Friday, December 5, 2008

ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်း ပြုတ်ပြီ

ရွေးကောက်ပွဲ မသမာမှုနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းကို နိုင်ငံရေးလုပ်ခွင့် (၅) နှစ် တားမြစ်လိုက်ပြီး ၎င်း၏ အာဏာရပါတီ ပီပီပီကိုပါ ဖျက်သိမ်းလိုက်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

အာဏာရပါတီ ပီပီပီပါတီနှင့်အခြား ညွန့်ပေါင်းပါတီ (၂) ခုကိုပါ ဖျက်သိမ်းရန် တရားရုံးက ဆုံးဖြတ်လိုက်သည့်အတွက် ၀န်ကြီးချုပ်ဆွန်ချိုင်း ရာထူးမှ ပြုတ်သွားသည့်အပြင် ဖျက်သိမ်းခံရသည့် ပါတီများ၏ နိုင်ငံရေးခေါင်းဆောင်များပါ (၅) နှစ်ထိ နိုင်ငံရေးလုပ်ခွင့်ရတော့မည် မဟုတ်ပေ။ ဆွန်ချိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး (၃၆) ဦးအနက် (၂၂) ဦးမှာ အရေးယူခြင်းမခံရသည့်အတွက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်မိန့်မှ ကင်းလွတ်သည့် အမတ်များက ပါတီသစ်ထောင်ခွင့်ရှိသည်။
.

ဆွန်ချိုင်း ၀န်ကြီးချုပ်ရာထူးမှထွက်ပေးသည်ထိ လေဆိပ် (၂) ခုတွင် ဆက်ပြီး ဆန္ဒပြမည်ဆိုသည့် ပီအေဒီ အဖွဲ့ဝင်များအနေဖြင့် ဆွန်ချိုင်းပြုတ်သွားပြီး ဘာဆက်လုပ်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ၀န်ကြီးချုပ် ဆွန်ချိုင်း ပြုတ်သွားသော်လည်း ပီအေဒီ ဆန္ဒပြသူများအနေဖြင့် ခြေကုပ်ယူထားသည့် ထိုင်းလေဆိပ် (၂) ခုကို စွန့်လွှတ်မည့်ပုံမရှိပေ။ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ချင်းမိုင်မှာ ကျင်းပရန် ရည်ရွယ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေးကိုလည်း မတ်လသို့ ရွှေ့ဆိုင်းလိုက်သည်ဟု ယခင်ဝန်ကြီးချုပ်ရုံးဝန်ကြီးတဦးက ပြောသည်။
http://longwalktofreedom.blog.com

0 Comments:

blogger templates | Make Money Online