နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ပြီးခဲ့သည့် (၇) ရက်နေ့ညက ဖမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ပြီးဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။
တရားရုံးအား မထေမဲ့မြင်မှုဖြင့် ထောင်ဒဏ်ကျ (၄) လ ချမှတ်ခြင်းခံခဲ့ရသော ၎င်းတို့နှစ်ဦးကို သောင်္ကြာနေ့ညတွင် သက်ဆိုင်ရာ က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး အင်းစိန်ရဲစခန်း၌ တစ်ညချုပ်၍ နောက်နေ့ မနက်ပိုင်းတွင် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ မိသားစုနှင့် နီးစပ်သူကပြောသည်။
“စနေနေ့မနက်ပိုင်း (၁၀) နာရီလောက်က အင်းစိန်ထောင်ကို ပို့လိုက်တာ။ သောင်္ကြာနေ့ည ခေါ်သွားတာ။ အင်းစိန်ရဲစခန်းကို ခေါ်သွားတာ။ အင်းစိန်ရဲစခန်းမှာ တစ်ညအိပ်တယ်” ဟု မိသားစုနှင့် နီးစပ်သူကပြောသည်။
ရှေ့နေကြီးဦးအောင်သိန်းသည် ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး ဆေးကို နေ့စဉ်မပြတ် သုံးစွဲနေရသူဖြစ်သောကြောင့် ထောင်အတွင်းသို့ (၄) လစာအတွက်ပြင်ဆင်ယူဆောင်သွားကြောင်း သိရသည်။
ဦးအောင်သိန်း၏ မိသားစုဝင်များသည် အင်းစိန်ထောင်မှာ ထောင်ကျနေသော ၎င်းတို့၏ သားနှင့် စနေနေ့၌ ထောင်ဝင်စာ တွေ့လေ့သည်။ သို့သော် ယခုအပတ်တွင်မူ ဖခင်ဖြစ်သူဦးအောင်သိန်းနှင့်အတူ သားဖြစ်သူအား တရက်တည်းတွေ့နိုင်ရန် ကြာသာပတေးနေ့၌ ထောင်ဝင်စာ သွားတွေ့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ပြီးခဲ့သည့် ရက်ပတ် တွင် ၎င်းတို့၏ မျက်ကွယ်၌ တရားရုံးချုပ်က ထောင်ဒဏ် (၄) လစီအပြစ်ပေးလိုက်ခြင်းဖြစ်သည်။
Tuesday, November 11, 2008
သောကြာနေ့ညက ရှေ့နေကြီး ဦးအောင်သိန်းကိုဖမ်းပြီး အင်းစိန်ထောင်ပို့
Posted by Sanghaalliance at 8:07 AM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment