Waso-Robe Offering ceremony in Louisville Kentucky.
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၀ါဆိုလပြည့်စနေနေ့တွင် ဓမ္မစကြာ တရားတော်ကို ဟောတော်မူခဲ့ပြီး တရားရတနာ နှင့် သံဃာရတနာတို့ ပေါ်ပေါက်လာခဲ့ပါတယ်၊ဓမ္မစကြာတရာတော်ကို နာကြားရသော ပဉ္စ၀ဂ္ဂီ ငါးပါး တရားထူးများ ရရှိခဲ့ပါသည်၊ ထိုနေ့ကို မြန်မာလူမျိုးများအားလုံး ၀ါဆိုလပြည့်နေ့မှာ စေတီပုထိုးများနှင့်၊ကျောင်းကန်များကို သွားရောက်ပြီး ၀ါဆိုပန်း၊၀ါဆို သင်္ကန်း များ လှူဒါန်းကြပါတယ်၊၊
နိုင်ငံခြားတိုင်းပြည်များတွင် ရောက်ရှိနေကြသော မြန်မာလူမျိုးများ အားလုံးကလည်း ရိုးရာမပျက် ၀ါဆိုပွဲတော်ကို ကင်တက်ကီပြည်နယ် လုဝိဘေးမြို့တွင် မေတ္တာပါလဓမ္မဝေဒဂူကကျောင်းသစ်ဖွင့်ပွဲနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ရှင်သာမဏေများ ပြုခြင်းများကို ၂၀၀၉ခုနှစ် ဇူလိုင်လ (၅)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်၊၊
အဆိုပါကျောင်းသစ်ဖွင့်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောက် မေတ္တာနန္ဒ၀ိဟာရ ဆရာတော် ဒေါက်တာဓမ္မပိယ ကိုယ်တိုင်လာ ရောက်ပြီး တရားဓမ္မများ ချီးမြင့်ခဲ့ပါတယ်၊ အမျိုး၊ဘာသာ၊သာသနာတော်အတွက် ပြည်တွင်း ပြည်ပနေရာများမှာ လိုအပ်နေသည့် နေရာများကို သွားရောက်ပြီး သာသနာပြုကြမည်ဆိုရင် မြတ်စွာဘုရား သာသနာကို ထိတွေ့ခွင့်ရသော ဒကာ ဒကာမများမှာ ကောင်းတဲ့ အကျိုးများရရှိခြင်းနှင့် အမေရိကန်မှာ မွေးတဲ့ ကလေးတွေလည်း ဘ၀ရေရှည်ကောင်းပါတယ်၊၊
ဘုန်းကြီးကျောင်းတခုဖြစ်လာရန် စေတနာ တွေ စုပေါင်းပြီး စုဆောင်း၊စုပေါင်း လုပ်ရသည့် အလုပ်ဖြစ်တာကြောင့် ကိုယ့်တိုင်းပြည်နှင့် ကိုယ်လူမျိုး ကိုယ်ရဲ့ ဘာသာစကားများကို ပျောက်ကွယ်မသွားရအောင် အားလုံးက အလေးအနက် အတွေးများနှင့် ဆောင်ရွက်သင့်တဲ့ အချိန်မှာ အားလုံး လုပ်သင့်ပါတယ်၊ ဒါကြောင့်လည်း ကင်တက်ကီသာသနာရောင်ခြည်သန်းပြီမို့ ဖူးကြစို့ မြတ်သံဃာ၊ ဆက်ကာသည် ကမ္ဘာတ၀န်းဆီသို့ တက်ညီကာ နွဲကြရင်ဖြင့် ထက်မဟီအောင်ပြန်နှံ့၊ မေတ္တာနှင့် အကျိုးဆောင်လျင် အများအမြင် ကြည်လင်ပါလိမ့်၊၊
အရှင်စန္ဒောဘာသာစာရ
မေတ္တာပါလဓမ္မဝေဒဂူကျောင်း
310 Gheens Ave Louisville KY 40214 Tell: (502) 749- 8066
အပြည့်အစုံသတင်းဖတ်ရန်....
http://arzarni.blogspot.com/
Saturday, July 11, 2009
ဝါဆိုလပြည့် ဗုဒ္ဓနေ့ 
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment