Saturday, November 8, 2008

လိုင်စင်မဲ့ ဆိုင်ကယ်မှတ်ပုံတင်ကာလ ထပ်မံတိုးမြှင့်

လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ကာလကို တလတိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန် ကညန တိုင်းရုံး တာဝန်ရှိသူတဦးက ပြောဆိုသည်။

လိုင်စင်မဲ့ဆိုင်ကယ်များအား အခွန်ကောက်ခံ၍ မှတ်ပုံတင်ပေးခြင်းကို ဇူလိုင်(၁)ရက်မှ အောက်တိုဘာလ ကုန်အထိ (၃)လသာ ဆောင်ရွက်ပေးမည်ဟု မူလကကြေညာခဲ့သော်လည်း ယခု အချိန်ကာလ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

မန္တလေးမြို့မှ ၀ါရင့်ဆိုင်ကယ်ဝယ်ရောင်းတဦးကမူ

“အခုအောက်တိုဘာလအထိ လိုင်စင်လုပ်ခဲ့တဲ့ ဆိုင်ကယ်ပေါင်း(၁)သိန်းကျော်သွားပါပြီ။နောက်ထပ် လိုင်စင်မယ့် ဆိုင်ကယ်တွေလည်းကျန်ရှိနေပါသေးတယ်။ အခုအချိန်ထိ ကျယ်ခေါင်က ဆင်းဘီးတွေရှိနေသေးတာကို၊ တချို့ကတော့ ငွေမလည်းတော့စောစောကမလုပ်နိုင် ကြဘဲအခုမလုပ်ရင် သိမ်းခံရမယ်ဆိုတော့မှ ကောက်လုပ်ကြတာလည်းရှိတယ်လေ” ဟုပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များမှတ်ပုံတင်ခြင်းကို နိုင်ငံအမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်ပေါ်မူတည်၍ တစီးလျှင် အနည်းဆုံး ၇၅၀၀၀ ကျပ်မှ အများဆုံး ၄၈၇၉၀၀ ကျပ် အထိကောက်ခံသော်လည်း စက်သုံးဆီဝယ်ယူခွင့် ရရှိကြမည် မဟုတ်ပေ။

ယခုကာလသည် လိုင်စင်မဲ့ ဆိုင်ကယ်များအားမှတ်ပုံတင်ပေးမှု နောက်ဆုံးလဖြစ်ကြောင်း က.ည.န ကပြော ဆိုလိုက်ပြန်ပြီး သတ်မှတ်ကာလ အပြီးမှတ်ပုံတင်ခြင်းမရှိသောဆိုင်ကယ်များကို သိမ်းဆည်းအရေးယူသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“ကျမတို့ ဆီမှာတော့ ကင်တို ၂၀၀၄ မော်ဒယ် ၁၂၅(125-cc) ဆိုင်ကယ်အတွက် ဘဏ်မှာ ၁၄၄၂၀၀ ကျပ်ပေးသွင်း ရပြီး၊ က-ည-န ရုံးကို ၉၀၀၀ ကျပ်ပေးရပါတယ်။ရန်ကုန်နဲ့ဘာတွေကွာလဲတော့ မသိဘူး” ဟု မုံရွာမြို့မှ ကိုယ်တိုင်လိုင်စင်လုပ်ခဲ့သော မြို့ခံတဦးက ဆိုသည်။

ရန်ကုန် က.ည.န တိုင်းရုံးမှ ထုတ်ပြန်ချက်တွင် ၂၀၀၅ခုနှစ် အောက် 125-cc ဆိုင်ကယ်များအား ၁၁၉၉၀၀ ကျပ် သတ်မှတ်ထားကြောင်းနှင့် က.ည.န ရုံးသို့ ပေးသွင်းရမည့်ငွေကို ၇၉၀၀ ကျပ်သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

မုံရွာမြို့ခံက “အခုရက်ပိုင်းမှာ ဆိုင်ကယ်အဖမ်းအဆီးတွေလည်း အရမ်းများလာတယ်။ယာဉ်ထိန်း၊ စည်ပင်ဝန်ထမ်းတွေသာမကဘူး မီးသတ်ကပါ ပေါင်းဖမ်းတယ်။လိုင်စင်မပါ၊ဦးထုပ်မပါရင် တမှုအတွက် ဒဏ်ငွေတသောင်းစီတခါတည်း တပ်ရိုက်တာပဲ။ဒီကို လာပြီလိုင်စင်လာလုပ်တဲ့နယ်က တက်လာသူတွေများဆုံး အဖမ်းခံထိကြတာပေါ့”ဟုဆက်လက်ပြောဆိုသည်။

0 Comments:

blogger templates | Make Money Online