Friday, November 14, 2008

ရန်ကုန် ပရိဘောဂစက်ရုံမှ အလုပ်သမားများအား ခံစားခွင့်အပြည့်မပေးဘဲ အလုပ်ဖြုတ်

ပြီးခဲ့သည့် နိုဝင်ဘာ (၁) ရက်က ဒဂုံမြို့သစ်မြို့နယ်တောင်ပိုင်း စက်မှုဇုန် (Beautiful island) ကြိမ်နှင့် ပြုလုပ်သော ပရိဘောဂစက်ရုံမှ အလုပ်သမ (၃၀) နှင့် လုပ်သား (၄) ဦးတို့အား အလုပ်မှထုတ်ပစ်ခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

ယခုကဲ့သို့ အလုပ်ထုတ်ပစ်ခံရသူများအား စက်ရုံမှ (၃) လစာ ပေးရမည့်အစား (၂) လစာကို သာပေးပြီး ဖြုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဖြုတ်ခံရသူများထဲတွင် ပါဝင်ခဲ့သူ မဝေေ၀အောင်က ပြောကြားသည်။

၎င်းက “စက်ရုံက လူများထုတ်ပစ်ရခြင်းမှာ ယခုအခါ စက်ရုံထုတ် ပစ္စည်းများအား အ၀ယ်နည်း လာသဖြင့် စက်ရုံပိုင်ရှင်အနေဖြင့် ယခုကဲ့သို့ ထုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ဖြုတ်ပစ်သည့်အထဲတွင် မပါဝင်ဘဲ ကျန်နေခဲ့သူများအနေဖြင့်လည်း ယခင်ကခံစားခဲ့ရသော ရက်မှန်အလုပ်ဆင်းကြေးအဖြစ် ရရှိသည့် (၃,၀၀၀) ကျပ်နှင့် ခရီးစရိတ် (၃,၀၀၀) ကျပ်တို့ကို ဆက်လက်ပြီး ခံစားခွင့်မပြုတော့ဟု” ပြောသည်။

ကျန်ရစ်ခဲ့သောအလုပ်သမားများအနေဖြင့် ခံစားခွင့်များကို အပြည့်အ၀ခံစားခွင့်မရှိတော့ သော်လည်း စက်ရုံတွင် လူနည်းသွားသဖြင့် ယခင်ကထက်ပိုပြီး ပင်ပန်းစွာလုပ်ဆောင်နေကြရ ကြောင်း သိရှိရသည်။

စက်ရုံပိုင်ရှင်မှာ တရုတ်အမျိုးသားဖြစ်ပြီး အဆိုပါ ပရိဘောဂစက်ရုံမှာ
အလုပ်သမားအင်အားစုစုပေါင်း (၁၀၀) ကျော်ရှိသည်။ အလုပ်သမား အမျိုးသမီး (၃၀) နှင့် အမျိုးသား(၄) ဦးကို လျှော့လိုက်သော်လည်း စက်ရုံမှာမူ မပိတ်သေးကြောင်း စုံစမ်းသိရသည်။

တကမ္ဘာလုံးစီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများလည်း စီးပွားရေးအကျပ်အတည်းဒဏ် ခံနေကြရပြီဟုလည်း စက်ရုံအသိုင်းအ၀န်းနှင့်နီးစပ်သူ များအကြား ပြောဆိုနေကြသည်။

0 Comments:

blogger templates | Make Money Online