Wednesday, November 12, 2008

နိုင်ငံရေးအကျဉ်းသားများအား လုံခြုံရေးအကြောင်းပြကာ အကျဉ်းရုံးစစ်ဆေး ထောင်ဒဏ်ချ

အဖမ်းခံထားရသည့် ရှင်စန္ဒိမာ (ခ) ဆွေမင်းနှင့် အန်အယ်ဒီလူငယ် ကိုထွန်းမြင့်အပါအ၀င် အမှုတွဲ (၁၄) ဦးတို့အား လုံခြုံရေးအရဟု အကြောင်းပြလျက် ဗဟန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေရာမှ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၁၉ ) ရက် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက်မွေးနေ့တွင် ကိုထွန်းမြင့်သည် အဖွဲ့ချုပ်မှပေးအပ်ထားသော မှတ်တမ်းရယူနေစဉ် စွမ်းအားရှင်အဖွဲ့က အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင် မှတ်တမ်းဓာတ်ပုံရိုက်ယူနေသော ကိုထွန်းမြင့်အား အတင်းအဓမ္မ ကားပေါ်သို့ ဆွဲတင် ဖမ်းသွားသည်။

ထို့နောက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ်လှိုင်မင်းအောင်က တရားလိုပြုလုပ်ပြီး ရှင်စန္ဒိမာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းပြန်ကြားရေးအဖွဲ့ (လူငယ်) ကိုထွန်းမြင့်အပါအ၀င် စုစုပေါင်း (၁၄) ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃/၅၀၅(ခ) အရ တရားစွဲဆိုခဲ့သောအမှု ဖြစ်သည်။

အဆိုပါအမှုကို ယခင်က ဗဟန်းမြို့နယ်တရားရုံးတွင် စစ်ဆေးလျက်ရှိရာမှ ယခုအခါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ဥပဒေအရာရှိရုံးသို့ တရားစီရင်ရေးဆိုင်ရာ အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရဟုဆိုကာ အင်းစိန်အထူးတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့်ကို တင်ပြလာခြင်းကြောင့် အမှုအား အင်းစိန်အထူးတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးစေခဲ့ခြင်းဖြစ်သည်ဟု ကိုထွန်းမြင့်၏ ဇနီးဖြစ်သူ မခင်စန်းဝေက ပြောကြားသည်။

အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ယခုကဲ့သို့ ရုံးပြောင်းရွှေ့စစ်ဆေးစေသော် လည်း တရားခံများ၏ မတရားစွပ်စွဲခံရမှုကို ပြန်လည်ချေပနိုင်ရန်အတွက် တရားခံများ၏ဥပဒေအကျိုး ဆောင်ဖြစ်သူကိုလည်း ယခုအချိန်ထိ general power လွှဲပြောင်းခွင့် မပေးသေးကြောင်း မခင်စန်းဝေက ပြောကြားသည်။

ယမန်နေ့က ရုံးထုတ်သော (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မှ အဖွဲ့ဝင်များကိုလည်း ထောင်ဒဏ် (၆၅) နှစ်စီ ချမှတ်လိုက်သည်ဟု သိရှိရသည်။

0 Comments:

blogger templates | Make Money Online