Tuesday, November 4, 2008

ယူတီကာမြို့ နယူးယောက်ပြည်နယ် ရွေဝါရောင်မဂ္ဂင်ကျောင်းတိုက်တွင် ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်


၂-၁၁-၂၀၀၈ နေ့က ယူတီကာမြို့ နယူးယောက်ပြည်နယ် ရွေဝါရောင်မဂ္ဂင်ကျောင်းတိုက်တွင် ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျဉ်းပပါသည်။
အဆိုပါ ကထိန်ပွဲတော်သို့ ယူတီကာမြို့ဒီမိုကရေစီအင်အားစုများ နှင့် အမေရိကားရောက်ဒီမိုကရေစီအင်အားစုများစုစုပေါင်း ၂၀၀ကျော်တက်ရောက်ကာ စည်ကာသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ကထိန်ပွဲသို့ အမေရိကားရွေဝါရောင်သံဃာတော် ၁၇ ပါးကြွရောက်ကာ လှူဖွယ်ဝတ္ထုများကိုလက်ခံရယူပြီး ၄င်းဝတ္ထုငွေများအား
မဲဆောက်မြို့ နောင်ဘွားကျောင်းတိုက်ရှိ ရွှေဝါရောင်သံဃာတော်များအား ပြန်လည်လှူဒါန်းကြပါသည်။
ကထိန် အလှူရှင်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ပြည်ပတာဝန်ခံဆရာတော်ဦးပညာဇောတက
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် မြန်မာနိုင်ငံနှင့်ဗုဒ္ဓသာသနာတော်သည် အန္တရာယ်တွင်းတောက်လျှောက်ကျရောက်နေကြောင်း
အန္တရာယ်ကိုကာကွယ်ရန်အတွက် ပြည်သူပြည်သားအားလုံးနှင့် ရဟန်းတော်များအားလုံးပါဝင်ဖို့လိုပါသည်၊အားလုံးမှာတာဝန်ရှိသည်၊
န အ ဖ ရှိနေသေးသမျှ အန္တရာယ်ရှိနေသေးသည်။
ဆရာ ဒကာလက်တွဲပြီး စစ်အာဏာရှင်ကိုမောင်းထုတ်ဖို့ အချိန်တန်ပြီးဆိုတာကိုဟောကြားသွားပါသည်။

0 Comments:

blogger templates | Make Money Online