Friday, December 5, 2008

ဟံသာဝတီ မွန်ပြည်ပျက်သုဉ်းခြင်း အထိမ်းအမှတ်လုပ်ဖို့

ဗညားဆိုင်းနွန်
ကဆုန်လဆုပ် (၈)ရက် (၈/၅/၀၇) ရက်နေ့က နှစ်(၂၅၀)ပြည့် ဟံသာဝတီ မွန်ပြည် ပျက်သုန်းခြင်း အထိမ်းအမှတ် လှုပ်ရှား မှုတစ်ခုကို ပြည်ပရောက်မွန်တေ) 6;ရော ပြည်တွင်း က မွန်တွေပါ နေရာအနှံ့အပြားမှာ လုပ်ခဲ့ကြ တယ်။ ဒီလိုအမှတ်တရ လှုပ်ရှားမှုအခမ်းအ နားတွေ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး (၂၀/၅/ ၀၇) ရက်နေ့က (BBC) ကျေးတမာကဏ္ဍမှာ လူတစ်ယောက်က ဒီနေ့ ဒီအခြေအနေမျိုးမှာ ဒီလိုအခမ်းအနားမျိုး လုပ်ဖို့လိုအပ်ပါရဲ့လား္မ ဒီလိုလုပ်တာဟာ နိုင်ငံရေးအရ ရှေ့ကိုသွား နေတာလား္မ နောက်ကိုဆုတ်နေတာလား္မ စဉ်း စားသုံးသပ်ဖို့လိုကြောင်း ပြောဆိုဝေဖန်သွားတာ ကို ကြားလိုက်ရပါတယ်။ ဒီလိုဝေဖန် ထောက်ပြ သွားတာနဲ့ ပက်သတ်ပြီး ထုတ်ဖော်မပြောပေ မယ့် ဒီလိုအမြင်မျိုး လူပုဂ္ဂိုလ်အချို့၊ နိုင်ငံရေး အဖွဲ့အစည်းအချို့မှာ ရှိကောင်းရှိနေပါလိမ့် မည်။ ဒါကိုရှင်းပြဖို့ ဒီဆောင်းပါးကို ရေးသား တင်ပြရခြင်း ဖြစ်ပါတယ်။

သမိုင်းဆိုတာ မေ့ဖျောက်ဖို့ မထိုက်တဲ့ အရာဖြစ်တယ်။ မေ့ဖျောက်ဖို့ မထိုက်လို့လည်း သမိုင်းစာအုပ်တွေရေး၊ သမိုင်းဘာသာရပ်ကိုသင်၊ သမိုင်းဝင်နေရာ အဆောက်အဦးတွေကို ထိန်း သိမ်း၊ မှေးမှိန်နေတဲ့ သမိုင်းဖြစ်ရပ်တွေကို လေ့ လာဖော်ထုတ်နေကြတာ ဖြစ်တယ်။ သမိုင်းဖြစ် ရပ်တွေကို ဖော်ထုတ်နေကြတာဟာ ပြန်လည် လက်စားချေ သမိုင်းကြေးဆပ်ဖို့ မဟုတ်ဘူး။ သမိုင်းဘီး တစ်ပတ်လည်ပြီး အလားတူဖြစ် ရပ်မျိုး ထပ်မံမဖြစ်ပေါ်အောင် သင်ခန်းစာ ယူနိုင် ဖို့ အဓိကဖြစ်ပါတယ်။ သမိုင်းမှာ ဂုဏ်ယူစရာ၊ ရှုံ့ချစရာတွေ ပုဂ္ဂိုလ်တွေဟာ လုပ်ဆောင်သင့် တာ လုပ်ဆောင်၊ ထိန်းသိမ်းသင့်တာ ထိန်းသိမ်း နေကြတာ မဟုတ်လား္မ လူတွေ သမိုင်းကို လေ့လာ ဖော်ထုတ်နေကြတာဟာ အနာဂတ်ကို ပိုကောင်းမွန်အောင် အတိတ်မှာ သင်ခန်းစာယူ ဖို့ဖြစ်တယ်။
ဒီလို လွန်ခဲ့တဲ့အနှစ် (၂၅၀) က သမိုင်း ဖြစ်ရပ်ကို ထုတ်ဖော်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်လိုသူတွေအနေနဲ့ သက်ဦးဆံပိုင် ပဒေသ ရာဇ်ခေတ်က ပဒေသရာဇ်တွေရဲ့ ပဋိပက္ခတွေ ကို ဖော်ထုတ်နေလို့ ဘာမဈအကျိုးမရှိဘူး။ လူ မျိုးရေးအရ အမုန်းပွားတာပဲ တိုးလာမယ်။ ဒီ ကနေ့ဟာ စုစုစည်းစည်းနဲ့ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ အစားထိုးနိုင် ဖို့ကို ဦးတည်ကြဖို့ လိုတယ်လို့ ပြောချင်နေ ကြမှာပါ။ ဘုံရန်သူကို ဦးတည်တိုက်နိုင်ဖို့ အ တိုက်အခံတွေအားလုံး စုစည်းညီညွတ်ကြဖို့လိုပါ တယ်။ ဒီလိုစုစည်းနိုင်ဖို့အတွက် လက်အောက် ခံ ပြဿနာတွေ၊ ဘဝတူအချင်းချင်းကြား ပြ ဿနာတွေကိုခဏထား ဘုံရန်သူကို စူးစိုက် တိုက်ဖို့လိုတယ်လို့ မြင်နေကြမှာပါ။
ဒါက ယေဘုယျအမြင်ပါ။ ပြဿနာတစ် ရပ်ကို ယေဘုယျအမြင် လုပ်ငန်းစဉ်တစ်ခု တည်းနဲ့ မြင်လို့မရနိုင်ပါဘူး။ ကျနော်တို့ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကို လူမျိုးပေါင်းစုံနဲ့ စုစည်းထားတာဖြစ်လို့ လူမျိုးတွေရဲ့အရေးကို အလေးမထား ဝတ်ကျေတန်းကျေ လုပ်နေလို့ မရပါဘူး။ ဒါကလည်း သမိုင်းအတွေ့အ±ကံက သင်ခန်းစာတွေ ပေးခဲ့ပြီး ဖြစ်တယ်။ အင်္ဂလိပ်၊ ဂျပန်လက်အောက်က မြန်မာပြည်လွတ်လပ် ရေးရဖို့ လူမျိုးပေါင်းစုံ ဒို့ညီအစ်ကိုတွေ လူမျိုး စုတွေရဲ့ သီးခြားအရေးကိုခဏထား နယ်ချဲ့ သမားတွေကို အရင်မောင်းထုတ်ဖို့လိုတယ်။ ပြီး တော့မှ ငါတို့ညီအစ်ကိုချင်း ညီတူညီမဈ အခွင့် အရေးတွေ ယူကြတာပေါ့ဆိုပြီး (ဖဆပလ) မှာ စုစည်းခဲ့ကြတယ်။ ထိုစဉ်က (ဖဆပလ) ကို ယုံယုံကြည်ကြည်နဲ့ ဦးဆောင်မှုပေးခဲ့တယ်။ မွန် တွေအဖို့ ဒုတိယကမ္ဘာစစ်အပြီးမှာ စတင် ဖွဲ့စည်းခဲ့တဲ့ ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်း မှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေအဆိုအရ ထို အသင်းကို ဖွဲ့စည်းစဉ်က မိမိတို့ မွန်အမျိုး သားအရေးကို ဇောင်းပေးလိုပေမယ့် (ဖဆပလ) က သီးခြားအမျိုးသား အခွင့်အရေးတွေနဲ့ ပတ် သက်တာမလုပ်ဖို့ တားမြစ်ခဲ့တယ်။ ဒါကြောင့် ဘာသာရေးနဲ့ ယဉ်ကျေးမှုအ ဆင့်လောက်ကို သာ လုပ်ဆောင်ခဲ့ရတယ်။ နယ်ချဲ့တိုက်ထုတ်ရေး မှာလည်း သီးခြားလက်နက်ကိုင် တပ်အင်အား တွေ မဖွဲ့စည်းပဲနဲ့ ဘ႘ၟး ဘဓၟ ထဲမွာ မွန်တွေ အင်အား (၃၀၀၀) လောက် ပါဝင်လာခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေးရလာတဲ့အခါ မွန်တွေ အတွက် အမျိုးသားဆိုင်ရာ အခွင့်အရေးတစ်ခုမှ မရခဲ့ဘူး။ တောင်ပေါ်သားလူမျိုးစုတွေ ပြည် နယ်တို့ ဝိဒေသတိုင်းတို့ရကြတဲ့ အချိန်မှာ မွန် တွေအတွက် မွန်နဲ့ဗမာအတူတူပဲ၊ ဗမာတွေ ရသလိုပဲ ယူပါ။ သီးခြားလုပ်မနေပါနဲနဲ့ ဆိုပြီး စကားလုံးလှလှနဲ့ ငြင်းပယ်တာကို ခံလာခဲ့ ရတယ်။ ဒါကိုလက်မခံနိုင်လို့ ဆန္ဒပြပြန်တော့ လည်း အကြမ်းနည်းနဲ့ အရေးယူတာကို ခံ ခဲ့ရတယ်။ ဒါကြောင့် မွန်လက်ကိုင်တော်လှန် ရေး ပေါ်ပေါက်ခဲ့ရတယ်။ တခြားလူမျိုးစုတွေ လည်း သူ့နည်းသူ့ဟန်နဲ့ ခံခဲ့ကြရတယ်။ ဒီလို အတွေ့အ±ကံ သင်ခန်းစာတွေရှိခဲ့လို့ ဒီနေ့ ဒီအ ချိန်မှာ ဘုံရန်သူဖယ်ရှားရေး၊ ဒီမိုကရေစီပေါ် ထွန်းရေးလောက်နဲ့ပဲ တိုင်းရင်းသားတွေကို စု စည်းဖို့ မလွယ်တော့ဘူး။ တိုင်းရင်းသားတွေအ တွက် အခွင့်အရေးတွေ ဘယ်လိုရှိတယ်၊ အာမ ခံချက် ဘယ်လောက်ရှိတယ်ဆိုတာ ထင်ထင် ရှားရှားသိရှိအောင် ညှိနှိုင်းထားရှိဖို့ လိုပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်း ကတိပေးတာဝန် ယူတာမျိုးလို ပွင့်ပွင့်လင်းလင်း ရှိဖို့ လိုပါတယ်။ ဒါမှလည်း ကျယ်ပြန့်ခိုင်မာတဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေဟာ သဘောထား မကြီးကြလို့မဟုတ်ဘူး၊ လူများ စုမဟုတ်တဲ့အတွက် ရေလိုတစ်အိုးတည်းထည့် ပြီး ရောမွှေပစ်တဲ့ ပေါင်းစည်းမှုမျိုးကို အဖြစ် ခံလို့မရဘူး။ အဖြစ်ခံရင် ကိုယ့်လူမျိုး ပျောက် သွားလိမ့်မယ်။ ကျနော်တို့ဟာ လူမျိုးရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ အဖွဲ့ချင်းပူးတွဲတဲ့ ပေါင်းစည်း ချင်းမျိုးကိုပဲ လက်ခံနိုင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေဘက်က ရပ်ကြည့်စမ်းပါ။ မွန်၊ ရခိုင်၊ ရှမ်းတွေဟာ တစ်ချိန်က ထီးနဲ့ နန်းနဲ့ လွတ်လပ်တဲ့နိုင်ငံတွေနဲ့ ထင်ထင်ရှားရှား ရှိခဲ့ကြ ပေမယ့် ဒီနေ့ဒီအနေအထားမှာ သီးခြားလွတ် လပ်တဲ့နိုင်ငံ ထူထောင်ရေးကို မတောင်းဆိုပါဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို လက်ခံနေကြတာဟာ သဘော ထားကြီးလို့ပဲ ဖြစ်ပါတယ်။ လေဈာ့နိုင်သလောက် လေဈာ့သင့် သလောက်လေဈာ့ပြီး ညီညွတ်ရေးကို ဦးထိပ်ထားခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ပြီး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်မခံ လို၊ လက်မခံနိုင်ကြတဲ့ တစ်ချို့ဗမာတွေရဲ့ သ ဘောထားဟာ သင့်တော်မှန်ကန်ပါရဲ့လား္မ အ ပြန်အလှန် ဝေဖန်ချင့်ချိန်ကြည့်စေချင်ပါတယ်။
နောက်ပြီး လွန်ခဲ့တဲ့နှစ် (၂၅၀) က ဟံ သာဝတီ မွန်ပြည်ပျက်စီးသွားခဲ့စဉ် အဖြစ် အပျက်ဟာ နှစ်ဖက်သော ဘုရင်ဧကရာဇ်တွေ သူတို့စစ်အင်အားတွေ အချင်းချင်းပဲ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတာ မဟုတ်ဘူး။ စစ်ရှုံးခဲ့ရတဲ့ မွန်တွေဟာ စစ်နဲ့မပတ်သက်တဲ့ သံဃာတွေ၊ အိမ်ရှင်မတွေ ကလေးတွေပါမကျန် ဟံသာ ဝတီနဲ့ မုတ္တမဒေသတွေမှာ နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခဲ့ကြတယ်။ ဟစ်တလာက ဂျူးတွေ ကိုသတ်သလို၊ ဆဒမ်ဟူစိန်က ကာဒ်လူမျိုးတွေ ကိုသတ်သလို၊ ဦးအောင်ဇေယျကလည်း မွန် တွေကို မျိုးဖြတ်သတ်ခဲ့တာပါ။ ဒါပေမယ့် ဟိုတုန်းကတော့ အဆိပ်ဓါတ်ငွေ့တွေ အဆိပ်ဗုံး တွေမပေါ်သေးတော့ ဖမ်းမိသမဈ မွန်လူမျိုးတွေ ကို လှောင်အိမ်ထဲထည့်ပြီး မီးနဲ့ရှို့သတ်ခဲ့တာ ဟံသာဝတီ ပဲခူးဝန်းကျင်မှာ (၉) နေရာတောင် ရှိခဲ့တယ်လို့ မွန်တွေရဲ့ စစ်ပြေးခေတ်သမိုင်းမှာ ဖော်ပြထားပါတယ်။ ဆင်တွေနဲ့နင်းသတ်ခြင်း၊ မြစ်ကမ်းနဘေးသောင်ပြင်မှာ လှောင်အိမ်လုပ် ထည့်လှောင်ထားပြီး ဒီရေအတက်မှာ မျောပါ နစ်မြပ်စေခြင်း၊ အဆိပ်ကျေးသတ်ခြင်း၊ ဓါးနဲ့ခုတ် လှံနဲ့ထိုး နည်းအမျိုးမျိုးနဲ့ မျိုးပြတ်အောင် သတ်တဲ့ ဃေနဵငိဒေ ခေါ် အမျိုးပြတ်စစ်ပွဲကို ဦးအောင်ဇေယျလုပ်ခဲ့တယ်။ အနော်ရထာ၊ ဘုရင့် နောင်တို့လို စစ်ရှုံးသူလူမျိုးကို ကျန်ပြ၊ ဘဏ္ဍာ ဆက်သစေရုံမျိုးမဟုတ်ဘူး။ သူ့မယားကိုလိုချင် သူ့လင်ကိုလှံနဲ့ထိုးသလို မွန်ပြည်၊ မွန်နယ်မြေကို အပိုင်သိမ်းချင်လို့ မွန်တွေကို မျိုးပြတ်သတ် နယ်မြေက ထွက်ပြေးအောင် မောင်းထုတ်ခဲ့တာ တွေဟာ တရားသောစစ်၊ မှန်ကန်သောလုပ်ရပ် လို့ သတ်မှတ်ခံယူထားကြပါသလား။ ပုသိမ်နဲ့ မြစ်ဝကျန်းပေါ်ဒေသမှာရှိတဲ့ မွန်တွေကိုတော့ မွန်စာပေသင် ကြားခွင့်ကိုပိတ်ပင်၊ မွန်စကားကို တရားမဝင် တန်ဖိုးမဲ့အောင်လုပ်ပြီး သွေးနှော ရေးလုပ်ရပ်တွေနဲ့ ရေရှည်ဝါးမျိုရေး အစီအစဉ် တွေကြောင့် မြစ်ဝကျန်းပေါ်က မွန်တွေ ပျောက် ဆုံးခဲ့ရတယ်။
မွန်တွေဟာ ဗမာဘုရင်တွေရဲ့ မျိုးပြတ် မောင်းထုတ်ရေးအစီအစဉ်မှာ မခံနိုင်လို့ ထိုင်းနိုင် ငံထဲကို တစ်သုတ်ပြီး တစ်သုတ် ပြေးဝင်ခိုလှုံခဲ့ကြ ရတယ်။ ဒါတွေကို ထိုင်းနိုင်ငံရဲ့ စာပေထဲမှာ လည်း လေ့လာတွေ့ရှိနိုင်ပါတယ်။ (၁၈) ရာစု မှာဖြစ်ခဲ့လို့ ပုံပြင်လို့ မထင်မှတ်လိုက်ပါနဲ့။ တကယ်ဖြစ်ရပ်တွေပါ။ ဒီနေ့ခေတ်လူတွေဟာ (၂၀) ရာစုမှာဖြစ်ခဲ့တဲ့ ပထမကမ္ဘာစစ်အတွင်း တာကီလူမျိုးတွေက အားမီးယားလူမျိုး (၂) သန်းကျော်ကို သတ်ခဲ့တာ၊ ဒုတိယကမ္ဘာစစ် အတွင်း ဟစ်တလာရဲ့နာဇီအဖွဲ့က ဂျူးလူမျိုး (၆) သန်းကျော်ကို သတ်ခဲ့တာ၊ (၁၉၈၆-၈၈) အတွင်းမှာ ဆဒမ်ဟူစိန်က ကာဒ်လူမျိုး (၁၂၈၀၀၀) ကျော်ကို သတ်ခဲ့တာ၊ (၁၉၉၄-၉၆) အတွင်းက ရဝမ်ဒါနိုင်ငံမှာ လူများစု ဖြစ်တဲ့ ဟူတူ လူမျိုးတွေက လူနည်းစု တူစီလူမျိုး ငါးသိန်း ကျော်ကို သတ်ခဲ့တာ၊ ယခုနှစ်ပိုင်းတွေ မှာ ဆူဒန်နိုင်ငံ ဒါဝှောဒေသမှာ အာရပ်တွေက လူမဲမျိုးနွယ်စုတွေကို သတ်ဖြတ်နေတာတွေ လောက်ကိုပဲ သိရှိကြ၊ ဝေဖန်နေကြလို့ မလုံ လောက် ပါဘူး။
ကမ္ဘာမြေကြီးဟာ လူတစ်မျိုးတည်းအ တွက်ကိုပဲ ဘုရားသခင်က ဖန်တီးပေးထားတာ မဟုတ်ဘူး။ ဒီလူသားတွေဟာ သဘာဝတော တိရစ္ဆာန်တွေကိုတောင် မျိုးပြန်းမသွားအောင် ထိန်းသိမ်းနေတဲ့ကာလမှာ လူမျိုးမတူတာကို အခြေခံပြီး ကျန်ပြ၊ ဝါးမျို၊ သတ်ဖြတ်သွား ကြမှာ သေချာပါတယ်။ ကရင်တွေ လက်ရှိခံ နေရတာဟာ တစ်ချိန်က မွန်တွေ ခံရတာနဲ့စာ ရင် ဘာမှမပြောပလောက်ပါဘူး။ ဒါက ယ္ခုခေတ် နိုင်ငံတကာက စောင့်ကြည့်ဝေဖန် အရေးယူနေ တဲ့ ကာလ၊ ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့ငြိမ်းချမ်း ရေးကို ဘက်ပေါင်းစုံက ထိန်းသိမ်းနေတဲ့ကာ လမျိုးမှာ ဒီလိုဖြစ်နေသေးတာဟာ မဟာဗမာ စစ်ဝါဒီတွေရဲ့ အတွေးအမြင်တွေ ဘယ်လောက် မှားယွင်း ဖောက်ပြန်နေလဲဆိုတာကို ခန့်မှန်း တွက်ချက်နိုင်ပါတယ်။ ဒီအတွေးအခေါ်တွေဟာ ဘယ်ကအခြေခံလာလဲဆိုရင် ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံတော် တွေကို တည်ထောင်ခဲ့တဲ့ အနော်ရထာ၊ ဘုရင့် နောင်၊ အလောင်းဘုရားတို့ကို အမျိုးသား အာ ဇာနည် လူစွမ်းကောင်းတွေအဖြစ် ဂုဏ်မြှင့်အသိ အမှတ်ပြထားရာက အခြေခံတာဖြစ်တယ်။
'စစ်နဲ့အချစ်မှာ မတရားတာ မရှိဘူး၊ အောင်နိုင်ဖို့ အဓိက' ဆိုပြီး အထက်က ညွှန် ကြားချက်ပေး၊ အောက်အဆင့်က အကောင် အထည်ဖော်၊ လူ့အခွင့်အရေးတွေ ဖောက်ဖျက်ခံ နေရတယ်ဆိုပြီး ဘယ်လိုအော်နေပေမမယ့် ဂရု မစိုက်တာဟာ ဒီအတွေးအခေါ်က အခြေခံတာ ပါ။ နိုင်ငံတကာမှာ ဟစ်တလာ၊ မူဆိုလီနီ၊ မီ လိုရှေးဗစ်နဲ့ ဆဒမ်ဟူစိန်တို့ကို ကမ္ဘာ့စစ်တရားခံ တွေအဖြစ်နဲ့ အရေးယူရှုံ့ချနေတဲ့ကာလမှာ အ လောင်းဘုရားနာမည်ခံ ဦးအောင်ဇေယျ ဟာ မဟာအာဇာနည် မျိုးချစ်လူစွမ်းကောင်းကြီးအ ဖြစ်နဲ့ ချီးမြှောက် နေရာပေးခံနေရတယ်။ ဒီတော့ စတုတ္ထမြန်မာပြည် (ဗမာတွေကြီးစိုးတဲ့ တိုင်း ပြည်) တည်တံ့ဖို့သာလဈင် သူတို့အတွက် မဟာ ဦးတည်ချက် ဖြစ်နေမှာပဲ။ ဒီနေ့ ဒီအနေအထား မှာ လူမျိုးစုတွေထဲ ကရင်လူမျိုးဟာ သူတို့ကို အဓိကအာခံနေတဲ့ လူမျိုးဖြစ်နေတော့ ကရင်လူ ထုအပေါ် ဒီလိုလုပ်တာ သူတို့အတွက် မှန် တယ်လို့ထင်နေကြမှာပဲ။ တော်လှန်တိုက်ခိုက် မှုရှိတဲ့ခွင်ကို အမဲရောင်နယ်မြေသတ်မှတ်ပြီး သတ်ဖြတ်၊ မုဒိမ်းကျင့်၊ နည်းမျိုးစုံနဲ့ နယ်မြေက မောင်းထုတ်နေတာ တိုင်းရင်းသားနယ် မြေအနှံ့ မှာပါပဲ။
စာဖတ်သူတစ်ချို့က ကျနော့်ကို လူမျိုးခွဲ ခြားရေး ရှုထောင့်ဘက်က ချည်းကြည့်နေတယ်။ ဗမာလူထုတွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစု ကြည်နဲ့ ှၜဓ အဖွဲ့ဝင်တို့ ခံနေရတာကို ထည့်မတွက်တော့ဘူးလားလို့ ပြောကောင်းပြော ကြမှာပါ။ တကယ်တော့ ဗမာစစ်ခေါင်းဆောင် တွေဟာ သူတို့တပ်ဖွဲ့ဝင်တွေကို ဗမာမျိုးချစ်ဝါဒ၊ မြန်မာပြည်မ¾ပိကွဲရေးတို့နဲ့ အဓိကထားပြီး စည်းရုံးပညာပေးထားကြတယ်။ ဒီအပေါ်မှာ သူ တို့တပ်မတော်သားတွေ စုစည်းနေတာ ဖြစ် တယ်။ ဒီဝါဒသဘောထား အခြေခံတွေနဲ့ပဲ ှၜဓ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ပ အားကိုး၊ အမျိုးသားသစ္စာဖောက်တွေအဖြစ် တိုက်ခိုက် ဆန့်ကျင်နေတာဖြစ်တယ်။ သူတို့ရဲ့ နိုင်ငံရေးဇောင်းပေးမှုကို လေ့လာကြည့်ရင် ဒို့တာ ဝန်အရေးသုံးပါးဟာ အဓိကဖြစ်တယ်။ အဲဒီမှာ က ပြည်ထောင်စုမ¾ပိကွဲရေးကို အဓိကနံပါတ် တစ်မှာ ထားပါတယ်။ ပြည်ထောင်စုဆိုတာ သူတို့အတွက် လှည့်ဖျားဖို့ ဝေါဟာရသာဖြစ် ပြီး တကယ်တော့ နိုင်ငံတော်မ¾ပိကွဲရေးဟာ အဓိကအကျဆုံး ဦးတည်ချက်ဖြစ်တယ်။ သူ တို့ရဲ့နိုင်ငံတော်ဆိုတာ တစ်ပြည်ထောင်စနစ် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ တည်ထောင်ခဲ့တဲ့ နိုင်ငံတော်မျိုး၊ ဗမာတွေဦး ဆောင်စိုးမိုး မင်းမူမှုအောက်က နိုင်ငံတော် မျိုးဖြစ်တယ်။ သူတို့ဟာ အမျိုးသားနိုင်ငံရေးကို လုပ်နေတာဖြစ်တယ်။ သူတို့ရဲ့ဝါဒဟာ သိပ္ပံ နည်းကျ အမျိုးသားရေးဝါဒဖြစ်တယ် စတဲ့ဝေါ ဟာရတွေဟာ တကယ်တော့ အမျိုးသားရေး ဝါဒဖြစ်ပါတယ်။
http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online