Monday, December 15, 2008

Myanmar GSM SIM card


ရတနာပုံတယ်လီပို့ အိုင်စီတီ ရက်သတ္တပတ်ပြပွဲတွင့် တစ်ခါသုံး GSM SIM Cardများ စတင်ရောင်းချို



(ပြပွဲတွင်ရောင်းချနေသည့် GSMဖုန်းကဒ်များ)
တစ်ခါသုံး G.S.M SIM Card များ ရန်ကုန်တွင်ပါ ယနေ့ စတင် ရောင်းချ
ဖုန်းကတ်တန်ဖိုးများမှာ အက်ဖ်အီးစီ (၁၀)တန်နှင့် (၂၀)တန်ဟူ၍ ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းကဒ်သက်တမ်းမှာ အက်ဖ်အီးစီ(၁၀)တန်သည် (၂)ပတ်အတွင်းသုံးနိုင်ပြီး၊ အက်ဖ်အီးစီ(၂၀)တန်မှာ (၃)လအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ သက်တမ်းကုန်ဆုံး၍ ဖုန်းကဒ်အသစ် ထပ်မံဝယ်ယူသည့်အခါ မူလနံပါတ်အတိုင်း ရရှိမည်မဟုတ်ပဲ နံပါတ်အသစ်တစ်ခု ရရှိသုံးစွဲရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချသည့် ဖုန်းကတ်များကို အက်ဖ်အီးစီဖြင့် ငွေပေးချေ ဝယ်ယူနိုင်သကဲ့သို့ မြန်မာငွေလဲလှယ်နှုန်းထား တွက်ချက်ပြီးလည်း ကျသင့်သည့် မြန်မာငွေကျပ် တန်ဖိုးအတိုင်းလည်း ပေးချေနိုင်ကြောင်း သိရသည်။ ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံသားဆိုပါက မှတ်ပုံတင်မူရင်းနှင့် နိုင်ငံခြားသားဆိုပါက ပတ်စ်ပို့မူရင်း ယူဆောင်လာရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချမည့် တစ်ခါသုံးဖုန်းကတ် အရေအတွက်မှာ သောင်းဂဏန်းရှိသည်။
http://longwalktofreedom.blog.com

0 Comments:

blogger templates | Make Money Online