Thursday, November 13, 2008

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှာ ဆိုင်ခန်းဝယ်မည့်သူမရှိ

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ကြီး ဆောက်လုပ်ပြီးစီးသွားသော်လည်း ဆိုင်ခန်းခများ ဈေးကြီးသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ လာရောက် ဖွင့်လှစ်ခြင်းမရှိဖြစ်နေသည်။

သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ရှိ ဆိုင်ခန်းတခန်းကို သိန်း (၄၅၀) နှင့် ဈေးခေါ်ထားသည့်အတွက် မည်သည့်ကုမ္ပဏီကမှ စိတ်မ၀င်စားဘဲရှိသည်ဟု ရန်ကုန်ကုမ္ပဏီ အသိုင်းအ၀န်းက ပြောသည်။

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှ ဆိုင်ခန်းများ ရောင်းမရသည့်အတွက် နေပြည်တော်စည်ပင်အဖွဲ့မှ ကုမ္ပဏီများကို အဓမ္မ၀ယ်ခိုင်းရာ အချို့ကုမ္ပဏီများ ကြောက်ပြီးဝယ်ရသော်လည်း ဆိုင်ခန်းမဖွင့်ဘဲ ရုံးခန်းလိုလိုနှင့် အဖြစ်လုပ်ထားကြသည်ဟု စုံစမ်းသိရသည်။

“နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးကြီး မစည်ကားတာ နေပြည်တော် သပြေကုန်း
မြို့မရပ်ကွက်က တိုက်တွေအောက်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်များကြောင့်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲလာတယ်ဗျာ။ ဒီမှာတင် အဲဒီတနိုင်တပိုင် စတိုးဆိုင်လေးတွေကို နေပြည်တော်စည်ပင်က အတင်းပိတ်ခိုင်းလို့ ဒုက္ခရောက်ကုန်တယ်။ ဘာမှစာနာစိတ်မရှိတဲ့ သူတွေ” ဟု နေပြည်တော်လုပ်ငန်းရှင်တဦးက ပြောသည်။

သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ရှိ ဆိုင်ခန်းတခန်းကို ၀န်ကြီးဦးအောင်သောင်းကတော် အထည်ရောင်းရန်အတွက် တခန်းယူထားသည်။

0 Comments:

blogger templates | Make Money Online