Monday, November 3, 2008

အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း မြန်မာစစ်အစိုးရ ကျူးကျော်သည်ဟု ဘင်္ဂလားဒက် စွပ်စွဲ


ဘင်္ဂလားဒက် မြန်မာအငြင်းပွားနေသည့် ရေပိုင်နက်ထဲ ကျုးကျော်ပြီး မြန်မာစစ်အစိုးရက ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေနေခြင်းကို ဘင်္ဂလားဒက်အစိုးရမှ ကန့်ကွက်လိုက်ပြီး ဒါခါအခြေစိုက် မြန်မာသံအမတ်ကို ဆင့်ခေါ် သတိပေးလိုက်သည်။

ဘင်္ဂလားဒက်အစိုးရသည် ၄င်း၏အကျိုးစီးပွားကို ကာကွယ်နိုင်ခွင့်ရှိသည့်အလျောက် မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံကြား ရေပိုင်နက်သတ်မှတ်သည့်ကိစ္စ မပြီးဆုံးမီ မြန်မာဘက်မှ ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေနေခြင်း ရပ်ဆိုင်းပြီး မြန်မာသင်္ဘောများ ပြန်ခေါ်ဖို့ မြန်မာစစ်အစိုးရအား တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒက်နိုင်ငံခြားရေးဝန်ကြီးမှ ဒါခါအခြေစိုက် မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးအား ပေးသည့် ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

ရေပိုင်နက် အငြင်းပွားမှုကိစ္စမပြီးဆုံးမီကာလအတွင်း မည်သည့်နိုင်ငံကမျှ သယံဇာတကျူးကျော်ရှာဖွေမှု မလုပ်ရန်ကတိကို မြန်မာဘက်က ချိုးဖောက်သည်ဟု ဘင်္ဂလားဒက်က စွပ်စွဲသည်။

0 Comments:

blogger templates | Make Money Online