Friday, November 14, 2008

ဂျိန်းစဘွန်းဝန်ကြီး ဦးအောင်သောင်း ဂေါက်အိတ်ကယ်ရီအမျိုးသမီး ချောချောတွေနဲ့မှ ဂေါက်ရိုက်ချင်

အစက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးမှာ ဂေါက်သီးရိုက်ရန်မလာမီ မန္တလေးတိုင်း စက်ရုံမှူးများအား ဂေါက်အိတ်ကယ်ရီအမျိုးသမီးချောချောများ ရှာထားပေးရန် တရားဝင် ကြေးနန်းဖြင့် အကြောင်းကြားလေ့ရှိသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။

အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ၀န်ကြီးဦးအောင်သောင်းလိုချင်သည့် ဂေါက်အိတ်ကယ်ရီ အမျိုးသမီးများ၏ အရည်အချင်းမှာ အရပ်ရှည်ရမည်၊ အသားဖြူရမည်၊ ကိုယ်သင်းနံ့ရှိရမည်၊ ဂျိုင်းပတ်စောမနံစေရ ဖြစ်ပြီး ထိုအရည်အချင်းများနှင့် ပြည့်စုံသည့် အမျိုးသမီးနှစ်ဦးကို အသင့်ရှာထားပေးရန် အစိုးရကြေးနန်းဖြင့် စက်ရုံမှူးများထံ တရားဝင် ကြိုတင်မှာကြားလေ့ ရှိကြောင်း ၀န်ကြီးလက်ထောက်တဦးက ပြောသည်။

မန္တလေးတိုင်းစက်ရုံမှူးများသည် ၀န်ကြီးဦးအောင်သောင်း လာမည်ဆိုတိုင်း ဦးအောင်သောင်း လိုချင်သည့် ဂေါက်အိတ်ကယ်ရီအမျိုးသမီးမျိုး အချိန်မီရှာရန် အခက်အခဲရှိသည့်အတွက် အရပ်ရှည်ရှည်၊ အသားဖြူဖြူ အမျိုးသမီးများကို ကြိုတင်ရှာပြီး စက်ရုံများတွင် အလုပ်အကိုင် ဖန်တီး ခန့်ပေးထားရသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

“၀န်ကြီး ဦးအောင်သောင်းဟာ တခြားဝန်ကြီးတွေလို နေပြည်တော်မှာ ဂေါက်ရိုက်လေ့ မရှိပါ ဘူး။ ကြံ့ဖွံ့စည်းရုံးရေးကိစ္စနဲ့ မန္တလေးကို စနေ-တနင်္ဂနွေ ရောက်တိုင်း ပုသိမ်ကြီး ရေတံခွန် တောင် ဂေါက်ကွင်းနှင့် မေမြို့အတက် ရွှေစာရံဂေါက်ကွင်းတွေမှာ ဂေါက်ရိုက်လေ့ ရှိပါတယ်။ ဒီအချိန်တွေမှာ ၀န်ကြီး ဦးအောင်သောင်းလိုချင်တဲ့ ဂေါက်အိတ်ကယ်ရီ အမျိုးသမီးတွေကို လက်အောက်ခံအရာရှိတွေက ဖန်တီးပေးရတာပါ။ ဒီအရာရှိတွေ ရင်ထဲ ဘယ်လို ခံစားရမလဲ တွေးကြည့်ပေါဗျာ” ဟု စက်ရုံမှူးများနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ခေတ်ပြိုင်သို့ ပြောသည်။

ဝန်ကြီး ဦးအောင်သောင်းအကြိုက်ဆုံး ဂေါက်အိတ်ကယ်ရီအမျိုးသမီးမှာ ရန်ကုန် ဒညင်းကုန်းဂေါက်ကွင်းမှ အရပ်ရှည်ရှည်၊ အသားဖြူဖြူ အမျိုးအစား အမျိုးသမီးတဦးဖြစ်ပြီး ထိုအမျိုးသမီးကို လစဉ် အုတ်ပါမစ် စသည့်ပါမစ်များ သိန်းရာနှင့်ချီရအောင် ပေးထားသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။

0 Comments:

blogger templates | Make Money Online