Tuesday, December 2, 2008

ခွပ်ဒေါင်းတွန်သံ

ရိုင်းစိုင်းတဲ့အာဏာရူးတွေအတွက်
သေနတ်ပြောင်းဝ ယဇ်ပလ္လင်ပေါ်မှာ
စတေးခဲ့ရ........
ရဟန်း၊ ပြည်သူ၊ ကျောင်းသားတွေ
ကျဆင်းခဲ့တဲ့မျက်ရည်တွေနဲ့
ဆုံးရှုံးခဲ့တဲ့ဘ၀တွေ
အသက်၊ သွေး၊ ချွေး..........

ဒါတွေအားလုံးအတွက်
အံခဲ မာန်တင်းလို့
လဲကျရာကပြန်ထ
ရှေ့ခရီးကိုချီတက်
စိတ်ဓါတ်တွေမားမားမြင့်
ကြွားကြွားဝင့်မြှင့်တင်ရင်း
ဒေါင်းအလံကို
ဗြောင်းဆန်အောင်လွှင့်ထူရင်း
ခွပ်ဒေါင်းတွန်သံ မိုးထက်ညံစေရမယ်.....ဟေ့။

မင်းသွေးသစ်
(၂၀၀ရ) မျိုးဆက်သစ်ကျောင်းသား၊ ရန်ကုန်

0 Comments:

blogger templates | Make Money Online