၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရ ဖွဲ့သည့်အချိန်တွင် တိုင်းဒေသကြီး လွှတ်တော်အသီးသီး ၁၃ ခု၏ ၀န်ကြီးချုပ်များအဖြစ် လက်ရှိ နအဖ စစ်အစိုးရ ၀န်ကြီးများကို ခန့်ထားဖို့ လျာထားသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
တိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်များအဖြစ် လျာထားသည့် ၀န်ကြီးများကို ၄င်းတို့၏ ဇာတိမြေနှင့် နီးစပ်သည့် တိုင်းများတွင် နိုင်ငံရေးစည်းရုံးမှုများလုပ်ရန် တာဝန်ပေးထားသည်ဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ဥပမာ-မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောက်ကာကျေးရွာဇာတိဖြစ်သည့် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်းကို မန္တလေးတိုင်းတိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်အဖြစ် လျာထားသည်။
မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မကြာခင် ကြံဖွံ့အဖွဲ့အား နိုင်ငံရေးပါတီအဖြစ် တရားဝင်ကြေငြာဖို့ရှိသည်ဟု ၀န်ကြီး ဦးအောင်သောင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
ကြံဖံွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို မည်သည့်အမည်နှင့်ဖွဲ့မည်၊ ပါတီခွဲမည်မျှထားမည်စသည့် အသေးစိတ် အချက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထူးခြားသည့်အချက်မှာ ကြံ့ဖွံ့ခေါင်းဆောင် စစ်အရာရှိများ၏ ရာထူးများနှင့် တွဲပြီး ဖော်ပြလေ့ရှိသည့် ကြံ့ဖွံရာထူးများကို လွန်ခဲ့သည့် တပတ်ကျော်မှစပြီး မြန်မာသတင်းစာများတွင် ဖော်ပြခြင်းမရှိတော့ဟု ရန်ကုန်မြို့များက ပြောသည်။
Saturday, November 1, 2008
နအဖ၀န်ကြီးများအား တိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်များအဖြစ် လျာထား
Posted by Sanghaalliance at 9:12 PM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment