| ဒေါ်အောင်ဆန်းစုကြည်၏ အလှူ မိဖမဲ့ကလေးများနှင့် ဒုက္ခသယ်ကလေးများ အတွက် ၀မ်းမြောက်ဖွယ် |
| လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကို ဂျပန်နိုင်ငံ၊တိုကျိုမြို့ အိုစုကရပ်ကွက် မိနာမိအိုစုကဟော၌ ၁၄-၆-၂၀၀၉ တနင်္ဂနွေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပခဲ့ရာတွင် အခမ်းအနားသို့လာရောက်ကြသော ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်များ၊ဖိတ်ကြားထား သောဧည့်သည်တော်များ အယောက် ၈၀၀ကျော် တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။ ထိုဧည့်သည်တော်များ ထည့်သွင်းလှူဒါန်း ခဲ့သော အလှူငွေများဖြင့် ထိုင်းနယ်စပ် မဲဆောက် သွေးသစ်ကျောင်းရှိ မြန်မာက လေးငယ်များအတွက် လိုအပ်သော ကျောင်းစာသင်ခန်းနှင့် အဆောင်များ ဆောက်လုပ်ရန်အတွက် လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့အထိမ်အမှတ် အမှတ်တရအနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ခလေးများအတွက် လှူဒါန်းခဲ့ကြောင်း၊ ထပ်မံလိုအပ်သော အလှူ ငွေများကို လည်းဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကိုထင်ကျော်မှပြောကြားခဲ့ပါ တယ်။ |
Monday, July 13, 2009
ဒေါ်အောင်ဆန်းစုကြည်၏ အလှူ မိဖမဲ့ကလေးများနှင့် ဒုက္ခသယ်ကလေးများ အတွက် ၀မ်းမြောက်ဖွယ်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment