Friday, December 5, 2008

မဆလခေတ်နှင့် နအဖခေတ် အစစ်စိုးရ အာဏာရရှိရေး နှိုင်းယှဉ်ချက်

ယခုလက်ရှိစစ်အစိုးရသည် ၁၉၆၂ ခုနှစ်ကတည်းက အာဏာကို ရယူထားသည့် ဗမာ့တပ်မတော်၏ အဆက်ပင်ဖြစ်သည်။ ဗမာ့တပ်မတော်သည် ''အာဏာ၏အရသာ'' ကို သိရှိသွားသည့် အားလျှော်စွာ နိုင်ငံ၏အာဏာကို စွန့်လွှတ်လိုသည့် ဆန္ဒမရှိသည့် အလျှောက် ယခုလာမည့် ၂၀၁၀ ရွေးကောက်ပွဲ၌လည်း တမျိုးတဖုံအာဏာကို ဆက်လက်စွဲကိုင်သွားရန် ကြိုးပမ်းပေလိမ့်မည်။

ဗမာ့တပ်မတော်မှ အာဏာသိမ်းပိုက်ခြင်း၏ အခြေခံအကြောင်းတရားအား ပြန်လည်သုံးသပ် မည်ဆိုပါက အဓိကဒီမိုကရေစီစနစ်အား ဖျက်သိမ်းလိုခြင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု အစစ် အမှန်ဖွဲ့စည်းရေးအား မလိုလားသောကြောင့်ဖြစ်သည်။ ၁၉၆၁ ခုနှစ်ကာလ၌ ဦးနုနှင့် ၄င်းတို့ အတိုက်အခံအကြား အကြပ်အတည်း ပေါ်ပေါက်လာသောကြောင့်လည်းကောင်း၊ တိုင်းရင်း သားနိုင်ငံရေးပါတီများမှ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် တောင်းဆိုလာ သောကြောင့် လည်းကောင်း၊ စစ်တပ်မှ အာဏာသိမ်းခဲ့ပေသည်။

၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တိုင်းပြည်ကိုတော်လှန်ရေးကောင်စီ (ယခုနိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီ-နအဖ) ကဲ့သို့ တိုင်းပြည်ကို အုပ်ချုပ်သည့်နေရာ၌ အာ ဏာ၏အရသာကို သိရှိကာ တိုင်းပြည်ကို တစ်ပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နိုင်ရန်အလို့ ငှာ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား အတည်ပြုကာ ဗမာ့တပ်မတော်က မဆလပါတီ (မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အား တည်ထောင်ကာ တိုင်းပြည်အား ဆက် လက် အုပ်ချုပ်ခဲ့လေသည်။

ယခုလက်ရှိ စစ်အစိုးရသည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီတောင်းဆိုမှုအား ပျက်သုဉ်းအောင် ချေမှုန်းကာ ဒီမိုကရေစီစနစ်ထူထောင်ရေးကို နှစ်ပေါင်း (၂၀) ကျော်တိုင်အောင် အကြောင်း အမျိုးမျိုးပြပြီး ငြင်းဆန်ခဲ့ပေသည်။ နှစ်ပေါင်း (၂၀) ကျော်ကြာအောင် အုပ်ချုပ်ခဲ့သည့်အတွက် စစ်အစိုးရမှာ အာဏာ၏ အရသာကို ကောင်းမွန်စွာ သိရှိသွားပေပြီ။ တချိန်တည်းတွင် ၄င်းတို့ ဆက်လက်အုပ်ချုပ်သွားခြင်းအားဖြင့် ''မဟာဗမာ'' လူမျိုးကြီးဝါဒကို ဆက်လက် ကျင့်သုံးနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လျစ်လျူရှုနိုင်မည် ဖြစ်ပေသည်။

အာဏာရှိသောကြောင့် စီးပွားရေးအကျိုးအမြတ်အများအပြားကို ၄င်းတို့လက်ခံရရှိကာ ၄င်း တို့အသိုင်းအဝိုင်း ထူထောင်ခွင့်ကိုလည်း ရရှိစေပါသည်။ ၄င်းအာဏာရရှိမှုကြောင့် ၄င်းတို့ လက်ညှိုးညွှန်ရာ အတည်ဖြစ်သွားသည့်အရာ ကိစ္စအများအပြားကို လက်တွေ့ တွေ့ရှိနေပေ သည်။

အာဏာ၏ အထူးကောင်းမွန်သည့်အရသာကို သိရှိသွားသည့် စစ်အစိုးရသည် ယခုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အာဏာကို တမျိုးတဖုံ ဆက်လက်ထိန်းသိမ်းသွား နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ပေသည်။ ၄င်းတို့မှ လွတ်တော်တွင် (၂၅%) အထိ ဆက် လက်တည်ရှိနေရေးအတွက် လွန်ခဲ့သည့် မေလက ဖွဲ့စည်းပုံအခြေခံဥပဒေအား အတင်းအဓမ္မ အတည်ပြုခဲ့ပေသည်။ ၄င်းဖွဲ့စည်းပုံတွင်ပင် ၄င်းတို့၏ စစ်အစိုးရများ အရေးကြီးသည့် အုပ်ချုပ် ရေးနေရာတွင် ရယူရန် ကြံစည်ရေး ဆွဲထားပေသည်။

၎င်းအထိအာဏာရရှိထားရုံနှင့် မကျေနပ်သည့် စစ်အစိုးရသည် ကြံ့ခိုင်ရေးအဖွဲ့အား နိုင်ငံ ရေးပါတီတရပ်အနေဖြင့် ထူထောင်ရန် ကြိုးစားနေပေသည်။ ထို့အပြင် လာမည့် ၂၀၁၀ ရွေး ကောက်ပွဲတွင် ကြံ့ခိုင်ရေးအဖွဲ့မှ အကြွင်းမဲ့အာ ဏာရရှိရေးအတွက် ကြိုးပမ်းဦးမည်ဖြစ်ကာ နိုင်ငံ အတွင်းအာဏာ (၃) ရပ်အပေါ် ၄င်းတို့မှ ထိန်းချုပ်ထားနိုင်ရေးအတွက် ကြိုးပမ်း မည်ဖြစ်သည်။ ကြံ့ခိုင်ရေးမှ နိုင်ငံရေးပါတီတရပ်အဖြစ် ပေါ်ပေါက်မည်ဆိုပါက ပါလီမန်အတွင်း လွတ်တော်အမတ်အများအပြားကို ရရှိပြီး စစ်တပ်၏ (၂၅%) အမတ်နေရာနှင့် ပေါင်း မည်ဆိုပါက ၄င်းတို့အာဏာ (၇၅%) အထိရရှိသွားမည်။

ယခုလက်ရှိစစ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများမှာ ၁၉၇၃-၁၉၇၄ ခု နှစ်မှ တော်လှန်းရေးကောင်စီ၏ ကြိုးပမ်းမှုနှင့် အလားတူသည့်အတွက် ၂၀၁၀ ခုနှစ်နောက်ပိုင်း အာဏာထိန်းချုပ်ထားနိုင်ရေးအတွက် ကြိုးးပမ်းမှုများ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online