Thursday, October 9, 2008

ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင်

Thursday, October 9, 2008
Appeal against Suu Kyi's Detention Handed in at Naypyidaw ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင်

A legal representative of Burma's detained opposition leader Aung San Suu Kyi handed in to the military government in Naypyidaw on Wednesday a formal appeal against the latest extension of her house arrest.

Suu Kyi's lawyer, Kyi Win, told The Irrawaddy on Thursday that the appeal had been handed in personally by his assistant, Hla Myo Myint.

The government had given no indication when the appeal would be heard in court, Kyi Win said. "But we are hoping for a positive outcome."

Suu Kyi's latest five-year term of house arrest was extended in May for a further year—illegally, according to Kyi Win, because article 10 (b) of the Burmese State Protection Law 1975 stipulates that a person judged to be a "threat to the sovereignty and security of the State and the peace of the people" can only be detained for up to five years.

Suu Kyi has spent more than 13 years of the past 19 years confined to her Rangoon home.

Kyi Win said he planned to meet Suu Kyi soon to discuss the appeal.

Suu Kyi has reportedly been in poor health recently. She refused for about one month to accept deliveries of food and other household supplies at her home in what was seen as a protest against her continuing house arrest. Last week, she was visited by an eye specialist, Dr Kan Nyunt, and her personal physician, Dr Tin Myo Win.

At a Geneva press conference earlier this month, a UN High Commissioner for Human Rights official, Navanethem Pillay, expressed concern about Suu Kyi's continuing detention and urged the regime to free her and all other political prisoners.

Suu Kyi had "in fact served a sentence that far exceeds that served by many hardened criminals," Pillay said.

Pillay welcomed the recent release of seven political prisoners, but said it was a very small step when more than 2,000 political activists were still detained. "I urge the government to release them all as soon as possible," she said.

ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင်
အောက်တိုဘာ ၉၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သောအယူခံလွှာကို ယနေ့တွင် နေပြည်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

ယင်းအယူခံလွှာအား နံနက်ပိုင်းတွင် အစိုးရအဖွဲ့က လက်ခံထားလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

"အယူခံလွှာကတော့ ကျနော့် လက်တွဲဖက် ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်မှာ ဒီနေ့ မနက်က တင်လိုက်ပါပြီ၊ အစိုးရ အဖွဲ့ကလည်း လက်ခံထားလိုက်ပြီ၊ နောက်တခါ ဒီဘက်က ပြည်ထဲရေးဗဟိုအဖွဲ့ ဆိုတာ ရှိတယ်၊ တရားပြိုင်ပေါ့၊ သူတို့က လည်း လက်ခံထားလိုက်တယ်၊ လျှောက်လွှဲချက် ဘယ်နေ့ပေးရမလဲ ဆိုတာ ရက်စွဲတော့ မပေးသေးဘူး"ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါအယူခံလွှာသည် ပြည့်ပြည့်စုံစုံပါရှိသည့်အတွက် စိတ်ကျေနပ်မှုရှိကြောင်း၊ အယူခံလွှာနှင့် ပတ်သက် ၍ဖြစ်ပေါ်လာ မည့် အကျိုးသက်ရောက်မှု အသေးစိတ်ကို ဖြေဆိုခြင်းမပြု သော်လည်း အယူခံလွှာအား အတည်ပြုရန် မျှော်လင့်ထား ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ၍တွေ့ဆုံနိုင်ရန်အတွက် လာမည့် သောကြာနေ့တွင် အာဏာပိုင်များထံ စာရေး၍ ခွင့်တောင်းရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

၎င်းအယူခံလွာနှင့်ပတ်သက်၍ ယခင်က ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့် တို့က လိုက်ပါဆောင်ရွက်ရန် စီစဉ်ထားသော်လည်း စစ်အစိုးရက တားမြစ်သည့်အတွက် ဦးဥာဏ်ဝင်းမှာ လိုက်ပါ ဆောင်ရွက်နိုင် ခြင်းမရှိတော့ကြောင်း သိရသည်။

"အခုအမှုမှာ ဦးဥာဏ်ဝင်းက ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူး၊ သူက အန်အယ်လ်ဒီ ပါတီဝင်ဖြစ်နေတယ်၊ တားဆီးမိန့် ၁၀(ခ)မှာ တခုပါတာက သံရုံးကပုဂ္ဂိုလ်တွေ၊ ပါတီကပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မှုမရှိရဘူး၊ အဲဒီအတွက် အားလျော့သွား တာပေါ့"ဟုလည်း ဦးကြည်ဝင်းက ဆက်လက်ပြောဆိုသည်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်၍ ဥပဒေကြောင်းရ အယူခံဝင် ရန်အတွက် ဦးကြည်ဝင်းနှင့် လက်ထောက် ရှေ့နေ ဦးလှမျိုးမြင့်တို့ ၂ ဦးကသာ ဆက်လက် တာဝန်ယူ ဆောင်ရွက်သွား ကြမည်ဖြစ်သည်။

အယူခံလွှာကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေကြီးဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ သည်မှာ ၅ ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။

အဆိုပါအယူခံလွာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံးဝင် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်းအတွက် လက်ထောက်ရှေ့နေ ထပ်မံဌားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း
စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

0 Comments:

blogger templates | Make Money Online