Sunday, October 19, 2008

နိုင်ငံ (၇) နိုင်ငံအား ဗီဇာ မလိုဘဲ၊ US သို့ဝင် ခွင့်ပြု


http://www.khitlunge.net

သမ္မတ ဘုရှ်အစိုးရသည် ဥရောပခြောက်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသားတို့အား အမေရိကန်သို့
ဝင်ရောက်ရန် ဗီဇာကင်းလွတ်ခွင့်ပြုသည့်အမိန့်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုနိုင်ငံများမှာ ဥရောပမှ လပ်ဗီး
ရား၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ ချဒ်ပြည်ထောင်စု၊ လစ်သွေးနီးယား၊ စလိုဗားကီးယားတို့ဖြစ်၍၊ အာရှမှ တောင်
ကိုရီးယားတို့ ပါဝင်သည်။ ဖော်ပြပါနိုင်ငံများသည် အမေရိကန် နိုင်ငံသားများ ၎င်းတို့၏ နိုင်ငံများသို့ ၀င်ရောက်ရာ
တွင် ဗီဇာကင်းလွှတ်ခွင့်ပေးထားပြီးဖြစ်သည်။ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် မလိုအပ်သော အတားအဆီး
များကို ဖယ်ရှားရန် ဗီဇာကင်းလွှတ်သည့်စနစ်ကို ၁၉၈၆ ခုနှစ်မှ စ၍ကျင့်သုံးခဲ့သည်။ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများ
မှ အကြမ်းဖက်များသည် အမေရိကန်နိုင်ငံတွင်းသို့ အလွယ်တကူ ၀င်ရောက်လာနိုင်သဖြင့် အချို့သောလွှတ်တော်
အမတ်များက ကန့်ကွက်ပြောဆိုကြသည်။ (ဘီဘီစီ)

(၁၈၊ ၁၀၊ ၂၀၀၈) ရက်၊ နံနက် (၉း၃၀) နာရီ။

ဦးမြင့်သိန်း

0 Comments:

blogger templates | Make Money Online