Sunday, November 2, 2008

မဲဆောက်မြို့မှာမိုးသည်းထန်မှုကြောင့်ရေကြီး

ပြီးခဲ့သောသောကြာနေ့ညကစ၍မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်
မဲဆောက်မြို့နေရာအနှံ့အပြားတွင်ရေကြီးခဲ့ပါသည်။

အချို့အနိမ့်ပိုင်းနေရာများတွင်ခါးလောက်အထိရေတက်လာခဲ့ပြီးလမ်း
အချို့ကိုခေတ္တပိတ်ထားခဲ့ရပါသည်။မြေအနေအထားအရမဲဆောက်မြို့
သည်အနိမ့်ပိုင်းတွင်ရောက်နေပြီးတမြို့လုံးရေသုံးစွဲမှုအတွက်အရေး
ကြီးသောမဲဆောက်ရေကာတာကြီးမှာမဲဆောက်မြို့အထက်အမြင့်ပိုင်း
တွင်တည်ရှိသည်။

နှစ်စဉ်နှစ်တိုင်းမိုးသည်းထန်သဖြင့်ရေကာတာမှရေတံခါးများဖွင့်ချပေးရ
သည့်အခါတိုင်းမဲဆောက်မြို့တွင်းတွင်ရေကြီးလေ့ရှိရာ။ယခုနှစ်တွင်မှုရေ
စွန့်ထုတ်မှုစနစ်လျှင်မြန်စေရေးအတွက်မဲဆောက်မြို့တွင်းမှမယ်တော်
ဆေးခန်းအနားရှိရေနှုတ်မြောင်းကြီးအထိကြီးမားသောရေထုတ်
မြောင်းကြီးများတူးဖေါ်ခဲ့ရာထိုရေထုတ်မြောင်းကြီးများတူးဖေါ်ရာတွင်
ပါဝင်ခဲ့သဖြင့်ပျက်စီးခဲ့ရသောကားလမ်းဧရိယာများကိုပင်မပြင်ဆင်ရ
သေးပါ။

သောကြာနေ့ညကတည်းကစရွာသွန်းခဲ့သောမိုးကြောင့်တောင်ကျရေများ
များပြားစွာစီးဆင်းလာခဲ့သဖြင့်ရေကာတာကိုဖွင့်ပေးလိုက်ရသဖြင့်ထိုကဲ့
သို့လမ်းများပိတ်ဆို့ရသည်အထိရေကြီးခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။

ထို့အတူဘန်ကောက်မြို့သည်လည်းဒယ်အိုးပုံအနိမ့်ပိုင်းတွင်တည်ရှိပြီး
ပင်လယ်ရေမျက်နှာပြင်အောက်နိမ့်သောတည်နေရာရှိသည်ဟုသိရပါ
သည်။ဘန်ကောက်မြို့တွင်လည်းရေတွန်းစက်များဖြင့်အဆင့်ဆင့်တွန်း
တင်ရေဆိုးထုတ်စနစ်ကိုဆောင်ရွက်ထားရပြီးမိုးသည်းထန်သည့်အခါ
ရေကြီးလေ့ရှိကြောင်းသိရပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံရန်ကုန်မြို့တွင်ဗြိတိသျှခေတ်ကတည်း
ကဆောင်ရွက်ထားခဲ့သောရေဆိုးထုတ်မြောင်းများသည်နွေအခါတွင်
အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့်ပိတ်ဆို့နေလေ့ရှိပြီးမိုးတွင်း
ရေများစွာစီးဆင်းသည့်အခါမှရေစီးဆင်းနိုင်ပါသည်။

သို့ရာတွင်အကျိုးပေးကောင်းလှသောသဘာဝတည်နေရာအနေ
အထားကြောင့်ထိုသို့ရေကြီးမှုမျိုးသည်အင်မတန်ကြုံတောင့်ကြုံ
ခဲဖြစ်ပါသည်။ကံကောင်းလှသောသဘာဝတရား၏မျက်နှာသာပေး
မှုဟုဆိုရမည်ဖြစ်ပါသည်။

အကယ်၍များလက်ရှိစစ်အစိုးရလိုကိုယ်ကျိုးမှတပါးဘာမှမစဉ်းစား
သူများနှင့်ဘန်ကောက်လို၊မဲဆောက်လိုမြို့အနေအထားမျိုးသာဆို
လျှင်.............
ဘုရား.....ဘုရားဟု............................တရုံမှတပါး...........................။

0 Comments:

blogger templates | Make Money Online