Wednesday, November 26, 2008

အကျဉ်းကျသူတွေူရဲ့စာရင်းကိုအောက်ဖော်ပြပါမှာဖတ်နိုင်ပါသည်

http://www.ashinmettacara.org

အပြည့်အစုံသို့...

မတရား အနိုင်ကျင့်ခြင်း ခံလိုက်ရသူများ

(http://www.zaunglay.co.cc/ မှ ကူးယူထပ်ဆင့်ဖော်ပြသည်)

စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း


၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသ၁ရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင် ၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင် ၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့် ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ် မဇ္ဈိမသတင်းဌာန

ရေးသားတင်ပြသူ Zawlay At

အပြည့်အစုံသို့...

မေတ္တာတရားနဲ့ ခေါင်းဆောင် အရှင်ရာဟုလာ



http://bigbbrown.blogspot.com
အတ္တဝါဒ ကြီးစိုးတဲ့အမှောင်ကမ္ဘာကို အနတ္တဝါဒ အလင်းရောင်နဲ့ထွန်းညှိဖို့ ၊ အတ္တဝါဒကို အနတ္တဝါဒနဲ့ တော်လှန်ဖို့ ဘုရားရှင်ဟာ သူ့ရဲ့တပည့် ရဟန်းသံဃာတော်တွေကို “ တစ်ကြောင်းတည်းသောခရီးကို တစ်ယောက်တည်းသာ ခရီးနှင်ကြရန် ” မိန့်တော်မူခဲ့ပါတယ်။
ဒီနည်းနဲ့ ဗုဒ္ဓရဲ့သာသနာတော်ဟာ အာရှတိုက်ကို ဖြန့်ကျက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါဟာ တကယ့်ကိုလက်တွေ့ကျပြီး ရိုးရှင်းတဲ့နည်းတစ်ခုပါ။ ဒီနည်းရဲ့ လက်တွေ့ကျပြီး ထိရောက်မှု ခွန်အားကြီးမှုတွေကို စဉ်းစားသုံးသပ်ကြည့်ပါ။ မည်သူမဆို ကိုယ့်ရဲ့ ယုံကြည်ချက်ကို အများလက်ခံဖို့ကျင့်သုံးဖို့အတွက် တစ်ယောက်တည်း ဦးဆောင်စတင်ရမည် ဆိုလျှင် ဘယ်အရာတွေရှိသင့်သနည်း ။ ဘယ်အရာတွေရှိရမည်နည်း။

အထက်ပါ ဘုရားရှင်ရဲ့ မိန့်ကြားချက်ထဲမှာ ကိုယ်သာလျှင် ခေါင်းဆောင် ဆိုတဲ့အဓိပ္ပါယ် ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါဟာ နံပတ်တစ် အရေးကြီးဆုံးအချက်ပါ။ အထူးသဖြင့် ရက်စက်ယုတ်မာပြီး ပြည်သူကို သတ်ဖြတ်အနိုင်ကျင့်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို တော်လှန်နေတဲ့ တော်လှန်ရေးသမားအတိုင်းအတွက် အရေးကြီးဆုံးအချက်ပါပဲ။

လူတိုင်းဟာခေါင်းဆောင်၊
ဒီနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဦးဇင်းတို့ မစိုးရိမ် ပဌာန်းဆရာတော်ဘုရားကြီး မိန့်ခဲ့တာကို ပြန်ပြောပြချင်ပါတယ်။ “ အေး လူထုခေါင်းဆောင်ဆိုတာ အရေးကြီးဆုံးလိုအပ်တာက ၁။ကျန်းမာရေးကောင်းရမယ်။ ၂။ မေတ္တာတရားရှိရမယ်၊ ဒို့မိန့်ချင်တာဒါပဲ ကဲ ညည်းပြောချင်တာရှိရင်ပြော ” လို့ တိုတိုပဲ သြဝါဒပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ နာယက ဆရာတော်တစ်ပါးက ဒကာမကြီးရဲ့ ကျန်းမာရေးနဲ့ ခရီးစဉ်အဆင်ပြေဖို့ မေတ္တာသုတ် ရွတ်ဖတ်ရန် တိုက်တွန်းတဲ့အခါ သံဃာအပါး ၅ဝဝ ကျော်ဟာ မတ်တပ်ရပ်ရင်းပဲ ပရိတ်တော်ကိုရွတ်ဖတ်ခဲ့ပါတယ်။ ဒါဟာ ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းမဖြစ်မီ မန္တလေးခရီးစဉ်အတွင်းကပါ။

မေတ္တာတရားနဲ့ ခေါင်းဆောင်၊ ခေါင်းဆောင်နဲ့ မေတ္တာတရား ဟာ တစ်သားတည်ကျနေပါတယ်။ ဘာကြောင့်ပါလဲ။ မေတ္တာတရားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် အခြေခံအနှစ်သားကို ကြည့်ကြရမှာဖြစ်ပါတယ်။
၁။ မေတ္တာထားရှိနိုင်မှုစွမ်းရည် ရှိခြင်း (သက္ကော)
၂။ နက်ရှိုင်းသော ရိုးသားမှု ရှိခြင်း (ဥဇု သုဟုဇု)
၃။ ဝေဖန်ထောက်ရှု လာပါက လက်ခံနိုင်ခြင်း (သုဝစ)
၎။ သဘောထားသိမ်မွေ့ခြင်း (မုဒု)
၅။ ငါမှသိ ငါမှတတ် စသည့် ထောင်လွှာမှု မရှိခြင်း (အနတိမာနိ)
၆။ ငါ ဗဟိုပြု လောဘကို သိမ်းဆည်းတတ်ရခြင်း (သန္တုဿက)
၇။ အသက်မွေးမှုကောင်းမွန် သန့်ရှင်းခြင်း (သုဘရ)
၈။ အရေးမပါတဲ့ ကိစ္စတွေကို ဖြုတ်ပစ်နိုင်ခြင်း ( အပ္ပကိစ္စ)
၉။ မတွေမဝေဘဲ ပေါ့ပေါ့ပါးပါးရှိခြင်း ( သလ္လဟုက ဝုတ္တိ)
၁ဝ။ အကြည့်အရှုအနေအထိုင် အစားအသောက် စိတ်ပိုင်းဆိုင်ရာတွေမှာ နိုင်နိုင်နင်းနင်း ထိမ်းသိမ်းနိုင်ခြင်း( သန္တြိန္ဒိယ)
၁၁။ တွေးခေါ်မြော်မြင်မှု ရင့်ကျက်ခြင်း ( နိပက)
၁၂။ အပြောအဆို အမူအရာ မကြမ်းတမ်းခြင်း ( အပ္ပ ဂဗ္ဘ)
၁၃။ ရင်းနှီးသူ ဦးစားပေးစနစ်မရှိရခြင်း ( ကုလေသဝ နနုဂိဒ္ဓ)
၁၄။ အပြစ်ရှိဖွယ်ကို အသေးအဖွဲကစ၍ မလုပ်ရခြင်း (နစ ခုဒ္ဒမာစရ)
၁၅။ အဃာတ ရန်သူမရှိရခြင်း( အဝေရ)
၁၆။ သဘောထား မကျဉ်းမြောင်းရခြင်း( အသမ္ဗါဓ)
စတဲ့ အရည်အချင်းတွေက ခေါင်းဆောင်တိုင်းမှာ ရှိသင့်တဲ့ စိတ်ဓါတ်အရည်အချင်းပါ။ နေ့စဉ်အသုံးချ မေတ္တာပါ။

တစ်ကြောင်းတည်းသောခရီးကို တစ်ယောက်တည်းသာနှင်ကြ၊ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ကြဆိုတဲ့ ဘုရားရှင်ရဲ့ မိန့်ကြားနေပုံကို မြင်ယောင်ရင်း ရှေးရှုမေတ္တာ ကရုဏာနှင့် အစချီတဲ့ လင်္ကာလေးကို ပြေးရင်းလွှားရင်း ရွတ်ဆိုခဲ့တဲ့ ငယ်ဘဝလေးကို အမှတ်ရမိပါသည်။

မေတ္တာဖြင့်-
အရှင်ရာဟုလာ

အပြည့်အစုံသို့...

Friday, November 21, 2008

စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 20 2008 21:15 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။

စစ်အစိုးရက အစိုးရအဖွဲ့တွင်း အပြောင်းအလဲများကို တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် ကာကယ်ရေး အထူးစစ်ဆင်ရေး ဌာနမှူး (BSO) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်းပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။

ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို ဆိုင်ကလုံးအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို တာဝန်ယူရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တနေရာကိုသာ တာဝန် ယူရန် လျှော့ချလိုက်သည်။

အခြား ဝန်ကြီးဌာနတခု ဖြစ်သော လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဌာနကိုမူ အသစ် ခန့်အပ်လိုက်သော ဗိုလ်ချုပ် စောလွင်က တာဝန်ယူမည် ဖြစ်သည်။
ဗိုလ်ချုပ် စောလွင်၏ ယခင် ရာထူးဖြစ်သော စက်မှု (၂) ဝန်ကြီး တာဝန်ကို ရေတပ် စစ်ဦးစီးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက လွှဲပြောင်း တာဝန်ယူမည် ဖြစ်သည်။ယင်းကို လေ့လာသူများက အာဏာ လျောကျသွားခြင်း ဖြစ်သည် ဟု သုံးသပ် ပြောဆိုနေကြသည်။

ထိုအတောအတွင်း အလားတူ တပ်မှူး အပြောင်းအလဲ အများအပြားကို မြန်မာ စစ်အစိုးရက ကြေညာခြင်း မပြုဘဲ ပြုလုပ်ခဲ့ခြင်းကို ပြုလုပ်ခဲ့ သည်။ ငယ်ရွယ်သော အရာရှိများကို တပ်မှူးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး အရေးပါသော နေရာရှိ တပ်မှူးကြီးများကို ပိုမြင့်သည့် ရာထူး ဖြစ်သည့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်များ (ကစထ) သို့ တိုးမြှင့် ခန့်အပ်ခဲ့သည်။

စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ အရေးပါသော စစ်တပ် တပ်မှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။ အဆိုပါတပ်မှူးကြီး ၄ ဦးမှာ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို တို့ ဖြစ်ကြပြီး ယင်းတို့ကို ကစထမှူးများ ဖြစ်လာကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

မြန်မာစစ်တပ်တွင် ကထစမှူးရာထူး ၅ နေရာရှိပြီး ယခင် ကစထမှူးများထဲမှ ဗိုလ်ချုပ်မောင်ဘို တဦးသာ မူလရာထူးတွင် ကျန်ရစ်သည်။ အခြား ၄ ဦးဖြစ်သည့် ဗိုလ်ချုပ် ရဲမြင့်၊ ဗိုလ်ချုပ် အောင်ထွေး၊ ဗိုလ်ချုပ် ကျော်ဝင်း နှင့် ဗိုလ်ချုပ် ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်သည်။

အနားယူသွားရပြီ ဖြစ်သော ကစထမှူးများမှာ စစ်အစိုးရ အဖွဲ့အတွင်း နံပါတ် ၃ ခေါင်းဆောင် ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဒုဗိုလ်ချုပ်ကြီး ရွှေမန်းထက် ဝါရင့်သူ (သို့မဟုတ်) အကြီးအကဲဟောင်းများ ဖြစ်ခဲ့ကြခြင်းကြောင့် စစ်တပ်ပုံစံ အမိန့်ပေး ကွပ်ကဲမှုအရ ကသိကအောက် ဖြစ်ခဲ့ကြသည်။

အသစ်ခန့်အပ်မည့် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် တို့ ပါဝင်မည် ဖြစ်သည်။ အခြား ၂ ဦး၏ အမည်ကိုမူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

ဤအတောအတွင်း အရေးပါသော ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုလည်း တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲ ခန့်ထားလိုက်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေးမှာမူ အငြိမ်းစား ယူလိုက်သည်ဟု အဆိုပါ သတင်းရပ်ကွက်များကပင် ဆက်လက် ပြောကြားသွားပါသည်။ “တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်” ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါသည်။

အပြည့်အစုံသို့...

ဗီယက်နမ်လို မြန်မာ ဘာကြောင့် မတိုးတက်သလဲ

http://aungsayarpyi.blogspot.com
ကွယ်လွန်သွားခဲ့တဲ့ ဗီယက်နမ် ၀န်ကြီးချုပ်ဟောင်း ဘိုဗန်ကီယက်က ဗီယက်နမ်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နေချိန် မြန်မာနိုင်ငံမှာလည်း လွတ်လပ်တဲ့ စီးပွားရေး ဈေးကွက်စနစ်ကို စတင်ခဲ့တာပါ။ ဗီယက်နမ်မှာကျတော့ မြန်မြန်ဆန်ဆန် တိုးတက်လာပေမယ့် မြန်မာနိုင်ငံမှာတော့ ဘာကြောင့် မတိုးတက်သလဲနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာက သုံးသပ်ပြထားပါတယ်။

ပထမဦးဆုံးကတော့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဗီယက်နမ် လူမျိုးတွေဟာ သိပ်ကို ရန်ညိုးဖွဲ့ပြီးတော့ စွဲမြဲထားတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် နယ်ချဲ့ ဗြိတိသျှအုပ်စိုးခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်လောက်ကတည်းက ကုန်ဆုံးသွားခဲ့ပါပြီ။

အခုထိ နယ်ချဲ့ ဗြိတိသျှကို ဗမာ အာဏာပိုင်တွေ အထူးသဖြင့် ရန်ညိုးဖွဲ့ပြီး တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗီယက်နမ်မှာ နှစ်ပေါင်းလေးဆယ်လောက်တွင်းက သူတို့ကို ဗုံးကြဲပြီးတော့ တတိုင်းပြည်လုံး ဖွတ်ဖွတ်ညက်ညက် ကြေစေခဲ့တဲ့ အမေရိကန်ကို သူတို့ ရန်သူလို သဘောမထားပါဘူး။

အခု အမေရိကန်နဲ့ပဲ ပြန်လက်တွဲပြီးတော့ စီးပွားရေး လုပ်နေပါတယ်။ အလားတူစွာပဲ တရုတ်နိုင်ငံဆိုရင် ဗီယက်နမ်ကို နှစ်ပေါင်းတထောင်နီးပါး လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၀ကျော်ကျော် လောက်မှာလည်း ကျူးကျော်ပြီးတော့ စစ်တိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဗီယက်နမ်တွေဟာ တရုတ်ကို ရန်သူလို သဘောမထားဘူး။

စီးပွားရေး လုပ်ဖော်ကိုင်ဘက် အဖြစ် ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။ ဥပမာ ဗမာဆိုရင် ထိုင်းနိုင်ငံကို တကယ်တော့ သူတို့ကပဲ နိုင်နေ ခဲ့တာ။ ဒါပေမဲ့ ထိုင်းကို အခုထိရန်သူလို သဘောထားတယ်။ ထိုင်း ယဉ်ကျေးမှုအရ လက်အုပ်ချီ ပြီးတော့ အပြန်အလှန် ရှိခိုးတာတောင် ထိုင်းဘက်ကသာ ရှိခိုးတယ် ဗမာဘက်က အာဏာပိုင် အသိုင်းအ၀ိုင်းတွေမှာ တခါမှ ပြန်ရှိခိုးတာ မတွေ့ရပါဘူး။ ဒီလို စိတ်ဓာတ်မျိုး ဗီယက်နမ်မှာ မရှိပါဘူး။



ဒုတိယ အရေးကြီးတဲ့ အချက်တခုကတော့ ဗီယက်နမ် ခေါင်းဆောင်တွေဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီဝင်တွေဟာ စစ်သားတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဗမာ စစ်ဗိုလ်တွေ ကြည့်သလို အရာရာကို စစ်ရေး ရှုထောင့်က မကြည့်ပါဘူး။

စစ်ရဟတ်ယာဉ်ပဲလာလာ၊ ဘယ် လေယာဉ်လာလာ၊ စစ်သင်္ဘောလာလာ သူတို့မှာ ကူညီမယ် ဆက်ဆံရေး လုပ်မယ်ဆိုရင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း လက်ခံပါတယ်။

နောက်တခုကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဗီယက်နမ် အကောင်အထည်ဖော်တာ သိပ်အံ့သြဖို့ကောင်းပါတယ်။ အတိုက်အခံ ပါတီမရှိပေမယ့် တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြား လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိခဲ့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ တောင်ပိုင်းဟာ အမေရိကန်နဲ့ နီးစပ်တယ်။ မြောက်ပိုင်းက ကွန်မြူနစ်တွေ ဖြစ်တယ်။

နှစ်တော်တော်များများ တောင်ပိုင်းသားတွေကို နေရာမပေးဘူး။ အခုအခါမှာ ပေါ်လစ်ဗျူရို နေရာမျိုးမှာ တောင်ပိုင်းသားတွေကို နေရာပေးတဲ့အတွက် တောင်ပိုင်း၊ မြောက်ပိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြဿနာဟာ ပြေလည်သွားပြီ ဖြစ်ပါတယ်။

နောက်ဆုံးတခုကတော့ လူဦးရေနဲ့ ပတ်သက်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူဦးရေရဲ့ ၇၀ရာခိုင်နှုန်း ကျော်ကျော်ဟာ အသက်သုံးဆယ်အောက် လူငယ်တွေချည်းပဲ ဖြစ်ပါတယ်။ ဆိုတော့ အစိုးရက စစ်မှန်တဲ့ မူဝါဒလမ်းစဉ်တွေနဲ့ လမ်းဖွင့်ပေးတော့ လူငယ်တွေဟာ အားသစ် မာန်သစ်နဲ့ တက်တက်ကြွကြွ ကြိုးစားတာကို ကြည့်ရပါတယ်။

ဒါတွေဟာ အဓိကအားဖြင့် မြန်မာနိုင်ငံ မဖွံ့ဖြိုး၊ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးတယ် ဆိုပေမယ့် တကယ်ဖွံ့ဖြိုးခြင်း၊ ပြုပြင် ပြောင်းလဲခြင်းမရှိဘဲနဲ့ ဗီယက်နမ်ကျတော့ တကယ် ပြုပြင်ပြောင်းလဲတဲ့အတွက် တိုးတက်သွားတယ်လို့ ဆိုရပါမယ်။


အပြည့်အစုံသို့...

မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ

ဦးအောင်ခင်

ခေတ်ပြိုင် မဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။
တရုတ်-မြန်မာ ဆရာတပည့်ဆိုသလို ကွန်မြူနစ်ပါတီနဲ့ ဗမာစစ်တပ်ဟာ လိမ်ညာဝါဒဖြန့်တဲ့ နေရာမှာနဲ့ သတင်းထိန်ချန်ကွယ်ဝှက်တဲ့နေရာမှာ အတော်တူပါတယ်။ တိဘက်ပြည်က ဖိနှိပ်မှုတွေကို တရုတ်ပြည်တွင်းမှာ မသိရပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်သတင်းကို ဗမာစစ်အစိုးရက ဖုံးဖိဖို့ကြိုးစားနေတုန်း တရုတ်မြေငလျင်သတင်းကို လွတ်လပ်စွာ သတင်း ပို့ခွင့်ရတာမို့ ဗမာစစ်အစိုးရ ၀ိုင်းဆဲတာခံရပြီး တရုတ်ကွန်မြူနစ်ကို ၀ိုင်းဝန်းချီးကျူးကြပါတယ်။

ဒါပေမယ့် မြေငလျင်ကြောင့် အစိုးရ အဆောက်အဦတွေမပြိုဘဲ ကျောင်းတွေသာ ပြိုကျပျက်စီး တာကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကျောင်းသားမိဘတွေကို ရဲက နှိမ်နင်းတားမြစ်တာကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပေးတဲ့ လွတ်လပ်မှုဟာ ယာယီဝါဒဖြန့်မှုသာ ဖြစ်နေတာ ထင်ရှားတယ်။



ဒီမိုကရေစီအရေးတော်ပုံနဲ့ လူအများအပြား အသတ်ခံရတာတွေကို ပြည်သူတွေမေ့ပျောက် သွားအောင် ကြိုးစားတဲ့နေရာမှာ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ဟာ လုပ်နည်းကိုင်နည်းချင်း တူနေတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာလည်း ၀ါဒဖြန့်တာကို ဦးစားပေးတဲ့အတွက် လက်တွေ့ ဘ၀နဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။

ရိက္ခာရှားပါးနေတဲ့သတင်းကို ထိန်ချန်ကွယ်ဝှက်လို့ သန်းနဲ့ချီသေဆုံးတဲ့ သာဓကတွေ တရုတ်ပြည်မှာ ရှိတယ်။ အခုလည်း ဆန်ရှားမယ့်ကိစ္စကို ဗမာစစ်အစိုးရက ကွယ်ဝှက်ပြီး လိမ်ညာဝါဒဖြန့်နေတာကြောင့် ပြည်သူအများအပြား ငတ်သေ နိုင်တယ်။ ရောဂါနဲ့ ရိက္ခာရှားပါးမှုကို လွတ်လပ်စွာသတင်းဖြန့်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံမှာသာ ပြဿနာကို ဖြေရှင်းနိုင်တယ်။


လိမ်ညာဝါဒဖြန့်တာကို အင်တိုက်အားတိုက် လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်း “မုသားနိုင်ငံတော်” The Empire of Lies ဆိုတဲ့အမည်နဲ့ အမေရိကန်မှာ မကြာမီက စာအုပ် ထုတ်ဝေတယ်။ ပြင်သစ်စာရေးဆရာ ဂိုင်းဆားမန် (Guy Sorman) ရေးတဲ့ ကိုယ်တွေ့ မှတ်တမ်းကို ဘာသာပြန်ပြီး အင်္ဂလိပ်လို ထုတ်ဝေတာပါပဲ။ ပြည်တွင်းပြည်ပက ဒီမိုကရေစီသမားနဲ့ သတင်း ဆရာတွေကို တွေ့ဆုံမေးမြန်းရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး မြန်မာ့အခြေအနေနဲ့ အတော်တူတယ်။

တရုတ်ပြည် ထကြွနိုးကြားလာရင် တကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မယ်လို့ ပြင်သစ်အာဏာရှင် နပိုလီယံက ပြောဖူးပါတယ်။ ဒါပေမယ့် ၀ါဒဖြန့်မှုကို အဓိကထားပြီး ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ တရုတ်ပြည်ကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက မှုစရာ မလိုဘူးလို့ ဂိုင်းဆားမန်က သုံးသပ်တယ်။

ဝါဒဖြန့်လမ်းစဉ်ကျင့်သုံးတဲ့ တရုတ်ပြည်မှာ အမှန် တရားကို သိနိုင်ဖို့ ခက်ခဲတယ်တဲ့။
ဥပမာဆေးကုလို့မရတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုးဖြစ်နေတာကို ၁၉၉၄ မှာ ဆရာဝန်အချို့ သိပေမယ့် တရုတ်အစိုးရက ထိပ်တန်းလျှို့ဝှက်လုပ်ထားပါတယ်။ မတတ်နိုင်တော့မှ ၂၀၀၀ ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေတာကို ၀န်ခံပါတယ်။ နောက်တော့မှ အစိုးရရဲ့ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးစီမံကိန်း အကြီးအကျယ်အောင်မြင်နေကြောင်း လုပ်ကြံ ၀ါဒဖြန့်ပါတော့တယ်။ ဗမာစစ်အစိုးရကလည်း ဒီအတိုင်းပါပဲ။
တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်မှာ မကျေနပ်မှုကို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားပါတယ်။ ၂၀၀၄ မှာ ဆန္ဒပြပွဲပေါင်း (၇) သောင်းကျော်ရှိပြီး ဆန္ဒပြသူ (၄) သန်း နီးပါးရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က လူထုဆန္ဒပြပွဲ (၁) သောင်းလောက်သာ ရှိတာမို့ မကျေနပ်သူ (၇) ဆ တိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့မကျေနပ်မှုကို တရားဥပဒေအရ လုံလောက်စွာ မဖြေရှင်းနိုင်သမျှကာလပတ်လုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ရှိနေမှာပါပဲ။ လူမိုက်ငှားပြီး ကန့်ကွက်ဆန္ဒပြပွဲကို နှိမ်နင်းတာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် အကွဲကွဲအပြားပြားဖြစ်နေတာမို့ ဆန္ဒပြပွဲကနေ တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး ကွန်မြူနစ်ပါတီကို ဖြုတ်ချနိုင်မယ့် အလားအလာ မရှိသေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီသဘော တရား မပြန့်ပွားရအောင် တရုတ်ကွန်မြူနစ်ပါတီက စီစဉ်ထားပါတယ်။ တရုတ်ဒီမိုကရေစီ စက္ကူဖြူ စာတမ်းကို ၂၀၀၅ အောက်တိုဘာလမှာ ထုတ်ပြန်ပါတယ်။

အနှစ်သာရကတော့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုကို မှတ်တမ်း တင်တဲ့ စာတမ်းမို့ ပြည်သူတွေ သိန်းချီသေဆုံးရတဲ့ အမှားမျိုးကို ကွယ်ဝှက်ထားပါတယ်။ ဒီမို ကရေစီစနစ်မျိုးစုံထဲမှာ တရုတ်ဒီမိုကရေစီဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိစ္စမှာ သူများကို အတုယူစရာ မလိုပါဘူးတဲ့။

ဒီပုံစံအတိုင်း ဗမာစစ်အစိုးရကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်မှာ အားလုံး ပူးပေါင်းဆောင်ရွက် တာကို ဒီမိုကရေစီ အစစ်အမှန်ဖြစ်တယ်လို့ အခြေခံဥပဒေရေးပြီး ၀ါဒဖြန့်နေပါတယ်။ ပြည်သူ လူထုကို နှစ်ပေါင်းများစွာ ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှ အားလုံးကောင်းပါသည် ဆိုပြီး ၀ါဒဖြန့်တဲ့အလုပ်ဟာ တရုတ်ကွန်မြူနစ်ရဲ့ ၀ါဒဖြန့်လမ်းစဉ်နဲ့ အတူတူပါပဲ။

တရုတ်ကွန်မြူနစ် ပါတီ လုပ်သမျှ မှန်တယ်လို့ ပြောသလို ဗမာစစ်တပ်လုပ်သမျှ မှန်တယ်လို့ ၀ါဒဖြန့်တာပါပဲ။လူလတ်တန်းစား အရင်းရှင်လေးတွေ များလာရင် လွတ်လပ်မှုကို လိုချင်ကြမှာမို့ ဒီမိုကရေစီ တောင်းဆိုမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပေမယ့် တရုတ်ပြည်က လူလတ်တန်းစားဟာ ဒီမိုကရေစီကို အထောက်အကူ မပြုဘူးလို့ ဘောဂဗေဒပညာရှင် မော်ယူရှီက ဆိုပါတယ်။

လုပ်ငန်းကျွမ်းကျင်ပြီး ကြိုးစားလို့ ကြီးပွားချမ်းသာလာတာမဟုတ်ဘဲ ပါတီနဲ့နီးစပ်လို့ ငွေရှိလာတဲ့ ခေတ်ပျက်သူဌေးတွေဟာ ဒီမိုကရေစီကို အထောက်အကူမပြုပါဘူး။ တရုတ်ပြည်မှာ အရင်းရှင် အစစ်အမှန် အနည်းငယ်သာရှိပြီး ခေတ်ပျက်သူဌေးက များတယ်။ အလွယ်ဆုံး သူဌေးဖြစ်နည်း ကတော့ ဘဏ်ကငွေချေးပြီး ပြန်မဆပ်တဲ့ နည်းပါပဲ။

အဆက်အသွယ်ကောင်းတဲ့ ဂွမ်စိ (Guanxi) ကသာ ဘဏ်မှာ ငွေချေးနိုင်ပါတယ်။ အဲဒီအခါမှာ ချေးငွေ (၅) ရာခိုင်နှုန်း ဘဏ်အမှုထမ်းကိုပေးရပြီး ပါတီကေဒါကို (၁၅) ရာခိုင်နှုန်းပေးရလို့ ငွေချေးသူဟာ (၈၀) ရာခိုင်နှုန်းသာ ရရှိတယ်။ ဒါပေမယ့် ပါတီနဲ့ ပြေလည်နေသမျှ ပြန်ဆပ်စရာ မလိုတော့ အမြတ်ချည်းပေါ့။ ခေတ်ပျက်သူဌေးကို အချိန် မရွေး ပါတီက ဖျက်ဆီးပစ်နိုင်တာမို့ လူလတ်တန်းစား အရင်းရှင် ပေါက်စလို့ မခေါ်နိုင်ပါဘူး။

မြန်မာပြည်က ခေတ်ပျက်သူဌေးကလည်း စစ်ဗိုလ်ကပ်ဖားနဲ့ ဘိန်းမှောင်ခို ဘ၀ကလာတာမို့ ဒီမိုကရေစီကို အထောက်အကူ မပြုပါဘူး။အကြွေးမဆပ်နိုင်တဲ့လုပ်ငန်းကို ငွေထုတ်ချေးထားတဲ့ ဘဏ်တွေ ချွတ်ခြုံကျရင်တော့ ကွန်မြူနစ် ပါတီ ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ၀င်ငွေက ချေးငွေထက် အဆမတန် များပြားနေတာမို့ ပြဿနာမဖြစ်နိုင်သေးပါဘူး။

ပါတီရဲ့ ညွှန်ကြားချက်အတိုင်း ငွေ ထုတ်ချေးလို့ ပြဿနာဖြစ်တဲ့ ဘဏ်အချို့ကို ဗဟိုဘဏ်ကြီးက ၀င်ကယ်ထားပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီဘဏ်တွေမှာပဲ ငွေစုကြရပါတယ်။ ဒီစုငွေတွေကို ပြန်ထုတ်လို့ မရဘူးဆိုရင် ပြည်သူ့အုံကြွမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ တရုတ်တွေဟာ လွတ်လပ်မှုကို အဆုံးခံနိုင်ပေမယ့် ငွေကိုတော့ အဆုံးခံမှာ မဟုတ်ဘူးလို့ မော်ယူရှီက ဆိုပါတယ်။

ဒီအဖြစ်မျိုး မရောက်အောင် တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားနေပုံရပါတယ်။အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု ကင်းရှင်းအောင် မိမိကိုယ်မိမိ ထိန်းချုပ်ရမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ဆိုပေမယ့် လုပ်ပိုင်ခွင့်မျိုးစုံရတဲ့ ပါတီဝင်ဟာ အလွဲ သုံးစား လုပ်ချင်စိတ် ပိုများပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို လက်ကိုင်ထားတဲ့ အရာထမ်းအဖို့ လာဘ်မစားဖို့ မလွယ်ပါဘူး။

၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှုပေါင်း (၁၆၀,၀၀၀) ကျော် ရှိတဲ့အနက် (၆,၀၀၀) ကျော်သာ အပြစ်ဒဏ်ခံရပါ တယ်။ ပါတီဝင် (၅၀,၀၀၀) ကို စစ်ဆေးပြီး (၉၀၀) ကိုသာ အပြစ်ပေးပါတယ်။ ပါတီဝင် သန်း (၆၀) ကျော်မှာ (၉၀၀) သာ လာဘ်စားတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ တရုတ်ကေဒါနဲ့ ဗမာစစ် ဗိုလ်ဟာ အတူတူပါပဲ။လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်နေတဲ့ ပါတီဝင်တွေကပဲ လာဘ်စားနေတာကို နိုင်ငံခြား ကုမ္ပဏီတွေက သိပါတယ်။

တရုတ်ပြည်မှာ စီးပွားရေးလုပ်ရင် ပါတီဝင်ကို လာဘ်မထိုးလို့ မဖြစ်ပါဘူး။ အနောက်တိုင်း ကုမ္ပဏီတွေကလည်း လာဘ်ပေးလာဘ်ယူမှုဟာ တရုတ်ဓလေ့ ထုံးစံလိုဖြစ်နေပြီလို့ ဆိုကြပါတယ်။ လုပ်ရိုးလုပ်စဉ် ဗျူရိုကရေစီ ယန္တရားအတိုင်း လိုက်လုပ်နေရင် အလွန်ကြန့်ကြာတာမို့ နောက်ဖေးပေါက်က ၀င်ပြီး လာဘ်ထိုးရတာလို့ ဆင်ခြေပေးကြပါတယ်။ကွန်မြူနစ်ပါတီတွင်းမှာ ပြုပြင်ရေးလုပ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ဆိုတာဟာ စိတ်ကူးယဉ် အဆင့်က တက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပါတီဟာ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ် ပါဘူး။ အခွင့်ထူးခံစားနေရတဲ့ ပါတီကေဒါနဲ့ စစ်ဗိုလ်တွေဟာ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့် ပြောင်းလဲမှုမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီလိုတိုင်းပြည်မျိုးမှာ အဂတိလိုက်စားတဲ့ ဓလေ့ ရှင်သန်ကြီးထွားတယ်လို့ ဂိုင်းဆားမန်က သုံးသပ်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ အခွင့်ထူးခံ လူနည်းစုကိုဖန်တီးပြီး အမြဲတမ်း အာဏာရအောင် ကြိုးစားနေပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူများစုကို အားကောင်းလာအောင် လုပ်နိုင်မှသာ “မုသားနိုင်ငံတော်” နိဂုံးချုပ်ပြီး ဒီမိုကရေစီ ထွန်းကားနိုင်မယ်လို့ “ဂိုင်းဆားမန်” နိဂုံးချုပ်ထားပါတယ်။


အပြည့်အစုံသို့...

”ရင်ကိုထိရှလို့ပဲ့ကျလာတဲ့ကဗျာတစ်ပုဒ်”

http://saungyunela.blogspot.com
အမေရေ..
မေတ္တာလှေမှောက်
သစ္စာတွေကမ်းပျောက်
ဂရုဏာတွေခမ်းခြောက်
မုဒိတာသစ်ပင်တွေလည်းမပေါက်တဲ့
အသူရကာယ်ချောက်နက်နက်မှာ
သားတို့ဘယ်လောက်ကြာကြာလျှောက်နေရဦးမှာလဲဗျာ…

ကျွန်ဖြစ်နေရတဲ့ခေတ်မှာ
နွံနစ်နေရတဲ့မွဲပြာပြာဘဝထဲ
သားတို့လည်းလူတကာတွေလိုဘဲ
မလတ်ဆတ်တဲ့ကဗျာတစ်ပုဒ်မှာ
တဝဲခြာခြာလည်ရင်းး
လှည့်ဖျားခြင်းတွေရဲ့ကျုံးသွင်းမှုကိုခံနေရ
မနက်ဖြန်ဆိုတာတွေကလည်း
အတိတ်အမှိုက်ပုံထဲလှဲကျင်းအထည့်ခံနေရတယ် အမေ…

အမေပြောခဲ့တဲ့ ဒုက္ခလှလှဆိုတာ
ဦးဂျိုနဲ့လားလို့မေးခဲ့တုန်းက
ပြုံးသွားတတ်တဲ့အမေ့မျက်နှာပေါ်ကအဓိပ္ပာယ်
သားတို့ကသိပ်ငယ်သေးတော့နားမလည်ခဲ့မိ
ဆူးစူးတဲ့အခါမှဘဲဆူးမှန်းသိတော့တယ်
ပြန်ဝယ်ယူလို့မရနိုင်တော့တဲ့
ဘဝရဲ့စာရွက်တွေအပေါ်မှာ
မင်နီကြက်ခြေခတ်တွေလည်းများခဲ့ပါတယ် အမေ…

ဒီလိုနဲ့
အကာလညတွေကနက်တော့
သားတို့ရဲ့အေးစက်စက်ကဗျာတစ်ပုဒ်မှာ
သွေးထွက်သံယိုဒဏ်ရာတွေပိုရှုပ်ပွလာတယ် အမေ…

ဒါတွေအားလုံးဟာ
ဘဝအတွက်အံမဝင်ခွင်မဖက်နိုင်သေးတဲ့
စနစ်တကျလွဲချော်ချက်တွေသာဖြစ်ပါတယ် အမေ..

လတ်တလောရလာတဲ့ရလာဒ်တွေမှာ
မျှော်လင့်ချက်နဲ့အသက်ဆက်ချင်တဲ့ကမ္ဘာ
အထပ်ထပ်အခါခါရှုရှိုက်ချင်တဲ့အငွေ့အသက်
တရှိုက်မက်မက်တမ်းတချင်တဲ့နွေးထွေးမှု
တနံတလျားပြုစုထားချင်တဲ့ပန်းတခင်း
ရှင်သန်ခြင်းတွေကိုဟစ်ထုတ်ချင်တဲ့တေးတပုဒ်
”အို…ဒါတွေတခုမှမပါသေးပါလား” အမေ ..

တချို့ကအနှစ်နှစ်ဆယ်
တချို့ကခြောက်ဆယ့်ငါး
ဘာတွေများမှားခဲ့ပါသလဲ
စစ်တုရင်ခုံပေါ်ကလေးထောင့်ကွက်လေးတွေထဲမှာ
ပွန်းရုပ်ကလေးတွေခမြာအခါခါလဲပြိုပေးနေကြရှာရ
အသဲနှလုံးတွေနဲ့ခဏခဏငိုရဖန်များလို့
သားတို့…
ကျစရာမျက်ရည်စတွေတောင်ရှားပါးနေပါပြီ အမေ…

အမေ
တကယ်တော့ ဒါတွေဟာ
အနှစ်နှစ်အလလအနာဖေးမတက်ဘဲ
သွေးစိမ်းရှင်ရှင်ဖြာထွက်နေလေတဲ့
အိပ်မက်ရိုင်းတစ်ခုရဲ့စာကိုယ်ပိုင်းသာဖြစ်တယ်
ဒါဟာ နိဂုံးပိုင်းတစ်ခုမဟုတ်တာတော့သေချာတယ်.အမေ…

အမေ့ကမ္ဘာမှာအမှောင်ထုကြီးစိုးလို့
နေပြောက်မထိုး မိုးပေါက်မရွာ နှင်းစက်မကြွေကျပေမယ့်
တိမ်ညိုတွေရေဆင်းသောက်
မုတ်သုန်ရောက်တဲ့တနေ့မှာ
ပက်ကြားအက်ဆောင်းရင်ဘတ်က
နှင်းစက်တွေတဖျပ်ဖျပ်ကျတဲ့အချိန်
ဒါမှမဟုတ်
နွေကြိုငှက်တစ်အုပ်
လွပ်လတ်တေးကိုဆိုထုတ်တဲ့တနေ့ကျရင်
နိဂုံးကောင်းတဲ့ကဗျာတစ်ပုဒ်

အပြည့်အစုံသို့...

မီးပျက်တဲ့ညတစ်ည

http://winkabar.myanmarbloggers.org
မနေ့ကကျောင်းမှာ မီးပျက်သွားတယ်။ မိုးတွေတအားရွာတော့ မီးကြိုးတွေ ပျက်သွားလို့တဲ့။ ကျောင်းဆိုတော့ သူတို့က မီးစက်ခုတ်တော့ ခဏလေးပဲပျက်ပြီးတော့ ပြန်လာတယ်။ တချို့နေရာတွေကတော့ မှောင်နေတာပေါ့။ ဒီမနက်ကျတော့ အိမ်မှာ မီးပျက်သွားတယ်။ ဟာ..သွားပြီလို့ ဒီနေ့ကကျောင်းမသွားရတော့ တစ်နေကုန်အိမ်မှာ ဒီအတိုင်းပဲထိုင်နေရတော့မယ်ထင်နေတာ။ တော်သေးတယ် ခဏပဲပျက်ပြီးတော့ ပြန်လာတယ်။ ဒါပေမဲ့ ညနေဖက် ၄ နာရီလောက်ကျတော့ တစ်ခါထပ်ပျက်တယ်။ တစ်ညလုံးပျက်သွားတာ မနက်၎ နာရီလောက်မှပဲပြန်လာတော့တယ်။ ဒီမှာက မီးက သိပ်ပျက်လေ့မရှိတော့ မီးလည်းပျက်သွားရော အိမ်တိုင်းမှောင်မဲနေတာပဲ။

မီးမပျက်တာကြာတော့ မီးပျက်သွားတော့ နေလို့တော့ကောင်းတယ်။ အထူးအဆန်းလိုပဲ။ အရင်ရက်တွေဆို မီးလာတဲ့အချိန်တွေဆိုရင် လူတိုင်းလိုလိုက အိမ်ပြန်ရောက်ရင် တီဗွီကြည့် ကွန်ပျူတာလုပ်နဲ့ အားလုံးစုထိုင်ပြီးတော့ စကားပြောဖြစ်တာ တော်တော်ရှားတယ်။ အခု မီးပျက်သွားတော့ တီဗီလည်းကြည့်မရ ကွန်ပျူတာလည်း လုပ်မရဆိုတော့ ဘာမှလုပ်စရာမရှိသလိုဖြစ်သွားတယ်။ အဲတော့မှပဲ တစ်ယောက်နဲ့တစ်ယောက် သေချာစကားထိုင်ပြောဖြစ်ကြတယ်။ အဲဒါနဲ့ပဲ စဉ်းစားမိတာ။ အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ လူတွေက မနက်ပိုင်းဆို ကလေးဆို ကျောင်းသွား၊ လူကြီးဆို အလုပ်သွားနဲ့ တစ်ယောက်နဲ့ မတွေ့မိကြဘူး။ အိမ်ပြန်လာတဲ့အချိန်ကျပြန်တော့လည်း ကွန်ပျူတာတွေ တီဗီတွေနဲ့ပဲ အဖော်လုပ်နေကြတယ်။ တီဗီကြည့်လို့ပြီး ကွန်ပျူတာလုပ်လို့ပြီးတဲ့အခါကျတော့ အိပ်ချိန်ရောက်ပြီ။ အဲဒီလို့နဲ့ပဲ တဖြည်းဖြည်းနဲ့တစ်ယောက်နဲ့တစ်ယောက် အနေဝေးလာပြီး စိမ်းလာကြတယ်။ ဘယ်သူကမှလည်း အချိန်သပ်သပ်ပေးပြီးတော့ စကားထိုင်မပြောနေကြတော့ဘူး.. သွန်သင်ဆုံးမမနေကြတော့ဘူး။ ဒီလိုနဲ့ ကလေးတွေက မိဘတွေရဲ့မျက်စိကွယ်ရာမှာနေရတဲ့အချိန်ကလည်းများ၊ မိဘတွေကလည်း အဲလိုကွယ်ရာကျရင် ဘယ်လိုဘယ်လိုနေဆိုပြီးတော့ မဆုံးထားဆိုတော့ နိုင်ငံခြားက ကလေးတွေ၊ နိုင်ငံခြားကို ရောက်လာကြတဲ့ ကလေးတွေက မလိမ္မာတာတို့ ပျက်စီးလွယ်တာတို့ဆိုတာ မဆန်းပါဘူး။ နိုင်ငံကြီးလေ လူတွေက လှုပ်ရှားရလေ။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ သားသမီးတွေကို အနီးကပ်မသွန်သင်နိုင်ကြတော့ဘူး။

ဒီနိုင်ငံကလူတွေက ကလေးယူရင် တစ်ယောက်နဲ့တစ်ယောက် ၁ နှစ်လောက်ပဲခြားယူကြတယ်။ ပြီးတော့ ယူတဲ့ကလေးကလည်း အနည်းဆုံး ၃ ယောက်။ ဆိုင်မှာဆို အမြဲတွေ့နေရတယ်။ ဈေးလာဝယ်ရင် ကလေးတစ်စီတစ်တန်းကြီးနဲ့။ နှစ်ယောက်လောက်က လမ်းလျှောက်တဲ့အရွယ်၊ နောက်တစ်ယောက်ကိုတော့ လက်ကဆွဲထားတယ်။ အငယ်ဆုံးတစ်ယောက်ကတော့ တွန်းလှည်းပေါ်မှာ။ အိမ်မှာကလည်း ကလေးကြည့်မယ့်လူမရှိတော့ ဈေးဝယ်ရင် အကုန်လုံးကိုခေါ်လာရရော။ သူတို့က ကလေးကို တစ်နှစ်လောက်ပဲခြားယူတာက ၃၊ ၄ ယောက်မွေးပြီးလို့ နောက်ဆုံးတစ်ယောက်က ကျောင်းသွားတဲ့အချိန်ရောက်ရင် အမေက အလုပ်ထွက်လုပ်လို့ရောက်ပြီလေ။ ကလေးတွေငယ်တဲ့အချိန်ဆိုတော့ ကလေးထိန်းမယ့်လူမရှိတော့ အမေက အလုပ်ထွက်လုပ်လို့မရလို့။ အဲဒါနဲ့ပဲ တစ်ခါတည်းပြီးအောင် ကလေးကို ၃၊ ၄ ယောက်လောက်ဆက်တိုက်ယူလိုက်ကြတယ်။ အငယ်ဆုံးကလေး ကျောင်းတက်တဲ့အရွယ်မရောက်မချင်းတော့ အမေက အဲဒီကလေးတွေကို အနီးကပ်ဆုံးမနိုင်တယ်။ အဲဒီနောက်ဆုံးကလေး ကျောင်းတက်ပြီဆိုတာနဲ့ အမေက အလုပ်ထွက်လုပ်တော့ အဲဒီအချိန်ကတည်းကစပြီးတော့ ကလေးတွေက အမေနဲ့ အနေဝေးသွားပြီ။ နောက် သူတို့တွေ ၁၈ နှစ်လည်းပြည့်ကြရော တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို အိမ်ကထွက်သွားကြရော။ မိဘနဲ့ နေရတဲ့အချိန်ကလည်း သိပ်မရှိ၊ အဲလိုနေရတဲ့အချိန်ကျတော့လည်း မိဘတွေက သားသမီးတွေကို အပြည့်အဝဂရုမစိုက်နိုင်နဲ့ ။. သြော်.. နိုင်ငံခြားဆိုတာကလည်း။

အပြည့်အစုံသို့...

နအဖတရားသူကြီးတချို့ကို ICCပို့ဖို့ ကမ္ဘာ့တရားရေးဌာနတောင်းဆို



BBC သတင်းဌာနမှ-

အပြည့်အစုံသို့...

ပုံရိပ်...

ဆန်ဟောင်းတပြည် ၇ ကျပ်
ဆန်သစ် တပြည် ၅ ကျပ်
အစိတ်တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန်
သမ၀ါယမဆိုင်၊ ရွှေဝါဆပ်ပြာတောင့်
ဘယ်သွားသွား ကားခပြားလေးဆယ်။

ကြို့ကုန်းလက်ဖက်ရည်ဆိုင်
ဖုန်းမော်၊ စိုးနိုင်၊
စိန်လွင် ခြောက်တန်း တစောက်ကန်း
ကမ္ဘာမကြေဘူး
ဒေါ်အောင်ဆန်းစုကြည်
အိမ်ရှင်မများ သမဂ္ဂ၊ ဦးအောင်ကြီး
ကျောင်းသားသမဂ္ဂ အုတ်မြစ်ချမယ့် မိန်ခွန်း
ဒိုင်းဒိုင်း...၊ ဒက်...ဒက်...ဒက်
စက်တင်ဘာ ၁၈။

ခမောက်၊ စပါးနှံ၊ ပါတီစုံ
၅ယောက်ထက် လူပိုမစုရန်
မေလ ၂၇ ရက်နေ့၊ ၈၀.၈၂%
အကျယ်ချုပ်၊ အကျဉ်းချုပ်

ဆိုကရေးတီးပြိုင်ပွဲ၊ မြင်းခင်းသဘင်
အမျိုးသားအားကစားပွဲတော်၊
လမ်းဖောက် တံတားဆောက်၊ ဆည်ဖို့
မြ၀တီရုပ်သံ၊ ကိုးရီးယားကား
ဆိုကြမယ် ပျော်ကြမယ်
အဖေနဲ့သားများ၊ ဝေလည်းမွှေးကြွေလည်းမွှေး
၅၀၀တန်၊ ၁၀၀၀တန်၊ ကြံ့ခိုင်ဖွံ့ဖြိုး

ဦးတည်ချက် ၁၂ ရပ်၊ အချုပ်အခြာအာဏာ
ပြန်လွှတ်၊ ပြန်ဖမ်း၊ နိုင်ငံတော်ရဲ့ စေတနာ
ကြံ့ဖွတ်သင်းလုံးကျွတ် အစည်းအဝေး
ဆေးတက္ကသိုလ်ဗိုလ်လောင်း၊ အင်ဂျင်နီယာဗိုလ်လောင်း
သူနာပြုဗိုလ်လောင်း၊ ၀မ်းဆွဲဗိုလ်လောင်း (အဲလေ...)
ကျောင်းပိတ်၊ ကျောင်းဖွင့်၊ ပိတ်ဖွင့်၊ ဖွင့်ပိတ်
ဒဂုံတက္ကသိုလ်၊ သန်လျင်တက္ကသိုလ်
SPDC ဂျပန်ပြည်လုပ် စာအိတ်ဗုံး။

ဒီကေဘီအေ၊ စောသမူဟဲ
ဟောင်သရော၊ ဘုရားကုန်း
ဖဒိုအောင်ဆန်း၊ စခုန့်တိန့်ယိမ်း
ညီလာခံကိုယ်စားလှယ်၊
တပ်မတော် စည်းရုံးရေးကော်မတီ
ကလေးစစ်သား၊ ပေါ်တာ
အိုင်အယ်လ်အို၊ ယူအင်န်၊ အိုင်စီအာစီ။

စိန်စီသောည၊ နေပြည်တော်
ဆီဈေး၊ မင်းကိုနိုင်၊ ကိုကိုကြီး
ရွှေဝါရောင်၊ ငွေကြာရံ၊ မဂ္ဂင်
နာဂစ်၊ ဥပဒေမူကြမ်း၊
၂၀၁၀ ရွေးကောက်ပွဲ
အီလက်ထရောနစ် ပုဒ်မ၊
အနှစ် ၂၀၊ ၆၅ နှစ်
... ... ...
... ... ...
... ... ... ။
http://klosayhtoo.blogspot.com

အပြည့်အစုံသို့...

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးအကြောင်း သိကောင်းစရာ


Happy Shan New Year
http://mogokmedia.blogspot.com



ခရစ်သက္ကရာဇ် ၂၀၀၈-ခုနှစ် နိုဝင်ဘာလ (၂၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ် နတ်တော်လဆန်း(၁)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိပြီဖြစ်ပါသည်။ ယခုလာမည့်နှစ်သစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၃-နှစ်မြောက် ဖြစ်ပါသည်။ ရှမ်းနှစ်သစ်ကူးကို ပီမောင်တိုင်း ဟု ခေါ်ပါသည်။ ပီမောင်တိုင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖော်ပြရသော်…

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ဂန္ဓလရာဇ်တိုင်း ဟုခေါ်သော ယခု တရုတ်ပြည် ယူနန်နယ် ၏ အနောက်ဖက်နှင့် မြောက်ဖက် ရွှေလီမြစ်ဝှမ်းဒေသတွင် အင်အားစုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နေထိုင်ခဲ့ကြသည်။ ထို့နောက် အင်အားတောင့်တင်းခိုင်မာသော နန်ချိုလက်နက်နိုင်ငံတော် (Nan Chao AD 649-1253) ကို တည်ထောင်ခဲ့ကြသည်။

သာသနာသက္ကရာဇ် ၄၅၀ (BC 94) တွင် စော(၀်)ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည်ကိုးကွယ်လိုသည်ဖြစ်၌ သားတော် စော(၀်)ခွန်စိုင်း အား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ်သုံးပုံကို ပင့်ဆောင်စေခဲ့ပါသည်။

ဗုဒ္ဓသာသနာတော်ကြီး နန်ချိုပြည်သို့ စတင်ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ)မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁၀၃-ခုသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ရှေးအခါက ရှမ်းနက္ခတ္တပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ် တို့ကိုကြည့်ပြီး အချိန်နာရီအတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း(၁)ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကြပါသည်။

ရှေးက ဤနှစ်သစ်ကူးအခါသမယ ကျရောက်တိုင်း ပွဲလမ်းသဘင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များချီးမြှင့်ခြင်း၊ စာပေ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရ၀ပြုခြင်း အစဉ်အလာများ ရှိခဲ့ပါသည်။

ရှေးရိုးရာ ထုံးတမ်းအရ နှစ်သစ်ကို ကြိုဆိုရာတွင် အချက်(၄)ချက် ပါဝင်ရပါသည်။
(၁) နှစ်သစ်ကို ကြိုဆိုခြင်း
(၂) နှစ်သစ်ကို ဂါရ၀ပြုခြင်း
(၃) ရိုးရာအစားအစာဖြင့် ဧည့်ခံခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း
(၄) ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဟူ၍ ဖြစ်ပါသည်။

ထို့အတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်း သည်လည်း အိမ်ရှင်ကို ဂါရ၀ပြုခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက်တောင်းပေးခြင်း၊ ဆွေမျိုးသားချင်းသဘောဆောင်ခြင်း ဟူသော အနက်ကိုဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။

မိုးကုတ်မီဒီယာ

အပြည့်အစုံသို့...

Sunday, November 16, 2008

နယ်သို့ခွဲပို့ခံရသောကျောင်းသားခေါင်းဆောင်များနှင့် ထောင်များစာရင်း

ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်ရှိ နာမည်ကျော် ကျောင်းသားခေါင်းဆောင်များကို နယ်ထောင်အသီးသီးသို့ အောက်ပါအတိုင်း ပို့ဆောင်လိုက်ကြောင်း၊ ၎င်းတို့သည် ယခုရက်ပိုင်းအတွင်း နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဆိုသည်။

၁။ မင်းကိုနိုင်၊ ကိုကိုကြီး - ကျိုင်းတုံ(မြို့အကျဉ်းထောင်)၊ ရှမ်းပြည်နယ်

၂။ မြအေး(သူရ) - လွိုင်ကော်၊ ကယားပြည်နယ်

၃။ ပြုံးချို (ဋ္ဌေးဝင်းအောင်) - ကော့သောင်း၊ တနင်္သာရီတိုင်း

၎။ အောင်သူ နှင့် အခြား ၈ ဦး - ပူတာအို၊ ကချင်ပြည်နယ်

၅။ ဋ္ဌေးကြွယ် - ဘူးသီးတောင်၊ ရခိုင်ပြည်နယ်

၆။ မျိုးအောင်နိုင် - ကလေး၊ စစ်ကိုင်းတိုင်း

၇။ လှမျိုးနောင် - မြစ်ကြီးနား၊ ကချင်ပြည်နယ်

အပြည့်အစုံသို့...

ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးမကောင်းဖြစ်နေပြီး သူ့နှင့်အမှုတွဲနှစ်ဦးကို ထောင်ဒဏ်များထပ်တိုး

အင်းစိန်ထောင်တွင်းတရားရုံးက အမိန့်ချစဉ် တရားရုံးကို အယုံအကြည်မရှိသည့်အတွက် နောက်ပြန်ထိုင်ကာ ဓါတ်ပုံအရိုက်မခံဘဲနေခဲ့သည့် ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးမကောင်းဖြစ် နေပြီး သူ့နှင့်အမှုတွဲနှစ်ဦးကို ပုဒ်မများ ထပ်တိုးပြီး ထောင်ဒဏ် ထပ်မံတိုးလိုက်သည်။

ကိုပြည့်ဖြိုးလှိုင်အပါအဝင် ကျောင်းသားလူငယ် (၉) ဦးကို ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ယခုလ (၁၁) ရက်နေ့၊ ညနေ ပိုင်းတွင် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၂၄) နှစ်မှ (၈) နှစ်အထိ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်။

အစာအိမ်ရောဂါရှိသူ ကိုပြည့်ဖြိုးလှိုင်အား ချုပ်နှောင်ထားသောနေရာမှာ အလွန်အေးသည့် ဒဏ်ကြောင့် ကျန်းမာရေးအခြေအနေ ချို့ယွင်းနေခြင်းဖြစ်ပြီး ကိုသီဟသက်ဇင်အား ပုဒ်မ
(၁၃-၁) နှစ်ကြိမ် တိုး၍ တကြိမ်လျှင် (၅) နှစ်ဖြင့် စုစုပေါင်း (၁၈) နှစ်ချမှတ်ပြီး ကိုသိန်းဇော်အား ပုဒ်မ(၁၃-၁) တခါထပ်တိုးပြီး (၅) နှစ် ချလိုက်သဖြင့် ယခင်အမှုတွဲ ထောင်ဒဏ် (၈) နှစ်ပေါင်း (၁၃)နှစ် ထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း ကိုပြည့်ဖြိုးလှိုင်၏မိခင်က ပြောသည်။

“သီဟသက်ဇင်ကို နယ်စပ်ဖြတ်ကျော်ပုဒ်မ နှစ်ကြိမ်ထပ်တိုးလိုက်တယ်၊ သိန်းဇော်ကိုတော့ နယ်စပ်ဖြတ်ကျော် တကြိမ်တိုးလိုက်ပြီး ထောင်ဒဏ်တွေ ထပ်တိုးလိုက်တယ်”ဟု ပြောသည်။

ကိုပြည့်ဖြိုးလှိုင်အား ယခင် ထောင်မကြီးတွင် (၉) လခန့် သီးသန့်ထားရှိပြီး ယခုအခါ သီးခြား အဆောင်သို့ ပြောင်းရွှေ့ထားကြောင်းနှင့် ကိုပြည့်ဖြိုးလှိုင်၏နောက်ဆုံးအခြေအနေကို မိခင်ဖြစ် သူက ဆက်ပြောသည်။

“ပြည့်ဖြိုးလှိုင်က သူ့ကို ဓါတ်ပုံရိုက်ဖို့ တရားသူကြီးဘက်ကို လှည့်ဖို့ပြောတာ လုံးဝကိုမလှည့်ဘဲ နောက်ပြန်ထိုင်နေခဲ့တာ၊ သူ့ကျန်းမာရေးက အခု သူ့ကိုထားတဲ့နေရာက တအားအေးတဲ့နေရာ ဖြစ်တော့ ရောဂါပြန်ဖြစ်နေတာပေါ့”ဟု ပြောသည်။

အာဏာပိုင်များဘက်က ကိုပြည့်ဖြိုးလှိုင်တို့အား ဝေးလံသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

အပြည့်အစုံသို့...

အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်


ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယာယီရုံးထိုင်လျက်ရှိသည့် ထောင်တွင်းတရားရုံးများက အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီ အသိုင်းအဝန်းနှင့် အင်းစိန်ထောင်အသိုင်းအဝန်းက ပြောဆိုကြသည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့် ကိုဆန်းဝင်းတို့အပါအဝင် လှိုင်သာယာမှ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုသန့်ဇော်မြင့်အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှာသူများအား နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည့်အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ ပိုများလာသည်ဟုလည်း ဦးဉာဏ်ဝင်းက စစ်အစိုးရကို ဖေဝန်လိုက်သည်။

ကိုသန့်ဇင်မျိုး၏အကိုဖြစ်သူ ကိုသန့်ဇင်ဦးက “တရားမျှတမှုလုံးဝမရှိဘူး … မြန်မာနိုင်ငံတရားစီရင်ရေးစနစ်က ဒီလောက် အထိ ယိမ်းယိုင်သွားပြီဆိုတော့ ကျနော်တို့မြန်မာတမျိုးသားလုံးရဲ့ ဂုဏ်သိက္ခပေါ့ … အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေလည်း အလကားဖြစ်ကုန်ပြီပေါ့” ဟု ပြောသည်။

“အများပြည်သူရှေ့မှောက်မှာ တရားစီရင်နေရာက အမိန့်ချခါနီးကျမှ ဘယ်သူမှလာရောက်ကြားနာခွင့်မရတဲ့ တံခါးပိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာကိုကြည့်ခြင်းအားဖြင့် တရားမျှတမှုရှိတယ် မရှိဘူးဆိုတာ ပေါ်လွင်နေပါပြီ” ဟုလည်း ကိုသန့်ဇင်ဦးက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် မကြည်ကြည်ဝါ၊ ကိုကျော်ဇင်ဝင်း၊ ကိုအောင်ကျော်ဦး၊ ကိုကျော်ကျော်လင်းနှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအား မတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့် နောက်ထပ် ၆ နှစ်၊ ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့် နောက်ထက် ၅ နှစ် ချမှတ်လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့လည်း ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

ယခုအပတ်အတွင်း စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

အပြည့်အစုံသို့...

မသန့်သော ဆေးထိုးအပ်ကြောင့် ထောင်တွင်း၌ ကဗျာဆရာတဦး အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရ

ရန်ကုန် အင်းစိန်ထောင်တွင်း၌ စစ်အစိုးရက ဖမ်းဆီးအကျဉ်းချထားသော ကဗျာဆရာ ကိုအောင်သန်း သည် အိပ်ခ်ျအိုင်ဗီ ကူးစက်ရောဂါ ခံစားနေရပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ဆိုးဝါးနေကြောင်း သိရှိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် တဦးဖြစ်ပြီး အသက် ၃၆ နှစ်ရှိ ယင်း ကဗျာဆရာ ကိုအောင်သန်းသည် လွန်ခဲ့သည့် ၂ နှစ် ခန့်တွင် အင်းစိန်ထောင် ဆေးရုံက ၎င်းအား အဓမ္မ ဆေးထိုးပေးခဲ့ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်း သမားများ(RSF)အဖွဲ့နှင့် ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ(BMA)အဖွဲ့တို့က ကိုအောင်သန်း၏ မိခင်နှင့် မိတ်ဆွေ တချို့ကို ကိုးကား၍ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

“အခုကြားရတဲ့ ဖြစ်ရပ်ဆိုး သတင်းမျိုးဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့လုပ်ရပ် တခုတည်း ကြောင့် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါ ကြောင့် အခုထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးဝါးစွာခံစားနေရတဲ့ ကိုအောင်သန်းကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ ဆေးကုသခံယူခွင့်ပေးဖို့ တောင်းဆိုပါတယ်”ဟု RSF နှင့် BMA အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်“ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ သွားရောက်ကူညီခွင့်ရအောင် နိုင်ငံ တကာ အသိုင်းအ၀န်းက ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်”ဟုလည်း ၎င်းအဖွဲ့ နှစ်ဖွဲ့ က ထည့်သွင်း ဖော်ပြထားသည်။

ယင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့(ICRC)ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း သို့သွားရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ ICRC သည် ၁၉၉၉ ခု နှစ်မှစတင်၍ အကျဉ်းထောင်များအတွင်း သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက“ကျနော်တို့ သိရသလောက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုက အတ်ာညံ့ဖျင်း ပါတယ်၊ အထူးသဖြင့် ICRC ထွက်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်၊ ဒါကြောင့် ICRC လို့အဖွဲ့ကြီးအနနဲ့ ဒီအကျဉ်းထောင်တွေထဲကို သွားရောက်ခွင့်ရရင် ကောင်းပါမယ်”ဟု ပြောဆို သည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် အောက်တိုဘာလ အတွင်းက အမျိုးသား ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့် ပတ်သက်ပြီး အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံယူရာ ယင်းထောင်ဆေးရုံမှ ၀န်ထမ်းတဦးက တာဝန်ရှိ ဆရာဝန် ညွှန်ကြားချက်အရ မဟုတ်ဘဲ ဆေးထိုးပေးခဲ့ကြောင်း၊ ထောင်ဆေးရုံတွင် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုသည်ကို မကြာခဏ တွေ့ရသောကြောင့် ကိုအောင်သန်းက ဆေးထိုးခံရမည်ကို ငြင်းဆိုသော်လည်း ဆေးရုံ ၀န်ထမ်းက အဓမ္မ ဆေးထိုးပေးခဲ့ကြောင်း ကိုအောင်သန်း၏ မိခင် ဒေါ်ခင်စီနှင့် မိတ်ဆွေတဦး က ပြောပြသည်ဟုလည်း RSF နှင့် BMA တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လ အနည်းငယ်ကြာပြီးနောက် ကိုအောင်သန်း၏ ကိုယ်ခံအားကျဆင်းလာပြီး မကြာခဏအဖျားတက်၍ အရေပြား များ အမြဲတမ်းကဲ့သို့ အေးနေကာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာသောကြောင့် ကိုအောင်သန်းက ၎င်းအား ဆေးစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေသော လက္ခဏာများသည် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးဖြစ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြောင်း ဆရာဝန်များက မှတ်ချက်ပေးသောကြောင့် ကိုအောင်သန်းမှာ ထောင်တွင်း၌ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံခဲ့ရသည်မှာ သေချာကြောင်း RSF နှင့် BMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ အဓမ္မဆေးထိုးခံရမှု များစွာရှိကြောင်းနှင့် BMA အဖွဲ့ဝင် တဦး၏ မိတ်ဆွေ တဦးသည်လည်း အဓမ္မဆေးထိုးခံရပြီးနောက် အေအိုင်ဒီအက်စ် ရောဂါဖြင့် ထောင်တွင်း၌ပင် သေဆုံးခဲ့ ဖူး ကြောင်းလည်း သိရသည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေးသားထား သော“ဒေါင်းမာန်”အမည်ရှိ ကဗျာများ ရေးသားထုတ်ဝေမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၉ နှစ် ချမှတ် ခံထားရသူဖြစ်သည်။ ၎င်းနှင့် အတူ ပဲခူးမြို့ရှိ ယင်းကဗျာများကို ပုံနှိပ်ပေးသူ ကိုမောင်မောင်ဦး၊ ကိုဇေယျ အောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့သည်လည်း ထောင်ဒဏ်များ အသီး သီး ချမှတ်ခံခဲ့ရကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အပြည့်အစုံသို့...

မင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ ဦးကို နယ်ထောင်များသို့ ပြောင်းရွှေ့

ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ မစုစုနွေးနှင့် အန်အယ်လ်ဒီပါတီဝင်များ၊ သံဃာတော်တချို့နှင့် အနုပညာရှင် ၂ ဦးကို မိသားစုနှင့်ဝေးရာထောင်များသို့ ယနေ့နံနက် ၃ နာရီခန့်က စတင်ပို့ဆောင်လိုက်သည်ဟု မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တို့က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို မိသားစုများနေထိုင်ရာ ရန်ကုန်နှင့် မိုင်ပေါင်း ၇၀၀ ခန့်ကွာဝေးသည့် ရှမ်းပြည်နယ်ရှိ ကျိုင်းတုံထောင်သို့ပို့လိုက်ပြီး ကိုဌေးကြွယ်အား မြန်မာနိုင်ငံ အနောက်ဘက်စွန်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်စပ်ရှိ ဘူးသီးတောင်ထောင်၊ ကိုပြုံးချိုအား မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် ကိုမြအေးကို ကယားပြည်နယ်ရှိ လွိုင်ကော်ထောင်သို့ပို့လိုက်သည်ဟု အေအေပီပီ အဖွဲ့က ပြောသည်။

အေအေပီပီအဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်ဝေးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ခြင်းသည် မိသားစုဝင်များကိုပါ ဒုက္ခရောက်စေလိုသော ရည်ရွယ်ချက်ဖြစ်သည်ဟု ပြောသည်။

“ထောင်ပြောင်းလိုက်ပြီးတဲ့နောက် ဒုက္ခခံစားရတာ မိသားစုတွေပါ။ ပြောင်းလိုက်တဲ့ဒေသတွေကိုသွားဖို့ အချိန်ကုန်တယ်၊ အလုပ်ပျက်တယ်၊ ငွေကုန်မယ်။ ဥပမာ - ကိုပြုံးချိုကို ကော့သောင်းထောင်ကိုပို့လိုက်တယ်။ အဲဒီနေရာကို သင်္ဘောနဲ့သွားရင် ၄ ရက်ကြာတယ်၊ လေယာဉ်နဲ့ဆို လက်မှတ်က အင်မတန်ဈေးကြီးပြီး ဝယ်ရတာလည်း အလွန်ခက်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များဖြစ်ကြသည့် ကိုလှမျိုးနောင်အား ကချင်ပြည်နယ်ရှိ မြစ်ကြီးနားထောင်၊ ကိုအောင်သူအား မြန်မာနိုင်ငံ မြောက်ဘက်စွန်းရှိ ပူတာအိုထောင်၊ ကိုအောင်နိုင် (ခ) ကိုမျိုးအောင်နိုင်ကို စစ်ကိုင်းတိုင်းရှိ ကလေးထောင်များသို့ ပို့ခဲ့သည်။

ကိုပြုံးချို၏ဇနီး မဝါဝါက “မနက်အစောကြီးထောင်မှာသွားတွေ့သေးတယ်၊ နောက်ပေါက်ကထုတ်တာဆိုတော့ မတွေ့လိုက်ဘူး။ အခုပို့တဲ့နေရာတွေက သွားရေးလာရေးခက်ခဲတယ် … ခရီးဘယ်လောက်ဝေးဝေး လိုက်သွားရမှာပေါ့။ အမက ၂ ပတ်တခါလောက် လိုက်သွားမှာ၊ ကိုယ့်လူကို ဘယ်သူတွေတန်ဖိုးမရှိအောင် ထားထား ကိုယ့်အတွက်တန်ဖိုးရှိတာကိုး၊ ဒီလူတွေက တတိုင်းပြည်လုံးအတွက်လည်း တန်ဖိုးရှိပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ပဲ ဆက်သွားကြရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

“အမတို့ စိတ်ဓာတ်မခိုင်လို့မရဘူးလေ၊ ကြိုတင်ပြင်ဆင်ပြီးသားပါ။ ကျန်မာရေးပဲဂရုစိုက်၊ မိသားစုအရေးတွေ ဘာတွေ ဘာမှမတွေးဖို့ မှာထားပြီးသား … အားလုံးကလည်း သူတို့အတွက် ဂုဏ်ယူကြမှာပါ” ဟု မဝါဝါက ဆက်ပြောသည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို တရားရုံးမထုတ်ဘဲ လွန်ခဲ့သည့် ၁၁ ရက်နေ့က မအူပင်ထောင်တွင်း၌ အပြစ်ဒဏ် ၆၅ နှစ်ချမှတ်ကာ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ပြန်ခေါ်လာပြီး ယနေ့နံနက်တွင် ဝေးလံသည့်ဒေသများရှိ ထောင်များသို့ ပို့လိုက်ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီဝင် မစုစုနွေး၊ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုမြတ်စံနှင့် ကိုတင့်ဆန်း၊ ကဗျာဆရာ ကိုစောဝေနှင့် ရွှေသံစဉ်တေးဂီတအဖွဲ့၏ ဂီတမှူး ကိုဝင်းမော်တို့ကိုလည်း မန္တလေးထောင်သို့ပို့လိုက်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းက ပြောသည်။

သံဃာတော်တချို့အပါအဝင် အန်အယ်လ်ဒီပါတီဝင် ကိုဘိုဘိုဝင်းလှိုင်နှင့် စုစုပေါင်း ၈ ဦးကိုလည်း ၈၈ ကျောင်းသား ကိုအောင်သူနှင့်အတူ ပူတာအိုထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“ထောင်ပြောင်းရင် မိသားစုနဲ့ အနီးဆုံးထောင်ကိုပြောင်းရမယ်လို့ အကျဉ်းထောင်လက်စွဲမှာ ပြဌန်းထားပြီး ဖြစ်တယ်။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲနဲ့ လုံးဝဆန့်ကျင်နေပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အပြည့်အစုံသို့...

ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ်ချမှတ်

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ် (၉) နှစ်ခွဲ ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း၊ တာမွေအရှေ့ပိုင်းခရိုင်တရားရုံး ခုံ(၁)က ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ)၊ အသင်းဖွဲ့(၆) ပုဒ်မများဖြင့် ယနေ့နံနက်ပိုင်းက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ သူ့ရှေ့က နောင်တော်တွေ၊ အမတွေကို ချမှတ် လိုက်တဲ့ နှစ်တွေနဲ့စာရင် ကျနော့်သမီးကို ချမှတ်လိုက်တာကို ဘယ်လိုပြောရမလဲ ကမ္ဘာကြီး မီးလောင်နေချိန်မှာ ဆီမီးခွက် မီးတောက်တာကို ဦးနှောက်ထဲတောင် မထားတော့ပါဘူးလို့ သဘောထားပါတယ်”ဟု မဟန်နီဦး၏ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောသည်။

မဟန်နီဦးအား တရားလိုသက်သေများက သံဃာတော်များစီတန်းလှည့်လည်ရာတွင် ပါဝင်ခဲ့ သည်ဟု ထွက်ဆိုခဲ့သော်လည်း အဆိုပါရက်ပိုင်း မဟန်နီဦးမှာ စာမေးပွဲဖြေဆိုနေခြင်းဖြစ် ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

“အဲဒီရက်တွေမှာက ကျနော့်သမီးက စာမေးပွဲဖြေနေတဲ့ရက်ပါ၊ ကျနော့်သမီး စာမေးပွဲဖြေဆို ကြောင်းရယ်၊ အောင်စာရင်းထုတ်ပြန်တော့ စာမေးပွဲဖြေထားလို့ အောင်မြင်တဲ့ ဘာသာ၊ ကျတဲ့ ဘာသာတွေကို ထုတ်ပြန်ပေးထားတယ်၊ အဲဒီအတွက် သက်ဆိုင်ရာက ဖြေရင်ဖြေတယ်၊ မဖြေရင်မဖြေဘူးဆိုတာကို စာထုတ်ပေးပါလို့ တရားဝင် သြဂုတ်လ (၂၅) ရက်နေ့မှာ မော်ကွန်း ထိန်းဆီကို စာတင်ပြီးတောင်းတာ အကြောင်းမပြန်ခဲ့ဘူး”ဟု ပြောသည်။

ယခုကဲ့သို့ သမီးဖြစ်သူအား ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ခံစားရမှုနှင့်ပတ်သက်၍ “ထောင်ကျသွားသူတွေအတွက်ရော ကျနော့်သမီးအတွက်ရော ကျနော်ခံစားရတာတော့ ဆရာ ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်ဆိုတဲ့အတိုင်း ကျနော့်သမီးဟာ သူ့သမိုင်းကို သူတာဝန် ယူသွားတယ်လို့ပဲ ကျနော်ခံစားရတယ်”ဟု ဆက်လက်ပြောသည်။

ထို့အပြင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ကိုမျိုးခင်အား ထောင်ဒဏ် (၆) နှစ်ခွဲနှစ် သစ်စက်အလုပ်သမား ကိုမျိုးခိုင်အား ထောင်ဒဏ် (၄) နှစ်ခွဲစီ အသီးသီးချမှတ်လိုက်သည်။

အပြည့်အစုံသို့...

ကိုမင်းကိုနိုင်အပါအဝင် (၉) ဦးအား မအူပင်ထောင်တွင်းတရားရုံးတွင် စီရင်ချက်ချပြီး အင်းစိန်ထောင်သို့ပြန်ပို့


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရားရုံးတော်ကို မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင် (၆) လချမှတ်၍ မအူပင်ထောင်သို့ ပို့ဆောင်ခံရသည့် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် (၉) ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြန်လည်ပို့ဆောင် လိုက်သည်။

ယနေ့နံနက် (၈) နာရီခွဲခန့်က ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အား မအူပင်ထောင်တွင်း ၌ပင် အီလက်ထရောနစ် ပုဒ်မ (၄) ခု၊ အသင်းအဖွဲ့ (၆) ပုဒ်မတို့ဖြင့် (၁၁) ရက်နေ့၊ နေ့လည်(၁၁) နာရီခန့်က ထောင်ဒဏ် (၆၅)နှစ် ချမှတ်လိုက်ပြီး ယခုကဲ့သို့ ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်သည်။

“မနက်က သူ့တို့မိသားစုတွေ ထောင်ဝင်စာ ပါဆယ်ပို့ဖို့ မအူပင်လိုက်သွားတယ်၊ အဲဒါ ညောင်တုန်းလောက်မှာ သူတို့မိသားစု ကားဖြတ်အသွားမှာကြုံတော့ လှမ်းအော်သွားကြတာ၊ အချုပ်ကားက အလယ်မှာ၊ ရှေ့နောက်မှာက ရဲကားတစီးစီ လိုက်တယ်၊ မိသားစုတွေကတော့ ဆက်ပြီးတော့ မအူပင်ထောင်ကို ကျိန်းသေအောင် သွားစုံစမ်းတယ်၊ ပထမတုန်းက ထောင် အာဏာပိုင်တွေက ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ ပို့သလိုလို မပို့သလိုလို လုပ်တာ၊ နောက် တော့မှ အင်းစိန်ပို့လိုက်တယ်လို့ ပြောတာ”ဟု မိသားစုဝင်များနှင့်နီးစပ်သူတဦးက ပြောသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များမှာ အင်းစိန်ထောင်သို့ နေ့လည် (၂) နာရီခွဲခန့်တွင် ပြန်ရောက်လာပြီးနောက် ထောင်ဝင်စာတွေ့ခွင့်ရသည့်အတွက် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းကို သိရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ထောင်ဝင်စာသွားတွေ့တာ ကိုမင်းကိုနိုင်အစ်မပါတယ်၊ ကိုဌေးကြွယ်အစ်ကိုနဲ့ အစ်မ လိုက်လာ တယ်၊ ကိုမြအေးဇနီး ပါတယ်၊ ကိုပြုံးချိုဇနီး ပါတယ်၊ ကိုဉာဏ်လင်းအစ်ကိုနဲ့ အမေ ပါတယ်၊ ကိုလှမျိုးနောင်ရဲ့အမျိုးသမီး၊ ကိုအောင်သူရဲ့အမျိုးသမီး သူတို့တွေ ပါလာတယ်၊ ကိုကိုကြီးရဲ့ညီ ကိုအောင်ထွန်းလဲ ပါတယ်”ဟု ဆက်ပြောသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များကို အင်းစိန်ထောင် အထူးတိုက်တွင် အခန်း (၉) ခန်းခွဲ၍ ထားရှိကာ ပြန်ရောက်ရောက်ချင်း ကိုအောင်သူကို ဆေးရုံတင်ထားရပြီး ကိုလှမျိုးနောင်လည်း ကျန်းမာရေးအခြေအနေမကောင်းကြောင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဉာဏ်လင်း၏အစ်ကိုက ပြောသည်။

ကျောင်းသားခေါင်းဆောင် (၉) ဦးအား မအူပင်ထောင်တွင် အမိန့်ချမှတ်လိုက်ခြင်းနှင့်ပတ်သက် ၍ “သူတို့ကို အမိန့်ချတာ ဒီမှာချတဲ့ (၁၄) ယောက်ပုံစံအတိုင်းပဲ ချလိုက်တာ၊ ကျနော်တို့အမြင် ကတော့ သူတို့ကို အခုလို ချမှတ်လောက်တဲ့အထိ ဘာအမှုမှ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ခံယူ တယ်၊ အီလက်ထရောနစ်ပုဒ်မကို လေးမှုခွဲပြီး (၁၅) နှစ်ချတယ်ဆိုတာ ဥပဒေအရ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ပဲ ထင်တယ်၊ သူတို့လုပ်ချင်တာ လုပ်တယ်လို့ပဲ ထင်တယ်”ဟု ပြောသည်။

ကျောင်းသားခေါင်းဆောင်များအား အာဏာပိုင်များဘက်မှ ထောင်ပြောင်းခြင်းများပြုလုပ်ခြင်း သည် အကျဉ်းကျနေသူကိုသာမက ကျန်ရှိနေသည့် မိသားစုဝင်များကိုပါ ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ပြီး ကိုမင်းကိုနိုင်တို့အား မနက်ဖြန်တွင် ထောင်ပြောင်းရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“မနက်ဖြန် သူတို့ကို ပြန်ရွှေ့မယ်လို့ ပြောနေတယ်၊ လေယာဉ်ပျံနဲ့ သွားရတဲ့ခရီး မဟုတ်ရင် မီးရထားနဲ့သွားရတဲ့ နေရာလောက်ထိ အဝေးဆုံးကို ပို့မယ်လို့ ကြားနေရတယ်၊ ကျနော်တို့ကို မနက်ဖြန်လာခိုင်းထားတယ်၊ အဲတော့မှပဲသိမှာပါ၊ သူတို့အပါအဝင် အခြားသူတွေလဲ ပါနိုင်တယ်၊ တနေရာထဲကိုပို့မှာတော့ မဟုတ်ဘူး၊ နေရာခွဲ့ပို့မယ်လို့တော့ ပြောတယ်”ဟု ပြောသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် အခြား နိုင်ငံရေးလှုရှားသူများကို ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်မှုအား “ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေက တရားမျှတမှု မရှိဘူး၊ ကျနော် မကျေနပ်ဘူးလို့ ပြောချင်ပါတယ်”ဟု မိသားစုဝင်တဦးက ပြောဆိုသည်။

အပြည့်အစုံသို့...

Saturday, November 15, 2008

မင်းကိုနိုင်နှင့် ခေါင်းဆောင် ကိုးဦး ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခံရ


ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် ကိုးယောက်ကို စစ်အစိုးရ က ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့အကြောင်း ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။ ကျန်တဲ့ လူရွှင်တော် ဇာဂနာ နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေတွေမှာ အင်းစိန်ထောင် အတွင်း တရားရုံးက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် စုစုပေါင်း ကိုးယောက်ကို မအူပင် ထောင်ကနေ အင်းစိန် ထောင်ကို စစ်အစိုးရ က ပြန်ပို့လိုက်ပါတယ်။ သူတို့ကို မအူပင်ထောင် မှာကတည်းက အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ထောင်ဝင်စာ သွားတွေ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် က အခုလို ပြောပါတယ်။

“သူတို့ကို ဒီနေ့ ထောင်ဝင်စာ သွားတွေ့တယ်။ မအူပင်ကို သွားတွေ့တာ။ မအူပင်ကနေ ပြောင်းသွားပြီ ဆိုတော့ အင်းစိန်ထောင် ကို တခါ ကျမတို့ ပြန်လိုက်၊ ပြန်လိုက်တော့ ညနေ နှစ်နှစ်နာရီ နဲ့ ငါးမိနစ်မှာ အင်းစိန်ထောင်ကို သွားတွေ့တော့ သူတို့ကို သုံးနာရီ လောက်မှာ တွေ့ရတယ်။ အစ်ကိုလေးကို မေးကြည့်တော့ ၁၁ ရက် ၁၁ လ ၁၁ နာရီ မှာ သူတို့ကို ၆၅ နှစ်ချတယ်တဲ့။ မအူပင်မှာ ချတာ။ ဒီနေ့ အင်းစိန်ထောင်ထဲ ပြန်ပြောင်းတယ်။”

ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် ပြောပြသွားတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို မအူပင်ထောင်မှာ ရှိနေသေးတယ် ထင်ပြီး အကျဉ်းသား မိသားစုတွေ မအူပင်ထောင်ကို လိုက်သွားတဲ့ အချိန်ကြမှ အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ် ဆိုတာကို မိသားစုဝင်တွေ သိခဲ့ကြတာလို့ ပြောပါတယ်။

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ မြန်မာနိုင်ငံ တရားရေး စနစ်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကိုမင်းကိုနိုင် တို့ကို ၆၅ နှစ်ချတယ် ဆိုပြီး သတင်း ဒီလိုပဲ ကျနော်တို့လည်း ကြားပါတယ်။ ဒီမှာ တော်တော် ထူးဆန်းတဲ့ ကိစ္စတခုက သူတို့ကို ပုဒ်မ (၂၈၂) နဲ့ ၆ လ ချပြီးတော့ မအူပင်ထောင်ကို ပို့ထားတာ။ ကျနော် နားလည်သလောက် သူတို့အမှုက သက်သေတွေ လုံလောက်အောင် မစစ်ရသေးဘူး။ မအူပင်ထောင် ကျတော့လည်း တရားသူကြီး က ထောင်ထဲဝင်ပြီး အမိန့်ချတယ် ပြောတယ်။ ကျနော်တို့ တရားရုံးရဲ့ အစဉ်အလာတွေ နဲ့တော့ လုံးဝ ဆန့်ကျင်နေတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေပြီလို့ ကျနော် အဲလို ပြောချင်တယ်။”

ဒီသီတင်းပတ် စောစောပိုင်းကတည်းက ကျောင်းသားခေါင်းဆောင် တွေကို ထောင်ဒဏ်နှစ်ရှည်တွေ စပြီး ချမှတ်ခဲ့တာပါ။ ဒီလို ချမှတ်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ က စစ်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ဒီအတောအတွင်း တခြား နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာပါ အင်းစိန်ထောင် အထူးတရားရုံး က ဆက်ပြီး စစ်ဆေးနေပါတယ်။ ဒီလို စစ်ဆေးတဲ့ အတွက် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ဖို့ အာဏာပိုင်တွေဘက်က ခပ်မြန်မြန် ပြင်ဆင်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေ ကတော့ ရုံးပိတ်ရက်တွေမှာ ထောင်အာဏာပိုင်တွေက အခုလို ရုံးထုတ် စစ်ဆေးတာကြောင့် မိသားစုနဲ့ တွေ့ဆုံခွင့် ဆုံးရှုံးမှာကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီနေ့ အင်းစိန်ထောင် အတွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခံရတဲ့ အထဲမှာ လူရွှင်တော် ဇာဂနာ လည်း ပါဝင်ပါတယ်။ သီတင်းပတ် အတွင်း ရုံးဖွင့်ရက်တွေမှာလည်း အမှုတွေ ဆက်တိုက် ကြားနာပြီး တလျှောက်လုံး နေ့စဉ် နာရီ အတော်ကြာ စစ်နေတဲ့ အတွက် ကိုသူရ ခေါ် ဇာဂနာ အနေနဲ့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ခံနေရတယ်လို့ ဒီနေ့ ဇာဂနာကို ထောင်ဝင်စာ သွားတွေ့တဲ့ ဇာဂနာရဲ့ ခယ်မ မငြိမ်းက ပြောပါတယ်။

“သူတို့ ရုံးထုတ်ရင် ကျမတို့က တွေ့ခွင့် မရှိတော့ဘူးလေ။ တနေကုန် စစ်ဆေးတာလေ။ မနေ့က ဆိုရင်လည်း ခြောက်နာရီမှ ကိုသူရ တို့ကို ရုံးထဲကို ပြန်ထည့်တာတဲ့။ အခု ကျမ ရောက်တာ ၉ နာရီ ၂၀ ရောက်တယ်။ ကျမကို ရုံးထုတ်သွားပြီတဲ့။ မဟုတ်ဘူးလို့၊ ကျမက စည်းကမ်းအတိုင်း လာတာ၊ တနင်္လာကနေ သောကြာ အထိ တောင်းဆိုတာ မဟုတ်ဘူး။ စနေ တနင်္ဂနွေမှာ ကျမ အစ်ကို ကို တွေ့ရမယ့်ရက်။ ကျမ မတွေ့ရရင် မပြန်ဘူး၊ ကျမ အစ်ကို နေလည်း မကောင်းဘူး။ ဒီနေ့မှ ဖရောင်းပဆိုး ဆိုတာ သွင်းရမှာ။ အပြင်မှာ ရာသီဥတု ဒီလောက် အေးနေပြီ၊ ထောင်ထဲမှာ ဘယ်လောက် အေးမလဲ၊ ကျမ အစ်ကိုမှာ အခင်းလည်း မရှိဘူး။ ကျမထောင်ပိုင်နဲ့ တွေ့မယ်။ တခုခု လုပ်ပေးပါလို့။ မတွေ့ရရင် မပြန်ဘူး။ ကျမတို့ကို တနင်္လာကနေ သောကြာ အထိ မတွေ့ရဘူး။ စနေ တနင်္ဂနွေ တွေ့ရတဲ့ ကိစ္စကို ကျမ အလျော့ မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။”

ရုံးထုတ်တဲ့အချိန် နာရီအတော်ကြာ စစ်ဆေးမေးမြန်းမှုတွေကြောင့် ကိုသူရရဲ့ ကျန်းမာရေး အခြေအနေ ပိုဆိုးလာတယ် လို့လည်း မငြိမ်းက ပြောပါတယ်။

အခုလို ရုံးပိတ်ရက်တွေမှာပါ အမှုတွေ စစ်ဆေးနေတဲ့အတွက် လာမယ့် ရက်ပိုင်း အတွင်းမှာ ပြစ်ဒဏ်တွေ ချမှတ်နိုင်လာနိုင်တယ်လို့ တရားရေး သတင်း ရပ်ကွက်က ခန့်မှန်းနေပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ တရားရုံးတွေ ရုံးထိုင်တာနဲ့ ပတ်သက်ပြီး Court Manual တရားရုံးများ လက်စွဲအရ စနေ တနင်္ဂနွေ နေ့တွေမှာ ရုံးမထုတ်ရတဲ့အကြောင်း၊ ဒီလို ရုံးထိုင်တာက ဥပဒေ ကို ချိုးဖေါက်တာ မဟုတ်ရင်တောင် တရားရုံးတွေ လိုက်နာရမယ့် စည်းကမ်းနဲ့တော့ မကိုက်ညီဘူးလို့ ပြောဆိုသွားပါတယ်။

အပြည့်အစုံသို့...

ဟယ်လာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်ဖွယ်ရှိ


အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဘားရက် အိုဘားမား ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် နယူးယောက်က အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် ကို ခန့်အပ်ဖို့ ရာထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တချိန်တည်းမှာပဲ မစ္စတာ အိုဘားမား နဲ့ သူ့ရဲ့ ယှဉ်ပြိုင်ဖက်ဖြစ်တဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း တို့ဟာလည်း အိမ်ဖြူတော်မှာ လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။ ဗွီအိုအေ သတင်းထောက် ဂျင် မက်လုံး သတင်းပေးပို့ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။

အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ ချီကာဂိုမြို့မှာ ကြာသပတေးနေ့က တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် သောကြာနေ့မှာ နယူးယောက်မှာ မိန့်ခွန်းတခု မပြောခင်တုန်းကတော့ နောက်တက်မယ့် နိုင်ငံခြားရေးဝန်ကြီး သူ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို ပြောဆိုဖို့ မစ္စ ကလင်တန် က ငြင်းဆန် သွားခဲ့ပါတယ်။

“သမ္မတ သစ်ရဲ့ အစိုးရ အဖွဲ့သစ်နဲ့ ပတ်သက်ပြီး ကျမ ဘာမှ ခန့်မှန်းပြောဆိုတာ မလုပ်ဘူးလို့ ပြောပါရစေ။ သမ္မတ သစ်ရဲ့ လုပ်ငန်းစဉ်ကို ကျမတို့ ဂါရ၀ ထားရပါမယ်။ မေးစရာရှိရင် သူ့ရဲ့အဖွဲ့ကို တိုက်ရိုက်မေးသင့်ပါတယ်။”

မစ္စ ကလင်တန် ပြောသွားတာ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်း ဒီမိုကရက်တစ် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပတုန်းက မစ္စ ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ဟာ တဖက်နဲ့တဖက် ခါးခါးသည်းသည်း သဘောထားတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြီးတော့ ဒုတိယ သမ္မတလောင်းအဖြစ် နဲ့ ရွေးချယ်တော့လည်း မစ္စတာ အိုဘားမားက မစ္စ ကလင်တန် ကို မရွေးဘဲနဲ့ ဒလ၀ဲပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဘိုင်ဒန် ကို ရွေးချယ်ခဲ့ တာကိုလည်း မစ္စ ကလင်တန်ကို ထောက်ခံသူတချို့ စိတ်ပျက်ခဲ့ကြပါတယ်။ မစ္စ ကလင်တန် ရဲ့ တချို့ အပေါင်းအဖော်တွေကတော့ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်တာကို သဘောကျနေကြပါတယ်။ သမ္မတ ဘေကလင်တန် လက်ထက်မှာ အိမ်ဖြူတော်ရဲ့ လက်ထောက်အဖြစ်နဲ့ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဘလက်ဒီ ဒေးဗစ် က စီဗွီအက်စ် ရုပ်မြင်သံကြားရဲ့ မနက်အစောပိုင်း အစီအစဉ်မှာ အခုလို ပြောသွားပါတယ်။

“မစ္စ ကလင်တန်ဟာ ထူချွန်တဲ့ အမျိုးသမီး တယောက်ပါ။ တဖက်သား ပြောတဲ့စကားကို သေသေချာချာ နားထောင် တတ်တယ်။ ကမ္ဘာ့အရေးတွေကို ကြည့်တဲ့နေရာမှာလည်း သူများနေရာက ၀င်ပြီး ကြည့်ပေးတတ်ပါတယ်။ ဒါကြောင့်မိုလို့ သူဟာ တော်တဲ့ အထက်လွှတ်တော်အမတ် တယောက် ဖြစ်နေတာပါ။ ဒီအချက်ကပဲ သူ့ကို ထူးချွန်တဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး ဖြစ်စေပါလိမ့်မယ်။”

သမ္မတ ဘေကလင်တန် လက်ထက်က အိမ်ဖြူတော် လက်ထောက်ဖြစ်ခဲ့သူ ဘလက်ဒီ ဒေးဗစ် ပြောသွားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတယောက်အဖြစ် ခန့်အပ်ခွရမယ်လို့ အများက ခန့်မှန်းကြသူတွေထဲမှာတော့ ဒီမိုကရက်တွေ ဖြစ်ကြတဲ့ မန်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ နဲ့ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘေးလ် ရစ်ချက်ဆန် တို့အပြင် အခုဆိုရင် မစ္စ ကလင်တန်လည်း စာရင်းထဲမှာ ပါလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်သူ စာရင်းထဲမှာ အင်ဒီယားနားပြည်နယ်က ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ရစ်ချက် လူကာ နဲ့ နာဘရားစကား ပြည်နယ်ရဲ့ ရီပါပလစ်ကန် အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟီဂယ် တို့လည်း ပါဝင်ပါတယ်။

အခုချိန်ထိတော့ မစ္စတာ အိုဘားမားရဲ့ အစိုးရအဖွဲ့သစ်မှာ ဘယ်သူ့ကို ရွေးချယ်ဖို့ စဉ်းစားနေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် သတင်းတွေ သိပ်ထွက်မလာသေးဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။ မစ္စတာ အိုဘားမား ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့က သိပ်ကို လျှို့လျှို့ဝှက်ဝှက်နိုင်လို့ အပြင်က ဘာမှ သိပ်မသိရပါဘူးလို့ အကဲခတ်တွေက ပြောပါတယ်။ ဒီကြားထဲမှာတော့ သမ္မတသစ်အဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ မစ္စတာ အိုဘားမား ဟာ သူ့ပြိုင်ဘက် ဖြစ်ခဲ့တဲ့ အယ်ရီဇိုးနားပြည်နယ် ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တနင်္လာနေ့မှာ တွေ့ဆုံလိမ့်မယ်လို့ သူ့ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ က ပြောပါတယ်။ မစ္စတာ အိုဘားမားဟာ မစ္စတာ မက်ကိန်းကို သူ့ရဲ့ အစိုးရ အဖွဲ့သစ်မှာ ခန့်ထားမယ်လို့တောက အကဲဖြတ်တွေက မယူဆထားပါဘူး။ ဒါပေမယ့် ဇန်န၀ါရီလက စပြီးတော့ အစိုးရအဖွဲ့သစ် အာဏာတွေ လွှဲပြောင်းယူတဲ့အချိန်ကျရင်တော့ ပူးပေါင်းဆောင်ရွက်လို့ရမယ့် လုပ်ငန်းမျိုးတွေကို သူတို့ပြောဆို ဆွေးနွေးနိုင်ကြတယ်လို့ ခန့်မှန်းကြပါတယ်။

စီဘီအက်စ် သတင်းဌာနရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊ အန္တလန်းတစ် သတင်းစာရဲ့ အယ်ဒီတာလည်း ဖြစ်တဲ့ မာ့က် အဲန်မင်တန် က အခုလို သုံးသပ်ပါတယ်။

“သူတို့နှစ်ယောက်အနေနဲ့ အနာဂတ်အရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါလိမ့်မယ်။ မစ္စတာ ဘားရက်အိုဘားမား အနေနဲ့ မစ္စတာ ဂျွန်မက်ကိန်းကို သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးနိုင်မှာပါ။ သိထားရမှာက ဂျွန်မက်ကိန်းရဲ့ အဓိကမူက သူဟာ လမ်းရိုးလမ်းဟောင်းကို လိုက်သူ မဟုတ်ဘူး။ ပါတီ စည်းမထားတဲ့ ပြုပြင်ပြောင်းလဲရေး သမား ဖြစ်တယ် ဆိုတာပါပဲ။”

မစ္စတာ အိုဘားမားရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ဟာ အိမ်ဖြူတော်ဝန်ထမ်း အဖြစ် ဘယ်သူတွေကို ထပ်ပြီးတော့ ခန့်အပ်မလဲ၊ ၀န်ကြီးအဖွဲ့ဝင် အဖြစ်နဲ့ ဘယ်သူတွေကို ရွေးချယ်ထားလဲ ဆိုတာ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ ကြေညာနိုင်ပါတယ်။

မစ္စတာ အိုဘားမားဟာ လာမယ့်နှစ် ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ Capital အဆောက်အဦ လှေခါးထစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

ထိုင်းဝန်ကြီးချုပ် ဟောင်း တက်ဆင် ဘယ်ရောက်နေလဲ

ပြည်ပမှာ တိန်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ချီန၀ဒ် ဟာ ဒီတပတ်အစောပိုင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် အခု ဟောင်ကောင်ကို ကျော်ဖြတ်သွားပါတယ်။ မစ္စတာ တက်ဆင်ဟာ ဟောင်ကောင်က ထွက်ခွာသွားပြီး ဘယ်ကို ဦးတည်သွားသလဲ ဆိုတာ အတည်ပြု မပြောဆိုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့အပတ်ကစပြီး သူ ဘယ်ရောက်နေတယ်ဆိုတဲ့သတင်း ပျောက်နေခဲ့တာပါ။ ဗြိတိန်နိုင်ငံဟာ မစ္စတာ တက်ဆင်ကို ပေးထားတဲ့ ပြည်ဝင်ခွင့် ဗီဇာကို ရုတ်သိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ တရားခံ လွှဲပြောင်းရေး သဘောတူညီချက် မရှိထားတဲ့ နိုင်ငံတခုခုမှာ ခိုလုံခွင့်တောင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြည်ပရောက် ထိုင်းတွေက ဆိုပါတယ်။ သူ့အပေါ် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက သူ့ကို ပြန်လိုချင်နေပါတယ်။

တက်ဆင် စဉ်းစားနေတဲ့နိုင်ငံတခုကတော့ ယူအေအီး ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မစ္စတာ တက်ဆင်ဟာ ပြည်ပရောက် ထိုင်းအာဏာပိုင်တချို့နဲ့ ဟောင်ကောင်မှာ ညနေစာ စားခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အပြည့်အစုံသို့...

Friday, November 14, 2008

တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် ၁၆ နှစ်ထိ ချမှတ်ပြန်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အများစုအပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ယနေ့တွင် တရားရုံးအသီးသီးက ၁၆ နှစ်အထိ ရှည်လျားသော ထောင်ချမှုများ ပြုလုပ်လိုက်ပြန်သည်။

တံခါးပိတ်ကျင်းပသည့် ကျောက်တံတားမြို့နယ် တရားရုံးက ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပြီး မောင်ကျော်ကျော်လင်းကို ၁၃ နှစ်၊ မကြည်ကြည်ဝါကို ၁၁ နှစ်နှင့် ကိုနေဇာမျိုးဝင်း (ဒေါပုံ)၊ ကိုအောင်ဇော်ဦး (တောင်ကြီး) တို့အား ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက လှိုင်သာယာမြို့နယ်မှ ပါတီဝင်လူငယ် ကိုသန်းဇော်မြင့်၊ ကိုစန်းဝင်း ၊ ကိုသန့်ဇင်မျိုး တို့ကို ၉ နှစ်ခွဲနှင့် ဒေါ်ငယ်မ၊ ကိုကျော်စိုးဝင်း ၊ ကိုသိုက်မင်းတို့အား ၇ နှစ်ခွဲစီ ထောင်ဒဏ်ချမှတ်သည်။

"အဖမ်းခံရသူ မိသားစုတွေက လာပြီးတော့ ထောင်အ၀မှာ စောင့်နားထောင်တယ်လေ… ဒီကနေ ထောင်အရာရှိတဦးကို ဖုန်းဆက်ပြီး မေးခိုင်းကြည့်တယ်။ သူတို့ကို နှစ် ဘယ်လောက် ချလိုက်တယ်ပေါ့။ အဲဒါကြောင့် သူတို့ သိခဲ့ရတာ" ဟု ထောင်ချခံရသူတဦး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဇာမျိုးဝင်း၏ ဖခင်က "သားသမီး အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ ၀မ်းနည်းခြင်းတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ ယုံကြည်ချက်နဲ့ သူတို့ ရွေးချယ်ရာ လမ်းပေါ့ဗျ။ သူတို့ ဒီလမ်းကို လျှောက်တဲ့ ကိစ္စဖြစ်လို့ ဒီလိုဖြစ်တာပါပဲ" ဟု ပြောသည်။

ထို့အပြင် အင်းစိန် အထူးတရားရုံးမှ မန္တလေးတိုင်း အန်အယ်ဒီ ပါတီဝင်များဖြစ်သည့် ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ကိုဇော်ဝင်းတို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် တဦးလျှင် ၄ နှစ်စီ ချမှတ်သည်။

သူတို့ အကုန်လုံးပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော စီတန်းလှည့်လည် မေတ္တာပို့သော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရသူခြင်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆုတောင်းပွဲများတွင် ပါဝင်၍ အဖမ်းခံရခြင်း ဖြစ်သည်။

ထို့အပြင် ဒဂုံမြို့နယ်မှ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား တောင်ဒဂုံတရားရုံးတွင် ယနေ့ ညနေ ၃ နာရီခန့်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက စစ်အစိုးရက မေလအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့်အနေဖြင့် NO အကျီဝတ်ဆင်ကာ သင်္ကြန်တွင် လည်ပတ်သည့်အတွက် ဖမ်းဆီးခံရသူများ ဖြစ်သည်။

ယနေ့ စီရင်ချက် ချသူများထဲမှ ကိုစန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်းတို့သည် ယမန်နေ့ကလည်း စွဲဆိုထားသော အမှုအချို့ဖြင့် စီရင်ချက် ချခံရသူများဖြစ်ပြီး ယနေ့တွင်လည်း အမှုတွဲများဖြင့် ထောင်ဒဏ် တိုးခံရသူများ ဖြစ်သည်။

အပြည့်အစုံသို့...

ဂျိန်းစဘွန်းဝန်ကြီး ဦးအောင်သောင်း ဂေါက်အိတ်ကယ်ရီအမျိုးသမီး ချောချောတွေနဲ့မှ ဂေါက်ရိုက်ချင်

အစက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးမှာ ဂေါက်သီးရိုက်ရန်မလာမီ မန္တလေးတိုင်း စက်ရုံမှူးများအား ဂေါက်အိတ်ကယ်ရီအမျိုးသမီးချောချောများ ရှာထားပေးရန် တရားဝင် ကြေးနန်းဖြင့် အကြောင်းကြားလေ့ရှိသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။

အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ၀န်ကြီးဦးအောင်သောင်းလိုချင်သည့် ဂေါက်အိတ်ကယ်ရီ အမျိုးသမီးများ၏ အရည်အချင်းမှာ အရပ်ရှည်ရမည်၊ အသားဖြူရမည်၊ ကိုယ်သင်းနံ့ရှိရမည်၊ ဂျိုင်းပတ်စောမနံစေရ ဖြစ်ပြီး ထိုအရည်အချင်းများနှင့် ပြည့်စုံသည့် အမျိုးသမီးနှစ်ဦးကို အသင့်ရှာထားပေးရန် အစိုးရကြေးနန်းဖြင့် စက်ရုံမှူးများထံ တရားဝင် ကြိုတင်မှာကြားလေ့ ရှိကြောင်း ၀န်ကြီးလက်ထောက်တဦးက ပြောသည်။

မန္တလေးတိုင်းစက်ရုံမှူးများသည် ၀န်ကြီးဦးအောင်သောင်း လာမည်ဆိုတိုင်း ဦးအောင်သောင်း လိုချင်သည့် ဂေါက်အိတ်ကယ်ရီအမျိုးသမီးမျိုး အချိန်မီရှာရန် အခက်အခဲရှိသည့်အတွက် အရပ်ရှည်ရှည်၊ အသားဖြူဖြူ အမျိုးသမီးများကို ကြိုတင်ရှာပြီး စက်ရုံများတွင် အလုပ်အကိုင် ဖန်တီး ခန့်ပေးထားရသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

“၀န်ကြီး ဦးအောင်သောင်းဟာ တခြားဝန်ကြီးတွေလို နေပြည်တော်မှာ ဂေါက်ရိုက်လေ့ မရှိပါ ဘူး။ ကြံ့ဖွံ့စည်းရုံးရေးကိစ္စနဲ့ မန္တလေးကို စနေ-တနင်္ဂနွေ ရောက်တိုင်း ပုသိမ်ကြီး ရေတံခွန် တောင် ဂေါက်ကွင်းနှင့် မေမြို့အတက် ရွှေစာရံဂေါက်ကွင်းတွေမှာ ဂေါက်ရိုက်လေ့ ရှိပါတယ်။ ဒီအချိန်တွေမှာ ၀န်ကြီး ဦးအောင်သောင်းလိုချင်တဲ့ ဂေါက်အိတ်ကယ်ရီ အမျိုးသမီးတွေကို လက်အောက်ခံအရာရှိတွေက ဖန်တီးပေးရတာပါ။ ဒီအရာရှိတွေ ရင်ထဲ ဘယ်လို ခံစားရမလဲ တွေးကြည့်ပေါဗျာ” ဟု စက်ရုံမှူးများနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ခေတ်ပြိုင်သို့ ပြောသည်။

ဝန်ကြီး ဦးအောင်သောင်းအကြိုက်ဆုံး ဂေါက်အိတ်ကယ်ရီအမျိုးသမီးမှာ ရန်ကုန် ဒညင်းကုန်းဂေါက်ကွင်းမှ အရပ်ရှည်ရှည်၊ အသားဖြူဖြူ အမျိုးအစား အမျိုးသမီးတဦးဖြစ်ပြီး ထိုအမျိုးသမီးကို လစဉ် အုတ်ပါမစ် စသည့်ပါမစ်များ သိန်းရာနှင့်ချီရအောင် ပေးထားသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။

အပြည့်အစုံသို့...

ရန်ကုန် ကျားကျောင်းဆရာတော်အား ထောင် (၈) နှစ်ချ

စက်တင်ဘာရဟန်းသံဃာတော်များ၏ ဆုတောင်းမေတ္တာပို့လမ်းလျှောက်ပွဲအပြီးတွင် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ အာဏာပိုင်များ ၀င်ရောက်စီးနင်းရာ၌
အဖမ်းခံထားရသော ဆရာတော် ဦးစန္ဒိမာ (ကျားကျောင်း) ပုဇွန်တောင်မြို့နယ်အား ယမန်နေ့က ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးစန္ဒိမာအား မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁-၂) ဖြင့် တရားစွဲဆိုခဲ့ပြီး ကျောက်တံတားတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခ) ကိုဝဏ္ဏနွယ်ကိုလည်း အဆိုပါပြစ်မှုများဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဦးစန္ဒိမာနှင့် ကိုဝဏ္ဏနွယ်တို့သည် ထောင်ဒဏ်များ ချမှတ်ခြင်းခံခဲ့ပြီးသော်လည်း နောက်ထပ် အသင်းအဖွဲ့ ပုဒ်မ (၆) နှင့် ဖောက်ခွဲဖျက်ဆီးပုဒ်မ (၅/၆) စသည့်အမှုများဖြင့် ဆက်လက် တရားစွဲဆိုခြင်းခံထားရပြီး နိုဝင်ဘာ (၂၃) ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးက ပြောကြားသည်။

ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ကိုကျင်လှိုင်ကို လည်း အာဏာပိုင်များက ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးခဲ့ပြီး ယခုအခါ ကျောက်တံတားတရားရုံးကပင် ထောင်ဒဏ် (၄) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်တဦး ထံမှ သိရသည်။ ယင်းနေ့၌ပင် ဦးစောမိုးဇက်အား မတရားအသင်းပုဒ်မ (၁၇/၁-၂) နှင့် (၁၃/၁(က) စသည့်ပုဒ်များဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် နိုင်ငံတကာအသိုင်းအ၀န်းမှ တောင်းဆို နေစဉ်မှာပင် ယခုရက်ပိုင်းအတွင်း နအဖစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအား ဆက်တိုက်ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

ရန်ကုန် ပရိဘောဂစက်ရုံမှ အလုပ်သမားများအား ခံစားခွင့်အပြည့်မပေးဘဲ အလုပ်ဖြုတ်

ပြီးခဲ့သည့် နိုဝင်ဘာ (၁) ရက်က ဒဂုံမြို့သစ်မြို့နယ်တောင်ပိုင်း စက်မှုဇုန် (Beautiful island) ကြိမ်နှင့် ပြုလုပ်သော ပရိဘောဂစက်ရုံမှ အလုပ်သမ (၃၀) နှင့် လုပ်သား (၄) ဦးတို့အား အလုပ်မှထုတ်ပစ်ခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

ယခုကဲ့သို့ အလုပ်ထုတ်ပစ်ခံရသူများအား စက်ရုံမှ (၃) လစာ ပေးရမည့်အစား (၂) လစာကို သာပေးပြီး ဖြုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဖြုတ်ခံရသူများထဲတွင် ပါဝင်ခဲ့သူ မဝေေ၀အောင်က ပြောကြားသည်။

၎င်းက “စက်ရုံက လူများထုတ်ပစ်ရခြင်းမှာ ယခုအခါ စက်ရုံထုတ် ပစ္စည်းများအား အ၀ယ်နည်း လာသဖြင့် စက်ရုံပိုင်ရှင်အနေဖြင့် ယခုကဲ့သို့ ထုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ဖြုတ်ပစ်သည့်အထဲတွင် မပါဝင်ဘဲ ကျန်နေခဲ့သူများအနေဖြင့်လည်း ယခင်ကခံစားခဲ့ရသော ရက်မှန်အလုပ်ဆင်းကြေးအဖြစ် ရရှိသည့် (၃,၀၀၀) ကျပ်နှင့် ခရီးစရိတ် (၃,၀၀၀) ကျပ်တို့ကို ဆက်လက်ပြီး ခံစားခွင့်မပြုတော့ဟု” ပြောသည်။

ကျန်ရစ်ခဲ့သောအလုပ်သမားများအနေဖြင့် ခံစားခွင့်များကို အပြည့်အ၀ခံစားခွင့်မရှိတော့ သော်လည်း စက်ရုံတွင် လူနည်းသွားသဖြင့် ယခင်ကထက်ပိုပြီး ပင်ပန်းစွာလုပ်ဆောင်နေကြရ ကြောင်း သိရှိရသည်။

စက်ရုံပိုင်ရှင်မှာ တရုတ်အမျိုးသားဖြစ်ပြီး အဆိုပါ ပရိဘောဂစက်ရုံမှာ
အလုပ်သမားအင်အားစုစုပေါင်း (၁၀၀) ကျော်ရှိသည်။ အလုပ်သမား အမျိုးသမီး (၃၀) နှင့် အမျိုးသား(၄) ဦးကို လျှော့လိုက်သော်လည်း စက်ရုံမှာမူ မပိတ်သေးကြောင်း စုံစမ်းသိရသည်။

တကမ္ဘာလုံးစီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများလည်း စီးပွားရေးအကျပ်အတည်းဒဏ် ခံနေကြရပြီဟုလည်း စက်ရုံအသိုင်းအ၀န်းနှင့်နီးစပ်သူ များအကြား ပြောဆိုနေကြသည်။

အပြည့်အစုံသို့...

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မှူးများ ပိုင်ဆိုင်မှုကို အမေရိကန်ထိန်းချုပ် UWSA ကို မူးယစ်ဆေးအဖွဲ့အဖြစ် အမေရိကန်သတ်မှတ်

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အပါအ၀င် ၎င်းအဖွဲ့မှ ထိပ်တန်းတပ်မှူး များနှင့် စီးပွားရေးအရ၊ ငွေကြေးအရ အဆက်အစပ်ရှိသော လူပုဂ္ဂိုလ် (၂၆) ဦးနှင့် ကုမ္ပဏီ (၁၇) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ် မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိုင်ဆိုင်မှုထိန်းချုပ်မည့် စာရင်းအတွင်း၌ ဝေရှောက်ခန်၊ ၎င်း၏ညီများဖြစ်သော ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန်တို့ကို Kingpin Act ခေါ် နိုင်ငံခြားသားမူးယစ်ဆေး ရာဇာများဆိုင်ရာ ဥပဒေအရ စာရင်းအတွင်း ထည့်သွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

သို့သော် ထုတ်ပြန်ချက်အတွင်း၌ ယူဒဗလျူအက်စ်အေ တပ်မှူးများ၏အမည်များသာဖော်ပြထားပြီး အရေးယူမည့်အခြားကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်များ၏ အမည်များကိုမူ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

OFAC မှ လက်ထောက်ညွှန်မှူးဖြစ်သူ Barbara C. Hammerle က “၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးနဲ့ သြဇာအရှိဆုံး မူးယစ်ဆေး အဖွဲ့အစည်းတခုဖြစ်ပါတယ်။ နိုင်ငံခြားကို စိတ်ကြွဆေးအပါအ၀င် တခြားမူးယစ် ဆေးတွေ အဓိကထုတ်လုပ်တင်ပို့နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် OFAC က ၀တပ်မှူးတွေနဲ့ သူတို့အဖွဲ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာပိုင်ဆိုင်မှုတွေကို အဓိကထား ထိန်းချုပ်ဖို့ သတ်မှတ်တာပါ။ တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်နည်းတူ လုပ်ဆောင်ဖို့ကို လည်း တိုက်တွန်းပါတယ်” ဟု ပြောသည်။

ဝေရှောက်ခန်အား ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဇွန်လ (၁) ရက်တွင် မူးယစ်ဆေး အဓိကရောင်းဝယ်သူ နိုင်ငံခြားသားတဦးအဖြစ် Kingpin Act အရ အမေရိကန်အစိုးရက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခု မေလ (၂၉) တွင် ထပ်မံအတည်ပြု သတ်မှတ်ခဲ့သည်။ ထို့အပြင် ၂၀၀၅ ခု နှစ်ဆန်းပိုင်းတွင် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက ဝေရှောက်ခန်အား ၎င်း၏ ညီများဖြစ်သည့် ဝေရှောက်လုံ၊ ဝေရှောက်ယင်တို့နှင့်အတူ မူးယစ်မှုရာဇ၀တ်သားများအဖြစ် ဖမ်းဆီးရန် အမှုဖွင့်ထားပြီးလည်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဝေရှောက်ခန်အား ဖမ်းမိရန် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ (၂) သန်းပေးမည်ဟု ထုတ်ပြန်ထားသည်။

ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်ကိုလည်း ၂၀၀၅ ခုနှစ်ကတည်းက ဝေရှောက်ခန်နှင့်အတူ မူးယစ်ရာဇာတဦး အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုမေလအတွင်း၌ ဟော်ချွင်းထင်နှင့် ယနေ့ ဘဏ္ဍာရေးထိန်းချုပ်မှုစာရင်းတွင် ပါဝင်သည့် ဟုန်ပန်းကုမ္ပဏီ မန်နေဂျာတဦး ဖြစ်သည့် ဆစ်ကော်နန် တို့နှစ်ဦးအား မူးယစ်ဆေးလုပ်ငန်းမှငွေမဲများကို ခ၀ါချနေသူများအဖြစ် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက စွပ်စွဲခဲ့သည်။ ၂၀၀၇ ခု အောက်တိုဘာလအတွင်း၌ ဟောင်ကောင်အာဏာပိုင်များက ဟော်ချွင်းထင်ကို ဖမ်းဆီးမိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံရှိ မူးယစ်ရာဇာများအပေါ် ယခုကဲ့သို့ ဘဏ္ဍာရေးထိန်းချုပ်မှုများပြုလုပ်ခြင်းသည် Kingpin Act ဥပဒေအရ နိုင်ငံတကာ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းမှ တစိတ်တပိုင်းဖြစ်သည်။ OFAC က ၂၀၀၀ ပြည့်နှစ် ဇွန်မှစ၍ အဆိုပါ ဥပဒေအရ နိုင်ငံတကာရှိ မူးယစ်ရာဇာ (၇၅) ဦးနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းနှင့် လူပုဂ္ဂိုလ် (၄၀၀) ကျော်ကို ထိန်းချုပ်ခဲ့ပြီးဖြစ်သည်။

အပြည့်အစုံသို့...

Thursday, November 13, 2008

တန်ဆောင်တိုင် ကထိန်ပွဲ စည်ကားမှု လျော့နည်း

ဗုဒ္ဓဘာသာဝင်မြန်မာများ နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ ဖြစ်သည့် ယမန်နေ့က ကထိန်ခင်းပွဲသည် ရန်ကုန်တိုင်း မြို့နယ်များ၌ စည်ကားမှု မရှိဘဲ ဖြစ်ခဲ့သည်။

ယမန်နေ့က ကျရောက်သည့် တန်ဆောင်မုန်းလပြည်နေ့၌ ဘုရားများသို့ လာရောက်ဖူးမျှော်သူများနှင့် ဘုံကထိန်ပွဲများမှာ ယခင်နှစ်ကထက် လျော့နည်းသွားကြောင်း ရန်ကုန်ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။


"ကထိန်တွေကတော့ လှည့်တာပေါ့နော်။ ဒါပေမဲ့ လပြည့်နေ့ဆိုတာတော့ နေ့ခင်းဘက်ပဲ ဖြစ်လိုက်တာကိုး။ ဘုရားပေါ်မှာ လူမရှိသလောက်ဘဲ။ သီတင်းကျွတ်လပြည့်က လူရှိသေးတယ်။ တန်ဆောင်မုန်း လပြည့်ကတော့ ၄ ပုံ ၁ ပုံတောင် မရှိဘူး" ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များတွင် စမ်းချောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင် ဗုဒ္ဓဘာသာဝင်များက ဘုံကထိန်ပွဲများကို ရပ်ကွက်အလိုက် စုပေါင်း ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် နည်းပါးသွားပုံကို သူက ယခုလို ဆက်ပြောသည်။

"လူတိုင်းလူတိုင်းတော့ ဘုံကထိန် မခင်းနိုင်ကြဘူး။ ဒီကြားထဲမှာ သူ့ဘာသာ သူခင်းတာတို့၊ ခင်းတဲ့ ကထိန်တွေမှာလည်း အများစုက ကျနော်တို့အနားတ၀ိုက်မှာ အုပ်စု ၄ စု ဖွဲ့လိုက်တဲ့အတွက် ကျပ်ငွေ သိန်း ၇၀ နီးပါး ရတယ်။ ကျန်တဲ့နေရာတွေမှာဆို ကျပ်ငွေ ၃ သိန်းတို့၊ ၄ သိန်းတို့၊ တချို့တွေဆို ကျပ်ငွေ ၈ သောင်း ၉ သောင်းနဲ့ ကထိန်ဖြစ်သွားပြီးတော့ ဘုန်းကြီးကျောင်းတွေကို သွားပို့လိုက်ကြရတယ်" ဟု သူက ပြောသည်။

တောင်ဒဂုံမြို့နယ် ဒေသခံတဦးကလည်း ''ခါတိုင်းနှစ်တွေတော့ စည်ပါတယ်။ အခု လူတွေက စီးပွားရေးအရ မြို့နယ် ရပ်ကွက် အဖွဲ့လေးတွေက ကထိန်လေးတွေကို မနည်းဖြစ်အောင် လုပ်နေရတယ်'' ဟု ပြောသည်။

သူက ဆက်ပြီး "ခါတိုင်းနှစ်တွေတော့ စည်ပါတယ်။ အခု လူတွေက စီးပွားရေးအရ ကျပ်တည်းကုန်ပြီလေ။ လူတွေလက်ထဲမှာ ပိုက်ဆံမရှိဘူး။ အခုဆို ရပ်ကွက်လေးတွေ၊ အဖွဲ့လေးတွေက ကထိန်ခင်းတယ် ဆိုတောင်မှ သူတို့ မယက (မြို့နယ် အေးချမ်းသာယာရေးကောင်စီ) ကနေပြီး ရယက (ရပ်ကွက်) ကို ရပ်ကွက်အပိုင်း မဖြစ်မနေ ကထိန်ခင်းခိုင်းရတဲ့ သဘောနဲ့ လုပ်နေတာ။ အဲဒီ ကထိန်လေးတွေ ဖြစ်လာတာ" ဟု ပြောသည်။

ယနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ရန်ကုန်တိုင်း မြို့နယ်အသီးသီးနှင့် ရပ်ကွက်များ၌ စုပေါင်း မဟာဗုံကထိန် အလှူမင်္ဂလာပြုခြင်းနှင့် ကထိန်ခင်းကျင်း လှူဒါန်းမည့် ကထိန်သင်္ဃန်းနှင့် အရန်ပစ္စည်း ပဒေသာပင်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအခုန်များဖြင့် လှည့်လည်ကြရာ ကုသိုလ်သံများ ဝေစည်လျက် အေးချမ်းပျော်ရွှင်စွာ ကျင်းပကြကြောင်း တွေ့ရှိရသည်ဟု ရေးသားထားသည်။

ယခုလ ၁၁ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ကျင်းပသည့် တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲမှာမူ စည်ကားသည်ဟု ဒေသခံများက ပြောသည်။ မသိုးသင်္ကန်းဆိုသည်မှာ ရက်လုပ်မှုပြီးသည်နှင့် ရဟန်း သံဃာတော်များကို ကပ်လှူပူဇော်မှု ပြုခြင်းကို ခေါ်ဆိုသည်။

မကြာသေးခင်က ကျရောက်ခဲ့သည့် ရန်ကုန်မြို့တွင်း ၀ါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ကထိန်ဆွမ်းလောင်းပွဲများ၏ အထူးတရားပွဲများတွင် ရဲ၊ ထောက်လှမ်းရေးများ၊ ကြံ့ခိုင်ရေးများနှင့် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃလှုပ်ရှားမှု နောက်ပိုင်းတွင် ဓမ္မကထိက ဆရာတော်အချို့က အာဏာပိုင်များ၏ လုပ်ရပ်များကို တရားပွဲများတွင် ထောက်ပြဝေဖန်မှုများ ပြုလုပ်သော်လည်း ပြီးခဲ့သည့်လ သီတင်းကျွတ်ပွဲတော်အပြီးမှ စတင်ကာ တရားပွဲများတွင် နိုင်ငံရေးနှင့် သက်ဆိုင်သည်များကို ဟောကြားခြင်း မပြုရန် အာဏာပိုင်များက ၀န်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့သေးသည်။

အပြည့်အစုံသို့...

အဓိကရုဏ်းနှိမ်နင်းရန် ရန်ကုန်မှာ အရန်ရဲတပ်ဖွဲ့များ စတင်ဖွဲ့စည်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရန်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရန်ရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရန်ရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ်ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြားပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည် ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပါတ်(၁) မြို့နယ်အတွင်းမှာ အရန်ရဲတွေ
အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဋ္ဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေ အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့် ပေးလိုက်တယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါ အရန်ရဲများအား သင်တန်းပြီးဆုံးပါက အရန်ရဲကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်းယူခွင့်များပါ ပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်း အချက်အလက် စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို
စောင့်ကြည့်ရန် ဖြစ်သည်။

"အဲဒီအရန်ရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး။ သူတို့ကို
လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်။ နောက် လက်ထိတ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ်၊ နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု
မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက
ပြောကြားသည်။

သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။

“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး
အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးက
မိန့်ကြားသည်။

ရန်ကုန်တန်ဆောင်တိုင်ပွဲမှာလည်း ခါတိုင်းနှစ်များကဲ့သို့ စည်စည်ကားကားမရှိဘဲ ရန်ကုန် ရပ်ကွက်အတော်များများ တန်ဆောင်မုန်းလပြည့်ညမှာပင် မီးပျက်နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံများ စီးပွားရေးကျပ်တည်းကြသည့်အတွက် ခါတိုင်း တန်ဆောင်တိုင် စည်ကားနေကျ လှည်းတန်း၊ ကြည့်မြင်တိုင် စသည့်နေရာများတွင် မစည်ကားဘဲ ဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

အပြည့်အစုံသို့...

အန်အယ်လ်ဒီပါတီဝင်များကို ထောင်ဒဏ်များချမှတ်

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အသက် ၇၂ နှစ်အရွယ်ရှိ ဦးတင်ယု အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးကို အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် အထူးတရားရုံးက ထောင်ဒဏ် ၇ နှစ် ၆ လစီ ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူအများစုသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ဦးတင်ယု၊ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုး မင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင်နှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုရန်နိုင်ထွန်း တို့ဖြစ်ကြသည်။

၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုများကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး အများပြည်သူဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅ (ခ) တို့အပါအဝင် တခြားဥပဒေပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ်ချမှတ်ခံရသည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

အဆိုပါထောင်ဒဏ်ချမှတ်ခံရသူများမှ ကိုရန်နိုင်ထွန်း၊ ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးတို့ကို လွန်ခဲ့သည့်လကုန်ပိုင်းက တရားစီရင်မှုကို နှောင့်ယှက်သည့်ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခြင်း ခံခဲ့ရသည်။

အပြည့်အစုံသို့...

ကရင်ပြည်နယ်မှ သစ်များကို ဦးတေဇ ကုမ္ပဏီက ထုတ်လုပ်မည်

ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူး ကုမ္ပဏီက ကရင်ပြည်နယ်တွင်းရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချူပ်ရာ နယ်မြေတွင် မကြာသေးခင်က သစ်ထုတ်လုပ်ငန်း စတင်လုပ်ကိုင်နေ ကြောင်း သိရသည်။

အဆိုပါ သစ်လုပ်ငန်းနယ်မြေသည် KNU တပ်မဟာ(၆) ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူ နယ်မြေမှ ၅ မိုင်ကျော် ကော့ကရိတ်ခရိုင်ရှိ မယ့်ကသာ သစ်တောအတွင်းတွင်ဖြစ်ပြီး KNU ကို အခွန် ပေး ဆောင်၍ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ယင်းသစ်ထုတ်လုပ်ငန်းအတွက်၂ ဘက် အကျိုးဆောင် ပေးနေသော ဘုရားသုံးဆူရှိ ကိုယ်စားလှယ် တဦးက ပြောသည်။

ထူးကုမ္ပဏီသည် ၎င်းနယ်မြေတွင် သစ်တန်ချိန် ၁၀၀၀ ခန့် ကိုခုတ်လှဲခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။

KNU သစ်တောထိန်းသိမ်းရေးဌာန၏ အချက်အလက်အရ ၎င်းနယ်မြေရှိ ကျွန်းသစ်နှင့် သစ်မာများ ထွက်ရှိရာ ဧက ၅၀၀၀၀ ၀န်းကျင်ရှိ မယ့်ကသာနှင့် ဧက ၂၀၀၀၀ ခန့်ရှိ ကျွန်းချောင်း သစ်တောနှစ်ခုသည် KNU အဓိက ထိန်းချုပ်ထားသော သစ်တောများဖြစ်သည်ဟုလည်း သိရသည်။

ဘုရားသုံးဆူမြို့တွင်း၌ ထူးကုမ္ပဏီက သစ်လုပ်ငန်းလုပ်ကိုင်ရန် တည်ဆောက်ထားသော သစ်စက်နှင့် သစ်တင်သည့်ကား အစီး၂၀ကျော်ကို မြင်တွေ့ရကြောင်း ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။

အထက်ပါ သစ်ထုတ်လုပ်ငန်း အကျိုးဆောင်ကိုယ်စားလှယ်က ထုတ်လုပ်သည့်သစ်များ ပြည်တွင်း ပြည်ပသို့ သယ်ယူပို့ဆောင် နိုင်ရန် ဘုရားသုံးဆူမြို နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့ သွားလမ်းကို အထူး ပြင်ဆင်နေကြောင်းလည်း ပြောသည်။

KNU တပ်မဟာ(၆)အတွင်း သစ်ထုတ်လုပ်ခွင့်ပေးထားသည်ဆိုသည့်သတင်းကို ဧရာဝတီ က ယင်း တပ်မဟာ(၆)မှဗိုလ်ကြီး ထက်နေကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်ရာတွင် ၎င်းက ထူး ကုမ္ပဏီမှ ယခင်တုန်းက သစ်ထုတ်လုပ်ရန် ခွင့်တောင်းခဲ့ဖူးကြောင်း သို့သော် KNU က ခွင့်မပြုခဲ့ကြောင်း၊ ယခုလည်း ခွင့်မပြုကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

KNU သည် ယခင်တုန်းကလည်း ထိုင်းနိုင်ငံအခြေစိုက် Sia Hook Firm ကုမ္ပဏီကဲ့သို့သော သစ်ကုမ္ပဏီများ ကို သစ်ထုတ်လုပ်ခွင့် သဘောတူစာချူပ် ချုပ်ဆိုခဲ့သည်။ ၎င်း သစ်ထုတ်လုပ်ငန်းမှရရှိသည့် ဝင်ငွေကို မြန်မာ စစ်အစိုးနှင့် တိုက်ခိုက်သည့် စစ်ပွဲများအတွက် လက်နက်ဝယ်ယူခြင်းဖြစ်သည်ဟု လည်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် အဆိုပါ KNU တပ်မဟာ (၆) ဒေသကို ယခုပွင့်လင်းရာသီတွင် စစ်အစိုးရနှင့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့က ထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်း မွန်ပြည်သစ် ပါတီ အဖွဲ့ဝင် တဦးက ပြောဆိုသည်။

ယင်းထိုးစစ်ကြောင့် KNU ထိန်းချုပ်ထားသော သစ်တောများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လက်လွတ် ဆုံးရှုံးနိုင်သည့်အတွက် KNU သည် လောလောဆယ် ၀င်ငွေရရှိရန် ဦးတေဇ၏ ထူးကုမ္ပဏီနှင့် ကန်ထရိုက် စာချုပ် ချုပ်ဆိုပြီး သစ်ထုတ်လုပ်ခွင့်ပေးခြင်းဖြစ်မည်ဟုလည်း ၎င်း က သုံးသပ်ပြောဆိုသည်။

အပြည့်အစုံသို့...

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှာ ဆိုင်ခန်းဝယ်မည့်သူမရှိ

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ကြီး ဆောက်လုပ်ပြီးစီးသွားသော်လည်း ဆိုင်ခန်းခများ ဈေးကြီးသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ လာရောက် ဖွင့်လှစ်ခြင်းမရှိဖြစ်နေသည်။

သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ရှိ ဆိုင်ခန်းတခန်းကို သိန်း (၄၅၀) နှင့် ဈေးခေါ်ထားသည့်အတွက် မည်သည့်ကုမ္ပဏီကမှ စိတ်မ၀င်စားဘဲရှိသည်ဟု ရန်ကုန်ကုမ္ပဏီ အသိုင်းအ၀န်းက ပြောသည်။

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှ ဆိုင်ခန်းများ ရောင်းမရသည့်အတွက် နေပြည်တော်စည်ပင်အဖွဲ့မှ ကုမ္ပဏီများကို အဓမ္မ၀ယ်ခိုင်းရာ အချို့ကုမ္ပဏီများ ကြောက်ပြီးဝယ်ရသော်လည်း ဆိုင်ခန်းမဖွင့်ဘဲ ရုံးခန်းလိုလိုနှင့် အဖြစ်လုပ်ထားကြသည်ဟု စုံစမ်းသိရသည်။

“နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးကြီး မစည်ကားတာ နေပြည်တော် သပြေကုန်း
မြို့မရပ်ကွက်က တိုက်တွေအောက်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်များကြောင့်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲလာတယ်ဗျာ။ ဒီမှာတင် အဲဒီတနိုင်တပိုင် စတိုးဆိုင်လေးတွေကို နေပြည်တော်စည်ပင်က အတင်းပိတ်ခိုင်းလို့ ဒုက္ခရောက်ကုန်တယ်။ ဘာမှစာနာစိတ်မရှိတဲ့ သူတွေ” ဟု နေပြည်တော်လုပ်ငန်းရှင်တဦးက ပြောသည်။

သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ရှိ ဆိုင်ခန်းတခန်းကို ၀န်ကြီးဦးအောင်သောင်းကတော် အထည်ရောင်းရန်အတွက် တခန်းယူထားသည်။

အပြည့်အစုံသို့...

သံဃာ့အရေးအခင်းနောက်ပိုင်း လူငယ်များ ဘာသာရေးကို အာရုံစိုက် ပြည်တွင်း မျိုးဆက်သစ်ကျောင်းသားများအသင်း ဘာသာရေး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်


မျိုးဆက်သစ်ကျောင်းသားလူငယ်များ အသင်းမှဦးစီးကာ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင်
ရန်ကုန်တိုင်း သန်လျင်မြို့ရှိ ကျိုက်ခေါက်ဘုရားရင်ပြင်တော်ပေါ်တွင် နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များအား နေ့လယ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မျိုးဆက်သစ်ကျောင်းသားလူငယ်များအသင်းအား ယမန်နှစ် စက်တင်ဘာလအတွင်းက ရဟန်း သံဃာတော်များ၏မေတ္တာပို့ စုပေါင်းလမ်းလျှောက်ပွဲအပြီး သိပ်မကြာမီတွင် ဖွဲ့ စည်းခဲ့ပြီးနောက် ရဟန်းသံဃာတော်များအား နယ်လှည့်ကာဆွမ်းဆက်ကပ်လှူဒါန်းမှုများကို အပတ်စဉ်ပြုလုပ်ခဲ့သည်။ နောင်လည်း အလားတူ ကုသိုလ်ပွဲများ ဆက်လက် လုပ်ကိုင်သွားမည်ဟု သိရှိရသည်။

“ကျနော်တို့အဖွဲ့က ယခုအခါမှာတော့ ဘာသာရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်မှာ ကျနော်တို့လုပ်နိုင်တာက ဒီတခုပဲရှိတာမို့ပါ။
ဒါပေမယ့် နောက်ဆိုရင်တော့ ကျနော်တို့ အင်အားပိုကောင်းလာတာနဲ့အမျှ လုပ်ကိုင်စရာတွေလည်း ပေါ်လာမယ်လို့ထင်ပါတယ်။ ဒီအဖွဲ့ကိုစတင်ဖွဲ့ကတည်းက သံဃာတော်တွေရဲ့ ဝေယျာဝစ္စတွေကို တတ်နိုင်သလောက်လုပ်မယ်ဆိုပြီးတော့ ဖွဲ့စည်းခဲ့တာပါ။ ဒါဟာလည်း ပြီးခဲ့တဲ့နှစ်က စက်တင်ဘာလ မှာ သံဃာတော်တွေက ပြည်သူများအတွက် မေတ္တာပို့ဆုတောင်းပွဲတွေ လုပ်ခဲ့ကတည်းက ဒီစိတ်ကူးတွေ ကျနော်တို့မှာ ဖြစ်ပေါ်ခဲ့တာပါ။ ဒီအတွက် သံဃာတော်တွေအတွက် တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ဖွဲ့စည်းဖြစ်ခဲ့တာပါ” ဟု အဖွဲ့ဝင်တဦးက ပြောကြားသည်။

မျိုးဆက်သစ်ကျောင်းသားများအသင်းအား လက်ရှိရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင်
တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အခြားသောလူမှုရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့မှ ဆောင်ရွက်ခဲ့သော လူမှုရေးလုပ်ငန်းများတွင် နာဂစ်လေမုန်တိုင်းကြောင့် ဒုက္ခ ရောက်ခဲ့ကြသော ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

ယမန်နှစ် စက်တင်ဘာရဟန်းသံဃာတော်များ၏ စုပေါင်းမေတ္တာပို့ ချီတက်လမ်းလျှောက်ပွဲပြီး ကတည်းက ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ အမျိုးသမီးများသည် ဘာသာရေး အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်လာခြင်း၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များဖွဲ့စည်းကာ ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မျိုးဆက်သစ်ကျောင်းသားလူငယ် များအဖွဲ့နှင့် အလားတူ သန်လျင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ကုမ္မာရီ အသင်းကလည်း ဘာသာရေးနှင့်လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အပြည့်အစုံသို့...

Air Mandalayလေယာဉ် နေပြည်တော်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

အဲမန္တလေး လေယာဉ်တစီး ပျံသန်းနေစဉ် မသင်္ကာဖွယ် မီးခိုးနံ့များ ရသဖြင့် နေပြည်တော် လေဆိပ်တွင် ယမန်နေ့ နံနက်ပိုင်းက အရေးပေါ် ဆင်းသက်ခဲ့ရသည်။

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ပျံသန်းနေသည့် အဲမန္တလေး လေကြာင်းလိုင်းမှ လေယာဉ်အမှတ် ၄၀၁/ ၄၀၂ သည် ပျံသန်းနေစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

"မီးခိုးနံ့ထွက်လို့ ဆင်းလိုက်တာပါ။ မနက်ပိုင်း ၇ နာရီခွဲလောက်ကပါ၊ မီးချောင်းထွန်းထားတဲ့ (ချုပ်) က လောင်သွားလို့ပါ" ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ရှိ အဲမန္တလေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လေယာဉ်အား စစ်ဆေးမှုများ ပြုလုပ်ကာ နေပြည်တော် လေဆိပ်မှ မန္တလေးမြို့သို့ ဆက်လက် ပျံသန်းခဲ့ပြီး၊ ထိုခရီးစဉ်တွင် ခရီးသည်အားလုံး လိုက်ပါစီးနင်းခဲ့ကာ ထိခိုက်ချို့ယွင်းမှု တစုံတရာ မရှိကြောင်း သူက ဆက်ပြောသည်။

အဲမန္တလေးတွင် ATR 72 အမျိုးအစား လေယာဉ် ၂ စင်းနှင့် ATR 42 အမျိုးအစား ၁ စင်းရှိပြီး၊ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ် စသည့် ခရီးစဉ်များအား ပုံမှန် ပြေးဆွဲနေသည်။

အပြည့်အစုံသို့...

Wednesday, November 12, 2008

ဒီမိုကရေစီလှုပ်ရှားသူတွေ ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်ပေးခံရတာကို နိုင်ငံတကာ ရှုတ်ချ

မြန်မာနိုင်ငံမှာ အင်းစိန်အကျဉ်းထောင်တွင်းက ထောင်တွင်းတရားရုံးက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို စီရင်ချက်ချမှတ်ခဲ့ပြီး အများစုဟာ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီလိုစီရင်ချက်ချခံခဲ့ရတဲ့၈၈မျိုးဆက်ကျောင်းသား ၁၄ ဦး ရှိခဲ့ပါတယ်။ သူတို့အထဲက မနီလာသိန်းဟာ သူတို့အထဲကပဲ ထောင်ဒဏ်ချမှတ်ခြင်းခံရတဲ့ ကိုဂျင်မီရဲ့ဇနီးဖြစ်ပြီး မနှစ်က ကိုဂျင်မီကိုလာရောက်ဖမ်းဆီးစဉ်မှာ ၄ လအရွယ် သမီးကလေးကို ထားရစ်ခဲ့ပြီး တိမ်းရှောင်နေခဲ့ရာက ဒီနှစ်ထဲမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အခုစီရင်ချက်ချမှတ်ခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် လမ်းလျှောက်ဆန္ဒပြကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက် အမှုကို စတင်
စစ်ဆေးခဲ့တာဖြစ်ပါတယ်။ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယ ၀န်ကြီးရုံးက အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေအပေါ် ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်တာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တဲ့ ကြေညာချက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အခု ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခြင်းခံကြရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မိမိတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသတာကလွဲလို့ ဘာမှမဟုတ်မမှန်တာတွေ လုပ်ဆောင်ခဲ့တာမဟုတ်သလိုမြန်မာနိုင်ငံ ကောင်းမွန်တိုးတက်ရေးအတွက် အခြားသူတွေနဲ့ အတူတကွ လုပ်ဆောင်လိုတဲ့ သူတို့ရဲ့ ဆန္ဒပြင်းပြမှုကို အစဉ်အမြဲ ထုတ်ဖော်ပြသနေသူတွေသာ ဖြစ်တယ်လို့ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယ၀န်ကြီး ဘေးလ်ရာမဲ (Bill Rammell) က ပြောဆိုလိုက်ပါတယ်။
အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တာဟာ ဆိုးရွားနေတဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ကောင်းမွန်တိုးတက်အောင်၊နိုင်ငံရေးမှာ ပါဝင်ပတ်သက် ဆောင်ရွက်မှုတွေ တိုးများလာအောင် လုပ်ဆောင်ဖို့တွေ
အတွက် မြန်မာအာဏာပိုင်တွေမှာ စိတ်ဆန္ဒမရှိဘူးဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်လို့လန်ဒန်အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ တာဝန်ရှိသူ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က မနေ့ကပြောဆိုလိုက်ပါတယ်။

အပြည့်အစုံသို့...

ငွေကြာယံ သံဃာတော်များ ထောင်ဒဏ် ၆ နှစ်ခွဲစီ ပြစ်ဒဏ်ကျခံရ

ရွှေဝါရောင်တော်လှန်ရေးအပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော ငွေကြာယံကျောင်းတိုက် သံဃာတော်များ အနက်မှ သံဃာတော် ၅ ပါးကို ယမန်နေ့က ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်သည်။

ငွေကြာယံ ကျောင်းတိုက်မှ ဦးနန္ဒ၊ ဦးဝိလာသက္က၊ ဦးအဂ္ဂဓမ္မ၊ ဦးဣဿရိယနှင့် ဦးဇာနေယျတို့ ဖြစ်ကြပြီး၊ သံဃာတော်များကို ပြင်ပရုံးထုတ်ခြင်း မရှိဘဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင်သာ စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

"အရင်ကတော့ အပြင်ရုံးထုတ်တာ။ အမိန့်ချတော့ အထဲက အထူးရုံးမှာပဲ ချလိုက်တယ်။ လောလောဆယ်တော့ အင်းစိန်ထောင်မှာပဲ။ ထောင်ပြောင်းတာ ဘာတွေ မကြားမိသေးဘူး" ဟု တရားရုံးအတွင်း ၀င်ရောက်ခွင့်ရခဲ့သော ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။

တနှစ်နီးပါး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး သံဃာတော်များအား တရားမ၀င် လူစုလူဝေး ပြုလုပ်မှု ၊ တရားမ၀င်အဖွဲ့များတွင် ပါဝင်မှု ၊ ဆူပူအောင် သွေးထိုးလှုံ့ဆော်မှု ၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

သံဃာတော်များသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ညက တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ ကျောင်းတိုက်အတွင်း ၀င်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော သံဃာတော် ၁၅ ပါးထဲတွင် ပါဝင်သူများ ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင်ယံတွင် လက်နက်ကိုင်တပ်များက ငွေကြာယံ ကျောင်းတိုက်အတွင်း ၀င်ရောက်စီးနင်းကာ သံဃာအပါး ၁၀၀ နီးပါးအား ရိုက်နှက်ကန်ကျောက်ကာ ဖမ်းဆီးခဲ့သည်။

၃ လခန့်အကြာတွင် ကျောင်းထိုင်ဆရာတော် ဦးရေ၀တနှင့်အတူ သံဃာတော် ၉၆ ပါးကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း ၅၁ ပါးကိုသာ ကျောင်းတိုက်တွင် ပြန်လည် သီတင်းသုံးခွင့်ပေးပြီး အချို့ကို နေရပ်ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအရ ရွှေဝါရောင် တော်လှန်ရေး ကာလနောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် အခြား နယ်မြို့များမှ ကျောင်းတိုက်ပေါင်း ၅၂ တိုက်ကို ၀င်ရောက် စစ်ဆေးမှုများ၊ သံဃာတော်များအား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ထိုစဉ်က ထိန်းသိမ်းခဲ့သော သံဃာတော် အပါးပေါင်းမှာ ၆၀၀ နီးပါး ရှိခဲ့သည်ဟု ဆိုသည်။

ထို့အတူ ရွှေဝါရောင် လှုပ်ရှားမှု၏ အထင်ကရ ဦးဆောင် သံဃာတပါးဖြစ်သော ဦးဂမ္ဘီရကိုလည်း ယခုတိုင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ပြစ်မှုပေါင်း ၁၆ မှုဖြင့် အမှုရင်ဆိုင်နေရာကာ မကြာမီ အမိန့် ချမှတ်တော့မည်ဟု ရှေ့နေထံမှ သိရသည်။

အပြည့်အစုံသို့...

ရွှေဝါရောင်လှုပ်ရှားသူ ၉ ဦး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရ

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သဖြင့် ဖမ်းဆီးခံရသူ ဘိုကလေး၊ ပုသိမ်နှင့် မြောင်းမြမြို့သား ၉ ဦးအား အင်းစိန်ထောင်တွင်း တရားရုံးတခုမှ ယမန်နေ့က ထောင်ဒဏ် ၂၄ နှစ် အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှ ၁၉ ရက်အတွင်း ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံခဲ့ရသူ ကိုပြည့်ဖြိုးလှိုင် (ထောင်ဒဏ် ၂၄ နှစ်)၊ ကိုနေလင်းအောင် (ထောင်ဒဏ် ၂၂ နှစ်)၊ ကိုဥာဏ်လင်းထွဋ်၊ ကိုသိန်းဇော်၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်မျိုးပိုင်နှင့် ကိုဖြိုးမောင်မောင်စိုးအား ထောင်ဒဏ် ၁၀ နှစ်စီ၊ ကိုသီဟသက်တင်နှင့် ကိုသီဟအောင်အောင်တို့အား ထောင်ဒဏ် ၈ နှစ်စီ ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။

"မိသားစုဝင်တွေကတော့ တွေ့ခွင့်မရဘူး။ အဲဒီထဲက သီဟအောင်အောင်ရဲ့ အဖေ လာစုံစမ်းတယ်လေ။ သူလည်း ဘိုကလေး ပြန်သွားပြီ၊ လာစုံစမ်းပြီးတော့။ အဲဒီမှာ အဲဒီ ပုဒ်မတွေနဲ့ ချလိုက်ရတယ်ဆိုတာ သူ သိလိုက်ရတယ်။ ထောင်အထဲလည်း မ၀င်ရတော့ ထောင်က အရာရှိတဦးနဲ့ပဲ မေးလိုက်ရတာပေါ့။ ဖုန်းဆက်မေးပေးတော့ အဲဒါတွေနဲ့ ချလိုက်ဆိုတာ သိလိုက်ရတယ်" ဟု ပြစ်ဒဏ်ကျခံရသူများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြည့်ဖြိုးအောင် (ပုသိမ်) နှင့် အောင်မျိုးပိုင် (မြောင်းမြ) က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးခံရကာ၊ ဘိုကလေးမြို့သား ဖြိုးမောင်မောင်စိုးနှင့် ကိုပြည့်ဖြိုးလှိုင်က ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်နှင့် ကျန် ဘိုကလေးမြို့သား ၅ ဦးမှာမူ သူတို့မြို့၌ပင် ဖမ်းဆီး ခံခဲ့ရသည်။

သူတို့ ၉ ဦးစလုံးအား မတရားသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၊ ပုံနှိပ်အက်ဥပဒေ ပုဒ်မ ၁၇/၂၀ ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ၅၀၅ (ခ) နှင့် အချို့ကို နယ်စပ်ဖြတ်ကျော်မှု ၁၃/၁ ဖြင့်ပါ ထပ်ပေါင်း စွဲချက်တင်ကာ စီရင်ချက်ချခြင်းဖြစ်သည်။

ပြစ်ဒဏ်အများဆုံး ကျခံရသူ ကိုပြည့်ဖြိုးလှိုင်၏ မိခင် ဒေါ်မွှေးက "ပုဒ်မတွေ ဘာတွေမှန်း မသိတဲ့အခါကျတော့၊ အခုလို ပုံစံမျိုးတွေကျတော့ ဒီအမှုတွေကို များတယ်လို့ ယူဆတာပေါ့နော်။ ရင်ထဲမှာ ခံစားရတာပေါ့နော်။ အခုဟာက ထောင်ချချင်နေသလို ချနေကြတယ်" ဟု ပြောသည်။

အလားတူ တနေ့ထဲ၌ပင် အင်းစိန်ထောင် တရားရုံးက ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့အား အီလက်ထရောနစ် ဥပဒေပုဒ်မ ၄ ခုနှင့် မတရားအသင်း ထူထောင်သည့် ပြစ်မှုများနှင့် စွဲချက်တင်ကာ ထောင်ဒဏ် ၆၅ နှစ်စီ ပြစ်ဒဏ် စီရင်ခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မစုစုနွေးကိုလည်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့သေးသည်။

သူ့ကိုမူ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)၊ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညိုဟိုတယ်ရှေ့၌ အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခဲ့သဖြင့် သူ့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

ဘင်္ဂလားပင်လယ်အတွင်းရှိ ကမ်းလွန် သဘောဝဓာတ်ငွေ့ လုပ်ကွက် (၇) ခုကို မြန်မာတို့ ကျူးကျော်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒက်နှစ်နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် ရေပိုင်နက်အတွင်းမှ ဘင်္ဂလားဒက်ပိုင် သဘာဝဓာတ်ငွေ့လုပ်ကွက် (၇) ခုကို မြန်မာဘက်က ကျူးကျော်ထားခြင်းဖြစ်ကြောင်း ယူကေ အခြေစိုက် စွမ်းအင်ဆိုင်ရာ သုတေသနနှင့် အကြံပေးအဖွဲ့ဖြစ်သည့် Wood Mackenzie က ပြောသည်။

အငြင်းပွားရေပိုင်နက်အတွင်း၌ မြန်မာက အဆိုပါလုပ်ကွက်များထဲမှ တခုကိုသာ စတင်စမ်းသပ်ရှာဖွေခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ ဘင်္ဂလားဒက်ပိုင်ကမ်းလွန်လုပ်ကွက်များအတွင်း မြန်မာတို့ကကျူးကျော်ဝင်ရောက်ပြီး သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးအတွက် တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားကုမ္ပဏီများကို လွန်ခဲ့သည့်နှစ်များကပင် ရောင်းခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြီးခဲ့သည့် တနင်္လာနေ့က ပြောသည်။

အငြင်းပွားနေသည့် ကမ်းလွန်လုပ်ကွက်များကို လုပ်ဆောင်ခွင့်ရရှိသူများမှာ China National Petroleum Corporation (CNPC), Indian Oil and Natural Gas Corporation Ltd (ONGC), South Korean Daewoo International နှင့် UK အခြေစိုက် နာမည်ကြီး ကုမ္ပဏီတခုတို့ဖြစ်သည်။

“ဘင်္ဂလားဒက်ပိုင်တဲ့ ကမ်းလွန် လုပ်ကွက် (၇) ခုကို မြန်မာတို့က နိုင်ငံတကာရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ တွေကို တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းအနေနဲ့ လိုင်စင်တွေ ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ယူကေအခြေစိုက် Wood Mackenzie အဖွဲ့က ပြောသည်။

ဘင်္ဂလားဒက်ပိုင် ကမ်းလွန် လုပ်ကွက်အမှတ် ဒီအက်စ် (၀၈-၁၃) လုပ်ကွက် တစိတ်တပိုင်းပါဝင်နေသည့် မြန်မာတို့၏ ကမ်းလွန် လုပ်ကွက်အမှတ် အေဒီ (၇) ကို South Korean Daewoo International က ဟိုက်ဒြိုကာဗွန် စတင်စမ်းသပ်ရှာဖွေရာမှ နှစ်နိုင်ငံ အကြား အငြင်းပွားတင်းမာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒက်ပိုင် ကမ်းလွန် လုပ်ကွက်အမှတ် ဒီအက်စ် (၀၈-၁၈) တခုလုံး ပါဝင်ပြီး၊ အမှတ် ဒီအက်စ် (၀၈-၁၇) နှင့် ဒီအက်စ် (၀၈-၁၃) တို့၏ တစိတ်တပိုင်းပါဝင်သော မြန်မာပိုင် လုပ်ကွက်အမှတ် အေဒီ (၈) ကို တရုတ်ကုမ္ပဏီဖြစ်သော CNPR က တူးဖော်ခွင့် ရရှိထားခြင်းဖြစ်ကြောင်း Wood Mackenzie က ပြောသည်။

အိန္ဒိယကုမ္ပဏီ ONGC က မြန်မာစစ်အစိုးရထံမှ တူးဖော်ခွင့်လိုင်စင် ရရှိထားသည့် မြန်မာပိုင် အေဒီ (၉) ကမ်းလွန်လုပ်ကွက်အထဲ တွင် ဘင်္ဂလားဒက်ပိုင် ကမ်းလွန်လုပ်ကွက် အမှတ် ဒီအက်စ် (၀၈-၂၂)၊ ဒီအက်စ် (၀၈-၂၃)၊ ဒီအက်စ် (၀၈-၂၇)၊ ဒီအက်စ် (၀၈-၂၈) တို့ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိဖြစ်ပွားနေတဲ့ အဲဒီလုပ်ကွက်တွေကို တရားဝင် ဘယ်သူပိုင်တယ်ဆိုတာ မရှင်းသေးပေမယ့် သူပိုင်ငါပိုင် အငြင်းမပွားသေး တဲ့ နေရာတွေရှိနေပါသေးတယ်။ ဒါပေမယ့် မကြာခင် ဖြစ်လာမှာပါ” ဟု Wood Mackenzie က မှတ်ချက်ပေးသည်။

မြန်မာနှင့် ဘင်္ဂလားဒက်တို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှုများရှိနေ၍ အိမ်နီးချင်းကောင်းများ ဖြစ်သော ကြောင့် မြန်မာစစ်အစိုးရက ၎င်းတို့အနေဖြင့် ဘင်္ဂလားဒက် ရေပိုင်နက်ကို မည်သည့်အခါမျှ ကျူးကျော်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ၂၀၀၆ ခုက ပြောခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဘင်္ဂလားဒက်နိုင်ငံက ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ၎င်းတို့ပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (၂၈) ခုကို ရောင်းချရန် အဆိုတင်ခဲ့စဉ်က ၀ယ်ယူမည့်သူများကို စာများရေးသား၍ မြန်မာစစ်အစိုးရက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း Petrobangla ကုမ္ပဏီ အကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

မြန်မာစစ်အစိုးရသည် Irish Tullow Oil နှင့် Chinese Longwoods Resources Ltd တို့ကဲ့သို့သော ၀ယ်ယူလိုသူ ကုမ္ပဏီများထံ ဘင်္ဂလားဒက်ထံမှ ၀ယ်ယူခြင်းမပြုရန် စာများထုတ်ပြန်ရေးပို့ခဲ့ကြောင်း ၎င်းအကြီးတန်းအရာရှိက ပြောသည်။

ထို့အပြင် ၂၀၀၈ ခု ဖေဖော်ဝါရီ (၂၇) ရက်နေ့ကလည်း ထိုသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များရောင်းချရန် စီစဉ်ခြင်းကို ကန့်ကွက် ကြောင်း မြန်မာစစ်အစိုးရက ဘင်္ဂလားဒက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာရေးကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည့်အစုံသို့...

မြန်မာ-ဘင်္ဂလားဒက် နယ်စပ်တင်းမာမှုကြောင့် မြန်မာကုန်များ ရောင်းမထွက်

မြန်မာ-ဘင်္ဂလားဒက် နယ်စပ် စစ်ရေးတင်းမာမှုများဖြစ်ပြီး မကြာခင် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒက်သို့ပို့နေသည့် ကုန်များရောင်းမထွက်ဘဲ ဖြစ်နေသည်ဟု ရန်ကုန် ကုန်သည်အသိုင်းအ၀န်းက ပြောသည်။

မြန်မာနိုင်ငံထွက်ကုန်များဖြစ်သည့် ဆန်၊ ငါးပုစွန်နှင့် မတ်ပဲများကို ဘင်္ဂလားဒက်က အ၀ယ်အများဆုံးဖြစ်ရာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသည့်အတွက် မြန်မာနိုင်ငံတွင်း ဆန်၊ ငါးပုစွန်နှင့် မတ်ပဲ ဈေးကွက်များ ကမောက်ကမဖြစ်ကုန်သည်ဟု ဘုရင့်နောင်ကုန်သည်ကြီးများက ပြောသည်။

အထူးသဖြင့် ဘင်္ဂလားဒက်သို့ (၂၅) ရာနှုန်း အကျိုးပါသည့် ဆန်အများဆုံးတင်ပို့နေပြီး စစ်ခေါင်းဆောင်များနှင့် နီးစပ်သော ကုမ္ပဏီများဖြစ်သည့် ထူးနှင့် ဧရာရွှေဝါကုမ္ပဏီကြီးများ အထိနာကြသည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင်း စီးပွားရေးထိုင်းလာသည့်အလျောက် မတ်ပဲကြိုပွိုင့်ရောင်းဝယ်လောကတွင် သိန်း (၄-၅) ထောင် ရှုံးပြီး မလျော်နိုင်သဖြင့် ထွက်ပြေးသူ များလာသည်ဟု ပဲကုန်သည်တဦး က ပြောသည်။

“ဟိုတုန်းကတော့ ပဲကြိုပွိုင့်လောကမှာ ဒိုင်လျော်ရတာများပါတယ်။ ထင်ရှားတဲ့ ဒိုင်တွေကတော့ အဟုတ်တို့၊ ဘောကျော်ဝင်းတို့လို လက်ကြီးတွေပေါ့။ ခုထိုးသားလျော်တဲ့အလှည့်ကျတော့ ထွက်ပြေးကုန်တာပေါ့။ ဟိုတုန်းက ၀န်ကြီး ဗိုလ်ချုပ်ညွန့်တင်ယောက်ဖ မျိုးဟိန်းထွက်ပြေးရတာ ပဲကြိုပွိုင့်အရောင်းအ၀ယ်ရှုံးပြီး မလျော်နိုင်တော့ ပြေးရတာပေါ့။ ခုလည်း နယ်စပ်အရောင်းအ၀ယ်တွေပိတ်၊ စီးပွားကျနဲ့ တန်တရာ သိန်း (၃၀၀) လောက်ကွာတော့ တန်ထောင်နဲ့ချီဝယ်သူတွေ ကွဲကုန်တာပဲ” ဟု ကုန်သည်တဦးက ပြောသည်။

မြန်မာ-ဘင်္ဂလားဒက် နယ်စပ်ကုန်သွယ်ရေးသည် နှစ်စဉ် ဒေါ်လာသန်း (၆၀) ၀န်းကျင် အရောင်းအ၀ယ်ပမာဏရှိသည်။ ထိုပမာဏကို ဒေါ်လာသန်း (၁၀၀) ထိ တိုးတက်ရန် လျာထားသော်လည်း နယ်စပ်စစ်ရေးတင်းမာမှု၊ ရေပိုင်နက်အငြင်းပွားမှုကြောင့် မြန်မာကုန်စည်များ ရောင်းမထွက်သည့်အတွက် မြန်မာ-ဘင်္ဂလားဒက် နယ်စပ်ကုန်သွယ်ရေး တိုးတက်ရန် လမ်းမမြင်ဟု ကုန်သည်များက ပြောသည်။

အပြည့်အစုံသို့...

နိုင်ငံရေးအကျဉ်းသားများအား လုံခြုံရေးအကြောင်းပြကာ အကျဉ်းရုံးစစ်ဆေး ထောင်ဒဏ်ချ

အဖမ်းခံထားရသည့် ရှင်စန္ဒိမာ (ခ) ဆွေမင်းနှင့် အန်အယ်ဒီလူငယ် ကိုထွန်းမြင့်အပါအ၀င် အမှုတွဲ (၁၄) ဦးတို့အား လုံခြုံရေးအရဟု အကြောင်းပြလျက် ဗဟန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေရာမှ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၁၉ ) ရက် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက်မွေးနေ့တွင် ကိုထွန်းမြင့်သည် အဖွဲ့ချုပ်မှပေးအပ်ထားသော မှတ်တမ်းရယူနေစဉ် စွမ်းအားရှင်အဖွဲ့က အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင် မှတ်တမ်းဓာတ်ပုံရိုက်ယူနေသော ကိုထွန်းမြင့်အား အတင်းအဓမ္မ ကားပေါ်သို့ ဆွဲတင် ဖမ်းသွားသည်။

ထို့နောက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ်လှိုင်မင်းအောင်က တရားလိုပြုလုပ်ပြီး ရှင်စန္ဒိမာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းပြန်ကြားရေးအဖွဲ့ (လူငယ်) ကိုထွန်းမြင့်အပါအ၀င် စုစုပေါင်း (၁၄) ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃/၅၀၅(ခ) အရ တရားစွဲဆိုခဲ့သောအမှု ဖြစ်သည်။

အဆိုပါအမှုကို ယခင်က ဗဟန်းမြို့နယ်တရားရုံးတွင် စစ်ဆေးလျက်ရှိရာမှ ယခုအခါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ဥပဒေအရာရှိရုံးသို့ တရားစီရင်ရေးဆိုင်ရာ အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရဟုဆိုကာ အင်းစိန်အထူးတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့်ကို တင်ပြလာခြင်းကြောင့် အမှုအား အင်းစိန်အထူးတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးစေခဲ့ခြင်းဖြစ်သည်ဟု ကိုထွန်းမြင့်၏ ဇနီးဖြစ်သူ မခင်စန်းဝေက ပြောကြားသည်။

အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ယခုကဲ့သို့ ရုံးပြောင်းရွှေ့စစ်ဆေးစေသော် လည်း တရားခံများ၏ မတရားစွပ်စွဲခံရမှုကို ပြန်လည်ချေပနိုင်ရန်အတွက် တရားခံများ၏ဥပဒေအကျိုး ဆောင်ဖြစ်သူကိုလည်း ယခုအချိန်ထိ general power လွှဲပြောင်းခွင့် မပေးသေးကြောင်း မခင်စန်းဝေက ပြောကြားသည်။

ယမန်နေ့က ရုံးထုတ်သော (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မှ အဖွဲ့ဝင်များကိုလည်း ထောင်ဒဏ် (၆၅) နှစ်စီ ချမှတ်လိုက်သည်ဟု သိရှိရသည်။

အပြည့်အစုံသို့...

blogger templates | Make Money Online