Saturday, November 8, 2008

နာဂစ်ကလေးတွေကို အမေရိကန်အရုပ်ဝေမည်

Save the Children အဖွဲ့က နာဂစ်မုန်တိုင်းဘေးသင့် ကလေးများအား ၎င်းတို့၏ စိတ်ပျှော်ရွှင်စေရေး အတွက် အမေရိကန် IKEA ကုမ္ပဏီထုတ် ကစားစရာအရုပ်များ ဖြန့်ဝေပေးမည်ဖြစ်သည်။

Save the Children အဖွဲ့၏ ကလေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာတာဝန်ရှိသူ ဒေါ်ဝင်းမမအေးက “IKEA ကုမ္ပဏီက ဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ဒေသတွေက ကလေးတွေကို ကစားစရာတွေလှူတယ်ဆိုတာ ၀မ်းသာစရာ သတင်းပါ။ ကလေးအများစုအနေနဲ့ ပထမဆုံးအကြိမ် ကစားစရာရတာလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေ ဘယ်လောက်ပျော်သွားမလည်းဆိုတာ တွေးကြည့်လို့ရပါတယ်” ဟုပြောသည်။

အဆိုပါအရုပ်များကို ကျေးရွာပေါင်း (၁၂၀) ကျော်သို့ Save the Children အဖွဲ့မှတဆင့် လည်းကောင်း အခြား ရွေးချယ်ထားသည့်ရွာများကိုလည်း ဒေသခံကလေးကာကွယ်စောင့်ရှောက်ရေးအစုအဖွဲ့များမှတဆင့် ဖြန့်ဝေ မည်ဖြစ်သည်။

Save the Children အဖွဲ့သည် နာဂစ်မုန်တိုင်းဒဏ်ခံရသူ ကလေး (၂၀၀,၀၀၀) ဦး အပါအ၀င် လူပေါင်း (၅၀၀,၀၀၀) ဦးအတွက် ဘ၀အာမခံအကူအညီ၊ ပညာရေးနှင့် ကာကွယ်ရေးဆိုင်ရာများ အကူအညီပေးခဲ့ပြီး၊ ရေသန့်ဖြန့်ဝေရေးနှင့် ကျန်းမာရေးကိစ္စများဆက်လက် ကူညီနေသည့်အဖွဲ့ဖြစ်သည်။

0 Comments:

blogger templates | Make Money Online