Thursday, July 16, 2009

မိုးဟေကို ဖျော်ဖြေမှု အင်တာနက်တွင် ရေပန်းစား


သရုပ်ဆောင်လောကတွင် အရှိန်ရလာသည့် မိုးဟေကို၏ မကြာသေးမီက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် စင်တင်ဂီတ ဖျော်ဖြေပွဲမှာ အင်တာနက် အသုံးပြုသူများကြားထဲတွင် ခေတ်စားလျက်ရှိသည်။

အေရှားဝေါလ် ဆိပ်ကမ်း ပေါက်ကွဲမှုအစ မီးခြစ်က

ရန်ကုန်မြို့ အေရှားဝေါလ် ဆိပ်ကမ်းရှိ ကွန်တိန်နာတလုံးတွင် အင်္ဂါနေ့ ညနေပိုင်းက အသေးစား ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ခြင်းမှာ ကော်စေ့များ စစ်ဆေးရာတွင် ဂက်စ်မီးခြစ် အသုံးပြုခြင်းကြောင့် ဖြစ်သည်ဟု ထို ဆိပ်ကမ်းရှိ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများလွှတ်ရန် မိသားစုဝင်များ မျှော်လင့်ချက်မထား

လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် မျှော်လင့်မထားကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

အာဆီယံပွဲတွင် မြန်မာ့အရေး ကလင်တန် ပြောမည်

မနက်ဖြန် စတင်မည့် အာဆီယံဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်မည်ဖြစ်ပြီး မြန်မာပြည်အရေးသည် အရေးတကြီး ဆွေးနွေးရမည့် အကြောင်းအရာတခု ဖြစ်လာမည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးတဦးက ပြောသည်။

စစ်အစိုးရ ကမ်းလှမ်းချက် KIO ဈေးဆစ်

ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO က စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီး ကချင်ဒေသလုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းရန် တင်ပြထားကြောင်း သိရသည်။

မဲဆောက်က မြန်မာ ကလေးငယ်တွေလည်း ဝက်တုပ်ကွေး စိုးရိမ်

ထိုင်းနိုင်ငံတွင် A(H1N1) ဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ပညာသင်ကြား နေသော မြန်မာ ရွှေ့ပြောင်း ကလေးငယ်များ၏ ကျန်းမာရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
http://www.irrawaddy.org/bur/

0 Comments:

blogger templates | Make Money Online