်းဆီး ခိုင်းသည့် စစ်ဗိုလ်ကြောင့် အဟုတ်အတု ထင်ကာ ရိုက်နှက်သည့် ရဲဘော်များနှင့် လူများကိုကြည့်လျှင်လည်း သိနိုင်ကြမည်ဟု ထင်ပါသည်။ တကယ်လို့ သာ ထိုသူများကို လမ်းပေါ်ထွက် မေတ္တာ သုတ်ရွတ်တဲ့ သံဃာတွေ အစစ်ပါဆိုလျှင် ဗုဒ္ဓဘာသာဖြစ်သော ထိုသူများ ရိုက်နှက် ဖမ်းဆီး သတ်ဖြတ် ပစ်ခတ်မှုကို ပြုမည် မဟုတ်ပါ။
ထို့ ကြောင့် မုသဝါဒသည် ပစ္စုပန်ကာလကို ရုပ်ဆိုး အကျည်းတန်စေ ဘိသကဲ့သို့ အနာဂတ် မျိုးဆက်သစ်များ ကိုလည်း ယုံမှား သံသယ ဖြစ်စေပါသည်။ အလားတူစွာ လွန်ခဲ့ပြီးသော အတိတ်တွေ မှာလည်း ပြုခဲ့ကြသော လုပ်ငန်းစဉ်များ ကို မှန်ကန်စွာ ရေးသား ပြောဆိုမှု မရှိပါဘဲ ကိုယ်လိုရာ ဆွဲပြောရေးသားမှု တွေကြောင့် ပစ္စုပန်ရှိ လူသားများကို အကျိုးယုတ်စေသည့် ဖြစ်ရပ် ပေါင်းများစွာ ရှိခဲ့ပါသည်။ သို့ ပါသော ကြောင့် လူသားများအဖို့  သမိုင်းကို အမှန်ပြောဆို ရေးသား ဖေါ်ထုတ်နိုင်မှု ကိုသာ ပြုလုပ်သင့်ပါသည်။" မိမိ ပြောဆို ရေးသားသည့် သမိုင်းကြောင်းများ မှာ လွဲမှားနေခဲ့သော ကြောင့် ခေတ်အဆက်ဆက်ရန်ဖြစ် နေရမည့် အဖြစ်မျိုးနဲ့ သာ ကြုံနေရပြီး သတ်ဖြတ် အထင်လွဲမှား နေကြပါမည် ဆိုလျှင် မိမိသည် သမိုင်း၏ တရားခံ ဖြစ်ရုံပင် မကဘဲ ထိုဖြစ်သမျှသော အကြောင်း ရပ်များ၏ ဆိုးကျိုးကိုလည်း မိမိတစ်ဦးတည်း သာမက သားစဉ် မြေးဆက် ခံစား ကြရမည် သာဖြစ် ပါသည်။ "
လူသားတို့  အတွက် မုသာဝါဒဖြစ်ရမှုကို အပိုင်းလိုက် ခွဲခြားကြည့်မည် ဆိုလျှင်
(၁) အချင်းချင်း သဝန်တိုမှုကြောင့် ဖြစ်တည် သည့် မုသာဝါဒ
(၂)အချင်းချင်း ဒေါသကို မှီပြီးဖြစ်သည့် မုသာဝါဒ
(၃)သူတပါးကို ပျက်စီးစေလို သော ကြောင့် ဖြစ်ပေါ်လာသည့် မုသာဝါဒ
(၄)မိမိတွင် ရှိသည်ထက် ပိုမိုထင်ရှားစေလို သည်ကြောင့် ဖြစ်ပေါ်လာသည့် မုသာဝါဒ ဆိုပြီး အပိုင်း လေးပိုင်းခွဲကာ လေ့လာနိုင်ပါသည်။
ယနေ့  မျက်မှောက်ခေတ်နှင့် လူ့ ဘဝတစ်လျှောက်တွင် လူသားများ ရင်ဆိုင်နေရသည့် အဓိက မုသာဝါဒများဟု ဆိုလျှင်လည်း မှားမည် မထင်ပါ။
မြန်မာ့သမိုင်းနှင့် ကမ္ဘာ့ သမိုင်းတစ်လျှောက်တွင် ဖြစ်ပေါ်ခဲ့သည့် စစ်ပွဲများနှင့် အချင်းချင်း အာဏာလု ဗိုလ်ကျ စိုးမိုးရေး စနစ်များ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများမှာ ဖေါ်ပြပါ အချက်များကြောင့် ဖြစ်သည်ကို အများဆုံး တွေ့ ရပါလိမ့်မည်။
ဥပမာ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရခြင်းမှာ ဂဋုန်ဦးစော၏ အာဏာကို မတရားရယူလို မှုနဲ့  အင်္ဂလိပ်တို့ ၏ မြောက်ပင့် ပြောဆိုခြင်း မုသာဝါဒကြောင့် ဟုပြောဆိုရပါမည်။ တကယ် လေးနက်စွာ တွေးလျှင် ဖေါ်ပြပါအချက် ( ၁၊၃၊၄)တို့ နှင့် တပါတည်း ပါဝင် ပတ်သက် နေသည်ကို တွေ့ ရပါလိမ့်မည်။
မြန်မာ့ လွတ်လပ်ရေးကို ရှေ့ ဆောင် လမ်းပြပေးခဲ့သော ဆရာတော် ဦးဥတ္တမ ပုဇွန်တောင် အမိုက်ပုံတွင်ကွယ်လွန် ခဲ့ရခြင်းမှာလည်း ဖေါ်ပြပါအကြောင်းရင်းများ ကြောင့်ပင်ဖြစ်ပါသည်။ တကယ် အမှန်ဆိုလျှင် မြန်မာ
နိုင်ငံရေး လောက တစ်လျှောက်တွင် ဦးဆောင်သူ အားလုံးမှာ မုသာဝါဒီတို့ ၏ လက်ချက်ကြောင့် အသက် ဆုံးရူံးနေကြ ရသည်သာ ဖြစ်ပါသည်။ လွန်ခဲ့သောအတိတ် သည်ကား ကမ္ဘာ့လူသားများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မှု အားနည်းချက်များ ကြောင့်ဆိုလျှင် လက်ခံနိုင်စရာ အကြောင်းရှိ ဘိသကဲ့သို့  မြန်မာလူထုတို့ ၏ ဗဟုသုတ နိုင်ငံရေး အမြင်၊ ပညာရေး အမြင် စသော နည်းပညာရပ်များ အားနည်းခြင်း ကြောင့်သာ ဖြစ်ပါ လိမ့် မည်ဟု ကျနော်တို့  အားလုံး နားလည် နိုင်ကြပါလိမ့်မည်။
ယနေ့ သည် ဂလိုဘယ်လိုက်ဇေးရှင်းခေါ် အိုင်တီ နည်းပညာရပ်များ ထွန်းကားကာ လူသားတိုင်း ပြည့်ဝသည့် လူ့ အခွင့်အရေးကို လိုလား နေကြပြီး စစ်မှန်သည့် ဒီမိုကရေစီရေးကို လိုလား လာကြသည်။ ဒီမိုကရေစီကိုကျင့် သုံးသဖြင့် လူ့ မှုဘဝ မြင့်မား လာသည် ကိုလည်း မြင်တွေ့  နေကြရသည်။
အာဏာရှင် စနစ်ဆိုးများကို မုန်းတီးကာ တော်လှန် တိုက်ပွဲ ဝင်နေကြသည့် လူပုဂ္ဂိုလ်များ ကမ္ဘာနှင့် အဝှမ်းတွင် ရှိနေကြသည်။ မြန်မာတို့ သည် ၁၉၈၈ ခုနှစ်မှစတင်ကာ တစ်ပါတီ အာဏာရှင် စနစ်ကို တော်လှန်လာကြ သည်မှာ ယနေ့ အချိန်ထိ ဖြစ်သည်။ အနှစ်(၂၀)ကာလ အတွင်းတွင် အာဏာရှင်တို့ ၏ ရက်စက်မှုများ ကြောင့် အသက်ဆုံး ဘဝပျက် သွားရသည့် ရဟန်းရှင်လူ အများအပြား ရှိသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့ မြင် နေကြရ ပြီးဖြစ်သည်။ ကျနော်တို့ တိုက်ပွဲ မအောင်မြင်ရခြင်းမှာ အာဏာရှင်၏ အချင်းချင်း သွေးခွဲကာ မဟုတ်မမှန် လုပ်ဇာတ်ခင်း ကျင့်သုံးနေသည့်မုသာ ဝါဒကြောင့် ဖြစ်သည်ဆိုလျှင် လက်မခံနိုင်စရာရှိမည်မထင်ပါ။
ကျနော်တို့  အားလုံးသည် စစ်အာဏာရှင်တို့ ၏ အကျင့်စရိုက် လက္ခဏာကို သိရှိနေကြပြီး ဖြစ်သော်လည်း သူတို့ ဆွဲကိုင်ရာ မုသာဝါဒကိုကား မတော်လှန် နိုင်ခဲ့ဟု ဆိုရပါမည်။ အထူး ဝမ်းနည်းစရာ ကောင်းသည်ကား အာဏာရှင်တို့ ၏ မုသာဝါဒအစား တော်လှန်ရေး ရဲဘော် အချင်းချင်းတို့ ကြားတွင် မလိုအပ်ဘဲ ဖြစ်ပေါ်နေသော မုသာဝါဒ တိုးပွားလာ ခြင်းပင်ဖြစ်သည်။ ကျနော်တို့ ရဲဘော်များသည် မြန်မာ့ ဒီမိုကရေစီရေး အတွက် ဘဝစွန့် တိုက်ပွဲဝင် နေကြပါလျှက် ဘာကြောင့် ကိုယ့်အချင်းချင်း မလိုလားအပ်သော မုသာဝါဒတွေနဲ့  မဟုတ် မမှန် သွားပုတ် လေလွင့် ပြောဆို ကျင့်သုံး နေကြပါသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
အဖွဲ့ အစည်း အချင်းချင်း ဝေဖန် ပြောဆိုမှုတွေ သာမကဘဲ အဖွဲ့ တူ အချင်းချင်း ပြောဆိုပုတ်ခတ်မူ့ တွေပါတိုးပွား လာနေသည်။ တချို့တွေက ပြောကြပါသည်။ အချင်းချင်း သဘောထား မတူညီမူသည် ဒီမိုကရေစီဟု ပြော ပါ သည်။ ဟုတ်ပါသည် သဘောထား မတူညီသည်ကို ညှိနှိုင်းယူခြင်းက ကောင်းသော စည်းလုံး ညီညွတ်မှုကို ဖြစ်စေ သကဲ့သို့  အားလုံး၏ ဆန္ဒနှင့် လျော်ညီသော လမ်းစဉ် တခုကို ရရှိနိုင် စေပါလိမ့်မည်။ သို့ သော် နောက် ကွယ်တွင် ပြောဆိုနေကြသော ပုတ်ခတ် စော်ကားမှုများမှာ ဒီမိုကရေစီကို မဖြစ်စေနိုင် ဆိုသည်ကိုလည်း နားလည် ကြရ ပါလိမ့်မည်။
တကယ်ဆိုလျှင် ယနေ့  မြန်မာ့နိုင်ငံရေး လောကတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တကယ့်အပင်ပန်း အဆင်းရဲခံကာ တိုက်ပွဲဝင်နေသော ရဲဘော်များမှာ ကျောင်းသားများသာ ဖြစ်သည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ ရှစ်လေးလုံးနဲ့ အတူ မွေးဖွားလာသည့် အဖွဲ့ အစည်းများထဲတွင် ကျောင်းသား တပ်မတော်သည် ထင်ရှားခဲ့သကဲ့သို့  ရဟန်းပျို သမဂ္ဂသည်လည်း ထင်ရှားသော အဖွဲ့ အစည်း တစ်ခုဖြစ်ခဲ့ ပါသည်။ တခြားသော အဖွဲ့ အစည်း တော်တော်များများ သည်လည်း ရှစ်လေးလုံး၏ သန္ဓေတည် မွေးဖွားမှုများသာ ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် အဖွဲ့ အစည်းများ အားလုံး ဒီမိုကရေစီရေး တိုက်ပွဲဝင်များသာ ဖြစ်သည်။ ကျနော်တို့ သည် လူပေါင်း များစွာနဲ့  ဖွဲ့ စည်းထားသော အဖွဲ့ စည်းပေါင်းများစွာ ဖြစ်သော်လည်း တခုတည်းသော ဦးတည်ချက်မှာ တူညီနေသည် ကိုလည်း တွေ့ ရ ပါသည်။ ထိုအဖွဲ့  အများစုမှာ ထိုင်းမြန်မာ နယ်စပ်တွင် အခြေပြုသလို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ တွင် အများအပြား အခြေပြု လှုပ်ရှားနေကြ ခြင်း ဖြစ်ပါသည်။ ထိုသူများ အားလုံးမှာ ကျနော်တို့ ၏ လေးစားရသော သူများမဟုတ်ခဲ့တောင် ကျနော်တို့ အတွက် မကောင်းပြောရမည့် သူများလည်း မဟုတ်ပါ။
မြတ်စွာဘုရားသည် ကာလာမသုတ်တွင် ဟောကြား ခဲ့သည်မှာ " ချစ်သားတို့ ငါဘုရား ဟောသော တရားကိုလည်း မှန်သည်ဟု မဆိုရာ။တခြားသော သူများ ပြောသည်ကိုလည်း မှန်သည်ဟု မဆိုရာ။ လောကယုတ္တိ၊ အာဂါမ ယုတ္တိ၊ သဘာဝ ယုတ္တိ စသည့် ယုတ္တိသုံးပါးနှင့် ညီမှယုံပါ။" ဟု မိန့် တော်မူ ခဲ့ပါသည်။
Posted by Sanghaalliance at 12:03 AM 0 comments
Labels: ဆောင်းပါး
မြန်မာစစ်တပ် အမှိုက်ရှင်းနည်း
တပ်မတော်အရာရှိတဦး
ခေတ်ပြိုင်မှကူးယူဖေါ်ပြပါသည်။
ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ "မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ" ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့ တပ် ရင်း တွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေ မှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက် ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။
အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်း ဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။
ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာ တွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေး မေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသား တွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက် ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အ သေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီး ရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက် ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင် ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။
ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်း အချုပ် ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေ တတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆို တဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်း ဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေ မရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။
အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်း ရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင် ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ် ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ် ၀တ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။
ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံး ရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။
မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အ ရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် မောင်ဘို ဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာ အကွယ် ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်း စစ် ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူ ကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့ နေရပါတယ်။
အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့် လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။
ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်း အား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ် တင်ပြ ပေးပို့လိုက်ပါတယ်။
Posted by Sanghaalliance at 12:01 AM 0 comments
Labels: ဆောင်းပါး
Tuesday, December 23, 2008
နအဖ ခေါင်းဆောင်များကို မဟနဆရာတော်ကြီးများ ဟောကြားသင့်သော ဇာတ်တော်တစ်ခု
မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်နေတာဟာ န အ ဖ စစ်အုပ်စု မတရားဖိနှိပ် အုပ် ချုပ်နေတာကြောင့်ဖြစ်ပါတယ်။ န အ ဖ မတရား ဖိနှိပ်အုပ်ချုပ်နေတာကို နိုင်ငံဥသျှောင်ဖြစ်တဲ့ မ ဟ န ဆရာတော်ကြီးတွေက အမှန်တရားကို သိသော်လည်း မဟရဲ မဟောရဲ မပြောရဲ (ဘယာဂတိ) ဖြစ်နေကြပါတယ်။ ဒါကြောင့် မ ဟ န ဆရာ တော်ကြီးတွေက န အ ဖ စစ်အုပ်စုကို ဟောကြားသင့်တဲ့ ဖာတ်တော်တခုကို တင်ပြ လိုက်ပါတယ်။ ဇာတ်တော်မှာပါတဲ့ အဖြစ်အပျက်တွေက ယနေ့မြန်မာပြည်မှာ ဖြစ်ပျက်နေတာ နှင့် ထပ်တူနီးပါးဖြစ်နေတာကြောင့် ဒီဇာတ်တော်ကို တင်ပြလိုက်ရတာပါ။
မဟန ဆရာတော် အချို့က ဘုရားဟောမဟုတ်တာတွေကို မဟောရဘူးဆိုလို့ ဘုရားဟောဇာတ်တော် တစ်ပုဒ်ကို တင်ပြလိုက်တာ ဖြစ်ပါတယ်။
ဂန္ဓတိန္ဒုက ဇာတ်တော်
ရှေးအခါက ကပိလတိုင်း ဥတ္တရပဉ္ဖာလပြည်မှာ ပဉ္ဖာလဆိုတဲ့ မင်းကြီးအုပ်ချုပ်စိုးစံသတဲ့။ ထိုပဉ္ဖာလမင်းဟာ အဂတိတရား လိုက်စားပြီး မင်းကျင့်တရားများကို မေ့လျော့နေပါသတဲ့။
အဂတိတရား ၄-ပါးဆိုတာက
(၁) ဆန္ဒာဂတိ= ချစ်တဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၂)ဒေါသာဂတိ= မုန်းတဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၃) ဘယာဂတိ=ကြောက်တဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၄)မောဟာဂတိ= မသိတဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်းဖြစ်ပါတယ်။
မင်းဖြစ်သူဟာဤလို ဂတိတရား လိုက်စားပြီး တရားမှန်ကို လက်လွတ်ခဲ့တဲ့အတွက် မင်းမှုထမ်း အားလုံးဟာလည်း တရားမစောင့်ကြတော့ဘူး၊ ကိုယ်ရထားတဲ့ အာဏာအခွင့်အရေးများနှင့် လူထုကို အမျိုးမျိုးနှိပ်စက်ကြတယ်။ အစိုးရလုပ်သူများ တရားပျက်လွန်းတဲ့အတွက် သူခိုးဓားပြများလည်းထကြွကြတယ်။ ဒါကြောင့်လူထုဟာ နေ့အချိန် မင်းနှိပ်စက် ခံကြရပြီး ညဉ့်အချိန်း သူခိုးဓားပြများရဲ့ အနှိပ်စက်ကို ခံနေကြရတယ်။ သို့သော်လည်း ဒီအကြောင်း တွေကို ပဉ္ဖာလမင်းဟာ ဘာမှမသိဘူး ။ သိအောင်လည်းမလေ့လာဘဲ နန်းတော်အတွင်း ဇိမ်ယစ်နေပြီးသာ နေပါသတဲ့။
ထိုစဉ် ဘုရားအလောင်းတော်ဟာ မြို့အ ပြင် တည်ပင်ကြီးမှာ ရုက္ခစိုးနတ်ဖြစ်လို့ နှစ်တိုင်း နှစ်တိုင်း မင်းရဲထံက အဖိုးတစ်ထောင်ထိုက် တဲ့ ပူဇော်သက္ကာရများကိုရပါတယ်။ ရက္ခစိုးနတ်မင်းဟာ ဒီလိုမင်းရဲ့ ပူဇော်မှုကို ရပေမယ့် မင်းအကျင့်ပျက် နေတာ ကိုတော့မကျေနပ်ဘူး၊ ဒီမင်းဟာ တရားမှန် သိအောင်ဘယ်လို လုပ်ရမလဲလို့ အမြဲကြံနေပါတယ်။
တစ်ရက်တော့ ရုက္ခစိုးနတ်မင်းရဲ့ စိတ်ထဲမှာ အကြံဖြစ်ပေါ်လာတယ်၊ “မင်းဖျက်ဆီးလို့ တိုင်းပြည်အလုံးတော့ မီးဟုန်ဟုန်တောက်နေပြီ၊ ဒါပေမယ့် ဒီမင်းယုတ်ဟာ ဘာမှ သတိမထားဘူး၊ သူဟာ ငါ့ကို တစ်နှစ် တစ်ထောင်တန် ပူဇော်ထားတဲ့အတွက် သူ့ကျေးဇူး
ငါ့မှာရှိနေတယ်၊ သူ့ကျေးဇူးကို ဆပ်တဲ့သဘောထားနှင့် အမြင်မှန်ရအောင် ပြောမှတော်မယ်”လို့ ညဉ့်အခါ မင်းစက်ရာ တိုက်ခန်းဝင်ပြီး ကောင်းကင်က ကိုယ်ရောင်ပြလိုက်တယ်၊ နတ်ရဲ့ ကိုယ်ရောင်ကြောင့် မင်းဟာ အိပ်စက်ရာကနေလန့်နိုးပြီး ကြည်လိုက်တော့ သူ့ခေါင်းပေါ်က နတ်သားကိုမြင်တဲ့အတွက်--.
“အသင် ဘယ်သူလဲ’”လို့ အိပ်ရာကနေ ထယင်းမေးလိုက်တယ်။
“ငါ တည်ပင်စောင့်နတ်ဖြစ်တယ်”
“ဘယ်ကိစ္စ ကြွလာပါသ လဲ နတ်မင်း?
“သင်မင်းကြီးကို ဆုံးမချင်လို့လာချင်ဖြစ်တယ်”
“ဘာများ ဆူံးမချင်ပါသလဲ?
“သင်မင်းကြီးဟာ အဂတိတရား လိုက်စားပြီး မေ့မေ့လျော့လျော့ မင်းလုပ်နေတဲ့အတွက်
ယခုတိုင်း သူပြည်သားတွေ အင်မတန်ဆင်းရဲကုန်ပြီ၊
ဒီအကြောင်းကို အသင်မင်းကြီးသိရဲ့လား?
“မသိပါဘူး၊ အရှင်နတ်မင်း”
“အသင် ဘယ်မှာသိမှာလဲ- ကိုယ်ကျိုးကိုသာ ကြည့်ပြီး သူများအကျိုးတော့ မကြည့်တတ်ဘဲကိုး ၊ မင်းဆိုတာ ဒီလို ကိုကျိုးသာ မကြည့်ရဘူး၊ တိုင်းသူပြည်သား အများချမ်းသာအောင်လည်း မြင်အောင်ကြည့်တတ်ရတယ်၊ ခုတော့ သင်က တိုင်းပြည်ခေါင်းဆောင် လုပ်ပြီး တရားပျက်လေတော့ သင့်လက်အောက်က လခစားအားလုံးဟာလည်း တရားမကပ်ကြတော့ဘူး၊ လက်လှမ်းမီသလောက် လူထုထံက နိုက်ယူနေကြပြီ၊ ငါပြောတာ ဟုတ်,မဟုတ်သိအောင် သင်ကိုယ်တိုင် စုံစမ်းပေတော့”လို့
ရုက္ခစိုးနတ်မင်းဟာ မင်းကို ဆုံးမ ပြောဆိုပြီး နေရာဗိမာန်ကို ပြန်သွားတယ်။
ပဉ္စာ လမင်းလည်း ရုက္ခစိုးနတ်မင်းရဲ့ စကားကိုကြားတော့ အမတန်ထိတ်လန့်ပြီး မိုးလင်းတဲ့အခါ တိုင်းပြည်ကိုမှုးမတ်များထံ အပ်နှံကာ ပုရောဟိတ်နှင့် အတူ မထင်မရှား စနည်းနာထွက်ခြဲ့ကတယ်၊ ရှေးဦးစွာ အရှေ့တံခါးက ထွက်လာလိုက်တာ တစ်ယူဇနာလောက် ရောက်လျင်ပင် လမ်းဘေးမှာ လူအို တစ်ယောက် ဆဲရေးယင်း ခြေဖ၀ါး ဆူးထွင်နေတာကို တွေ့ကြရတယ်၊ “ဆဲရေးပုံကတော့ ငါဆူးစူးခံရသလို ပဉ္စာလမင်းလည်း စစ်မြေပြင်မှာ မြားစူးပါစေ”တဲ့
ဒီစကားဟာ မင်းနှင့် ပုရောဟိတ် ကြားတော့ အနီးချဉ်းကပါပြီးပုရောဟိတ်က
“ဘယ်နှယ်--အဖိုးကြီး ခင်ဗျားဟာမျက်စိမွဲလို့ ဆူးနှင်းမိတာကို ဘာကြောင့် မင်းကိုကျိန်ဆဲရလည်းဗျ. မေးတယ်.။ ဒီတော့ အဖိုးအိုက” အလိုပုရောဟိတ်ကြီးတို့ ပါကလား၊ ဒီလိုပါ ။ ခင်ဗျား….က
ဒီနယ်သား မဟုတ်ဘူးထင်တယ်၊ ကျုပ်တို့နေမြေမှာ မင်းဖြစ်နေပုံက မင်းက အခွန်ကောက်
တောင်းလွန်းတယ်၊ ချောပို့ ၀န်ထမ်းစတဲ့ မင်းကိစ္စတွေကလည်းအင်မတန်များတယ်။
မင်းကတရားမစောင့်တော့ မင်းမှူထမ်းတွေကလည်း မြင်တာကိုဆွဲနေကြတယ်၊ ဒါပေမယ့်သူတို့က ကျုပ်တို့ကိုတော့ ဘာအကာအကွယ်မှမပေးဘူး၊ ည,ည ဆို သူခိုး ဓားမြ နှိပ်စက်လွန်းလို့ ပုန်းအိပ်ကြရတယ်၊ ဒါကြောင့် လူထုဟာ မင်းဘေး သူခိုးဘေး ကြောက်တဲ့အတွက် နည်းနည်းပဲသက်သာ သက်သာဆိုတဲ့ သဘောနှင့် ဆူးခက်တွေယူပြီ ပုန်းအောင်းဖို့ရာ လုပ်ကြတယ်၊ ဒီဆူးခက်တွေက ကျုပ်ကိုစူးတာ ၊ကျုပ်မျက်စိမွဲလို့ မဟုတ်ပါဘူး၊ ဒီတော့ ကျုပ် မင်းကို မကျိန်ဆဲရင် ဘယ်သူ့ ကျိန်ဆဲရဲ ရမှာတုံး ကို ပုရောဟိတ် ကြီးရယ် လို့ပြောလိုက်တယ်။
သူအိုရဲ့ စကားကို ကြားတော့ မင်းက ပုရောဟိတ်ကို ဆွဲခေါ်ပြီး”ဟုတ်ပါရဲ့ ကျိန်ဆဲလည်း ကျိန်ဆဲစရာ ဖြစ်နေပြီ။ ဒီလိုဆို လူတွေဆင်းရဲ ကုန်တာအမှန်ပဲ၊ ကိုင်း နန်းတော်ပြန်ပြီး
တရားနှင့်အညီ အုပ်ချုပ် ကြပါစို့ လို့ပြောသတဲ့၊ ပုရောဟိတ်က ’ဒီလောက် ပြောစကားလေးနှင့်
မယုံပါနှင့်ဦး အရှင် မင်းကြီး။ ရှေ့ဆက် စုံစမ်းပါစို့ လို့ ဆိုပြီး ဆက်ပြီးလာကြသတဲ့။ မ ကြာမီ သစ်ပင်ပေါ်က လိမ့်ကျတဲ့ မိန်းမအိုတစ်ယောက် နှင့် တွေ့ကြပြန်ရော့၊ မိန့်မအို ဟာ ကျရာက လူးလဲထပြီး။။
‘’အဟီး …….ဟီး ဒီမင်းယုတ်က ဘယ်တော့ သေမှာတဲ့လဲ၊ ဒီ မင်းယုတ်ကြောင်း ကျုပ်သမီး နှစ်ယောက် လင်ရချိန်တောင် လွန်လာပြီ တော်။ သူတို့ဟာသူတို့ အချိန်မီလင်ရလျင် ကျုပ်အပူ
ဘာမျှမရှိဘူး၊ ခုတော့ သူတို့ အပူ ကျုပ်အပူ ဖြစ်နေသတော့ ဟီးဟီး လို့ ငိုလိုက်ပါသတဲ့။
ဒီလို ငိုသံကြားတော့ ပုရောဟိတ်က ‘’ဗျို့ အမယ်ကြီး……..ခင်ဗျား ငိုပုံက ဆန်းလှချည့်လား၊
ခင်ဗျား သမီးနှစ်ယောက် လင်မရတာ ရှင်ဘုရင်နှင့် ဘာဆိုင်သတုံးဗျ။။
ဆိုင်ပါသော်ကော ပုရောဟိတ်ရယ်။ ဆိုင်ပုံကို ပြောပါရစေဦး။ ကျွန် မတို့ မင်းဟာ အခွန်အတုတ်တွေကိုတော့ မရ ရတဲ့နည်းနှင့် ကောင်ခံယူတယ်၊ တိုင်းပြည်ကိုတော့ မစောင့်ရှောက်ဘူး၊ ခုအခါ ညဆိုလျင် သူခိုးဓားမြက နှိပ်စက်တယ်၊ နေ့ကို အခွန်တောင်းတဲ့
မင်းချင်းများက နှိပ်စက်တယ်၊ မင်းက တရားမစောင့်တော့ မင်းမှူထမ်းများကလည်း တရားမစောင့်ကြဘူး၊
ဖြစ်တဲ့နည်းနဲ့ လုထုအပေါ် နှိပ်စက်ပြီး လုထုအပေါ် လုယူနေကြပါတယ်၊ မင်းမှူထမ်းများ တရား ပျက်တဲ့ အတွက် လူထုမှာ အသက်မွေးမှု ခဲ့ယဉ်းလာကြတယ်၊ ခုဆိုလျှင် အရွယ်ရောက်တဲ့ ကလေးတွေမှာ ၀မ်းဝအောင် စားလောက်တဲ့ အလုပ် မရှိရှာ ကြတော့ဘူး၊ အလုပ်မရှိတော့ မကျွေးနိင်တော့ မယားမယူ ကြတော့ဘူး၊ ဒါကြောင့် ကျွန်မ သမီးများ လင်မရခြင်းဖြစ်ပါတယ်၊
သမီးများ လင်မရတော့ ကျွန်မ ဆင်းရဲဒုက္ခ ကြုံရပါတယ်၊
မိန်မအိုက ဒီလိုပြောတော့ ဘုရင် က် ‘”သူပြောတာ ဟုတ်တယ် ပုရောဟိတ်ရေ၊ ရှေ့ဆက်သွားလိုက်ကြဦးစို့ လို ဆိုပြီး ရှေ့ဆက်သွားကြ သတဲ့၊ မကြာခင် လယ်သမားတစ်ဦးရဲ့ ဆဲသံ ကို ကြားကြပြန်သတဲ့ ၊ လယ်သမားရဲ့ နွားကြီးဟာ ထွန်သွားနဲ့ ထိုးမိလို့ လဲကျသွားရာမှာ လယ်သမား ‘ ငါနွားကြီး ထွန်သွားထိုးမိလို့ လဲကျသွားသလို ပဉ္စာလမင်းလည်း စစ်မြေပြင်မှာ
လှံထိုးမိလို့ လဲကျပါစေ၊ ကျိန်းသကိုး၊ ဒီတော့ ပုရောဟိတ်က “ဟိတ်… ဟေ့ လယ်သမား……. နွား ထွန်သွားထိုးမိတာနှင့် ဘာကြောင့် မင်းကို ကျိန်ဆဲရသလဲ လို့ မေးသတဲ့ ၊ဒီတော့လယ်သမားက…
“တိုင်းပြည်ကြီး ပျက်စီးနေတာ ခင်ဗျားမသိဘူးလား၊ နေ့ကို မင်းကနှိပ်စက်၊ ညကို သူခိုးဓားမြက နှိပ်စက်နှင့် လူကောင်းတွေ ဆင်းရဲကုန်ပြီ၊ ကျုပ်မိန်းမကိုလည်း မင်းမှုထမ်းများက ဘယ်ကို ချောပို့ခိုင်းပြန်ပြီလဲ မသိဘူး။၊ ထမင်းပို့ချိန်ရောက်နေပြီ၊ ခုထိ ထမင်းပို့မလာသေးဘူး၊ သူကိုမျှော်ရတာနှင် နွားကို ထိုးမိသွားပြီ၊ ဒီအရေးမှာ ဘယ်သူကိုဆဲရေးရမလဲ၊ မင်းပဲဆဲရမှာပဲ လို့ ပြန်ပြောတော့ မင့်းနှင့် ပုရောဟိတ် လည်း ဟုတ်တယ် ဟုတ်တယ် ပြန်ပြောပြီး လယ်တောက ရွာထဲဝင်ကြပြန်တယ်၊
သူတို့လဲ ရွာကိုရောက်လို့မကြာမီပင် နို့ညှစ်ယောကျာ်း နွားကန်လို့ လိမ့်သွားတာနှင့် ကြုံကြပြန်တယ်၊ နို့ညှစ်ယောကျာ်းက လိမ့်ရာက ထပြီး သူနှင့်အတူ လိမ့်သွားတဲ့ နို့ရည်အိုးကို
် ကောက်ယူယင်း ငါနှင့် နို့ ရည်အိုး နွားကန်လို့ လိမ့်သလို့ ပဉ္စာလမင်း လည်း စစ်မြေပြင်မှာ ရန်သူရဲ့ သန်လျက်ဖြင့် အခုတ်ခံရလိုသေပါစေ လို့ကျိန်ပြန်သတဲ့ ၊နို့ညှစ်ယောကျာ်း ကျိန်သံကြားတော့ ပုရောဟိတ်က
ဟေ့လူ ……..မင်းကို နွားကန်တာနှင့်ဘယ့်နှယ်ကြောင့် မင်းကြီး ကိုကျိန်ဆဲးရတာတုံး လို့ မေးပြန်တယ်၊ ဒီတော့ နို့ညှစ်ယောကျာ်းက …. မပြောချင်ပါဘူး ပုရောဟိတ်ကြီးရယ်၊ ကျုပ်တို့မင်းက တရားမစောင့်ဘူး။ သူ့လူ လခစားတွေကလည်း တရားမစောင့်တော့ဘူးဗျ၊
ဟောဒီ နွားမဟာ ကျွန်တော်ညှစ်နေကျ မဟုတ်ပါဘူး၊ လခစား မင်းချင်းများက နွားနို့ ပေးရမယ် ဆင့်လေတော့ ၀ယ်မပေးနိုင်တဲ့အတွက် ညှစ်ရာက ခုလို အကန်ခံရတော့တာပါပဲ၊
ဒါကြောင့် စိတ်ညှစ်ညှစ်နှင့် မင်းကို ကျိန်ဆဲမိတော့တာပါပဲခင်ဗျာ လို့ပြောပါတယ်၊
မင်းနှင့်ပုရောဟိတ်တို့လည်း …… အင်းဟုတ်တယ် ဟုတ်တယ် လို့ခေါင်းညိတ်ပြီး ရှေ့ဆက်လာကြတော့ ဘွတ်အဲ ဘွတ်အဲနဲ့ တွန်အော်နေတဲ့ နွားမကြီးကို ကြည့်ပြီး ‘’ဒီနွားမကြီး သားနှင့် ကင်းပြီး ဆင်းရဲရသလို ပဉ္စာလမင်းကြီးလည်း သားနှင့် ကွေကွင်းပြီး ဆင်းရဲဒုက္ခရောက်ါပါစေ လို ကျိန်ဆဲနေကြတဲ့ လူငယ်တစ်စုနှင့် တွေ့ပြန်တယ်၊ဒီတော့ ပုရောဟိတ်က ………………….မေးတော့..။
ဟေ့လူ နွားမကြီး အော်နေတာ အလကား မဟုတ်ဘူးဗျ၊ူ သူသားနွားပြောက်ကလေးကို မင်းချင်းများက သန်လျက်အိမ်လုပ်ဖို့ နွားပြောက် သားရေ လိုချင်တယ်ဆိုပြီး သတ်သွားကြတာ၊ မင်းကတရားမစောင့်တော့ သူ့လူတွေကလည်း တရားမစောင့်ကြတော့ဘူး၊ ဒါကြောင့် မင်းကိုကျိန်ဆဲရတာလို့ ပြန်ပြောကြ သတဲ့။ မင်းနှင့် ပုရောဟိတ်ကလည်း “ဟုတ်ပ ဟုတ်ပ၊ ကျိန်သင့်စွ ကျိန်သင့်စွ ဆိုပြီး ဆက်အသွား၊ ခရီးအကြားရေခန်းတဲ့ အိုင်ထဲမှာ ကျီးအထိုးခံနေရတဲ့ ဖားများနှင့် တွေ့ကြပါရော၊ ဖားတွေက ကျီးတွေရဲ့ အထိုးအဆွကို ခံရလေတော့ မခံမရပ်နိုင်ဖြစ်ပြီး၊……….
“ငါတို့ကို ကျီးတွေ ထိုးဆွသလို ပဉ္စာလမင်းနှင့် သူ့ ရဲသားဟာလည်း စစ်ထိုးရာမှာ ကျဆုံးလို့ ကျီးလင်းတ များ ထိုးဆွစားသောက်ခြင်းကို ခံရသည်ဖြစ်ပါစေ”လို့ ကျိန်ဆဲကြသတဲ့၊ ကျိန်ဆဲတဲ့ ဖားရဲ့ စကားအဓိပ္ပာယ်ကို တည်ပင်စောင့် နတ်ရဲ့ အာနုဘော်ကြောင့် မင်းနှင့် ပုရောဟိတ်တို့ နားလည်းကြပါသတဲ့၊ ဒါကြောင့် ပုရောဟိတ်က ဖားများထံ ချဉ်းကပြီး၊
“သင်တို့ကို ကျီးထိုးတာနှင့် ဘာကြောင့် မင်းကြီးကို ကျိန်ဆဲရတာလဲ”လိုမေးလိုက်ပါတယ်။
ဖားများက “အရှင် ပုရောဟိတ် ………မင်းကြီးတရားစောင့်ပါလျင် ဤတိုင်းပြည်ဟာ စည်ပင်သာယာ ၀ပြောမှာ အမှန်ဖြစ်ပါတယ်၊ တိုင်းပြည် စည်ပင်သာယာဝပြောခဲ့လျှင် အစားစာ ပေါ်များလို့ ကျီးကန်းများလည်း ကျွန်တော်တို့လို ဖားစုတ်တွေရဲ့ အသားကို ထိုးဆွ စားသောက်ကြမှာ မဟုတ်ပါဘူး၊ ခုတော့တိုင်းပြည် အရှင်သခင်ဖြစ်တဲ့ မင်းက တရားမစောင့်တဲ့အတွက် မင်းမှုထမ်းများကလည်း တရားမစောင့်ကြဘူး၊ မင်းမှူထမ်းများ တရားမစောင့်တဲ့အတွက် တိုင်းပြည် လူထုတွေလည်း တရားမစောင့်ကြဘူး၊ အားလုံးပျက်ကြတော့ မိုးလေ၀သက မမှန်ကန်ဘူး၊ မိုးလေ၀သက မမှန်ကန်တော့ ဆန်ရေ စပါးအစားအစာရှားပါးပြီ စားစရာ မရှိတော့ ကျီးတွေဟာ ကျုပ်တို့ကို အစာလုပ်ကြတော့တာပါပဲ၊ ဒါကြောင့် ကျုပ်တိုကို ထိုးဆွတာကကျီး၊ ကျုပ်တို့ကျိန်ဆဲတာက မင်းဖြစ်ပါတယ် “လိုပြန်ပြောပါသတဲ့၊ ဖားရဲ့စကားကြားတော့ မင်းနှင့် ပုရောဟိတ်တို့ဟာ”တောမှာနေတဲ့ ဖားကစပြီး ငါတို့ကို ကျိန်ဆဲကုန်ပြီ၊ တရားနှင့်အညီ မင်းပြုမှတော်ပေမယ်’’ လို့ နန်းတော်ကို ပြန်ပြီ တရားနှင့် အညီမင်းပြုပါသတဲ့……..။ ဒီလောက်ဆိုရင် တိုင်းပြည် ဆင်းရဲတွင်း နက် နေတာ ဟာ န အ ဖ ကြောင့် ဟုတ်၊ မဟူတ်။ ပြည် သူတွေ ငတ်နေတာ န အ ဖ နဲ့ ဆိုင်၊ မဆိုင် ဆိုတာကို သက်ဆိုင်သူတွေ သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဇာတော်က တော့ဒီလောက်ပါပဲ။
Lankaမြေ
http://lanka-msma.blogspot.com
Posted by Sanghaalliance at 11:55 PM 0 comments
Labels: ဆောင်းပါး
မဟာချိုင်မှာအလုပ်သမားများအလုပ်ထုတ်ခံရပြန်ပြီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်ဖက်ရှိ မဟာချိုင်နယ်မြေ ကီလိုစီစုန် မုန်းမိုင် ရှိ အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမား အမြောက်အများ အလုပ် ထုတ်ခံရသည်။ မြန်မာ လုပ်သမားများ အခေါ်CD အလုပ်ရုံမှ မြန်မာ အလုပ်သမား ၄၀၀ကျော်ခန့်ကို နှစ်ပါတ်အတွင်း ထုတ်ပယ် လိုက်ပြီး ဖြစ်သည်။
ယမန်နေ့က အလုပ်ထုတ် ခံရသော အလုပ်သမားဧ။် ညီမ၊ သူမကိုယ်တိုင် ပြီးခဲ့သည့် တနင်္လာနေ့က အလုပ်ထုတ်ခံရသူ မိုးခိုင်(ခေါ်)ဝေက (ကျမတို့ အလုပ်ဆင်း သွားတာနဲ့ အလုပ်ဖြုတ် လိုက်ပြီိလို့ အလုပ် သမား ခေါင်းဆောင် (၀ဏ္ဍ)က ဆီးပြီး ပြောပါတယ် ကျမတို့ တော်တော် နစ်နာပါတယ် ပုလိပ်ကြေး ၆၀၀ ဘတ် အလုပ် ဆင်းတဲ့ ကားခ၂ ၀၀ ဘတ် ပြီးတော့ ဘတ်ဖိုး ဆိုပြီး လစဉ် ဘတ်၁၃၀၀ လောက်က ပုံမှန်ဖြတ်ပါတယ်၊ အလုပ် ပျက်ရက် ဆိုပြီးတော့လဲ ဖြတ်တယ်၊ ပေးတဲ့ ဈေးနုန်းက တစ်နေ့ကို၂၀၃ဘတ်၊ အချိန်ပို ကြေးက တစ်နာရီ ၃၈ဘတ်ပါ ဒါပေမယ့် ကျမတို့ လစဉ် လစာထုတ်ရင် ဘတ် ၂၀၀၀ ထက် ပိုပြီး တစ်ခါမှ မရပါဘူး၊ မတရားခေါင်းပုံ ဖြတ်ခံရ ပါတယ်၊ ပီမိုင် (နှစ်သက်ကူး) ပြီးမှ အလုပ်သစ် ရှာရပါမယ်၊ ကျမ အစ်မတို့ မနေ့က ၁၅ ယောက် အလုပ် ဖြုတ်ခံ ရပါတယ်၊ နေ့စဉ် ဖြုတ်လာ လိုက်တာ ခုဆိုရင် လူ၂၀ ကျော် လောက်ပဲ ကျန်ပြီ၊ ဘာဖြစ်လို့ အလုပ်ဖြုတ်လဲ ဆိုတော့။ လုပ်ထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းမထွက်တော့ နောက်ထပ် လုပ်စရာ အလုပ်မရှိလို့ ပြောပါတယ်၊ ကျမတို့ဆီက လစဉ် ဖြတ်ထားတဲ့ ငွေတွေ ကိုတော့ ပြန်ရချင် တာပေါ့နှော်) ဟုပြောသည်။
အလုပ်သမား အရေး ကူညီ ဆောင်ရွက်ပေးသူ ကိုဝင်းဝင်းဇေါ်က (မဟာချိုင်မှာ နေရာတိုင်းမှာ အလုပ်ဖြုတ် ခံရတာ ကြားနေရတယ်၊ ဒီကြားထဲ ပုလိပ်ကလည်း ဖမ်းတယ် ငွေတောင်းတယ်၊ ကျနော်တို့ မြန်မာ အလုပ်သမားတွေ တော်တော် အခြေအနေဆိုးနေကြပါတယ်၊ နတ်ကလိန် (လေလွင့်လူငယ်) များကလည်း လစ်ယင် လစ်သလို လုယက်တာ ခံနေကြရတယ်) ဟု ပြောသည်။
စီဒီခွေများ၊ နားကြပ်များ၊ ဖုန်းများ၊ အသေးစား အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်ရာ အဆိုပါ အလုပ်ရုံတွင် စက်ရုံခွဲ ၃ရုံ ရှိ၍ မြန်မာ အလုပ်သမားပေါင်း ၅၀၀ ၀န်းကျင်ခန့် အလုပ် လုပ်ကိုင် နေကြသည်။ နေ့တွက် ကောင်းသဖြင့် အလုပ် သွင်းပေးသည့် ပွဲစားကို တစ်ဦးစီ ၂၅၀၀ ဘတ်စီပေး၍ အလုပ် ၀င်ခဲ့ရသည်။
လွန်ခဲ့သော လများက စ၍ ထိုင်းနိုင်ငံ နေရာ အနှံ့တွင် မြန်မာ အလုပ်သမားများ အလုပ်ထုတ် ခံရမှု သိသိ သာသာ တိုးတက် လာသဖြင့် မြန်မာ အလုပ်သမားများ အထူး စိုးရိမ် နေကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
Posted by Sanghaalliance at 11:50 PM 0 comments
Labels: သတင်း
Sunday, December 21, 2008
ငြိမ်းချမ်းရေး
တိဿ မထေရ် သည် မြတ်စွာ ဘုရားအား တိုင်ကြားနေ၏။ တိုင်ကြားသည် ဆိုသော် လည်း အမှန်မှာ မှားယွင်း သူက မိမိ ကိုယ်တိုင် ဖြစ်နေ၏။
တိဿ မထေရ် သည် မြတ်စွာ ဘုရားနှင့် ညီအစ်ကို ၀မ်းကွဲ တော်၍ အသက်ကြီးမှ ရဟန်း ပြုခဲ့သူ ဖြစ်၏။ ရဟန်း ပြုခဲ့ သော်လည်း သဒ္ဓါတရား ကြောင့် ပြုခဲ့သည်ကား မဟုတ်။ ပူဇော် သက္ကာရ၊ လာဘ်လာဘ ကိုမျှော်မှန်း၍ ပြုခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း တိဿမထေရ်သည် ဇေတ၀န် ကျောင်းတော် အလယ် ဗဟိုရှိ ဧည့်ခံ ဇရပ်ကြီး ၌ ထေရ်ကြီး ၀ါကြီး ရဟန်း အသွင် ဆောင်၍ သီတင်းသုံး နေခြင်း ဖြစ်၏။ လာသမျှ သော အာဂန္တု ရဟန်းများက ထေရ်ကြီး ၀ါကြီး ရဟန်းဟု ထင်၍ ရှိခိုးခြင်း၊ ခြေဆုပ် လက်နယ် ပြုခြင်း ကို သာယာ နေခြင်း ဖြစ်၏။ စင်စစ် မိမိထက် သီလ သမာဓိ ပညာ သာလွန်သူ များ၏ ပြုစု လုပ်ကျွေး ခြင်းကို ခံရခြင်းကား ငရဲမီးနှင့် အတို့ ခံရခြင်း သာတည်း။
မိမိထက် သီလ သမာဓိ ပညာ သာလွန်သူ များ၏ ရှိခိုးခြင်း ကို ခံရခြင်း သည်ကား ငရဲမီး လောင်မြိုက်ခြင်း ကို ခံနေ ရခြင်းတည်း။ တိဿ မထေရ်သည် ထိုအဖြစ်ကို သဘော မပေါက်။ သူကား ရယူ နေရခြင်း ကိုသာ သဘောပေါက် တတ်သူ ဖြစ်၏။ ပေးဆပ်ရမည်ကို မသိမမြင်သူတည်း။
အာဂန္တု ရဟန်းများက တိဿမထေရ်၏ ၀ါတော် ကို မေးကြသည်။ တိဿ မထေရ်၏ ရဟန်းဝါမှာ တစ်ဝါပင် မပြည့်သေး။ ထို့ကြောင့် ထိုသို့သော အပြုအမူ သည် ၀ိနည်း နှင့် မကိုက်ညီ အပြစ် ရှိကြောင်း အာဂန္တု ရဟန်း များက ဆုံးမ ကြသည်။ ဤသည် ကိုပင် တိဿ မထေရ်၏ နားတွင် ခါးနေ လေတော့ သည်။ မိမိကဲ့သို့ အမျိုးမြတ်သူ ကို အမျိုးမမြတ်သူများက ပြောဆိုသည် ဟူ၍ မခံရပ်နိုင် ဖြစ်လေ တော့၏။ သို့ဖြစ်၍ ဘုရားရှင်အား ဦးစွာ တိုင်ကြားခြင်း ဖြစ်၏။
စင်စစ် ပုထုဇဉ်တို့၏ စိတ်ကို ကိလေသာ များက ခြယ်လှယ် နေ၏။ ကိလေသာများ က ခြယ်လှယ် နေသဖြင့် လည်း အာရုံကို အမှန်အတိုင်း ယထာဘူတ ကျကျ မသိဘဲ ဘက်လိုက်၍ သိနေခြင်း ဖြစ်သည်။ ဘက်လိုက်သည် ဆိုရာ၌ လည်း မိမိ နှင့်တကွ မိမိ သက်ဆိုင်ရာ ဘက်သို့သာ ဘက်လိုက်၏။ ထိုအခါ မိမိက မှားနေ သော်လည်း မှန်သည်ဟု သိနေတော့သည်။ မိမိက ဆိုးနေ သော်လည်း ကောင်းသည် ဟု သိနေတော့၏။ လောက အခေါ် အဝေါ် အရ ပညာရှိကြီး ဟု ခေါ်ဆိုရစေကာမူ ကိလေသာကို ကွပ်ကဲ ထိန်းသိမ်းခြင်းမပြုနိုင်ပါက အာရုံကို ယထာဘူတ ကျကျ သိမြင် နိုင်မည့် သူကား မဟုတ်။ ဘက်လိုက် ၍ သိမြင် မည့်သူ သာလျင် ဖြစ်ပေမည်။
တိဿ မထေရ်သည် တရားရလို၍ ရဟန်း ပြုလာသူ မဟုတ် သဖြင့် ကိလေသာ ကို ထိန်းသိမ်း နိုင်မည့် တရားအလုပ် ကိုလည်း မလုပ်။ ခတ္တိယ အစဉ်အလာ မာန်၊ မြတ်ဘုရား နှင့် အမျိုးတော်သည် ဟူသောမာန် တို့ဖြင့် မာနတံခွန် တလူလူ ထူနေသည်။
မြတ်ဘုရား နှင့်တကွ အာဂန္တု ရဟန်းများသည် တိဿ မထေရ်၏ ကိလေသာ ကိုလည်း သိ၏။ ကိလေသာ ချုပ်ငြိမ်းကြောင်း တရားကိုလည်း ဟောပြနိုင်စွမ်းရှိ၏။ ဟောပြ နိုင်စွမ်း ရှိသဖြင့်လည်း တိဿ မထေရ်ကို လိုက်နာရန် ဆုံးမတော် မူကြ၏။ အာဂန္တု မထေရ် များက ဦးစွာ ဆုံးမကြ၏။ ထို့နောက် မြတ်ဘုရားက ဆုံးမတော် မူ၏။
သို့သော် တိဿ မထေရ်ကား လွန်စွာ ခေါင်းမာသူ ဖြစ်၏။ ဆိုဆုံးမရ ခက်သူ ဖြစ်၏။ အမှန်တရား ကို လက်မခံဘဲ မိမိ စွဲမိစွဲရာကို မလွှတ်တမ်း ဆုပ်ကိုင် ထားတတ်သူ ဖြစ်၏။ မိမိ၏ အမှားကို အမှားဟု ၀န်မခံလို။ မှန်သည်ဟုပဲ ယုံကြည် ထားချင်၏။ မိမိသည် မှားသူမဟုတ်။ မြတ်စွာ ဘုရား နှင့်တကွ အာဂန္တု ရဟန်း များသည်သာ မှားသူများ ဖြစ်သည်ဟု ထင်မြင် နေတော့၏။ အမှားကို မှန်သည်ဟု ထင်မြင် နေသဖြင့် ပြင်လည်း မပြင်လို။ အကယ်၍ ဤအမှားကြောင့် အသက် အသေ ခံရမည် ဆိုလျင်လည်း အသက်ကို သာ အသေခံမည် ဖြစ်တော့၏။
တိဿ မထေရ် သည်ကား ယခု ဘ၀မှသာ မဟုတ်၊ ရှေးရှေး ဘ၀ပေါင်း များစွာ ကလည်း ဤကဲ့သို့ပင် အမှားကို ၀န်မခံဘဲ ခေါင်းမာခဲ့သူ ဖြစ်၏။ ဆိုဆုံးမရ ခက်သူ ဖြစ်ခဲ့၏။ သို့ဖြစ်၍လည်း ခေါင်းမာမှု၊ ဆိုဆုံးမ ခက်မှုသည် တိဿ မထေရ်၏ စရိုက်၊ ၀ါသနာ၊ အကျင့် အဖြစ် ယခုဘ၀တိုင် ပါလာခြင်း ဖြစ်၏။
ရှေးရှေး ဘ၀များက မှားဖူးသည့် အဖြစ်အပျက် များကိုမူ တိဿ မထေရ်သည် မမြင်နိုင်တော့။ မြတ်ဘုရား ကသာ မြင်တော်မူ၏။ ထို့ကြောင့် ရှေးဘ၀ တစ်ခု ဖြစ်ခဲ့သော ဒေ၀ိလ ရသေ့ ဘ၀ကို ထုတ်နုတ်၍ ထို ဒေ၀ိလရသေ့ ဘ၀ တွင်လည်း ယခုကဲ့သို့ ဆိုဆုံးမရ ခက်သဖြင့် အသက်ဘေးနှင့် နီးခဲ့ဖူးကြောင်း အတိတ်ကို ဆောင်တော် မူရ၏။ ဘ၀ဟောင်းကို နားလည် သောအခါ မှ တိဿ မထေရ် သည် ဆိုဆုံးမရ ခက်ခြင်း၊ ခေါင်းမာခြင်း ၏ အပြစ်ကို သင်္ခန်းစာ ယူတတ် လာသည်။ သိမြင် သဘောပေါက် လာ၏။ ပြုပြင်လိုစိတ် ဖြစ်လာ၏။
သို့သော် နှလုံးသားတွင်း လောင်မြိုက် နေသော ဒေါသမီး ကိုကား အလုံးစုံ မသိမြင်သေး ။ ဒေါသမီး ကို ငြိမ်းသတ် နိုင်သော အသိ သည် လည်းကောင်း၊ ဒေါသမီး ကို ပယ်သတ် နိုင်သော အကျင့် သည် လည်းကောင်း၊ ဒေါသမီး ကို ငြိမ်းသတ် နိုင်သော ပညာ သည် လည်းကောင်း ထင်ရှား မဖြစ်ပေါ်သေး။
စင်စစ် အမျက် ဒေါသကို ပယ်သတ်ခြင်း အရာကိစ္စ၌ ပုဂ္ဂိုလ်တိုင်း ရည်တူ တန်းတူ စွမ်းနိုင် လိမ့်မည် ဟု မယူဆအပ်။ အကျင့်၊ ၀ါသနာ၊ စရိုက်၊ ပါရမီ၊ က္ကနြေ္ဒ အနုအရင့်၊ ကိလေသာ အထူအပါး၊ သတိ အဆင့် အတန်းပေါ် မူတည်၍ ပယ်သတ် နိုင် စွမ်းအား ကွဲပြား သည်သာ ဖြစ်လေ၏။
ထွက်ပေါ်နေသော အမျက် ဒေါသကို တမုဟုတ်ချင်း အပြီးသတ် ချေမှုန်း နိုင်လိမ့်မည် ဟုလည်း မယူဆအပ်။ သီလ၊ သမာဓိ၊ ပညာ အလိုက်၊ ၀ိသုဒ္ဓိ ခုနစ်ပါး အလိုက်၊ မဂ် လေးပါး အလိုက် ဒေါသ အပါအ၀င် ကိလေသာ များကို အဆင့်ဆင့် ချေမှုန်း ရသည်သာ ဖြစ်၏။
ခေါင်းမာခြင်း ကို စွန့်လွှတ်ပြီး ဖြစ်သော တိဿ မထေရ်သည် မိမိ၏ အမျက် ဒေါသကို ဖြေဖျောက် နိုင်မည့် နည်းလမ်းကို ငံ့လင့်နေ၏။
ထိုအခါမှ မြတ်ဘုရားက ဤသို့ ဟောကြားတော်မူရသည်။
"ဤသူသည် ငါ့ကို ဆဲရေး၏၊ ညှဉ်းဆဲ၏၊ အနိုင်အထက် ပြု၏၊ ငါ့ပစ္စည်းကို မတရား ယူ၏။
ဤသို့ ရန်ငြိုး ဖွဲ့သူအား ရန်သည် မငြိမ်း။
ဤသူ သည် ငါ့ကို ဆဲရေး၏၊ ညှဉ်းဆဲ၏၊ အနိုင် အထက် ပြု၏၊ ငါ့ပစ္စည်းကို မတရားယူ၏။
ဤသို့ ရန်ငြိုး မဖွဲ့သူအား ရန်သည် ငြိမ်း၏။"
တရား ရေအေး သည် တိဿ မထေရ်၏ ထောင်နိုင်သော နားမှ တစ်ဆင့် နှလုံးသား အထိ စီးဆင်းကာ ပူပြင်း လောင်မြိုက်နေသော မီးကို ငြှိမ်းသတ်သည်။
ဤ၌ ငြှိမ်းသတ်မှု သည်ကား ဒေါသဖြစ်ဖွယ် အကြံအစည် များကို အဖန်တလဲလဲ ၀ဲ၍ သုံးသပ် နေသော အတွေးအလျဉ်ကို တရားသံတည်း ဟူသော အာရုံကောင်းသို့ ဦးတည့် ပေးလိုက်ခြင်း လည်း ဖြစ်၏။ တရားသံ ၌ ပါသော စကား အဓိပ္ပါယ် ကို ကြံတွေးပြီး သဘောပေါက် နားလည်စေ သဖြင့်လည်း အမျက်ဒေါသ ကို ငြှိမ်းသတ် ပေးခြင်း ဖြစ်၏။
သို့သော် ဤသို့သော ငြှိမ်းသတ်မှု သည်ကား ယာယီအားဖြင့် ငြှိမ်းသတ်မှု သာ ဖြစ်ပေ၏။ အမျက် ဒေါသ ကို ကာယကံမြောက် ၀စီကံမြောက် မနောကံမြောက် ထင်ရှား ထွက်ပေါ် မလာအောင် ခေတ္တမျှ ဖယ်ရှား ပေးထားခြင်းသာ ဖြစ်၏။ ခေတ္တ ဖယ်ရှား ထားပေးသည် ဟု ဆိုသဖြင့် နောင် အကြောင်း တိုက်ဆိုင် သောအခါ ထွက်ပေါ် လာဦးမည် ဖြစ်ကြောင်း သိနားလည် အပ်ပေပြီ။ သို့ဖြစ်၍ ဤသို့ ကြားနာ၍၊ ကြံတွေး၍ ငြှိမ်းသတ်မှု မျိုးကိုမူကား ငြှိမ်းသတ်မှု ၏ ပန်းတိုင် ဟူ၍ မယူဆအပ်။ ဆုံးခန်းတိုင်ပြီး ဖြစ်သော အသိပညာ ဟူ၍လည်း မယူဆအပ်။ သညာသိ ဟူ၍သာ ဆိုအပ် ပေတော့သည်။
ဤသညာသိ ကို အခြေခံ၍ ကိလေသာ တို့ကို ချုပ်ငြိမ်းစေမည့် ဘာဝနာ အကျင့်မြတ် တို့ကို ကျင့်မှသာ နောက်တစ်ဖန် ဤ ပူလောင်မှုမျိုး ကို မခံစားရ တော့ဘဲ ဒေါသ နှင့်တကွ ကိလေသာမီးများ အပြီးတိုင် ချုပ်ငြိမ်းမည် ဖြစ်၏။ ထာဝရ ငြိမ်းချမ်းမှု ကို ရရှိမည် ဖြစ်၏။
ထိုကဲ့သို့ ကိလေသာ မီးများ ကို အနုသယ နှင့်တကွ ပယ်ထားသော အရိယာ ပုဂ္ဂိုလ်များ ကိုသာ ပရမတ္တ သစ္စာ အလို အားဖြင့် ပညာရှိသူ ဟူ၍ ဆိုအပ်ပေ၏။ အဘယ်ကြောင့် ဆိုသော် ထိုပုဂ္ဂိုလ် များသည်သာ အာရုံကို ဘက် မလိုက်ဘဲ အမှန်တရားကို ယထာဘူတ အကျဆုံး သိနိုင် သောကြောင့် ဖြစ်လေသည်။
ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီး၊ ဘာသာ အသီးသီးမှ လူပုဂ္ဂိုလ် များသည် ငြိမ်းချမ်းမှု ကို လိုလား နေကြသည်။ အချို့မှာ မိမိ၊ မိမိ ပတ်ဝန်းကျင် နှင့် မိသားစု ငြိမ်းချမ်းမှု မျိုးကို သာမက တစ်ကမ္ဘာလုံး ငြိမ်းချမ်းမှုမျိုး ကိုပါ အလိုရှိကြ မျှော်မှန်းကြသည်။ စင်စစ် ကမ္ဘာ့ငြိမ်းချမ်းရေး စသည်များမှာ နိုင်ငံ အချင်းချင်း ရန်မဖြစ်ရုံမျှ ငြိမ်းချမ်းမှုမျိုး သာလျင် ဖြစ်ပြီး အနုသယ ကိလေသာကို ငြှိမ်းသတ်ပြီး ရရှိသည့် ငြိမ်းချမ်းမှုမျိုး ကဲ့သို့ နက်နဲမှု မရှိလှသေး။ စစ်မှန်သော ငြိမ်းချမ်းမှုဟု မဆိုအပ် လှသေး။
မည်သို့ပင် ဖြစ်စေ အမျက် ဒေါသ၏ အပြစ် ကို ဗဟုသုတ အားဖြင့် လည်းကောင်း၊ ဘာဝနာ သိ အားဖြင့် လည်းကောင်း သိတန် သမျှ သိထားမှသာ မိမိတို့ အလိုရှိသော ငြိမ်းချမ်းမှုကို ရရှိမည်ဖြစ်ပေ၏။ အမျက်ဒေါသကို ငြိမ်းအေးကြောင်း နည်းလမ်း များ ကိုကား သညာသိ အားဖြင့် လည်းကောင်း၊ ပညာသိ အားဖြင့်လည်းကောင်း မည်သည့် ပုဂ္ဂိုလ်မျိုး မဆို သိအပ် နားလည်အပ် သည် သာလျင် ဖြစ်ပေတော့ သတည်း။
ကိုးကား
တိဿမထေရ်(ယမက၀ဂ်) -ဦးရွှေအောင်
ပုရာဘေဒသုတ်တရားတော်-မဟာစည်ဆရာတော်
http://www.ahlataya.blogspot.com
Posted by Sanghaalliance at 3:24 AM 0 comments
Labels: ဗဟုသုတ
မုန်းခြင်းသံယောဇဉ်
သံယောဇဉ် ဟူသည် ချစ်သော သူများ ကြား၌သာ ရှိသည်မဟုတ် မုန်းသော သူများ ကြား၌လည်း ရှိသည်။ မုန်းခြင်း သံယောဇဉ် သည်လည်း ဖွဲ့စည်း ချည်နှောင် တတ်သော သဘော ရှိသည်သာ ဖြစ်၏။
မုန်းခြင်း သံယောဇဉ် ဖြင့် ချည်နှောင် သောအခါ ဘ၀တစ်ခု အတွင်း၌ သာမက ဘ၀ဘ၀ ပေါင်းများစွာ ဖန်ဖန်တလဲ ကြုံကြ ဆုံကြ ရတတ်သည်။ ကြုံကြ ဆုံကြရ သည် ဆိုရာ၌ အချင်းချင်း အကျိုးပြု၍ တစ်ဆင့် ထက်တစ်ဆင့် မြင့်မြင့် သွားမည့် ဘ၀ပေး အခြေအနေ မျိုးနှင့် ကြုံကြ ဆုံကြရ ခြင်းတော့ မဟုတ်။ အချင်းချင်း အပြန် အလှန် ဖျက်ဆီး၍ တစ်ဆင့် အောက် တစ်ဆင့် နိမ့်နိမ့် သွားမည့် ဘ၀ပေး အခြေအနေ မျိုးနှင့် ကြုံကြ ဆုံကြရခြင်း ဖြစ်၏။
သာဝတ္ထိ ပြည် ဇေတ၀န် ကျောင်း အနီး၌ ဖြစ်၏။ အမျိုးသမီး တစ်ဦးသည် သားငယ် ကို ပိုက်၍ မြတ်စွာဘုရား ထံသို့ ပြေးလာနေ သည်။ သူ့နောက်၌လည်း အခြား အမျိုးသမီးတစ်ဦးသည် အပြေးလိုက်လာ၏။ သားပိုက်လာသော အမျိုးသမီးသည် ဘုရား ရှေ့သို့ ရောက်သော အခါ ကလေးငယ်ကို ရှေ့ချ၍ လှူဒါန်းကာ "တပည့်တော်မ သားလေး၏ အသက်ကို ကယ်တင် တော် မူပါဘုရား" ဟု သနားစဖွယ် လျှောက်ထား၏။
နောက်မှ ပြေးလိုက်လာသော အမျိုးသမီးသည်ကား စင်စစ် လူယောင် ဖန်ဆင်း ထားသော ဘီလူးမ ဖြစ်၏။ ဘီလူးမသည် သားပိုင်ရှင် အမျိုးသမီးအား ချစ်ကျွမ်းဝင်ဟန်ပြု၍ ငယ်စဉ်ကပင် အဆွေ ခင်ပွန်း ပြုထားခဲ့၏။ လူမိန်းမ ကလေး မွေးဖွားသော အခါတိုင်း ထို ကလေးကို သတ်စားပြီး ထွက်သွားသည်။ ယခုကား တတိယ အကြိမ် မြောက် သတ်စားရန် ကြိုးစားခြင်း ဖြစ်လေသည်။
အဘယ်ကြောင့် ဤမျှ အငြိုး တစ်ကြီးနှင့် တစ်ဖက်သား ကို ရက်စက်စွာ ပြုကျင့်ရ သနည်း။ အကြောင်း ရှိပေမည်။ စင်စစ် ဤ နှစ်ဦးသည် အတိတ် ဘ၀သုံးခု က အချင်းချင်း ရန်ငြိုး ဖွဲ့ခဲ့ ကြသူများ ဖြစ်၏။ ပထမ ဘ၀က ဘီလူးမသည် လူမိန်းမဖြစ်၍ အမျိုးသား တစ်ဦး၏ မယားအကြီး လည်း ဖြစ်ခဲ့သည်။ ယခုဘ၀ ကလေးမိခင် မှာ ထိုဘ၀က မယားအငယ် ဖြစ်၏။ မယားအကြီးသည် မယားအငယ် ၏ ကိုယ်ဝန် ဟူသမျှကို ဆေးညာတိုက်ကာ ဖျက်ချပစ်ခဲ့ဖူးသည်။ တတိယ အကြိမ် ၌ကား ခြေလွန် လက်လွန် ဖြစ်၍ မယားအငယ် ၏ အသက်ပါ ဆုံးရှူံးခဲ့ ရသည်။ ရန်ငြိုးသည် ထိုဘ၀ ကတည်းက စခဲ့သည်။
နောက် ဘ၀တွင် မယားအငယ်က "ကြောင်မ" ဖြစ်၍ မယား အကြီးက "ကြက်မ" ဖြစ်၏။ ကြောင်မသည် ကြက်မကြီး၏ ကလေးများကို ဖမ်းစားခဲ့ပြန်သည်။ ထိုဘ၀မှ သေလွန် ပြန်သော် ကြောင်မက "သမင်" ဖြစ်၍ ကြက်မက "သစ်" ဖြစ်၏။ သစ်သည် သမင်၏ ကလေးများကို ဖမ်းစားခဲ့ ပြန်သည်။
စင်စစ် ပုဂ္ဂိုလ် တစ်ဦး ၏ အမှားကို ဒုတိယ ပုဂ္ဂိုလ် က အမှားဖြင့် တုန့်ပြန်ခြင်း သည် အမှားကို ချေဖျက်ခြင်း မမည်။ အမှား နှစ်ထပ် ဆင့်ခြင်း ဖြစ်၏။ ဤသို့ဖြင့် နှစ်ဦးသား၏ သံသရာသည် အမှားများ ထပ်ထပ် ဆင့်ကာ အမုန်းတရား များဖြင့် သံယောဇဉ် ဖွဲ့လေ တော့၏။ သံယောဇဉ် ကြိုးများသည် ခိုင်မြဲ ကြသည်။ ကျယ်ပြော သော လောက ၌ပေမင့် တွေ့ဖြစ်အောင် ရှာတွေ့၏။ အခက်အခဲ အမျိုးအမျိုးရှိနေ ပေမင့် ရန်ပြု ဖြစ်အောင် ရှာကြံ ပြုသည်။ ကြောက်မက် ဖွယ်ပင် ဖြစ်၏။
အမျိုးသမီး နှစ်ဦး၏ ရန်ငြိုး အစဉ်အဆက် ကို သိမြင် နားလည်သော မြတ်ဘုရားက တရား ရေအေးဖြင့် မုန်းခြင်း မီးလျှံ ကို ငြှိမ်းအေး တော်မူသည်။
"ဤလောက ၌ ရန်တို့သည် ရန်တုံ့မူ သဖြင့် တရံတဆစ်မျှ မငြိမ်းကုန်။ ရန်တုံ့ မမူမှသာ ငြိမ်းကုန်၏။ ဤကား လောက ဓမ္မတာ ကမ္ဘာ့ နိယာမ တည်း။"
ရန်ငြိုးကို ချေဖျက်၍ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ အစဉ်အတိုင်း ဟောကြားတော် မူသဖြင့် ဘီလူးမသည် သောတာပတ္တိမဂ် ၌ တည်လေသည်။
စင်စစ် ရန်ဟူသည် မိမိ၏ သန္တန် တွင်းရှိ ကိလေသာ မှသာ လာသည် ဖြစ်၍ ဗဟိဒ္ဓိမှ လာသည်ဟူ၍ ဓမ္မတာမရှိ။ ရန်တုံ့ ပြန်မည် ဟူ၍ တေးမှတ် ရန်ငြိုး ဖွဲ့ရခြင်းကား ကိလေသာ က အရောင် ဆိုးပေး ထားသော အကုသိုလ် စေတသိက်များ၏ လုပ်ဆောင်ချက် ဖြစ်သည်။ "ပေ ဖြစ်သောအခါ က ခံထားရသည် တူ ဖြစ်သောအခါ နှံလိုက်မည်" ဟူသော စိတ်ထားကား အကုသိုလ် နိုင်းချင်းနှင့် နိမ့်ကျပျော့ညံ့ သော စိတ်နေစိတ်ထားတည်း။ "ပေ ဖြစ်၍ခံ တူဖြစ်၍ နှံ" ရရိုးမှန် လျင် ပေဖြစ်လိုက် တူဖြစ်လိုက် ဘ၀များ နှင့်သာ အချိန် ကုန်မည်မှာ ဧကန်တည်း။ နိမ့်ကျသော စိတ်နေ စိတ်ထား များသည် မြင့်မားသော ဘ၀များနှင့် လားလားမှ မသက်ဆိုင် သည့်အလျောက် နိမ့်ကျသော ဘ၀များ ၌သာ အသားတကျ နေရမည်မှာ ဧကန်တည်း။
ထို့ပြင် လောကသည်လည်း အမုန်း မီးလျံများဖြင့် တရံမလပ် ပူလောင် နေတော့မည် ဧကန်လည်း ဖြစ်ပေ၏။
ရံဖန်ရံခါ၌ အကုသိုလ် အကျိုး ပေးချိန် တန်သောအခါ အဓမ္မသည် ဓမ္မ ဟန်ဆောင်၍ ၀င်ရောက် နှိပ်စက် တတ်ချေ၏။ စင်စစ် နှိပ်စက် တတ်သော ဤ ဓမ္မတာ မှာလည်း လောကဓံ ရှစ်ပါးတွင် အပါအ၀င် ဖြစ်၍ ခံနိုင်ရည် ရှိအောင် အကုသိုလ် မဖြစ်အောင် ကြိုးစား၍ ရင်ဆိုင် အပ်သည်သာ ဖြစ်၏။ ပုထုဇဉ်များ ဖြစ်သည့် အလျောက် အကုသိုလ် ကို ပြုနိုင်သည့် သဘော တရားများ ရှိနေ သော်လည်း ကာယကံ၊ ၀စီကံမြောက် မကျူးလွန် မိအောင် သီလ ဖြင့် ချွန်းအုပ်ပါက တတ်နိုင်သည် သာတည်း။ မနောကံ မြောက် မကျူးလွန် မိအောင် သမာဓိဖြင့် ချွန်းအုပ် ပါကလည်း တတ်နိုင်သည် သာတည်း။ ကိန်းကာနေ၍ အကုသိုလ်ကို အခါ အားလျော်စွာ ဖြစ်စေ တတ်သော အာရမ္မဏာ နုသယ ကို ၀ိပဿနာဖြင့် ပယ်သတ်ပါကလည်း ဖြစ်နိုင်သည်သာတည်း။
စင်စစ် ဖြစ်ဖြစ်သမျှ အကုသလ ၀ိပါက်များ သည်ကား မည်သူ တစ်ဦး တစ်ယောက် ကြောင့်မျှ မဟုတ်။ မိမိပြုခဲ့သော အတိတ် အကုသိုလ်ကံ ကြောင့်သာ ဖြစ်လေသည်။ ဤသို့သဘောပိုက်၍ အန္တရာယ်ကြီးလွန်းသော မုန်းခြင်း သံယောဇဉ် များကို တစ်စတစ်စ ရှင်းလင်း အပ်သည်သာ ဖြစ်ပါတော့ သတည်း။
ကိုးကား
ယမက၀ဂ်-ဦးရွှေအောင်
ပုရာဘေဒသုတ်-မဟာစည်ဆရာတော်။
http://www.ahlataya.blogspot.com
Posted by Sanghaalliance at 3:21 AM 0 comments
Labels: ဗဟုသုတ
ညီညွှတ်ရေး
ပုထုဇဉ် တို့၏ စိတ်သည် ကုသိုလ် တစ်လှည့် အကုသိုလ် တစ်လှည့် ဖြစ်လေ့ ရှိသည်။ ဆင်ခြင်ဥာဏ် ကို ရှေ့သွားပြု၍ မထိန်းသိမ်း နိုင်လျင် အကုသိုလ် စိတ်များက လွှမ်းမိုး သွားနိုင်သည်။ "ပညာ ယ န ဘဝေ ဋ္ဌာနံ- ပုထုဇဉ် တို့၏ ဘ၀၌ ပညာသည် ပြဋ္ဌာန်းခြင်း" မရှိဟု အဆို ရှိသည့် အတိုင်း ပုထုဇဉ်တို့ ၏ စိတ်သန္တန်၌ ခံစားချက် က ပညာထက် ပိုအရေးပါ၏။
မြတ်စွာဘုရား လက်ထက် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော ကောသမ္ဗီ ရဟန်းများ သည်လည်း ဤနည်းနှင်နှင် ပင် ဖြစ်သည်။ သူတော်ကောင်း တရား ကို လေ့လာနေသော ပုဂ္ဂိုလ်များ ဖြစ်ပါလျက် စိတ်သဘောချင်း မတိုက်ဆိုင် သောအခါ သေးငယ်သော ကိစ္စလေး ကို အကြောင်းပြု၍ ငါ မှန်သည် သူ မှားသည် ငြင်းခုန် ကြတော့၏။ ၀ိနည်းဓိုရ် ဆရာတော် များနှင့် ဓမ္မကထိက ဆရာတော်များ တစ်ဖက်ဆီ ငြင်းခုန်ကြခြင်းဖြစ်သည်။
ဤကား မာန၏ လှည့်စားမှုတည်း။ မာနသည် သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။ နိမ့်သူ ကိုလည်း ယှဉ်သည်။ မာန၏ အလှည့် အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ စိတ်ထားသည်ကား ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။ ထိုအခါ မာနကြောင့် တစ်ဖက်သားကို ပြစ်မှားလိုသော ဒေါသစိတ် ဖြစ်ပေါ်လာသည်။
မြတ်စွာဘုရား သည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင် ကြွရောက်၍ ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ မာန်မာန တို့ ကြီးကျယ်ခမ်းနား လာသော အခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို တရားဟု မမြင်တော့။ အမှား ကိုလည်း အမှားဟု မမြင်တော့။ ၀ိနည်းဓိုရ် ဆရာတော် များကလည်း မိမိတို့ ပြောသည့် စကားသာလျင် သစ္စာနှင့်ညီသည်ဟု ထင်ကြသည်။ အခြား ပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့် မညီဟု ထင်ကြသည်။ ဓမ္မကထိက ဆရာတော် များကလည်း မိမိတို့ ပြောဆိုသော စကားများ ကသာ သစ္စာနှင့် ညီသည်၊ အခြား ပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့်မညီ ဟု ထင်ကြပြန်သည်။ စင်စစ် ဆရာတော်များ၏ ငြင်းခုန် စကားများကား ဒေါသ မာန်မာနကို အခြေခံသော စကားများဖြစ်သဖြင့် မည်သို့မျှ သစ္စာမထိုက်။ သမ္ဖပ္ပလာပ စကားများ( အချည်းနှီး အကျိုး မဲ့သော စကားများ)သာ ဖြစ်တော့သည်။
ဆရာတော်များ နှစ်ဖွဲ့လုံးသည်ကား မာန တည်းဟူသော ကိလေသာ နှောင့်ယှက်သဖြင့် ဘုရား အဆုံးအမ ကိုလည်း မနာယူတော့။ တရားအဆုံးအမကိုလည်း မနာယူတော့။ ရှက်ရ ကြောက်ရ ကောင်းမှန်းလည်း မသိတော့။ အကုသိုလ် စိတ်ချည်းသာ ဖြစ်တော့သည်။
သံဃာများ ၏ ငြင်းခုန်မှု မရပ်သော အခါ မြတ်စွာ ဘုရားသည် ပါလိလေယျက တောအုပ်သို့ တစ်ပါးတည်း ကြွသွားတော်မူ၏။ ဆိုဆုံးမ ခက်သော ပုဂ္ဂိုလ်များအတွက် ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်ချေသည်။ မြတ်စွာဘုရား တောသို့ ကြွသွားပြီး အတန် ကြာသော အခါ ကောသမ္ဗီပြည် ရဟန်းတို့သည် ဆွမ်းကွမ်း အခက်အခဲနှင့် စတင် ကြုံတွေ့ ရတော့သည်။ ဒါယကာတို့ ကလည်း အကြည်ညို လျော့ပါး လာသည် ။ သူတော်ကောင်း များကလည်း ကဲ့ရဲ့ကြသည်။ အားကိုး မေးလျှောက်စရာ မြတ်စွာဘုရား ကလည်း ဥပေက္ခာ ဒဏ်တပ်၍ တောသို့ ကြွသွားတော် မူခဲ့ပြီ။ အဖြစ်သနစ် များကား ဆိုးလွန်းလေစွ။
ဆရာတော် များလည်း မာနကို လျှော့လာရသည်။ မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။ ပြဿနာကို ယထာဘူတ ကျစွာ မြင်လာတော့သည်။ ထိုအခါမှ မိမိတို့အား ပြဿနာဟူ၍ စတင် လှုံ့ဆော်သော အကြောင်း အရာသည် စင်စစ် ပြဿနာမဟုတ်။ ကိလေသာ အလှည့်အစား ကြောင့် အထင်မှားမှူသာ ဖြစ်ကြောင်း သိမြင် လာသည်။ မိမိတို့အတွက် အဓိက ပြဿနာ သည် အို၊ နာ၊ သေ၊ သံသရာ ဘေးသာ ဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါ ဆရာတော် များသည် ရဟန်းတရား ကို ပြန်လည် ကျင့်ကြံ ကြသည်။
ရဟန်း တရားကို ပြန်လည် အားထုတ်၍ တရားသဘော များကို သိမြင်သော အခါ မာနများ ပိုမို ကျဆင်းလာပြီး အချင်းချင်း ပိုမို ညီညွတ် လာသည်။ မြတ်စွာဘုရား ကို ပြန်လည် ပင့်ဆောင်ရမည့် တာဝန်ကို ထမ်းဆောင် ရမည် ဟူ၍ လည်း သိမြင် လာကြသည်။ ဆရာတော် များသည် ၀ါကျွတ်ချိန် ထိကို တမျှော်မောမော စောင့်ဆိုင်း ကြရသည်။ ၀ါကျွတ်သော အခါ ဆရာတော် များသည် မြတ်စွာဘုရား သီတင်းသုံး နေတော်မူသော ပါလိလေယျ တောအုပ်သို့ လိုက်သွားပြီး အမှားများကို ၀န်ချတောင်းပန်သည်။ ဤကား ပဋ္ဋိဃ သံယောဇဉ်ကို ခုတ်ဖြတ်ခြင်း သဘောဖြစ်၍ ဤသို့ တောင်းပန်ခြင်း၏ ကျေးဇူးကား ဥပနိဿယ ပစ္စည်း၏ သတ္တိဖြင့် ရဟန်းတော်များအား မဂ်ဥာဏ် ရအောင်ပင် အကျိုးပြုသည်။
ရင့်ကျက်ပြီး မာန်မာန ကျဆင်းပြီး ဖြစ်သော တပည့်သားများ ဖြစ်သော ကောသမ္ဗီ ရဟန်းများကို မြတ်စွာဘုရားက ဤသို့ ဆုံးမတော်မူသည်။
"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင် ထို အဆွေ ခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။ သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"
ဂါထာအဆုံး၌ ခန္ဓာဥာဏ်စိုက် ၍ တရားနာ နေသော ကောသမ္ဗီ ရဟန်းငါးရာသည် ရဟန္တာများ ဖြစ်တော်မူ၏။
နောင်အခါ ကောသမ္ဗီ ငြင်းခုံပွဲနှင့် ပတ်သက်၍ သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်၌ မြတ်စွာဘုရားက ဤသို့ ဟောကြား တော်မူသည်။
"ဤလောက၌ ငါတို့သည် တစ်နေ့တွင် မုချ သေဆုံးရမည်ဟူ၍ မသိကြကုန်သော သူမိုက်တို့ အတွက် ငြင်းခုံကွဲပြား ခိုက်ရန်များခြင်းသည် မပြေငြိမ်း။
ထိုသို့သိသော ပညာရှိတို့ အတွက်ကား၊ ထိုသို့သိခြင်းကြောင့် ခိုက်ရန် ဖြစ်ပွား ငြင်းခုန် ကွဲပြားခြင်းသည် ပြေငြိမ်းကုန်သည်။"
သေခြင်း တရားကို အဖန်ဖန် အောက်မေ့သော "မရဏာ နုဿတိ ကမ္မဋ္ဌာန်း" ဖြင့် မာနကို ဖျောက်ဖျက် ပြေငြိမ်း စေနိုင်သည်။ အကြောင်း တိုက်ဆိုင်တိုင်း ကာယကံ ၀စီကံ မနောကံ အသွင်ဖြင့် ထင်ရှား ဖြစ်ပေါ် လာတတ်သော မာနတရား သည်ကား မဂ်ဥာဏ် ဖိုလ်ဥာဏ်၏ အတားအဆီး၊ ညီညွတ်ခြင်း ၏ အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်ပေတော့ သတည်း။ ။
ကိုးကား
ဓမ္မပဒ-ဦးရွှေအောင်
http://www.ahlataya.blogspot.com
Posted by Sanghaalliance at 3:17 AM 0 comments
Labels: ဗဟုသုတ
တစ် နှစ်ပိုင်းတစ်ပိုင်း ( TAG )
ဖြစ်သလို ၊ ကြုံသလို စားသောက် ခြင်း နဲ့ ပါတ်သက်ပြီး အမ မေအိခင်က ကျနော် ကို ( TAG ) လာတော့ ..သူ များ တွေ ( TAG ) ထား တာပဲ လိုက်ဖတ်နေတဲ့ ကျနော် မထင်မှတ်ပဲ ကျနော် အလှည့် ရောက်လာပြီပေါ့ လေ…။
အစားအစာစားသုံးခြင်းနဲ့ ပါက်သက်လို့ တော့ သာမာန်အားဖြင့် သိပ်မဆန်းသလိုပဲ ထင်ရပေမယ့် ကျနော် အနေ နဲ့ ကတော့  နဲနဲ ဆန်းနေမလားပဲ ဗျ ။ ဘာလို့  လဲ ဆိုတော့  ကျနော် က ခန္ဓာ ကိုယ် အလေးချိန်က ပေါင် ( ၁၀၀ ) ၀န်းကျင်ပဲ ရှိတာ..လူကသာ ပိန်ပေမယ့် အစားကတော့  ဘာစားသလဲ မမေး နဲ့…ထမင်းတခါစားရင် တစ်ပန်း ကန် နဲ့ ၀ သွားတယ် ဆို တာ ကျနော့် ဘ၀ မှ ထုံးစံ မရှိဘူး…အနည်းဆုံး နှစ်ပန်းကန်ပဲ …သူများအိမ်ဧည့် သည် သွားလုပ် လဲ အားမနာ ဘူး ၊ စံချိန်မလျှော့ စေရ ဘူး…။ တခုတော့  ရှိတယ် ကျနော် က လဲ ခုချိန်ထိ ထမင်းနဲ့ လက်ဖက်ရည် ကိုသာ အဓိကအစားစာအဖြစ်သတ်မှတ်ထားတာ…မုန့် ပဲသားရေစား ငယ်ငယ်လေးထဲ က စား လေ့စားထ မရှိတာ ..။ အစားသောက်နဲ့ပက်သက်ပြီးပြောရ မယ် ဆိုရင်တော့  အပိုင်းနှစ်ပိုင်း ခွဲပြော ရ မလိုဖြစ် နေပြီ….။
ပထမ အပိုင်း က ကျနော် အလုပ်လုပ်နေ ချိန်က …တိတိကျကျပြောရ ရင် ကျနော် နိုင်ငံရေး ဆိုတာ စိတ်သာရှိပြီး ကိုယ်ထိလက်ရောက်မလုပ်ခင် အချိန် က….ပေါ့ …။ အသက် နှစ်ဆယ်ကျော် ထဲက အလုပ်ထဲမှာပဲ နစ်နေခဲ့တာ အဲဒီအချိန်ကာလ က ဆို အရွယ် နဲ့ ၀င် ငွေ နဲ့မလိုက်အောင် ကိုရှာလို့ ရ ခဲ့ တယ်….။ မနက်မိုး လင်း တာနဲ့ အလုပ်ထဲရောက်နေပြီ …အိမ်ထမင်း..၊ အိမ် ဟင်း ကို တလ မှာ တပါတ်လောက် ပဲ စားဖြစ် တယ်…။ အပြင်မှာ စားတာများတယ်…။ ဒါပေမယ့်  အလုပ် ကျတဲ့ ရက် တွေ မှာဆိုရင်တော့  မနက် စာထမင်း ကို ညနေ လေးနာရီငါးနာရီ မှာ စားရတာတွေ က လဲ ရှိတယ်…။ ငယ်တဲ့ အချိန် ဆိုတော့  အလုပ်ပင် ပန်း တာလဲ ဂရုမစိုက်ဘူး…၊ ကောင်းကောင်းလုပ်တယ် ကောင်းစား တယ်ဗျ…။ မှတ်မှတ်ရရ ကျနော် အမြဲ လိုလို စားလေ့  စားထရှိတဲ့ ထမင်းဆိုင်တွေ က တော့  ဆူးလေ ဘုရားလမ်း က ရွှေမြို့ တော် ချစ်တီးထမင်းဆိုင် ၊ ( ၂၇ ) လမ်းက ဓနုဖြူဒေါ်စောရီ ၊ ( ၃၇ ) လမ်း က 203 ထမင်းဆိုင် ၊ နောက် ရွှေဘုံသာ လမ်းက ချစ်တီး ထမင်းဆိုင် ကျနော် တို့ အမြဲအားပေးနေကြ ဆိုင်တွေ ပေါ့ …။ အဲဒီဆိုင်တွေ ခုထိလဲ ရှိနေတုန်းပဲ …။ ကျနော့ အလုပ် ကိုရောက်လာသမျှ ဧည့် သည်တွေ ကိုလဲ အဲဒီဆိုင်တွေ မှာပဲ ဒိုင်ခံ ကျွေးတယ်…။ ကျနော်နဲ့ အတူ ကျနော့ အလုပ်ထဲ က ဒူးမနာသား တပည့် တွေ ကို လဲ နေတိုင်း ကျွေးနေနိုင်တယ်..။ ညနေပိုင်း အလုပ်ဆင်းချိန်ရောက် ပြီဆိုရင်တော့  ဟဲဟဲ ..ပြောရရင်လဲကြွားရာ သလိုဖြစ် နေ မယ်.. အခုရှိတဲ့ ထရိတ်ဒါးဟော်တယ် ရဲ့ မျက်နှာချင်းဆိုင် ၊ ဆာကူရာတာဝါ ရဲ့ ဘေး ကပ် ရပ် မှာဖွင့် ခဲ့တဲ့ အန်တီ နန်း ( ဆိုင်ပိုင်ရှင် ) ရဲ့ ပီကင်းဟော်တယ် မှာ အပေါင်း အသင်းတွေ နဲ့ ဘီယာလေးစုပ် ပြီး မှ အိမ်ပြန်တယ်…။ ပြောရဦးမယ် ..ကျနော် က ( Budwizzer )ဘီယာကို အရမ်းကြိုက်တာ ဗျ ၊ အခုတော့  အဲဒီတံဆိပ် မြန်မာပြည် ကို စီးပွားရေးပိတ်ဆို့ မှု့ တွေလုပ် ပြီးတဲ့နောက် ပိုင်းမ၀င်တော့  ဘူး ဗျာ..၊ ကျနော် က ဘီယာ သာ ကြိုက်တာ များများမသောက်နိုင်ဘူး..ဘီယာသုံးဘူးလောက် ကုန်တာနဲ့  စကားတွေ မပီတော့  ဘူး..၊ လမ်းလျှောက်လဲ တောင်နင်း ၊ မြောက်နင်းဖြစ်ကုန်ရော…ဟဟ ။ ပြီးတော့ ကျနော် က ဘီယာ သောက်ရင် အမြည်းအရမ်း စားတယ် ညစာထမင်းအလွတ်ကိုစားတာ..ဗျ…။ တခါတလေနောက်ပိုင်း အပေါင်း အသင်းတွေနဲ့သောက်ရတာညီးငွေ့ လာတော့ လမ်းမတော် ၀ါးတန်းလမ်း မှာဖွင့် ထားတဲ့ ဇာမဏီ ပျော်ပွဲစား ရုံ ၊ မော်တင် ကမ်းနားဆိပ် မှာ ရှိတဲ့ ကိုစိုင်း ဖွင့်ထားတဲ့( winner KTV ) စတဲ့ ဆိုင်တွေ မှာ သီချင်းလေးဆို ၊ ကောင်မလေးတွေ ဌဲ့  ပေးတဲ့ဘီယာ ကိုအရသာခံသောက် တတ်လာတယ် ..။ အ၀တ်အစားကို ကျနော် သိပ်မခုံ မင်ဘူး အစား အသောက်ကတော့  မီးလိုတောက် ပဲ…..။ ပြီးတော့  ကျနော် မှာ အပူအပင် ကလဲ မရှိဘူး…ငိုစား ရယ်စား မရှိတော့ စိတ်ထင်တိုင်း နေ ခဲ့တယ်….။ အလုပ်ပိတ်ရက်အိမ်မှာနားရင်တော့  ကျနော်ဘယ် မှသွားလေ့  မရှိဘူး အိမ်မှာပဲနေတယ်.. အမေ ချက်ထား သမျှ ကို တနေကုန်စားတယ်..ကျနော်အိမ်မှာရှိတဲ့နေ့ ဆိုရင်တော့  အိမ်က ထမင်း အိုးက မီးဖိုပေါ်က ဆင်းရတယ် ကို မရှိဘူး.. မနက်အိပ်ယာ နိုးနိုး ခြင်း ထမင်း တနပ်စား တယ် ဗျာ.. နေ့  လည် ..ဆယ့်နှစ်နာရီလောက် တခါစားတယ်ဗျာ… ညနေလေး နာရီ ငါးနာရီလောက် တခါ စားပြန်ရော … နောက်ဆုံး ညအိပ်ယာဝင် ခါနီး ညဆယ့် တစ်နာရီလောက်တခါစားပြီး မှ အိပ်ယာ ထဲ ၀င်တယ်ဗျ..။
အဲလိုနေရင်းနဲ့နောက်ပိုင်းမှာတော့ ကျနော်နိုင်ငံရေးဆိုတာ ကိုအရင်ကထက် ပိုပြီး နဲနဲလေး စိတ်ဝင် စားလာတယ် ….ပြည်ပ အသံလွှင့် ဌာနတွေ က လွှင့်တဲ့ ရေဒီယို အစီစဉ်တွေ ကို နားထောင်ဖြစ်လာတယ်….။ အင်တာနက် ဆိုင်တွေ က လဲ ရန်ကုန်မှာ ဖွင့်လာကြပြီဆိုတော့  အင်တာနက် မှာ သတင်းတွေဖတ်လို့ ရ တယ် ဆိုတာ နဲ့ အင်တာနက် သုံးနည်း ကို လေ့လာ ပြီး သတင်းတွေ ဖတ်တယ်…အပေါင်းသင်းတွေနဲ့လေတဲ့ အချိန်က လျှော့ မှန်းမသိလျှော့ လာ တယ်…ဘီယာလဲသိပ်မသောက် ဖြစ် တော့  ဘူး.. ညနေအလုပ်ချိန်ပြီးတာနဲ့ အင်တာ နက် ဆိုင်ရောက်တော့ တာပဲ..။ အဲလိုစာ တွေဖတ်ရင်းသတင်း တွေ နားထောင်ရင်း နဲ့ကျနော်တို့ တွေကို စစ်အစိုးရ က မတရားလုပ်ထားတာတွေ ကို သိလာ တယ် ..။ ပြီးတော့ ကျနော် အလုပ်ကိစ္စ နဲ့သွား လာ ခဲ့ တဲ့ေ န ရာဒေသတွေ က ပြည်သူတွေရဲ့အသိပညာ နည်းပါးမှု့ တွေ ၊ ဒေသခံတွေ ကို အာဏာပိုင်တွေ က သူတို့  ရဲ့ အိမ်တော် ပါကျေးကျွန်များသဖွယ် ခိုင်းစေ ဆက်ဆံတာတွေကို မခံမရပ်နိုင်ဖြစ်လာတယ်..ဗျ..။ အဲဒီလို စိတ်ဝင် စားလာရာ က ရွှေဂုံတိုင်မှာနေတဲ့ အသိတယောက် နဲ့ ဆက်စပ်မိရာကနေ အခုကျနော် တို့ ရဲ့ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ကိုရောက်ရှိလာပါတော့  တယ်…။ အဲလို နေရင်း ပါတီထဲမှာ လုပ်ကိုင် နေကြတဲ့ နောင်တော် အကို တော်များနဲ့ သိကျွမ်းလာတယ်….။ ပြီးတော့ ကျနော် ထက် ငယ်တဲ့…လူငယ်တွေပါ ပါတီ ထဲ မှာစိတ်ရောကိုယ် ပါနှစ် ပြီးလုပ်နေကြတာတွေ တော့  ..ကျနော်ကို ကျနော် ရှက်လာတယ်…၊ အနှစ်မရှိတဲ့ လူတယောက်လို ခံစား လာ ရတယ်ဗျာ…။ ဒါပေမယ့် လဲ အလုပ်က တဖက်ရှိနေသေးတော့  ထဲထဲ ၀င်ဝင် မလုပ် ဖြစ်သေးပါဘူး…။
အဲဒီလိုဖားတပိုင်း ၊ ငါးတပိုင်းဖြစ်နေတဲ့ကျနော့် ကို နိုင်ငံရေးလောက ကိုအပြီးတွန်းထည့် လိုက် တာကတော့  ပြီးခဲ့သော နှစ်က ရွှေဝါရောင်တော်လှန်ရေးကြီးကပါပဲ…ဘယ်နှယ့်ဗျာ ဘိုးဘွားဘီဘင် လက် ထက် ထဲ က ယုံကြည် ကိုးကွယ်ခဲ့ တဲ့ ဘုရားသားတော် သံဃာတွေ ကို လမ်းပေါ်ထွက် မေတ္တာ ပို့ လို့  ဆို ပြီး ဓါတ်တိုင် မှာကြိုးနဲ့ တုတ်ပြီး ရိုက်ရတယ်လို့  ဗျာ… အဲဒီ သတင်းကြားတဲ့နေ့ က ဆိုရင် သတင်းနားထောင်ရင်း နဲ့ အသား တ ဆတ်ဆတ် တုန်ပြီး…. ကျနော် တော်တော် လေး မခံမရပ်နိုင်ဖြစ် ခဲ့တယ်….အဲဒီညမှာပဲ ဆုံးဖြတ်ချက် တခု ချ လိုက်တယ်… ဒီလိုသာသနာဖျက်တဲ့ မိစ္ဆာာတွေ အုပ်ချုပ်နေမှု့ ကို လုံးဝ လက်သင့် မခံ နိုင် တော့  ဘူး..မဖြစ်မနေ တော်လှန်ရတော့  မယ်ဆိုပြီး နောက် အလုပ် ဖက်ခြေဦးမလှည့်  ခဲ့တော့ တာ ခုချိန်ထိပဲဆိုပါတော့  ဗျာ…။
အဲဒီနောက်ပိုင်းမှာတော့  အရင်ထဲက နားရည်ဝလာတဲ့ နိုင်ငံရေးသဘောတရားတွေ ၊ ၀ိုင်းဝန်း သွန်သင် ခဲ့ကြတဲ့ မိတ်ဆွေ များကြောင့်  ကျနော် ပါတီရဲ့လမ်းစဉ်တွေ ကို မှန်ကန်စွာလျှောက်လှမ်း နိုင်ခဲ့ ပါ တယ်…။ တာဝန်ပေးလာသမျှ အလုပ်ကိုလည် လုပ်ဆောင်နိုင်ခဲ့ပါတယ်..။ ပြီးတော့ ကျနော် အခု စာရေး နေတဲ့ အချိန်မှာ ပဲကျနော့်ရဲ့ ပြောင်းလဲ မှု့ တွေကို ပြန်တွေး မိရင်းအားရကျေနပ်မိပါတယ်…။ အရင်လို ပေါ့ပေါ့နေ ပေါ့ပေါ့ စားတယောက် မဟုတ်တော့  ဘူး…။ အရင်လုပ်ခဲ့တဲ့ အလုပ်ဖက်မှာလုံးဝ နီးပါးခြေဦးမလှည့် နိုင်တော့  တဲ့ အတွက် သုံးစွဲ စရာငွေကြေး ချို့ တဲ့လာတဲ့ အတွက် အရာရာကိုချွေတာတတ်နေပြီ..။ တခါတလေ ပြတ်တလှည့်  ငတ် တ လှည့် ရှိတဲ့နေ့ တွေမှာလဲ နေတတ်သွားပြီ…။ အရင်က တနေ့ ကို အနဲ ဆုံးလက်ဖက်ရည် သုံးကြိမ် လောက် သောက်ရ မှ အာသာပြေတဲ့ ကျနော် အခုချိန်မှာ လမ်းဘေးပလက်ဖောင်းမှာဖွင့်တဲ့ အပေါစား လက်ဖက် ရည် ဆိုင် က လက်ဖက်ရည်ကိုတောင် တနေ့ တခွက် နပ်မမှန်ချင်တော့ တာကိုလည်း အမှု့မထားတော့ …။ ကျနော့်ရဲ့ ခံယူ ချက်ကပဲ ကျနော့် ကို ပတ်ဝန်းကျင်နှင့်လိုက်လျှောညီထွေဖြစ်အောင်နေရာချထားပေးခဲ့ ပြီးပြီ ။ ရုံးကကျွေးတဲ့ မနက်စာထမင်း ကိုမမှီလိုက်တဲ့နေ့ တွေ မှာလဲ ကျနော်ဟာ မနက်ပိုင်း ဥပုဒ် စောင့် နေတတ်ပြီ ….ကျနော့် လိုပဲ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ လူငယ်တွေရဲ့ ဘ၀တွေ ကို ကိုယ်ချင်း စာတတ် လာတယ်….။ ပြတ်တလှည့် ငတ်တလှည့် နေကြရတဲ့ လူငယ်တွေ ကြားမှပဲပျော်မွေ့ လာတယ်…။ ကျနော် အရင် လုပ်ခဲ့တဲ့ လုပ်ငန်း အချိန်မရွေးပြန်လုပ်နိုင်ပေမယ့်…အဆင်းရဲဒုက္ခ ခံပြီး သေနတ်ပြောင်းဝ အောက်မှာ တိုင်းပြည် ပြောင်းလဲ တိုးတက် ရေးအတွက် ကြိုးစားနေကြတဲ့ လူငယ်တွေ ကို ကျနော် တကိုယ်ကောင်းဆန်ပြီး မထား ခဲ့ချင်ဘူး …။ သူတို့  နဲ့ တသား ထဲဖြစ်အောင် နေတယ်.. ။
အခုအချိန်မှာတော့ ဖြစ်သလို ကြုံသလို စားသောက်နေတယ် လို့တော့  မဆိုနိုင်ပေမယ့် လိုတာ ထက် တော့ ပိုပြီးမစားတော့  ဘူး..။ ဒါပေမယ့် လည်း ကျနော် ကိုယ်အလေးချိန်ဟာလဲ ပေါင် ( ၁၀၀ ) ၀န်းကျင်မှာပဲ ရှိ နေတယ်…။ လျှော့ မသွား ဘူး .....ကျနော် ကောင်း ကောင်း နားလည်သွားပြီ အစားအသောက်ဆိုတာ ဘ၀ အတွက် အထောက် အကူသဘော ပဲ ရှိတယ်..ဘ၀ ရဲ့ အနှစ်သာရ မဟုတ်ဘူး ။ ကျနော်တို နဲ့အတူ့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်တွေ ဘ၀ ရဲ့ အနှစ်သာရ ဆိုတာ အခုချိန်မှာ…
http://burmesepeople.blogspot.com
Posted by Sanghaalliance at 3:11 AM 0 comments
Labels: ဆောင်းပါး